YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Quantum.Leap.S02E07.720p.CM.mp4

309.82 MB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Any Given Sunday
6.8

“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ File size…(2.3 GB)/(2.0 GB)/(1 GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

Drama • History • Thriller • War
6.8 1999 162 mins
Any Given Sunday
Robin Hood: Prince of Thieves
6.8

ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်း အဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။ Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီး တွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာ ခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ ဒါပေမဲ့သူပြန်‌ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေ ကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူး အလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိ အိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေ လွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့ တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲ ရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်‌တွေကိုစတင်‌ နှောင့်ယှက် ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။ သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရော ဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို Robin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Fantasy • Romance • TV Movie
6.8 1991 143 mins
Robin Hood: Prince of Thieves
Ghosts of the Ozarks
5.7

တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ​ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ မြို့လေးတစ်မြို့ ရှိနေခဲ့မယ်ဆိုရင်ရော..။ ဒီနံရံအကာအကွယ်တွေရဲ့ အထဲမှာ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ လူတွေရဲ့ ရင်ထဲက အကြောက်တရားကရော အမှန်တကယ် အစစ်အမှန်ပဲလား..? ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ခြေလေးချောင်းတော်လှန်ရေး (George Orwell) စာအုပ်ကိုတောင် လျှပ်တပြက်သွား သတိရလိုက်သေးတယ်..။ ကြိုက်တယ်.. မကြိုက်ဘူးဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဆိုပေမဲ့ စိတ်ဝင်စားစရာတွေ လွတ်သွားရင်တော့ သိပ်နှမြောဖို့ ကောင်းနေမှာမို့ ဒီဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ညွှန်းလိုက်ပါ့မယ်..။ အကြောင်းအရာအရ စိတ်လှုပ်ရှားစရာလည်း ကောင်းရမယ်..။ ရင်ထိတ်သည်းဖိုလေးလည်း နည်းနည်းဖြစ်ရမယ်..။ ကျေနပ်စရာကောင်းတဲ့ နှောင်းခေတ်ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတစ်ခု ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့.. ဒီဇာတ်ကားကိုသာ ရွေးလိုက်တော့.. ရွေးလိုက်တော့လို့ ပြောရတော့မှာပဲဗျား..။ File size…(1.3 GB)/(550 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama • Romance
5.7 2022 100 mins
Ghosts of the Ozarks
The Perfumier
4

The Perfumier (2022) ================== အကြည်ဓာတ်ရဖို့ လရောင်ခံတာတို့ spell jar ဆောင်တာတို့ဆိုတာ ဒီဇာတ် ကားထဲက ရေမွှေးနဲ့ ယှဉ်ရင်တော့ ပါမွှားလေးပါပဲ။ ဆန်နီ ဆိုတဲ့ မှုခင်းဌာနက ရဲမေတစ်ဦးဟာ ငယ်စဉ်ကတည်းက ဘယ်အနံ့ကိုမှ မခံစားရတဲ့ အနံ့ပျောက် နေတဲ့သူတစ်ဦးပါ။ သူမမှာ ယူရို ဆိုတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်သည် ချစ်သူစုံထောက်တစ်ယောက်လည်း ရှိပါသေးတယ်။ ဒိုရီယန်ကတော့ ဘယ်အနံ့မဆို ခွဲခြားသိနိုင်ပြီး ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ရေမွှေးတီထွင်သူ တစ်ဦးပါ။ အချစ်ရေမွှေး လို့ခေါ်တဲ့ စွတ်လိုက် တာနဲ့ အားလုံးက တန်းတန်းစွဲဝိုင်းချစ်ကြမယ့် ရေမွှေးကို တီထွင်ဖို့အတွက် မိန်းမငယ်လေးတွေကို သတ်ဖြတ်ပြီး အနံ့ဂလင်းန်တွေကို ဖြတ်ထုတ်ယူတာ သူ့ရဲ့အလုပ်ပါပဲ။ ဆန်နီတစ်ယောက် ဒိုရီယန်ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ဖို့ လိုက်လံကြိုးစားရင်း Sex perfume ဆိုတဲ့ ရမ္မက်ရေမွှေးကို အမှတ်မထင်ရရှိသွားပြီးနောက် သူမ ဘာဆက်လုပ်မလဲဆိုတာကတော့ ဇာတ်သိမ်းထိ စောင့်ကြည့်ရမှ သိရပါလိမ့်မယ်။ 21st September, 2022 မှာ Netflix ကနေ ထွက်ရှိလာတဲ့ psychological drama, crime and mystery movie တစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Action • Adventure • Family • Fantasy
4 2022
The Perfumier
Antique
7

Antique(2008) ************** အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့ LGBT movie လေးကိုကြည့်ကြည့်ကြပါ။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။ ဇာတ်လမ်းကတော့ လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့ မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့ တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။ သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့ ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။ ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားက relationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size :(1.9GB) and (897MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

7 2008
Antique
Sneakers

IMDb – 7.1 Rotten tomatoes – 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ကမ္ဘာပေါ်မှာရှိတဲ့ကုဒ်တိုင်းကိုချိုးဖောက်နိုင်တဲ့အရာဖြစ်နေတဲ့အခါမှ သူတို့ဘယ်လိုဇာတ်ရှုပ်ထဲကိုဝင်ပါမိပြီးသားဖြစ်နေမလဲ၊ ဘယ်လိုအန္တရာယ်တွေကိုကျော်လွှားရမလဲ၊ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ အဲဒီ‌ခေတ်ကာလကအစိုးရအရှုပ်အရှင်းတွေကရော ဘယ်လိုတွေရှိနေမလဲ ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…(2.2 GB)/(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

0 1992
Sneakers
Full River Red ( 2023 ) Manjianghong
6.5

IMDb Rating (6.5) / Rotten Tomatoes (100%) Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ “Full River Red” ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလို သူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့ သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာ ကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ ပြည်သူအားလုံးက စွပ်စွဲခဲ့ကြပါတယ်။ စစ်သူကြီးယွဲ့ဖေးကို မတရားစွပ်စွဲသတ်ဖြတ်ခဲ့တဲ့အမတ်ချုပ်ကြီးချင်ဟွေတို့အကြောင်း ရာဇဝင်အမှန်ကိုတော့ ဒီမှာ https://www.facebook.com/tianxiadiyi888888/ ဖတ်ရှုပေးကြပါ။စစ်သူကြီးယွဲ့ဖေးဆိုတာ ဘယ်လိုလူမျိုးဆိုတာနဲ့ သူ့ရဲ့နာမည်ကျော်ကဗျာ မန်ကျန်းဟုန်အကြောင်းကို ပိုမိုသိရှိရမှာပါ။ဒါမှလဲ ရုပ်ရှင်က ပိုမိုရုပ်လုံးကြွလာမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပြီး လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်း မမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့ လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီး တော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆမှုအတွင်း တရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေဒဏ်ပေးခံရပါတယ် ။ ဒီလိုပြသနာတွေထဲကနေ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကို လိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ – ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆ ဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရော ဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ…….။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ – ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲ ရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊ လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊ သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့ စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်း ရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီး ဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့ စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင် ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့ တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။

6.5 2023
Full River Red ( 2023 ) Manjianghong
Coraline
7.7

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ… လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်… စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့… သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်… တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်… ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့… ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ… ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်… မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်… လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…

7.7 2009
Coraline
A Bridesmaid in Love
5.5

A Bridesmaid in Love (2023) ===================== အချစ်ဇာတ်ကားတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် ရိုမန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကတ်သရင်းဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်တွေမှာ သတို့သမီးအရံ‌အနေနဲ့ ကူညီပေးတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ သူမသူငယ်ချင်းမက်ဇင်းရဲ့ မင်္ဂလာပွဲအတွက် ကူညီပေးရင်း လွန်ခဲ့တဲ့ဆယ်ခုနစ်ကခင်ခဲ့တဲ့မက်ဇင်းရဲ့အကို မက်ထ်နဲ့ပြန်ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေပြောင်းလဲ လာမလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရူခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်) File Size……….(1.53 GB) / (624 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator……Nang Aye Myat Phoo Encoder……….SWM

5.5 2023 85 mins
A Bridesmaid in Love
Body Parts
5

Body Parts (2023) Horror ဆိုကြည့်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့ movie လေးတစ်ခုတင်ဆက်ပေးပါဦးမယ် ဘာလို့ဆန်းတယ်လို့ ပြောရလဲဆို ရုပ်ရှင်တစ်ခုလုံးက ဇာတ်အိမ်တစ်မျိုးတည်းကိုပဲ ပြသွားတာမျိုးမဟုတ်ဘဲ မတူညီတဲ့ ဇာတ်လမ်း ၅ မျိုးကို ပုံစံအဖုံဖုံနဲ့ တင်ဆက်သွားတာပါ ဒီဇာတ်လမ်းမှာဆို Stink, A Child Who Sees Ghosts, exorcism.net, The Person Who Lived, String ဆိုပြီး ဇာတ်လမ်း ၅ မျိုးပါဝင်ပါတယ် တစ်ခုချင်းစီရဲ့ ရှုထောင့်နဲ့ အယူအဆ၊ တစ္ဆေသရဲဆိုတာကို ပုံဖော်တဲ့နေရာမှာ မတူညီတဲ့အတွက် ကြည့်ရင်းပျင်းလာတာမျိုး၊ အကြောက်ပေါ့သွားမှာတွေ စိတ်ပူဖို့မလိုပါဘူးနော်… ကိုရီးယား horror တွေ ကြိုက်တတ်တဲ့သူဆို ဒါလေးက မဆိုးဘူးလို့ပဲ ညွှန်းရမှာပဲ.. ဇာတ်လမ်းအသေးစိတ်ကိုတော့ ခေါင်းစဉ်ခွဲလေးတွေကို ဖတ်ပြီး ခန့်မှန်းမိမယ်ထင်လို့ ထည့်မရေးတော့ဘူး ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.1GB | 476MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5 2023
Body Parts
Desperado
6

ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်……

History • Comedy • Drama
6 2024
Desperado
Sector 36
7.4

Sector 36 (2024) “နယ်မြေ ၃၆” IMDb – 7.5/10 12တန်းလည်းတစ်ဘုန်းဘုန်းကျ၊ လက်တစ်ဖက်ပါအဆုံးရှုံးခံပြီး ချစ်တတ်သူကြီးရဲ့ ဇာတ်ကားအသစ်ကို Netflixကနေ ထုတ်လွှင့်လိုက်တာမို့ ဗီခရန့်အချစ်တော်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 2006ခုနှစ်က နီသာရီလူသတ်မှုများလို့ နာမည်ကြီးခဲ့တဲ့ အတွဲလိုက်လူသတ်မှုကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းရုပ်ရှင်။ ရှာဟ်ဒါရာမှာ ကလေးတွေတစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက်နေတဲ့အတွက် မိဘဖြစ်သူတွေရတက်မအေးဖြစ်နေရ။ ပန်ဒေးဆိုတာ အကျင့်ပျက်ခြစားတဲ့ ရဲအရာရှိတစ်ဦး။ အကျင့်တူစခန်းမှူးဖြစ်သူရဲ့ဖိနှိပ်မှုတွေကြောင့် ပန်ဒေးတစ်ယောက် အလုပ်လုပ်ရတာမလွယ်ကူခဲ့။ သူ့ကလေးဖြစ်သူပါ ပျောက်ဆုံးရချိန်မှာတော့ ပန်ဒေးတစ်ယောက် အပူမီးပွားရပါတော့တယ်။ ဒီမှာပဲ တရားခံနောက်ကိုလိုက်ရင်း မထင်မှတ်ထားတာတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Sector 36
Dust in the Wind
7.6

Dust in the Wind (1986) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Dust in the Wind ဟာ နာမည်ကျော်ထိုင်ဝမ်နယူးဝေ့ဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsien နဲ့ ဇာတ်ညွှန်းဆရာ Wu Nien-Jen တို့ တွဲလုပ်ထားတဲ့ Hou and Wu’s Collaborations Trilogy ထဲက ပထမဆုံးကားပါပဲ။ ထိုင်ဝမ်နယူးဝေ့တွေမှာ အတွေ့ရများတဲ့အတိုင်း တိုးတက်မလာခင် တိုးတက်လာဆဲ ထိုင်ဝမ်ရဲ့ ခေတ်အခြေအနေကို ဇာတ်ကောင်တွေရဲ့ ဖြတ်သန်းကြပုံကို ရိုက်ပြထားတယ်။ Dust in the Wind ထဲက အခြေအနေတွေဟာ Hou တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဖြစ်ပြီး ၁၉၇၀ ထိုင်ဝမ်ရဲ့ မြို့ပြရယ်လို့ တိုးတက်မှုတွေများပြားလာတဲ့ ကာလမှာဇာတ်အိမ်တည်ထားတယ်။ အဲဒီကာလမှာ နယ်မြို့ရွာလေးတွေက လူငယ်တွေဟာ တိုင်ပေမှာ အလုပ်လုပ်ရင်း ကျောင်းဆက်တက်သူတက်ကြတယ်။ အလုပ်ချည်းလုပ်သူက လုပ်ကြတယ်။ အိမ်ကို ငွေတွေပြန်ပို့ကြတယ်။ မြို့ပေါ်ကနေ စစ်မှုထမ်းဝင်သူတွေကလည်း ဝင်ကြတယ်။ ဒီလိုအချိန်မှာ လူငယ်တွေ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကိုလည်း ပုံဖော်ထားသလို ကောင်းတဲ့အလုပ်ရှင်တွေကိုလည်း ပုံဖော်ထားတယ်။ ပြောရရင် Dust in the Wind ဟာ ခေတ်တစ်ခုရဲ့လူငယ်တွေဘဝကို ပုံဖော်ထားတဲ့ ရုပ်ရှင်သက်သက်ပဲ။ နယူးဝေ့ရုပ်ရှင်စာရင်းတော့ဝင်ပေမဲ့ ထိုင်ဝမ်နယူးဝေ့ဒိုကူမန်ထရီထဲ Hou ပြောဖူးသလိုပဲ အသစ်ဘာမှမရှိပါဘူး။ အရာတိုင်းက ရိုက်ပြပြီးသားချည်းပဲ။ ကိုယ့်ရှေ့ကခေတ်ရဲ့ အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားပါပဲ။ Hou ဟာ Ozu ရဲ့ လွှမ်းမိုးမှုအတန်ရှိတယ်ဆိုတဲ့အတိုင်း Hou ကတော့ အိုဇုရဲ့ ပတ်ဝန်းကျင်က ငြိမ်သက်တဲ့အခြေအနေတွေထဲက အရွေ့သေးသေးလေးတွေကို ရိုက်ပြတဲ့ဘက်အလေးသာပြီး Ozu ရဲ့ လွှမ်းမိုးမှုတော်တော်များတယ်လို့ ကျွန်တော်မြင်တဲ့ Kore-eda ကတော့ နောက်ပိုင်းမှာ အိုဇုရဲ့ ထိပ်လေးပဲ ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ ရေမြုပ်နေတဲ့အောက်ပိုင်းဆန်တဲ့ မပြထားတဲ့ဇာတ်ဝင်ခန်းတွေရဲ့အရေးပါပုံကိုပြတဲ့ဘက် ပိုအလေးသာနေတယ်။ ဒီဇာတ်လမ်းမှာ ကောင်လေးနဲ့ကောင်မလေး သိပ်ချစ်ကြတယ်လို့ မပြောလည်း ကျွန်တော်တို့သိခဲ့ရတယ်။ တစ်နေ့မှာ ခေတ်ကြောင့်ပဲ ကောင်လေးနဲ့ကောင်မလေး တစ်သက်လုံးဝေးသွားကြတယ်။ တစ်ခုခုတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘာမှမဟုတ်သလိုပါပဲ။ သက်ငြိမ်နေတယ်။ ကျွန်တော်တို့ဘဝတွေရဲ့ သက်ငြိမ်မှုတွေလိုလို… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 890MB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1986 109 mins
Dust in the Wind
The Smile Man
7.4

The Smile Man 2024 (အပြုံးလူသား အတွဲလိုက်လူသတ်မှု) အပြုံးလူသား အတွဲလိုက်လူသတ်မှုဆိုတဲ့အတိုင်းပါပဲ နာမည်နဲ့လိုက်အောင် လူသတ်သမားဟာ လူသတ်ပြီးတဲ့နောက်မှာ နစ်နာသူတွေရဲ့ ပါးစပ်ကို အပြုံးမျက်နှာနဲ့တူအောင်လို့ ဓားနဲ့ဆွဲဖြဲပြီးထားခဲ့ပါတယ်။ ဒီအမှုကို လိုက်နိုင်ခဲ့တဲ့ ရဲအရာရှိတွေကတော့ ချီဒမ်ဘရမ်နဲ့ ဗန်ကာတက်ရှ်တို့ပါပဲ။ ဗန်ကာတက်ရှ်တစ်ယောက် တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဖမ်းလိုက်နိုင်ပေမဲ့ တရားခံကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ဗန်ကာတက်ရှ် ဘာဖြစ်သွားလဲ ဘယ်ရောက်သွားလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက်မှာ ချီဒမ်ဘရမ်ဟာ မတော်တဆမှုကြောင့်နဲ့ အယ်လ်ဇိုင်းမားဝေဒနာကို ခံစားနေရကြောင်း သိလိုက်ရပါတယ်။ သူ့မှတ်ဉာဏ်တွေဟာ အများဆုံး ၁နှစ်သာခံတော့မှာဖြစ်ကြောင်း၊ ကောင်းကောင်းအနားမယူရင် ပိုဆိုးနိုင်ပြီး လပိုင်းအတွင်း ဘာမှမှတ်မိမှာမဟုတ်တော့လို့ ဆရာဝန်က အနားယူပြီးနေဖို့ ပြောကြားခဲ့ပါတယ်။ ချီဒမ်ဘရမ်တစ်ယောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ တာဝန်ထမ်းဆောင်စဉ်က တွေ့ခဲ့တဲ့ လူသတ်သမားတွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။ ဒီစာအုပ်ထဲမှာ ထူးထူးခြားခြား အပြုံးလူသားလူသတ်မှုရဲ့ နောက်ဆုံးအခန်းဟာ အဆုံးထိ မပြီးဘဲ အလွတ်ဖြစ်နေပါတယ်။ ချီဒမ်ဘရမ်ရဲ့ စာအုပ်ထုပ်ဝေပြီး ၁ပတ်အကြာမှာပဲ အပြုံးလူသားလူသတ်မှုနဲ့ ပုံစံဆင်တူတဲ့ လူသတ်မှုတစ်ခုဖြစ်လာပါတော့တယ်။ ကိုးကားမှုတွေ ယူနိုင်ဖို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ဗန်ကာတက်ရှ်ရဲ့ သားဖြစ်သူ အာရဗင်ဟာ ချီဒမ်ဘရမ်ကို ဒီအမှုထဲ ပြန်လည်ဝင်ရောက်စေခဲ့တဲ့အခါမှာတော့ ………. လွန်ခဲ့တဲ့ ၅နှစ်က ဗန်ကာတက်ရှ် ပစ်သတ်လိုက်တဲ့ တရားခံဟာ အပြုံးလူသား လူသတ်မှုတရားခံအစစ်ဟုတ်ရဲ့လား …….. ဗန်ကာတက်ရှ်ရဲ့ ပျောက်ဆုံးမှု နောက်ကွယ်က အမှန်တရားကရော ဘာဖြစ်မလဲ ……. အယ်လ်ဇိုင်းမားရောဂါသည် ချီဒမ်ဘရမ်တစ်ယောက်ကရော အမှုကိစ္စတွေကို ဘယ်လိုဝင်ရောက်ကူညီမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Comedy • Action • Adventure
7.4 2024 121 mins
The Smile Man