YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Queen.Love.and.War.S01E03.720p.CM.mp4

406.11 MB 720p video/mp4 325 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bridesmaids
6.5

ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့ Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက 2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ ဒီလို R- rated comedy တွေ‌အတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင် အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေး သရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊ မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းက ပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ၊ တချို့အခန်းတွေဆို တိုက်ဆိုင်ရင် မျက်ရည်တောင် ဝဲမိစေမယ့်အထိ ဇာတ်ညွှန်း သေသပ်ပါတယ်။ ဒီဇာတ်ညွှန်းကို မင်းသမီး Kristen Wig နဲ့ co-writerဖြစ်တဲ့ Annie Mumoloတို့က နှစ်နဲ့ချီ ရေးခဲ့ကြတာပါ။ တစ်ကားလုံးမှာ မင်္ဂလာဆောင်မယ့် သတို့သမီးတစ်ယောက်နဲ့၊ သူ့ရဲ့ အပျိုရံ (Bridesmaids) တွေရဲ့ မင်္ဂလာဆောင်ခါနီး အလွဲလွဲအချော်ချော် ဖြစ်တာတွေကို မြင်ကြရမှာပါ။ ဒါပေမယ့် အဓိကမြင်ရမှာတော့ မင်းသမီး Kristen Wigသရုပ်ဆောင်ထားတဲ့ အန်နီ ဆိုတဲ့ ဇာတ်ကောင် အကြောင်းပါ။ ဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်လေးကလဲ အရှုံးပေါ်၊ ရီးစားက ပစ်သွားတာလဲခံထားရတဲ့ အန်နီတစ်ယောက်၊ သူ့အပေါ်တန်ဖိုး မထားတဲ့ ယောကျာ်းတစ်ယောက်နဲ့ အပျော်တွဲရင်း ဘဝကြီးကို စိတ်ပျက်လက်ပျက် ဖြတ်သန်း‌နေချိန် အချစ်ဆုံး ငယ်သူငယ်ချင်းကြီးရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံ လုပ်ပေးဖို့ အကြောင်းဖန် လာပါတော့တယ်။ အစကတည်းက အလဲလဲအပြိုပြို ဖြစ်နေတဲ့ အခြေနေ‌တွေရော၊ အချစ်ဆုံး သူငယ်ချင်း အိမ်ထောင်ပြုတော့မှာမို့ ဝမ်းနည်းတာတွေရော ပေါင်းပြီး အန်နီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်း မင်္ဂလာပွဲမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်ကြည့်လိုက်ကြပါ။ အမျိုးသမီးတွေချည်း ဦးဆောင်ပါဝင် ထားပြီး IMDB 6.8 ၊ Rotten Tomatoes 90%အထိ ရရှိထားတဲ့ ဝင်ငွေအရရော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားပါ။ သုံးထားတဲ့ ဇာတ်ဝင်သီချင်းတွေကလဲ တကယ်ကောင်းပါတယ်။ R-rated comedyဖြစ်တာမို့ မိသားစုနဲ့တော့ ကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းဘာသာပြန် နဲ့ အညွှန်းကို ရေးသားပေးထားတာကတော့ Kaung Khant Winnဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p BluRayx264 AAC 5.1CH / 720p Format…mp4 Duration….2h 4mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Action • Drama
6.5 2011 125 mins
Bridesmaids
Idle Hands
6.1

1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစား‌ပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်... ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ ဒီလိုနဲ့ အပျင်းကြီးလွန်းတဲ့ အန်တွန်တစ်ကောင် ဘ၀ပျက်ဖို့ အကြောင်းဖန်လာတာကတော့ နတ်ဆိုးပူးကပ်ခြင်းခံရတာပါပဲ။ တစ်ကိုယ်လုံးကိုမဟုတ်ပဲ သူ့ရဲ့ အပျင်းကျလွန်းတဲ့ လက်တစ်ဖက်ကို ၀င်ပူးခံရတာပါ။ နတ်ဆိုးပူးကပ်တဲ့လက်ဟာ ကိုယ်ပိုင်အသိစိတ်နဲ့ သွေးဆာတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်လာပြီး အန်တွန်တစ်ယောက် အပျင်းကျလို့မရဘဲ ဒုက္ခရောက်ဗျာများရပါတော့တယ်။ ကဲ ဆေးသမားမင်းသား အန်တွန်တစ်ကောင် ဒီနတ်ဆိုးပူးကပ်နေတဲ့လက်ကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်... (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.7GB, 996MB Quality - Blu-ray 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 32Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Chuck Encoded by Y

Comedy • Drama
6.1 1999 92 mins
Idle Hands
Kingsman: The Secret Service
7.6

Kingsman:The Secret Service ရုပ်ရှင်ဟာ 2014ခုနှစ်ကထွက်ရှိထားတဲ့ Action ကားကောင်းတစ်ခုဖြစ်ပါတယ် IMDB 7.7 နဲ့ Rotten Tomatoes 74%ရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Colin Firth,Samuel L.Jackson,Taron Egerton တို့ပါဝင်သရုပ်ဆောင်ထားတဲ့နာမည်ကြီး action ကားကောင်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ အဂ်ဆီတစ်ယောက် မိခင်ဖြစ်သူပထွေးနှိပ်စက်ခံရတာကို လက်ပိုက်ကြည့်နေရပါတယ် တစ်ရက်မခံနိုင်လို့ ပြန်လုပ်ရင်း ရဲစခန်းရောက်သွားတဲ့အခါ..... လည်ပင်းမှာဆွဲထားတဲ့ အဖေ့ဂုဏ်ပြုတံဆိပ်က ဖုန်းနံပါတ်ခေါ် လာကယ်ဖို့တောင်းဆိုတဲ့အခါ...... ဘယ်သူလာကယ်တင်မှာလဲ..... သူဘယ်လိုပြောင်းလဲသွားမှာလဲ....download ဆွဲကြည့်လိုက်ပါ (ဘာသာပြန်ပေးထားသူကတော့အိပပစံပါ) File Size : (2.16 GB) , (0.99 GB)  Quality : Uncut Blu-Ray (1080p 5.1,720p) Running Time : 2hr 09min Format : Mkv and Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : UNCUT.1080p.BluRay.x264-VETO Translated by Ei Pa Pa San Encode by Thanhtike Zaw

Drama • Mystery
7.6 2014 129 mins
Kingsman: The Secret Service
The Sentinel
6

ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Drama • Mystery
6 2006 108 mins
The Sentinel
The Half of It
7.1

IMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့ မေလ (၁)ရက်နေ့က Netflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော ..... ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊ သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေ အတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်က အကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ ....... IMDb Rating ကလည်း 7.2/10 ရထားပါတယ်။ Rotten Tomatoes ကတော့ 95% ရထားပါတယ်။ အချစ်ကား၊ ကျောင်းသား ကို နည်းနည်း Deep ဖြစ်တာလေး ခံစားချင်ရင်တော့ ကြည့်ကြည့်ကြပါ။ ရင်ထဲမှာ တစ်မျိုးတော့ ခံစားရပါလိမ့်မယ်။ (ဒီဇာတျလမျးရဲ့ အညှှနျးနဲ့ ဘာသာပွနျရေးသားပေးသူကတော့ August ပဲဖွဈပါတယျ။) Quality – 720p  Web-Rip Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Romance Source : 1080p.WEB-RIP Translator – August Encoder – San Win Maung

Fantasy • Mystery • Thriller
7.1 2020 104 mins
The Half of It
A Beautiful Day in the Neighborhood
7

အော်စကာဆုပေးပွဲမှာ ဆန်ကာတင်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုလောက်ကြည့်ရအောင်။ မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါပဲ။ တကယ်ကို လှပတဲ့ ဒရာမာ ကားလေးပါ။ တွမ်ဟန့်ခ်ဟာ ဖရက် ရော်ဂျာစ်ဆိုတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်။ တစ်နိုင်ငံလုံးက ကလေးတွေ လူကြီးတွေ ချစ်ကြတဲ့ လူကောင်းကြီး။ သူ့အကြောင်းကို အင်တာဗြူးရမယ် ဂျာနယ်လစ်က လွိုက် ဗေဂယ်၊ ငယ်ငယ်ကတည်းက အဖေကို စိတ်နာနေတဲ့ လူ့ခွစာ တစ်ယောက်။ လူတွေကို အားမနာလျှာမကျိုး ရေးတတ်လို့ သူနဲ့ ဘယ်သူမှ အင်တာဗြူးခံမယ့်သူ မရှိတဲ့လူ။ ဒါပေမယ့် ဖရက်က သူ့ကို လက်ခံပြီး အင်တာဗြူးချိန်မှာ ဖရက်ဟာ သူမြင်ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ တွေ့လိုက်ရတယ်။ ဒါကို သူလက်မခံနိုင်ဘူး။ ဒါဟာ ဟန်ဆောင်နေတာဖြစ်ရမယ်၊ သူ့ရဲ့ စိတ်ရင်းအမှန်ကို သိအောင်လုပ်ရမယ်ဆိုပြီး ဖရက်ကို သေချာလေ့လာမိသွားတယ်။ ဖရက်ကလည်း လွိုက်ရဲ့ ဖခင်နဲ့ ပြဿနာ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားပေးဖို့ ကြိုးစားလာတယ်။ သူတို့ ၂ ယောက် ဘယ်လိုဆက် စခန်းသွားကြမလဲ……. ဇာတ်လမ်းအစ စကားလုံးလေးတွေနဲ့ပဲ အဆုံးထိ ခံစားကြည့်သွားလိုက်ပါ။ ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ယောက်ကို ကျွန်တော်တို့ စိတ်ထဲမှာ ထားရှိနေတဲ့ အမုန်းတရားတွေဆီကနေ ကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ဒါပေမယ့် ထူးဆန်းတာက ခွင့်လွှတ်ခြင်းဆိုတာ အချစ်ရဆုံးလူတွေအပေါ်မှာ ပိုပြီးလုပ်ဖို့ ခဲယဉ်းနေတတ်တယ်တဲ့ဗျာ။ File Size : ( 1 GB , 327 MB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7 2019 109 mins
A Beautiful Day in the Neighborhood
Bad Moms
6.5

Bad Moms ရုပ်ရှင်ကားသည် Comedy အမျိုးအစားဖြစ်ပြီး 18+ စကားလုံးများစွာ အမူအရာများစွာ ပါဝင်၍ မိသားစုနှင့် အတူ မကြည့်သင့်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။ Directors: Jon Lucas, Scott Moore ရိုက်ကူးထားပြီး July 29, 2016 (USA) တွင် ရုံတင်ပြသခဲ့ကာ Box office: 179.4 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်.. ဇတ်လမ်း ပုံစံလေးကတော့ သမီးတစ်ယောက် သားတစ်ယောက် ရဲ့ ဝေယျာဝစ္စ တွေကို လုပ်ရင်း အလုပ်တစ်ဖက် နဲ့ အိမ်ထောင်ရေးမှာလဲ မကူညီတက်တဲ့ ယောကျင်္ား ကို ရရှိထားပြီး အသက်ငယ်ရွယ်တဲ့ အိမ်ထောင်သည် အေမီမစ်ချယ် ၏ ကသောင်းကနင်း ဖြစ်နေသော အမေ တစ်ယောက်ရဲ့ စိတ်ပျက်စရာ ဘဝ အကြောင်းပါ... အိမ်ထောင်ရေးမှာလဲ ပြိုပျက်လုမတက် ဖြစ်နေပြီး ကလေး နှစ်ယောက်ကို ထိမ်းကျောင်းရင်း အလုပ်မှာလဲ မိမိ ကို ခိုင်းစားပြီး အသုံးမကျတဲ့ သူတွေ နဲ့ အလုပ်တွဲလုပ်နေရတဲ့ အပြင် မိဘ ဆရာအစည်းအဝေးတွေမှာလဲ သိုးမည်း ဖြစ်နေရသူပါ.... တစ်ရက်မှာတော့ စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုမှာ အရက်သောက်ရင်း သူမ နှင့် ဘဝ တူများဖြစ်သော ကာလာဒက်ကာ နှင့် ကီကီ တို့ကို စတင်သိကျွမ်းခဲ့ပါတယ်... သူမ တို့ ဘဝတွေက သေဆုံးနစ်မြုတ်နေပြီဟု စတင် သိရှိခဲ့ပြီး ဘဝ ကို အကောင်းဆုံး ပျော်ရွှင်နိုင်ဖို့ လုပ်နေကြ ပုံစံတွေကို ချိုးဖောက်ပြီး အမေဆိုးများ ( Bad Moms ) များ အဖွဲ့အဖြစ် စတင်ကာ လုပ်နေကျ အရာတွေကို ပြောင်းပြန်လှန်ခဲ့ပါတယ်... ပေါ့ပေါ့ပါးပါး နေသင့်တဲ့ ဘဝ ကို ပြန်လည်ကူးပြောင်းကြပြီး ပြသနာပေါင်းစုံ နဲ့ စတင်ရင်ဆိုင်ကြရပါတော့တယ်.... ဒီ Bad Moms ရုပ်ရှင်ကားကို Channel Myanmar Translator များဖြစ်ကြသော Poe Thin Zar Kyaw , Bro Chan , Ye Khant Min , Kaung Myat Thu တို့ မှ ဘာသာပြန်ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်... (သစ်ဆန်းခန့်)

Horror • Science Fiction • Thriller
6.5 2016 100 mins
Bad Moms
Birdman or (The Unexpected Virtue of Ignorance)
7.5

ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပေမယ့်၊ သူရဲ့ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေကို တင်ဆက်ထားတာဟာ တကယ့် ကို အနုပညာမြောက်ပြီး၊ သရုပ်ဆောင်လည်းတကယ်ကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံး မှာ ဇာတ်ဝင်ခန်း အကူးအပြောင်းက အစ သာမန်ရုပ်ရှင်တွေလို (Fade to black) အမှောင်ချပြီး နောက်တစ်ခန်း ကူးတာမျိုးမဟုတ်ပဲ၊ ဇာတ်ကောင်တွေနောက်ကို လိုက်ပြီး ရိုက်ကူးထား သလို တစ်ခန်းနဲ့တစ်ခန်းကိုလည်း ဆက်ပြီးရိုက်ထားတာကြောင့် ထူးခြားတဲ့ ရသ တစ်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါမှာ မေးခွန်းပေါင်းများစွာ ကျန်နေစေခဲ့မှာဖြစ်ပြီး၊ သို့လော သို့လောနဲ့ အတွေးတသသ ဖြစ်စေမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက မင်းသားရဲ့ အခန်းထဲက ဘုရားစင်းထုတော် ဖြစ်ပြီး၊ စစတွေ့ချင်းမှာ တစ်ခြားကားတွေထဲမှာလိုပဲ အလှဆင်ထားတယ်လို့ထင်ရပေမယ့်၊ သေချာကြည့်ကြည့်တော့မှ စိတ်ပုတီးနဲ့ သောက်တော်ရေခွက်လို့ ယူဆရတဲ့ ရေခွက် လေးလည်းတွေ့ရပါတယ်။ ဇာတ်လမ်းစစချင်းမှာ အတွင်းခံနဲ့တိုင်နေတာကလည်း တရားထိုင်နေတယ်လို့ထင်ရပြီး (ဗုဒ္ဓဘာသာစစ်စစ်မဟုတ်လို့) Birdman က ဗုဒ္ဓဘာသာလားလို့ လည်းထင်စရာဖြစ်ပါတယ်။ အထင်လွှဲမှာစိုးလို့ကြိုတင်ရှင်းပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းသလို တင်ဆက်ပုံကလည်း ပညာသား ပါပါတယ်။ မင်းသားကြီး Michael Keaton က သရုပ်ဆောင်ကောင်းသလို၊ Edward Norton ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ တစ်ချိန်က နာမည်ကြီး Superhero မင်းသားက လက်ရှိ ရုန်းကန်နေရတဲ့အကြောင်းရိုက်ကူးထားသလို၊ သူ့နေရာမှာသရုပ်ဆောင်တဲ့ Michael Keaton ကလည်း တစ်ချိန်က Batman (1989), Batman Returns (1992) တို့မှာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန် မှာ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းက ပိုအသက်ဝင်သွားပြီး၊ Michael ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြင် Emma Stone (Amazing Spider-Man) ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ အားဖြည့်ထားပါသေးတယ်။ ဒီကားက အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင် ကို တကယ် စိတ်ဝင်စားစွာ ကြည့်ချင်တဲ့သူတွေ၊ ရုပ်ရှင်အနုပညာကို မြတ်နိုးတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ အပျင်းပြေကြည့်မယ့်သူတွေ၊ အက်ရှင်ကားတွေပဲ ကြိုက်တဲ့သူတွေ အတွက်ကတော့ ဒီကားက ပျင်းစရာကောင်းတယ်လို့ထင်စရာဖြစ်နေမှာပါ။ #Sololay (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားက 2015 ခုနှစ်အော်စကာဆုပေးပွဲမှာ..... Best Picture , Best Original Screenplay , Best Director , Best Cinematography ဆု(၄)ဆုဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ IMDb(8/10) နဲ့ Rotten Tomatoes (93%) ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါ။ File size...900MB Quality....Blu-Ray Rip 720p Format...mp4 Duration....01:59:17 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung

Crime • Drama
7.5 2014 120 mins
Birdman or (The Unexpected Virtue of Ignorance)
The Divine Move
6.7

The Divine Move(2014) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည…. မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်… လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့ ဘယ်သူမှမသိအောင် နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်…. အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ… သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး…သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံး အဖမ်းခံလိုက်ရတယ်… ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်း လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်… ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင် မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့် အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်… ဒီနောက်ပိုင်းတော့ နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်… ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်… Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ… အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာ Cold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်.. ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်… ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေ မျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ တကယ့် အမိုက်စား အက်ရှင်ခန်းတွေနဲ့…..ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလို အက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်… ကိုင်းညွှန်းတာလည်း များပြီဆိုတော့ ထောင်ထဲမှာ သူဘယ်လိုကြိုးစားပြီး အကိုဖြစ်သူကိုသတ် သူ့ဘဝကိုပါစုတ်ပြတ်သွားအောင်လုပ်တဲ့သူတွေကို ဘယ်လိုလက်စားချေမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့…. File Size : (2.7GB) and (868MB) Quality : Blu-Ray (1080p 5.1 CH, 720p) Format…mp4 Duration…01:58:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae

6.7 2014 118 mins
The Divine Move
After the Bite
6.1

After the Bite (2023) ============== IMDb Rating 6.1/10 ဒီဇာတ်လမ်းလေးကတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ငါးမန်းဖြူတွေရဲ့ အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ Documentary တစ်ခုဖြစ်ပါတယ်။ Documentary ပုံစံလေးကတော့… နှစ်စဉ်နွေရာသီရောက်တိုင်း အပန်းဖြေဖို့ လူအများလာရောက်ကြတဲ့ ကိတ်ပ် ကုဒ်ကမ်းခြေကို ငါးမန်းတွေရောက်ရှိလာပြီး လူသေဆုံးသည်အထိ တိုက်ခိုက် မှုတွေဖြစ်လာတဲ့အခါ မြို့နေဒေသခံတွေက သက်ဆိုင်ရာအဖွဲ့အစည်းကို ကိုင် တွယ်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုလာကြပါတယ်။ တစ်ဖက်ကလည်း အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်း ဖို့တာဝန်ရှိလာတဲ့အခါ နှစ်ဦးနှစ်ဖက် အခက်တွေ့ရပုံတွေ၊ အများပြည်သူ အပန်း ဖြေတဲ့ ကမ်းခြေကို ပိတ်ထားရမယ့်အခြေအနေထိ ရောက်လာတာကြောင့် ကျွမ်းကျင်သူတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ငါးမန်းဖြူတွေကိုထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ကြတော့တာပေါ့။ နောက်ပိုင်းထိခိုက်သေဆုံးမှုတွေမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ကိတ်ပ်ကုဒ်ကမ်းခြေကို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဖွဲ့လိုက် လှိုင်း စီးတာတွေ ရေလွှာလျှောစီးတာတွေ ကျင်းပပြုလုပ်နိုင်ခဲ့ကြတယ်။ အဏ္ဏဝါထိန်း သိမ်းရေးအဖွဲ့အနေနဲ့လည်း ငါးမန်းဖြူတွေသာမက ပင်လယ်ဖျံနဲ့ တခြားမျိုးစိတ် တွေကိုပါ အကောင်းဆုံးထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတင်ဆက်မှုနဲ့အတူ ကိုယ်မသိသေးတဲ့ သဘာဝရဲ့အ ကြောင်းတွေကိုပါ လေ့လာခွင့်ရတာကြောင့် အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ Documentary ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်) File Size……….(2.66 GB) / (980 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Ei Po Encoder……….SWM

6.1 2023 88 mins
After the Bite
Haan Maine Bhi Pyaar Kiya

အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

Horror • Thriller
0 2002 174 mins
Haan Maine Bhi Pyaar Kiya
Road to Boston
8.2

Road to Boston (2023) ၁၉၄၇ ခုနှစ်… အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု… ၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ် အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ် ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး… အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ.. Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama, Sports Quality…. 1080p | 720p File size… 1.7GB | 853MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Documentary
8.2 2023 113 mins
Road to Boston
[18+] Table for 3
5.8

ဖိလစ်ပင်းတွေဟာ လိင်မှုကိစ္စအပေါ်ခံယူပုံ၊ ခေတ်ရှေ့ပြေးပုံတွေမှာ တစ်ခြား အာရှနိုင်ငံအတော်များများထက်ရှေ့ရောက်တယ်လို့ယူဆရပါလိမ့်မယ်၊(ဟောင်ကောင်ရဲ့ 1975 cat 3 ကားတွေနဲ့ ဂျပန်ရဲ့ အဲ့ဒီကာလဝန်းကျင်က ကြိုးတုပ်ဖယောင်းစက်ချ တွေကိုခဏမေ့ထားလိုက်ကြရအောင်ပါ)။ သူတို့တွေဟာ Mainstream ရုပ်ရှင်တွေကျရင် ဖုံးဖုံးဖိဖိဆင်ဆာပိလေရှိကြခဲ့ပေမယ့် Indie ခေါင်းစဉ်တပ်ထားတဲ့ဇာတ်ကားတွေမှာတော့ အဖုံးအကွယ်မရှိ ပကတိအတိုင်းတင်ဆက်ပြသပြီး ပွင့်လင်းကြတဲ့သူတွေပါပဲ။အခုနောက်ပိုင်း သူတို့ဇာတ်ကားတွေမှာ မကြာခဏမြင်လာရတာကတော့ Throuple ဆိုတဲ့ Relationship ပုံစံတစ်မျိုးပါပဲ။ပုံမှန်အားဖြင့်Couple ဆိုတာ လူနှစ်ယောက်ဆက်ဆံရေးဆိုတာကိုမြင်ကြည့်လိုက်မယ်ဆိုရင် Throuple ဆိုတာကတော့ လူသုံးယောက်ဆက်ဆံရေးပါ။Threesome လိုမျိုး တစ်ကြိမ်တစ်ခါ sex ကိစ္စအပေါ်ယံပတ်သက်တာမဟုတ်ပဲနဲ့ လူသုံးယောက်လုံးက ဒီဆက်ဆံရေးထဲမှာ အချစ်၊လူမှုရေး၊စီးပွားရေး အကုန်လုံးရောထွေးပတ်သက်နေတာမျိုးဖြစ်ပါတယ်။ တွေးကြည့်ရင် ပျော်စရာကောင်းသလိုလိုနဲ့ ဇယားရှုပ်မှာဖြစ်သလို လူတစ်ယောက်ရစ်တာတောင်မခံနိုင်တဲ့လူတွေအနေနဲ့ နှစ်ယောက်ပေါင်းရစ်ရင် ဘယ်လိုနေမလဲဆိုတာ ကျောထဲစိမ့်ချင်စရာပါပဲ။အဲ့ဒီ Relationship အကြောင်းအရင် Vivamax ကားတွေမှာကြိုကြားကြိုကြားပြထားတာတွေရှိပေမယ့် အခုတော့ အဲ့ဒီအကြောင်းအရာကိုပဲ ဒဲ့ရှင်းပြထားတဲ့ဇာတ်ကားနှစ်ကားရှေ့ဆင့်နောက်ဆင့်ထွက်လာပါတယ်။ ပထမ ဇာတ်ကားကတော့ အခုမိတ်ဆက်ပေးချင်တဲ့ Table For 3 ပါပဲ။ ဆယ်နှစ်ကျော်ဆက်ဆံရေးနောက်ပိုင်းမှာကတောက်ကဆတွေ ပြဿနာတွေနဲ့ အချင်းချင်း အေးစက်မာခဲလာတဲ့ လိင်တူချစ်သူအတွဲတစ်တွဲဟာ တတိယလူတစ်ယောက်ကို နှစ်ဦးသဘောတူဖိတ်ခေါ်ခဲ့ပြီး ဘယ်လိုပျော်စရာတွေ ဘယ်လိုစိတ်ညစ်စရာတွေ ကြုံရမှာလဲဆိုတာကို ခံစားကြည့်ကြပါဦး။( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပါ )File size_( 620MB)/(310MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

5.8 2024 46 mins
[18+] Table for 3
Escape Plan 2: Hades
3.9

Escape Plan 2: Hades (2018) ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” နဲ့ တရုတ်မင်းသား Huang Xiaoming တို့လည်းပါဝင်ထားပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို d3mon မှတင်ဆက်ထားပါတယ်။)

3.9 2018
Escape Plan 2: Hades