YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Ptt.Babe.S01E02.720p.CM.mp4

257.66 MB N/A video/mp4 98 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Doubt
7.2

John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ရင်ထဲရောက်စေမှာပါ။ တွေးစရာတွေလည်း အများကြီးပေးမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်။ File size…(1.8 GB)/(860 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama • War
7.2 2008 104 mins
Doubt
Gardens of Stone
6.3

မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း စစ်သားတစ်ယောက်သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တဲ့အရာတွေကို သင်ပြပေးပါတယ် ဒီတော့ဆာဂျင်ဟာဇက်ရဲ့အကြံ အောင်မလား မအောင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး File size…(1.8 GB)/(1.2 GB)/(660 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aye Thida Kyaw (rivn)

6.3 1987 111 mins
Gardens of Stone
The Hunting
4.7

နှစ်ကူးအားလပ်ရက်မှာ ရိုစရာချိုစရာမရှိတဲ့ တစ်ကိုယ်တည်းတောက်ပနေသူလေး တွေအတွက်အသင့်တော်ဆုံး သဲထိတ်ရင်ဖိုကားလေးကို CMမှတင်ဆက်ပေးလိုက်ပါတယ်။ ဝက်ဝံအမဲလိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ ချမ်းအေးတဲ့ဆောင်းရာသီမှာ ဝက်ဝံခြေရာခံတဲ့လူနှစ်ယောက်ဟာ ကောင်းကင်ကကျလာတဲ့အလင်းတန်းကြီးကိုတွေ့လိုက်ရတယ်။ ဥက္ကာခဲကြီးလား ဘာတွေလဲဆိုပြီး သူတို့သွားကြည့်တဲ့အချိန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ထူးဆန်းသတ္တဝါတွေနဲ့ကြုံတွေ့လိုက်ရတယ်။ လူတွေကဝက်ဝံတွေကိုအမဲလိုက်တဲ့နယ်မြေဟာ လူတွေကိုပြန်ပြီးအမဲလိုက်တဲ့နယ်မြေအဖြစ်ပြောင်းသွားပါတော့တယ်။ ကောင်းကင်ပေါ်ကကျလာတဲ့သတ္တဝါတွေကိုလူတွေဟာ ဘယ်မျိုးများနှိမ်နင်းကြမလဲ..... သားကောင်ဘဝနဲ့ပဲ လူတွေဟာနေသွားရတော့မှာလားဆိုတာကို သဲထိတ်ရင်ဖိုကြည့်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Thriller
4.7 2022 91 mins
The Hunting
[REC]⁴ Apocalypse
5.6

လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့... အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ... File Size : (1.6GB) and (744MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Comedy • Romance • TV Movie
5.6 2014 95 mins
[REC]⁴ Apocalypse
The Angels' Share
7

IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

Drama • Music • Romance
7 2012 101 mins
The Angels' Share
The Outpost
6.9

The Outpost Rotten Tomato 91% IMDB 6.6 Metacritic 72% စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာ Rating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ်  ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့် တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။ စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီး ကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။ မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။ မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။ Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။ သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့် သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။ နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။ အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့ လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ လုပ်နေတဲ့ကောင်လေးအဖြစ်မြင်ရမှာဖြစ်ပြီးတော့ အခု ဒီထဲမှာတော့ တကယ့်ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်သားတယောက်အဖြစ်မြင်ရမှာပါ။ သူ့အရင်စစ်ကားကတော့ Fury ပါပဲ။ နောက်မင်းသားတယောက်ကတော့ Orlando Bloomပါ။ သူကတော့ The lord of the rings တို့ Pirate of the Caribbean ထဲမှာကတည်းက သိပြီးသားဆိုတော့ သိပ်ပြောစရာမလိုပါဘူး။ ဇာတ်လမ်းအကြောင်းလေး ပြောလိုက်ရအောင်။ ဇာတ်လမ်းကတော့ Jake Tapperရေးထားတဲ့ The Outpost :An untold story of American Valor ဆိုတဲ့ ဖြစ်ရပ်မှန်စာအုပ်ကို ပြန်ရိုက်ထားတာပါ။ များသောအားဖြင့် အမေရိကန်စစ်တပ်ဆိုတာနဲ့ စစ်အင်အားကြီးပြီးတော့ နည်းဗျူဟာ မဟာဗျူဟာတွေမှာ အရမ်းတော်တဲ့စစ်တပ်တခုအဖြစ်မြင်ကြတာများပါတယ်။ အဲဒါအမြဲတမ်းရော မှန်ပါရဲ့လား။ ဒီကားမှာတော့ အဲဒီအကြောင်းကို ပြသသွားပါတယ်။ အထက်လူကြီးက မြေပုံကိုကြည့် လေဆာပွိုင့်လေးပြပြီး အလုပ်လုပ်နေတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေအကြောင်း။ Red Platoonဆိုတဲ့ တပ်စုလေးရယ် အာဖဂန်နစ္စတန်ရဲ့ နယ်စွန်က တပ်စခန်းလေးတခုရယ် တာလီဘန်တွေရယ် ပေါင်းစုံလိုက်တဲ့အခါမှာတော့ အခုဒီ The outpost ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါပဲ။ ဇာတ်လမ်းအဖွင့်မှာတော့ နယ်စွန်တပ်စခန်းလေးမှာ တာဝန်ကျတဲ့ စစ်သားတဖွဲ့ကို ဟယ်လီကော်ပတာတွေနဲ့ လာပို့တယ်။ သူတို့ကိုလာပို့တာကလည်း ညဘက်ပဲပို့လို့ရလို့။ သူတို့တပ်ဖွဲ့ ရောက်တဲ့အခါမှာတော့ ရှိနေတဲ့သူတွေနဲ့နှုတ်ဆက်ကြ နေမယ့်နေရာရှာကြပေါ့။ မနက်ရောက်လို့ အပြင်ထွက်ကြည့်တဲ့အခါမှာတော့ သူတို့တပ်စခန်းက တောင်ကြားမှာ တည်ဆောက်ထားတယ်။ စစ်ရဲ့သဘောတရားနဲ့ရိုးရိုးလေးကြည့်မယ်ဆိုရင်တောင် ဖြစ်နိုင်ရင် ရန်သူကို အပေါ်စီးမှာ မထားသင့်ဘူးမလား။ အခုတော့ ကိုယ်ကြိုက်တဲ့နေရာ စခန်းဆောက်လို့ရတဲ့ကိစ္စကို ဘယ်နှယ့်လုပ် တောင်ကြားအောက်ခြေမှာ လာတည်ထားရသလဲတော့ အထက်က ရွှေဉာဏ်တော်စူးရောက်သူတွေပဲ သိနိုင်မယ်။ စစ်သားဆိုတာကလည်း ပေးအပ်တဲ့အမိန့်တာဝန်ကို ထမ်းဆောင်ရမှာဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။ သူတို့စခန်းကိုတော့ နေ့တိုင်းနီးပါး ရန်သူတွေက လာလာပစ်ကြတယ်။ အားနေ သေနတ်ပစ်လာစမ်းတယ်ထင်ပါတယ်။ မော်တာနဲ့ပစ်မှပဲ ပြန်ပြေးသွားကြတာများတယ်။ အဲလိုနဲ့ သူတို့တပ်ဖွဲ့က အရာရှိတွေလည်း တယောက်ပြီး တယောက်ပြောင်းသွားကြပြီး အာဖဂန်ရွေးကောက်ပွဲပြီးနောက် သူတို့တပ်တွေ ရုပ်သိမ်းကာနီး ဆဲဆဲစခန်းမှာ တပ်ကြပ်သာ ရာထူးအကြီးဆုံးရှိတဲ့ အချိန်2009ခုနှစ် October 3ရက်နေ့ မှာပဲ တိုက်ပွဲတခုဖြစ်ပေါ်လာခဲ့တော့တယ်။ သူတို့မှာ ရှိတာက စုစုပေါင်းအမေရိကန် စစ်သည် 40ကျော်နဲ့ အာဖဂန်စစ်သည် ANA တွေ 50 ကျော်လောက်ပဲရှိတဲ့နေရာ။ ဝင်တိုက်တဲ့ တာလီဘန်တွေကတော့ 300 လောက်ရှိမယ်။ နေရာအရလည်း အသာစီးမရ လူအင်အားနဲ့ လက်နက်အင်အားလည်းကွာ လေကြောင်းပစ်ကူကလည်း ချက်ချင်းမလာနိုင်တဲ့နေရာ။ ဒီကြားထဲ ANA လို့ခေါ်တဲ့ အာဖဂန်စစ်သားတွေက အကုန်ထွက်ပြေးသွားကြတော့ လေကြောင်းပစ်ကူနဲ့ တပ်ကူတွေ လာတဲ့အထိ သူတို့ ခံတိုက်ထားနိုင်မလားဆိုတာကိုတော့ ဆက်လက် ရှုစားလိုက်ကြပါအုံး။ File Size : ( 1 GB , 358 MB) Quality : WEB DL 720p Running Time : 2 hr 03 min Format : Mp4 Genre : Drama , History , War Subtitle : Myanmar Subtitle (Hard Sub) Translated by NightFury Encoded by Moe Myint Lwin

Comedy • Horror • Science Fiction
6.9 2020 123 mins
The Outpost
Don’t Look Deeper
5.6

Don’t Look Deeper (2022) 2020 က ထွက်ခဲ့တဲ့ Short film လေးကို အခြေပြုပြီး ဆက်လက်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း … ကယ်လီဖိုးနီးယားက အအီရှာတို့တက်နေတဲ့ မက်ဂနက်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် လူနဲ့တူတဲ့ စက်ရုပ်တွေထားကြတယ်။ စက်ရုပ်တွေဟာ ကုမ္ပဏီတစ်ခုရဲ့ လက်အောက်မှာပဲရှိပြီး သူတို့ သတ်မှတ်ရေးသားထားတဲ့ ပရိုဂရမ်အောက်မှာပဲ ထားကြတယ်။ တစ်နေ့ အအီရှာရဲ့ ချစ်သူလီဗိုင်ဟာ cheat code ကိုအသုံးပြုပြီး အမ်မာဆိုတဲ့စက်ရုပ်ကို bj ပေးခိုင်းနေတာကို အအီရှာကတွေ့သွားတယ်။ အအီရှာလည်း ချစ်သူရှိလျက်နဲ့ ဒီလိုလုပ်နေတဲ့ ဘဲကို စိတ်ဆိုးပြီးတော့ ပါတီပွဲမှာသွားကဲတယ်။ ပါတီပွဲမှာ ကေလာဆိုတဲ့ ကောင်းလေးတစ်ယောက်နဲ့ ဘုမလို့ လုပ်နေတုန်းမှာ လီဗိုင်နဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြတယ်။ စိတ်ဆိုးဆိုးနဲ့ အအီရှာတစ်ယောက် အရက်တွေတ အားသောက်ပြီး မူးလဲသွားရာကနေ နောက်နေ့မနက်လည်းရောက်ရော သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေတွေ့လိုက်ရတယ်။ ဒါပေမယ့် သူဟာ လူသားတစ်ယောက်လိုမဟုတ်တော့ဘဲ စက်ရုပ်ခန္ဓာကိုယ်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။) File Size : 4GB, 1.1GB, 531MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 4mins Genre : Sci-fi Translated by Tin Myo Lwin Encoded by Kinnov

5.6 2022
Don’t Look Deeper
The Tiger’s Nest
5.7

The Tiger’s Nest (2022) ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Drama • Comedy
5.7 2022
The Tiger’s Nest
Kelab Rojak

Kelab Rojak (2023) အိမ်နဲ့ကွိုင်ကွိုင်နေတဲ့ စီအမ်ပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက် မိသားစုနဲ့အတူကြည့်ရှုသင့်တဲ့ Malay family dramaလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဆယ်ကျော်သက်ဘဝ သားသမီးတွေနဲ့ မိဘတွေကြားကgeneration gap ပြဿနာတွေ ဘာသာရေး ယဉ်ကျေးမှုကွာဟချက်၊ မိဘရဲ့မျှော်လင့်ချက်နဲ့ ကိုယ့်အိပ်မက်က ထပ်တူမကျတဲ့အခါ ဖြစ်လာတဲ့ပဋိပက္ခ စတဲ့ မိသားစုတိုင်းမှာ ဖြစ်နေကြပြဿနာတွေကို တစေ့တစောင်း ရိုက်ကူးပြထားတဲ့ ရုပ်ရှင်လေးပါ။ အလီရှာဟာ တရုတ်-မလေးကပြားမလေးတစ်ယောက်၊ ‌အတော်ကြီးအလုပ်ရှုပ်နေပြီးတော့ မိသားစုကိုချစ်ပေမဲ့ ချစ်ကြောင်းထုတ်မပြတတ်တဲ့ အလုပ်ပဲသိတဲ့ ကိုတရုတ်ကြီးချန်ဝါနဲ့ တီတီတာတာ ဘာမှမရှိအလုပ်ပဲသိတဲ့ ချန်ဝါကို အလစ်တဲလေးစိတ်ပျက်နေတဲ့နိုရာရဲ့ သမီးဖြစ်သူပေါ့။ နှစ်‌ယောက်လုံးက ကိုယ်စီအလုပ်လုပ်နေကြတာဆိုတော့ ပြေလည်တဲ့မိသားစုဖြစ်ပေမဲ့ သမီးဖြစ်သူအလီရှာအတွက်တော့ နွေးထွေးမှု အာရုံစိုက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ ချန်ဝါတစ်ယောက် ကေအယ်လ်ကနေ လန်ကာဝီကို အလုပ်နဲ့ရွှေ့ပြောင်းရမဲ့အကြောင်းကို နိုရာကိုရော အလီရှာကိုပါ ဘာမှမပြောဘဲ ရုတ်တရက်စီစဉ်လိုက်လေတော့ နိုရာလည်းအလုပ်ထွက်ပြီး ကမောက်ကမဖြစ် အလီရှာလည်း သူငယ်ချင်းနဲ့အတူ အကပြိုင်ပွဲဝင်ဖို့လုပ်ထားတာလည်း ပျက်သွားပါတော့တယ်။ ပြိုင်ပွဲအကြောင်း အသိပေးဖို့လုပ်ပေမဲ့ လန်ကာဝီပြောင်းဖို့ကို ကြိုမပြော‌လို့ ပြဿနာတက်နေတဲ့ အဖေနဲ့အမေကြောင့် အခွင့်အရေးမရဘဲ လန်ကာဝီကို ပါသွားပါတော့တယ်။ ကေအယ်လ်ကတော့ မြို့ကြီးပြကြီးဖြစ်တဲ့အပြင် လူတန်းစားစုံတဲ့နေရာဆိုတော့ ယဉ်ကျေးမှုမတူတာကို သိသိသာသာ မခံစားရပေမဲ့ လန်ကာဝီကကျောင်းမှာ Hijabနဲ့ ကျောင်းတက်ရဖို့ ဖြစ်လာတဲ့အခါ၊ ကေအယ်လ်မှာတော့ လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့ အလီရှာတစ်ယောက် လန်ကာဝီကကျောင်းက စည်းကမ်းတွေ ဆရာမတွေရဲ့ ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ဆိုတဲ့ အမိန့်ဆန်တဲ့စည်းကမ်းတွေကို သူနာခံနိုင်မှာလား။ ကျောင်းအသစ်မှာ အမှိုက်ကောက်ရင်း ရလာတဲ့ သူငယ်ချင်း ၃ ယောက်နဲ့ အတူ သူတို့ဘာတွေဆက်လုပ်ကြမလဲ။ ယောက်ျားလေးပေမဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ အလှောင်ခံနေရတဲ့မင်ကစ်၊ စာတော်ပေမဲ့ စာဂျပိုးဖြစ်နေလို့ အနိုင်ကျင့်ခံရတဲ့ ဆာလယ်ဟာ၊ ယောက်ျားဆန်ဆန်နေတတ်လို့ ယောက်ျားလျာ ဆိုပြီး လူတကာကလက်ညှိုးထိုးနေတဲ့ ပါဗီထရာတို့ရဲ့ ပြဿနာတွေကိုရော အလီရှာတစ်ယောက် ဖြေရှင်းပေးနိုင်မလားဆိုတာ ပိတ်ကားထက်မှာပဲ အတူကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 784MB | 371MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Romance
0 2023
Kelab Rojak
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
The Sweet East
6.8

IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။ လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။ Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

6.8 2023
The Sweet East
A Nonsense Christmas with Sabrina Carpenter
6.8

A Nonsense Christmas with Sabrina Carpenter (2024) IMDb Rating (6.8) 2024 မှာ viral ဖြစ်သွားတဲ့ Espresso ဆိုတဲ့ သီချင်းကို ကြားဖူးနားဝ မရှိသူဆိုတာ မရှိသလောက်တောင် ဖြစ်မယ်လို့ထင်ပါတယ်။ ဒီသီချင်းနဲ့အတူ Sabrina Carpenter ဆိုတဲ့ အမျိုးသမီးလေးဟာလည်း သူ့ရဲ့ အနုပညာနဲ့ အရည်အချင်းကို အရင်ကထက်ပိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။ Short n’ Sweet era ကျမှ သူ့ကို စရင်းနှီးသူဆိုရင်တော့ သူ့ရဲ့ သီချင်းတွေ နားထောင်ပြီး ဒီကောင်မလေး nasty ဖြစ်လိုက်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အဓိပ္ပါယ်နှစ်ခွဖြစ်စေပြီး witty ဖြစ်တဲ့ စာသားလေးတွေ ရေးတတ်တာက Sabrina Carpenter ရဲ့ အထာပါပဲ။ ဘာသာပြန်ကတော့ ဒီလိုစကားလုံးတွေကို လှပအောင် ကြွယ်တတ်တဲ့ သူ့စတိုင်လ်ကို အတော်သဘောကျပါတယ်။ အခုချိန်မှာ Sabrina Carpenter ဟာ Short n’ Sweet tour လုပ်နေပါတယ်။ Christmas Holiday မှာလည်း ပရိတ်သတ်တွေ မပျင်းရလေအောင် ဆရာမလေးက Netflix နဲ့အတူ A Nonsense Christmas ဆိုတဲ့ musical comedy holiday special လေး ထွက်ရှိထားပါတယ်။ ဆိုလိုတဲ့အတိုင်းပဲ သီချင်းတွေလည်းဆိုရင်း ဟာသတွေလည်း လုပ်ရင်း SNL ကြည့်နေရသလိုပါပဲ။ အစက သီချင်းတွေပဲ တန်းစီဆိုသွားမယ်ထင်ထားပေမဲ့ တင်ဆက်ထားပုံက ဆန်းသစ်ပြီး ကြည့်လို့ကောင်းပါတယ်။ ဒါ့အပြင် နာမည်ကျော်တေးဂီတရှင်အမျိုးသမီးတွေလည်း Guest အနေနဲ့ လာရောက်တင်ဆက်ထားပါသေးတယ်။ ဒီတော့ TV-14 rating လို့ သတ်မှတ်ပေးထားတဲ့ Netflix ရှိုးမှာ အဆဲသန်တဲ့ မမဆဘရီနာတို့ သူ့ကိုယ်သူ ဘယ်လိုတွေ ချုပ်တည်းပြီး တင်ဆက်သွားမလဲဆိုတာ ရှုစားပေးကြပါဦး။ **P.S – ကျန်တဲ့သီချင်းတွေ English လို စာတန်းထိုးထား‌ပေမဲ့ ရှိုးမိတ်ဆက်သီချင်းလေးကတော့ မပြန်မဖြစ်မလို့ ဘာသာပြန်လိုက်ရပါတယ်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ A 5ft Tall Girl ဖြစ်ပါတယ်။) File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Documentary, Music Duration….00:50:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by A 5ft Tall Girl

6.8 2024 50 mins
A Nonsense Christmas with Sabrina Carpenter
The Wrong Track
6

The Wrong Track (2025) IMDb Rating (6.0) ငွေကြေးအခက်အခဲဖြစ်နေတဲ့ အလုပ်လက်မဲ့ single mother တစ်ယောက်ဖြစ်တဲ့ Emilie က သူ့ရဲ့သမီးလေး Lilith ကို သူ့ရဲ့အရင်ယောက်ျားဟောင်းနဲ့ တစ်ပတ်စီမျှပြီး ခေါ်နေတတ်တယ်။ အရင်ခင်ပွန်းဟောင်းကတော့ နောက်မိန်းမယူထားပြီးတော့ Emilie ကို ဝင်ငွေလည်းမရှိ ဘာကိုမှမလုပ်တဲ့ မိန်းမပျော့လို ဝေဖန်ပြီး Lilith ကို သူနဲ့ပဲအတူလာနေတာ အကောင်းဆုံးလိုမြင်ခဲ့တယ်။ Emilie လည်း အလုပ်အကိုင်အခြေတကျနဲ့ အဆင်ပြေနေတဲ့ သူ့အစ်ကိုဆီမှာ ထုံးစံအတိုင်းလာနေပေမယ့် သူ့အစ်ကိုရဲ့ဇနီးက ငြိုငြင်လာပြီမို့ Emilie ကို 54 ကီလိုမီတာရှည်တဲ့ နှင်းလျှောစီးမာရသွန်ပြိုင်ပွဲ Birkebeinerrennet မှာ ဝင်ပြိုင်ဖို ရာဇသံပေးလိုက်တယ်။ အရာရာကို နည်းနည်းလေးခက်ခဲလာတာနဲ့ လက်လျှော့တတ်တဲ့ Emilie တစ်ယောက် ပင်ပန်းကြမ်းတမ်းတဲ့ အပြေးလမ်းရှည်မာရသွန်ကြီးကို ပန်းတိုင်ရောက်အောင် ကြိုးစားနိုင်မလားဆိုတာကိုတော့ ဒီနော်ဝေးဟာသဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.7 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:34:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama • Comedy
6 2025 94 mins
The Wrong Track
Carlito’s Way
7.9

” ကျော်ပြီးသွားရင် ဘယ်တော့မှ ပြန်လှည့်လိုမရတော့တဲ့စည်းတစ်ခုရှိတယ်။ ကျော်လိုက်ပြီဆိုတာနဲ့ အဲဒီစည်းရဲ့အဆုံးမှာဘာပဲရှိနေရှိနေ သွားရတော့မယ်” ။ ကာလီတိုဘရီဂန်တေ (Al Pacino)ဟာ ထောင်ဒဏ် အနှစ် ၃၀ ကျခံထားရတာနေ သူငယ်ချင်းရှေ့နေဒေးဗစ်ခလိုင်းဖီး(Sean Penn)ကောင်းမှုနဲ့ ၅ နှစ်မြောက်မှာ အယူခံ၀င်ပြီး လွတ်လာခဲ့တယ်။ သူဟာ အရင်ကအလုပ်တွေကို ပြန်မလုပ်တော့ဘဲ သန့်သန့်ရှင်းရှင်းနေတော့မယ်လို ဆုံးဖြတ်ထားပြီးသား။ သူ့မှာအိပ်မက်တစ်ခုရှိတယ်။ ငွေ ၇ သောင်းခွဲသာရရင် အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်နိုင်မှာမို့လို့ ‌ပြဿနာတွေကြားထဲ၀င်မပါဘဲ ကလပ်တစ်ခုကိုဦးစီးပြီး အေးဆေးနေဖို့လုပ်ထားပေမဲ့ သူမကျော်ချင်တဲ့စည်းကို မကျော်ဘဲ နေလို့ရပါ့မလား။ File size…(8.6 GB)/(1.7 GB)/(1 GB) Quality….BrRip 4K HEVC/1080p / 720p Format… mp4 Duration…. 02:24:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama • Romance
7.9 1993 144 mins
Carlito’s Way