YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Queen of Divorce 2024 - Episode 09 - 1080p [RMC].mp4

781.5 MB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Spiderwick Chronicles
6.6

The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM

Comedy • Drama • Romance
6.6 2008 95 mins
The Spiderwick Chronicles
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
White Noise
5.6

ဒါရိုက်တာ Noah Baumbach ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အဒမ်ဒရိုင်ဘာနဲ့ စကားလက်ဂျိုဟန်ဆန်တိုရဲ့ Marriage Story ကို ရေးခဲ့တဲ့သူပါပဲ။ ၁၉၈၅ မှာ Don DeLillo ရေးခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ နာမည်ဖြစ်တဲ့ White Noise ဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းတွေအကုန်ပါဝင်တဲ့ အသံတစ်ခုဆိုတာပါပဲ။ ဒီအသံမျိုးဟာ လူတွေရဲ့ ဦးနှောက်ကော်တက်စ်အပိုင်းကို သက်ရောက်စေတယ်လို ဆိုကြပါသေးတယ်။ ဒီရုပ်ရှင်ကတော့ လူသားတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေကို ထော်လော်ကန့်လန့် သရော်ထားတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ဂျက်ဟာ ဟစ်တလာအကြောင်းအထူးပြုတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ရှိပြီး ဘာဘတ်ဆိုတဲ့ ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သူပါ။ သူ့ရဲ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာပါပဲ။ ဟစ်တလာနဲ့ အဲလ်ဗစ်နဲ့ သူတိုကို အားပေးသူတိုရဲ့ တူညီတဲ့အချက်တွေအကြောင်း ဆွေးနွေးရင် ရုပ်ရှင်ကိုစတင်ထားပါတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ စွန့်ပစ်ပစ္စည်းတွေပါဝင်တဲ့ ရထားကြီး လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီးပေါ်လာလို အားလုံးလွတ်အောင်ထွက်ပြေးရတဲ့ ကပ်ဘေးကြီးရောက်ရှိလာပါတော့တယ်။ အဲဒီကပ်ဘေးကြီးကို အဖြေရှာရင်း လမ်းတလျှောက်မှာ ဂျက်ဟာ သူ့မိန်းမ သောက်နေတဲ့ ဘယ်သူမှ မသိတဲ့ ဘယ်မှန်းမသိတဲ့ဆေးလုံးတွေအကြောင်း ဆက်ပြီးစုံစမ်းရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ.... တွေးလိုက်၊ရယ်လိုက်၊ ကြောင်သွားလိုက် ဖြစ်မယ့် ရုပ်ရှင်မျိုးမို အေးဆေးခံစားကြည့်လိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Horror Quality…. 1080p | 720p | 480p File size… 2GB | 1GB | 522MB Format… mp4 Duration…. 2h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Music • Romance
5.6 2022 136 mins
White Noise
The Many Saints of Newark
6.4

ဒီဇာတ်လမ်းကတော့ ၁၉၉၉တုန်းကနေ စပြီး ၂၀၀၇အထိ ထွက်ရှိခဲ့တဲ့ The Sopranos Series ရဲ့ Prequel Movie ပဲ ဖြစ်ပါတယ် Prequel တစ်ခု ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင်လည်း The Sopranos Series ကို ကြည့်ဖို့ညွှန်းချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ နယူးဝက်မြို့ မှာ ဒီမီယို ဆိုတဲ့ မာဖီးယားဂိုဏ်းတစ်ခုရှိပါတယ် အယ်လ်ဒို မော်တီဆန်းတီ က အဲဒီ့ ဒီမီယို မိသားစု နဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ဒါပေမယ့် သူက ဒီမီယိုမိသားစုက လူတွေထက်တောင် ပိုချမ်းသာပါတယ် သူ့မှာ ဒစ်ကီ မော်တီဆန်းတီ လို့ခေါ်တဲ့ သားတစ်ယောက် ရှိပါတယ် သူက ဒီဇာတ်လမ်းရဲ့ main character ပေါ့ဗျာ ဒစ်ကီ ဟာ သူ့ကိုယ်သူ ကောင်းမှုကုသိုလ်တွေချည်းပဲ လုပ်ပေမယ့် သူ့ဘဝဟာ အမြဲတမ်း ဒုက္ခတွေနဲ့ ပြည့်နှက်နေတယ် လို့ ထင်တဲ့သူတစ်ယောက်ပါ ကျွန်တော်တို့လည်း အများအားဖြင့် ကိုယ့်အပြစ်တွေ ကို ကိုယ်မမြင်တတ်ဘဲနဲ့ ငါဘာလို့ အမြဲ ဒုက္ခရောက်နေတာလဲ လို့ တွေးမိသလိုမျိုးပါပဲ ဒစ်ကီ ဟာလည်း တတ်နိုင်သမျှ အများအမြင်မှာ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပေမယ့် သူ့ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကို " နယူးဝက်ရဲ့ သူတော်ကောင်းအများစု" ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါခင်ဗျ The Godfather လို Vibe မျိုးရစေမယ့် Ganster Movie တစ်ခုဖြစ်ပြီးတော့ Story line ရော Plot အချိတ်အဆက်လည်းကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းကို နောက်ကွယ်ကတော့ ဇာတ်ကြောင်းပြန်ပေးနေမယ့် သူကတော့ ခရစ်စတိုဖာ မော်တီဆန်းတီ ပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ခရစ်စတိုဖာရဲ့ အဖေဖြစ်တဲ့ ဒစ်ကီ မော်တီဆန်းတီ ရဲ့ ဘဝနဲ့ သူ့ရဲ့ဦးလေး တိုနီ ဆိုပရာနို တို့နဲ့ ဘဝ ဆက်နွယ်မှု ၊ ထိုခေတ်အခါက လူမည်းများအပေါ် လူဖြူများရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု တို့ကို အဓိက ထား ရိုက်ပြထားပါတယ် ခရစ်စတိုဖာ မော်တီဆန်းတီ နဲ့ တိုနီ ဆိုပရာနို တို့က ဘယ်သူတွေ လဲ ဘယ်လိုပက်သက်လဲ ဆိုတာကိုလည်း ဒီဇာတ်ကားကို ဒေါင်းကြည့်ပြီး အဖြေရှာကြည့်ပေတော့ဗျာ File size…1.26GB / 1.87GB Quality…720p web h264 & 1080p web h264 Format…Mp4 Duration….2h Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Lai Laii And Thura Hein

Action • Adventure • Thriller
6.4 2021 120 mins
The Many Saints of Newark
[18+] Lady Chatterley’s Lover
6.9

Lady Chatterley’s Lover (2022) (18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ … လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 3.1GB, 1.1GB, 507MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 6mins Genre : Drama, Romance Translated by Jane Encoded by Kinnov

Crime • Drama • Mystery • Thriller
6.9 2022
[18+] Lady Chatterley’s Lover
Bringing Down the House
5.6

Bringing down the House (2003) Genre – Comedy IMDB – 5.6/10 ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။ မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲ ရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။ American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူ လူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကို ခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက အလုပ်ပဲအရမ်းလုပ်ပြီး ကလေး ၂ ယောက်ကို အချိန်မပေးနိုင်တဲ့အပြင် ဇနီးဖြစ်သူကိုပါ ချစ်ပေမဲ့လည်း ကွာရှင်းခံထားခဲ့ရတဲ့လူပါ။ အဲဒီမှာတင် လိုင်းပေါ်ကနေ ကောင်မလေးတစ်ယောက်နဲ့ ဥပဒေအကြောင်း တိုင်ပင်ဆွေးနွေးကြပြီး အပြင်မှာပါ တွေ့ဖို့ ချိန်းထားတဲ့အထိ အဆင်ပြေ ချောမွေ့နေတာပေါ့။ တစ်ရက်ကျ အလုပ်မှာ အပေါက်ဆိုး ဂုဏ်မောက်တဲ့ဖောက်သည် တစ်ယောက်ကိုလည်း အလုပ်ကိစ္စ စာချုပ်ရအောင် ချုပ်ရမယ့်အချိန် ကလေးနှစ်ယောက်ကိုလည်း အိမ်မှာခေါ်ထားရမယ့်အချိန် မတိုင်ခင်မှာ အွန်လိုင်းပေါ်က လူဖြူကောင်မလေးနဲ့ ညစာဒိတ်ထားလို့ စောင့်နေတာပေါ့။ ဒီမှာတင် ပေါက်ချလာတာက ပုံထဲမှာ ပြထားသလို လူဖြူမချောချောလေး မဟုတ်ပဲ ထောင်ထွက် ရာဇဝတ်သား လူမည်းအမျိုးသမီးကြီး ဖြစ်နေပြီး သူ့ကို တစ်ပတ်ရိုက် ဂျင်းထည့်ပြီး ရောက်လာတာနဲ့ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်လိုမှ နှင်ချမရတဲ့အဆုံး အိမ်ပေါ်ခေါ်တင်ထားပြီး ကလေးနှစ်ယောက်နဲ့ အပြင် ဖောက်သည် စာချုပ်ချုပ်ရမယ့်ကိစ္စတွေကြား ဒီ ဘွားတော်နဲ့ ပြဿနာတွေတက် တလွဲတွေ ဖြစ်ကြပြီး ဘယ်လိုဖြေရှင်းကြမလဲ ရယ်မောပြီး ကြည့်နေရမှာ ဖြစ်ပါတယ်။ File size… 1.73 GB / 833 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Western • Action • Adventure
5.6 2003
Bringing Down the House
End of Loyalty

ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Fantasy • Action • Thriller
0 2023
End of Loyalty
[18+] Rita
5

ရီတာနဲ့ အာရီယယ်တို့ဟာ ကြင်စဦး ဇနီးမောင်နှံပါ။ ရီတာက တစ်ချိန်တုန်းက ဘားမယ်တစ်ယောက်ဖြစ်ခဲ့ပြီး အလုပ်သဘောအရထက် ဝါသနာအရကိုထန်တဲ့သူမျိုးပါ။ အဲ့ဒီလိုနဲ့အာရီယယ်နိုင်ငံခြားကိုအလုပ်သွားလုပ်တဲ့အချိန်မှာဟာစလာဖြစ်ပြီး အာရီယယ့်ငယ်သူငယ်ချင်းနဲ့ဖောက်ပြန်ပါတယ်။ နိုင်ငံခြားသွားတဲ့ အာရီယယ်ကလည်းခေသူမဟုတ်ပါဘူး၊ ရောက်ရောက်ချင်းမှာ သူ့အလုပ်ရှင်အမျိုးသားက လိင်တူခြင်းအဓမ္မကျင့်တာကိုခံလိုက်ရလို့ မီးဆိုင်းနဲ့ထုသတ်ဖို့လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုကျင့်ကြံခံရတာကို သာယာစပြုလာပါတယ်။ ဒီလိုနဲ့အချိန်တန်လို့အာရီယယ်ပြန်ရောက်လာတဲ့အခါမှာ ရီတာ၊ အာရီယယ်နဲ့ သူ့သူငယ်ချင်းတို့ကြားက ဇာတ်လမ်း၊ ဒါ့အပြင် ရီတာရဲ့မောင်ဖြစ်သူကလည်း ဒီဇာတ်လမ်းထဲကိုဝင်ပါလာမှာဖြစ်တဲ့အတွက် သူတို့တွေကြားမှာ ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကအရမ်းသဘာ၀ကျပြီးလက်တွေ့ဆန်ပါတယ်။လင်နဲ့မယားကြား၊မောင်နှမကြား၊ သူငယ်ချင်းအချင်းချင်းကြား ဘယ်သူကဘယ်သူ့ကိုမှအထာမထားပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အတွက် အားရစရာပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 2GB)/( 890MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 113 mins
[18+] Rita
Bridgend
5.5

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2015 104 mins
Bridgend
Little Loves aka Los pequeños amoresc
The Player
7.5

The Player (1992) အညွှန်း *************************** IMDb rating …… 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေး မပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာ အားလုံးသိကြမယ်ထင်ပါရဲ့) Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး…. စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်… ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါ စာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်… ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ… တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်… ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်… အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်… အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ…… ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီး သရုပ်ဆောင်များစွာပါ၀င်ထားပါတယ်… ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ တမူထူးခြားတဲ့ ရသတွေခံစားမှာဖြစ်လို့… ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ် … File Size : 2.83GB/ 1.16GB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

Thriller • Romance • Action • History • Drama
7.5 1992 124 mins
The Player
A Holiday for Harmony
5.8

တစ်နှစ်တာလုံးရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်ကာလဖြစ်တဲ့ ခရစ္စမတ်ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ချစ်ခင်ရသူတွေနဲ့ အတူတူကြည့်ဖို့ A Holiday For Harmony ဆိုတဲ့ခရစ္စမတ် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။အိမ်နဲ့ဝေးနေတဲ့ မိသားစုနဲ့ဝေးကွာနေတဲ့သူတွေလည်း ဒီကားလေးကိုကြည့်ပြီး အလွမ်းတွေပြေနိုင်ပြီး ကိုယ်ချစ်တဲ့ လူတွေကိုပိုတန်ဖိုးထားမိလာမှာလည်းအမှန်ပါပဲ။လူ့ဘ၀ဆိုတာ တိုတိုလေးမလို့ ရရှိတဲ့အချိန်လေးအတွင်းမှာ ချစ်ရတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဂျက်ဇ်နဲ့တီနာတို့ကမောင်နှမတွေဖြစ်ကြပြီး ငယ်ငယ်လေးကတည်းက မောင်နှမတွေရဲ့ထုံးစံအတိုင်း သူတို့တွေက မတည့်အတူနေ အမြဲတမ်းကိုက်နေကြတာပါပဲ။ဂျက်ဇ်ကဗီဒီယိုဂိမ်းတွေကစားရတာကို သဘောကျသူဖြစ်ပြီး တီနာကတော့သီချင်းဆိုတာကိုအရမ်းဝါသနာပါတဲ့ အပြင် အသံလည်းအရမ်းကောင်းသူဖြစ်ပါတယ်။ ဒီလိုနဲ့အသက်တွေကြီးလာကြတဲ့အခါမှာတော့မောင်နှမနှစ်ယောက်လည်း တစ်ယောက်တစ်လမ်းသွားကြပြီး ဂျက်ဇ်ကဘားနဲ့ဂိမ်းဆိုင်လေးတွဲဖွင့် ထားခဲ့ကာ တီနာကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာ ခဲ့ပါတော့တယ်။ အကြောင်းတစ်ခုကြောင့် မောင်နှမနှစ်ယောက်စကားမပြောဖြစ်တာ ကြာပေမဲ့ တီဗီမှာတွေ့လိုက်ရတဲ့သတင်းတစ်ခုကြောင့်ဂျက်ဇ်ဘ၀ကြီး ပျက်သလိုဖြစ်သွားပါတော့တယ်။အဲ့ဒီသတင်းကတော့သူ့ညီမတီနာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားပြီဆိုတဲ့သတင်းပါပဲ။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ညီမဖြစ်သူရဲ့သမီး သူ့တူမရောက်ရှိလာပြီး သေတမ်းစာမှာသူ့ကိုအုပ်ထိန်းသူအဖြစ်လွှဲပြောင်းပေးထားခဲ့ကြောင်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူနဲ့သူ့တူမတို့နှစ်ယောက် ဒီနှစ်ခရစ္စမတ်ကို အတူတူဖြတ်သန်းကြရင်းနဲ့ လွမ်းမောစရာ ၅၂၈ ဒရာမာလေးတွေကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.36GB) / (570MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024
A Holiday for Harmony
Highlander: Endgame
4.6

Highlander: Endgame (2000) Jacob Kell လို့ခေါ်တဲ့ လူဆိုးကို ဖြုတ်ချဖို့ အဖွဲ့ဖွဲ့ရမယ့် မသေနိုင်တဲ့ Connor MacLeod နှင့် Duncan MacLeod တို့အကြောင်းဖြစ်ပါတယ်။ Kell က အန္တရာယ်များတဲ့လူဖြစ်ပြီး လက်စားချေချင်နေပါတယ်။ ရုပ်ရှင်အတွင်းမှာ Connor နှင့် Duncan တို့က စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က တစ်ယောက်ကို တစ်ယောက် ကာကွယ်ဖို့နဲ့ သူတို့ အလေးထားတဲ့ လူတွေကို ကာကွယ်ဖို့ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။ ဒီဇာတ်ကားက တိုက်ပွဲတွေချည်းပဲ မဟုတ်ပါဘူး။ မသေနိုင်တဲ့လူတွေ ၊ ကလဲ့စားချေခြင်းနှင့် MacLeodsေရဲ့အတိတ်တွေက ဘယ်လိုဘယ်ပုံသွင်းသည်ဆိုတဲ့ အယူအဆကို အမှန်တကယ်တူးဆွသွားတာပါ။ သူတို့ အမှားတွေ လုပ်ခဲ့ပုံတွေကို မှန်ကန်အောင် ကြိုးစားနေပုံတွေကို ပြသပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေက ပြင်းထန်ပေမယ့် ဇာတ်ကားရဲ့ထူးခြားချက်ကတော့ ဇာတ်ကောင်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေပါပဲ။ ရှင်သန်ခြင်းအတွက်သာမက အသက် တာရှည်ခြင်း အကျိုးဆက်ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း ဖြစ်ပါတယ်။ အဆုံးမှာ Highlander: Endgame က ဓားတွေနဲ့တိုက်နေတဲ့ဇာတ်ကားတစ်ခုထက်ပိုတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ရွေးချယ်ရခြင်းတွေ နှင့် ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့လူတွေအကြောင်းကိုခံစားရပါတယ် ကြည့်လို့ကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.5 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Fantasy, Sci-Fi Duration….01:40:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

4.6 2000 87 mins
Highlander: Endgame