YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Psycho.II.1983.1080p.BluRay (CM) MPK.mp4

2.25 GB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Future Cops
6

ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ အရန်သရုပ်ဆောင်တွေကလည်း ကြမ်းတယ်။ John Woo တို့၊ Johnnie To တို့ရဲ့ လက်စွဲ Simon Yam, ငါးကလေးကားနဲ့ လူသိများတဲ့ ငါးကလေးမင်းသား Dicky Cheung, သိုင်းမူဗီပရိသတ်တွေနဲ့ မစိမ်းတဲ့ Ekin Cheng, နောက်ပြီး ရုပ်လေးလှသလောက် အမြဲ Sexy ကျပြီး အဖော်ကားတွေအရိုက်များတဲ့ Chingmy Yau, ဝေါင်ကာဝေးရဲ့ Fallen Angels ထဲ တစ်ခန်းရပ်နဲ့တင် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် Ashes of Time ထဲလည်းပါခဲ့တဲ့ တစ်ကားဆိုတစ်ကားလှတဲ့ Charlie Yeung စသဖြင့် ဟောင်ကောင်ရဲ့စတားစစ်စစ်တွေချည်းပါထားတယ်။ မင်းသမီးတွေက တော်တော်နုသေးတာမို့ အသေလည်းလှတယ်။ ရိုက်တဲ့ဘဲက ဝမ်ကျင်း။ God of Gamblers တို့၊ Naked Killer တို့လိုကားတွေကိုရိုက်တဲ့ဘဲ။ ချောင်ရဲ့အလယ်‌ခေတ်လောက်ကကား တော်တော်များများကိုလည်း ရိုက်ဖူးတယ်။ ဒီတော့ သူ့ကားက ဘယ်လိုပုံစံဖြစ်နေမလဲ တွေးသာကြည့်ပေါ့။ တကယ့်ပေါက်ကရတွေ ဗရုတ်တွေနဲ့ ငစားကားပါပဲ။ ဒါပေမဲ့လည်း တော်တော်လည်းရယ်ရသလို သရုပ်ဆောင်တွေနဲ့တင် တန်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Animation • Comedy • Family • Fantasy
6 1993 95 mins
Future Cops
Losing Addison
8

ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း သိသိသာသာတွေ့ကြရမယ်ပေါ့။ အဲဒီကနေ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်သွားလဲ၊ အက်ဒီဆန်ကကော ဘယ်ပျောက်သွားလဲ၊ မှတ်ဉာဏ်တွေအကုန်ပေါ်လာပြီး အဖြစ်မှန်ကိုသိသွားမလား ဆိုတာတွေကို စူးစမ်းချင်စိတ်ဖြစ်လာအောင်လုပ်ပြီး ထိုင်ရာကမထချင်အောင် ခေါ်သွားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားမို့ အချိန်မဆွဲပဲကြည့်ကြဖို့ ထပ်မံတိုက်တွန်းပါရစေခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Action • Science Fiction
8 2022 90 mins
Losing Addison
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
Harry Potter 20th Anniversary: Return to Hogwarts
7.3

IMDb Rating - 8.6/10 ၂၀၂၂ ရဲ့ အစ ဦးဦးဖျားဖျားလေး ထွက်ရှိလာတာကတော့ . . . ဟယ်ရီပေါ်တာ နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလေးပါပဲ။ ဇာတ်ဆောင်တွေ အားလုံးရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေနဲ့ behind the scene တွေကို ဝေဝေဆာဆာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားချင်းစီ ဖြစ်လာပုံတွေ နောက်ခံတွေကို တွေ့ရမယ်။ ပရိသတ်တွေ နဲ့ သရုပ်ဆောင်တွေအပေါ် ဟယ်ရီပေါ်တာက ပေးခဲ့တဲ့ ခံစား ချက်တွေကို မြင်ရမှာပါ။ အမှောင်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုကိုတွေ့နိုင်မှာပါ အလင်း လေးကို ဖွင့်ဖို့ သတိရခဲ့ရင်ပေါ့ဆိုတဲ့ အမှတ်တရစကားတွေ၊ ဒီလောက်အချိန်ကြာပြီးတာ တောင်မှပဲလား - အမြဲတမ်းပဲ ဆိုတဲ့ စကားတွေနဲ့ တစ်ကမ္ဘာလုံးကို ဖမ်းစားခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အမှတ်တရနဲ့ အတူကြီးပြင်းလာတဲ့ သရုပ်ဆောင်လေးတွေနဲ့ အတူ ဟယ်ရီပေါ်တာရုပ်ရှင်တွေကို ပြန်သတိရကြည်ဖို့ ဒါလေးကို ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (960 MB) Quality – WEBDL- (1080p)/(720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Documentary, Family Translator – CM Team Encoder – San Win Maung

Action • Adventure • War • Western
7.3 2022 103 mins
Harry Potter 20th Anniversary: Return to Hogwarts
The Mistress

The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022 102 mins
The Mistress
When Time Got Louder
7.3

ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီး မိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာ ပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့် ငယ်ဘဝပုံပြင်ကားလေးပါ…။ အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကို အားပြုပြီးဇာတ်အိမ်တည်ထားပါတယ်…. မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့ မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။ စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်း သာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်က အပျောက်မခံ ကြည့်ရှုထားရသူလေးပါ…။ ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီး မိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာ အမြဲစောင့်ရှောက်ခဲ့သူပေါ့…။ ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာ ကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်…။ အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာ ကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီး မိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ…. ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကို မြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ… File size…1.33 GB / 561 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Family • Comedy
7.3 2022 114 mins
When Time Got Louder
The Book of the Nine Cauldrons: The Treasure of Yu the Great
5.8

Visual Effects ကောင်းကောင်းနဲ့ သိုင်းကားကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် သိုင်းကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ သိုင်းပညာရှင်တွေအုပ်စိုးတဲ့လောကတစ်ခုကို ယွီဟွမ်ဆိုတဲ့ သိုင်းလောကထွဋ်ခေါင်တစ်ယောက်က သူ့ရဲ့ကောင်းကင်ခွင်းရဲဒင်းသိုင်းနဲ့အုပ်စိုးခဲ့တယ်။ ယွီဟွမ်မရှိတော့တဲ့နောက်ပိုင်းမှာ လောကကြီးက ပဋိပက္ခတွေနဲ့ယှဉ်ပြိုင်မှုတွေနဲ့ပြန်ပြည့်နေခဲ့တယ်။ တစ်နေ့မှာတော့ ယွီဟွမ်းရဲ့အမွေရတနာသိုက်ကို ဖွင့်တဲ့သော့ဟာ ပေါ်ထွက်လာခဲ့တယ်။ ရတနာကိုအပိုင်စီးချင်တဲ့ ချင်းဟူကျွန်းဂိုဏ်းသားတွေဟာ သော့ကိုအပိုင်စီးဖို့ကြိုးစားနေရင်း သော့ဟာ ထိန်ချင်းရှန်းရဲ့လက်ထဲကိုရောက်လာခဲ့တယ်။ အဲဒီသော့အတွက်ကြောင့် ထိန်ချင်းရှန်းတို့ ဂိုဏ်းဟာကပ်ဘေးကြီးဆိုက်လာပါတယ်။ ဂိုဏ်းကြီး(၉)ဂိုဏ်းဟာ ယွီဟွမ်ရတနာကိုရဖို့အတွက် ရောက်လာကြပြီး ရတနာသိုက်ကိုဖွင့်ဖို့ကြိုးစားကြပါတယ်။ အဲဒီအချိန်မှာပဲ ထိန်ချင်းရှန်းဟာ သူ့ရဲ့ဂိုဏ်းသားတွေအတွက် လက်စားချေဖို့လမ်းကိုစတင်လိုက်ပါတယ်။

5.8 2023
The Book of the Nine Cauldrons: The Treasure of Yu the Great
You’ll Never Find Me
5.9

၂၀၂၃ ခုနှစ်မှာထွက်ရှိထားတဲ့ Australian ရုပ်ရှင် You’ll Never Find Me နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Indianna Bell နဲ့ Josiah Allen တို့က ရိုက်ကူးပေးထားပြီး Horror ၊ Thriller နဲ့ Mystery အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ တစ်ကားလုံးမှာ ဇာတ်ကောင်နှစ်ဦးတည်းသာပါဝင်ပြီး Brendan Rock နဲ့ Jordan Cowan တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ နေရာတစ်ခုတည်းမှာ ဇာတ်ကောင်နှစ်ခုကြားလွန်ဆွဲနေတဲ့သံသယတွေ၊ ခြောက်ခြားမှုတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပြီး ကုန်ကျစရိတ်အနည်းဆုံး အသုံးပြုထားတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နောက်တွဲလူနေယာဉ်တစ်ခုပေါ်မှာနေထိုင်တဲ့ လူတစ်ယောက်ဆီကို မုန်တိုင်းသည်းနေတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးကတံခါးလာခေါက်ပြီး အကူအညီ တောင်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ မုန်တိုင်းကပိုသည်းလာတာနဲ့အမျှ နောက်တွဲယာဉ်ပေါ်က လူနှစ်ဦးဟာ အန္တရာယ်ကိုခံစားမိလာပြီး သံသယစိတ်တွေနဲ့ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့လာကြပါတယ်။ တကယ်တမ်း ဘယ်သူကဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.11GB / 415MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Horror • Science Fiction • Action
5.9 2023
You’ll Never Find Me
Friday Night Sext Scandal
6.4

အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ စီနီယာတွေက ရှောင်ကို သူ့အခင်ဆုံးသူငယ်ချင်း လော်ရန်ရဲ့ ဝတ်လစ်စလစ်ပုံကိုပါ အရယူဖို့ ခိုင်းစေလာပါတော့တယ်၊ ဒီတော့ ရှောင်တစ်ယောက် လူဝင်ဆံ့ဖို့အတွက် အခင်ဆုံးသူငယ်ချင်းကိုချနင်းမလား၊ ဒါမှမဟုတ် မှန်ကန်ရာကိုလုပ်မလား ဘယ်သူတွေက ထိခိုက်ရမလဲဆိုတာကို လက်ရှိခေတ်နဲ့ ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Comedy • Drama
6.4 2024 87 mins
Friday Night Sext Scandal
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Five Heroes In The Wild
5.8

ဟာသကားလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် သွေးမတော်သားမစပ်တဲ့ ညီအစ်ကိုသံယောဇဉ်တွေနဲ့ စိတ်ဓာတ်ကောင်းတဲ့ခေါင်းဆောင်ကောင်းအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – တစ်နိုင်ငံလုံး ပလိပ်ရောဂါကြောင့် အငတ်ဘေးဆိုက်နေတဲ့အချိန် ပညာတတ်တစ်ယောက်ဖြစ်တဲ့ ပါးသောင်းဆိုတဲ့လူငယ်လေးဟာလည်း သူ့အလုပ်ကိုစွန့်ပြီးအစားအသောက်ရှာဖို့ မြို့ပြင်ရွာပြင်အနှံ့အစားအသောက်ရှာဖို့ထွက်ရပါတော့တယ် ။ ဒီလိုနဲ့ကံကြမ္မာဖန်လာပြီး စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့သူက သူဖုန်းစားတစ်ယောက်၊ အမဲလိုက်သမားတစ်ယောက် ၊ သင်းကွပ်သမားတစ်ယောက် ၊ သမားတော်တစ်ယောက်နဲ့အတူ ဓားပြလုပ်ဖို့ဖြစ်လာပါတော့တယ် ။ ဓားပြလုပ်ပေမဲ့ အငတ်ဘေးဆိုက်နေတဲ့သူတွေချည်းဆိုတော့ သူတို့ဓားပြတိုက်ဖို့လည်းလူမရှိဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့ပလိပ်ရောဂါဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သွေးလင်ဇီးမှိုကိုရှာဖို့ဖြစ်လာခဲ့ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ သူတို့၅ယောက် လင်ဇီးရှာရင်း ကြုံတွေ့ရမဲ့အခက်အခဲတွေ စည်းလုံးကြပုံလေးတွေကို ဟာသလေးနှောပြီးရိုက်ထားတာကိုမြင်ရမှာဖြစ်လို့ ဇာတ်ကားလေးကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော် ။

Drama
5.8 2024
Five Heroes In The Wild
The Knight & The Princess
7.1

The Knight & The Princess (2019) ********************************* ဒီတစ်ခါတော့ Animationကားကောင်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ၇ ရာစုပိုင်းလောက်မှာ အာရပ်တွေနေထိုင်တဲ့ အာရေးဗီးယန်းကျွန်းဆွယ်နဲ့… အန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ ဆိပ်ကမ်းရှိတဲ့တိုင်းပြည်တွေဟာ… ရောင်းဝယ်ဖောက်ကားမှုတွေ ကုန်သွယ်မှုတွေလုပ်ခဲ့ကြပါတယ်…. ပလိပ်ရောဂါစတင်ဖြစ်ပွားတဲ့အချိန်မှာ အာရပ်ကုန်သည်တွေဟာလည်း… ပလိပ်ရောဂါခံစားခဲ့ရပြီးတော့ သူတို့တိုင်းပြည်အတွင်း ရောဂါမကူးစက်နိုင်ဖို့ ပင်လယ်ပြင်မှာပဲအသေခံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်…. သူတို့သေသွားပြီးတဲ့နောက် ကျန်ရှိခဲ့တဲ့ သူတို့ရဲ့ဇနီးတွေနဲ့သားသမီးတွေကို.. သင်္ဘောတစ်စီးနဲ့ ရတနာပစ္စည်းတွေကိုတင်ပြီးတော့ သူတို့နေရပ်… အာရပ်တိုင်းပြည်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဘုရင်ဒယ်ဟာအမိန့်ပေးခိုင်းစေတဲ့ မဒ်ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်ပြန်ပေးဆွဲခံခဲ့ရပြီး.. စစ်ပွဲကြီးဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ စွန်းစားခန်း အမိုက်စား Animation ကိုမှ ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ် File Size :2.15GB / 1.10GB Quality : 1080p / 720p Duration : 01:37:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Heather Oo

Fantasy • Drama • Horror
7.1 2019 95 mins
The Knight & The Princess
A Mother’s Embrace
5.7

ဒီကားကိုတော့ ဒါရိုက်တာ Cristian Ponce ရိုက်ကူးထားပြီး မင်းသမီး Marjorie Estiano က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာဆန်ဆန် ‌Horror ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအစမှာတော့ အန်နာရဲ့ငယ်ဘဝအိပ်မက်ဆိုးကနေ စတင်ထားပါတယ်။ အမေအရင်းရဲ့‌ ဆေးခတ်ထားတဲ့နွားနို့ကိုသောက်ပြီးတော့ ထူးဆန်းတဲ့နေရာတစ်ခုမှာ ပိတ်မိနေခဲ့ပြီး မီး‌လောင်ပြင်ထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်။ အနှစ်နှစ်ဆယ်ကျော်အကြာမှာ အမေဖြစ်သူရဲ့ သေဆုံးမှုသတင်းနဲ့ အတူ မီးသတ်ဌာနမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ အန်နာက ငယ်စဉ်က အိပ်မက်ဆိုးတွေကို မေ့ဖျောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ရီယိုမုန်တိုင်းကြောင့်‌ နေရာအနှံ့ရေကြီးခဲ့တဲ့အချိန်မှာ ဂေဟာ တစ်ခုကို ကယ်တင်ဖို့ အန်နာတို့အဖွဲ့က တာဝန်ရရှိခဲ့ပါတယ်။‌ အဲဒီဂေဟာက ရိုးရှင်းတဲ့ သက်ကြီးရွယ်အိုဂေဟာမဟုတ်ပဲ ထူးဆန်းနေတဲ့အခါ… အန်နာတို့အဖွဲ့က တစ်‌‌ယောက်စီခွဲသွားမိတဲ့နောက် သူတို့ကံကြမ္မာတွေက ဘယ်လိုဖြစ်သွားမလဲ… အန်နာရဲ့သေသွားတယ်ဆိုတဲ့ အမေကို ဂေဟာမှာတွေ့နေရတဲ့အခါ… ‌‌‌ဂေဟာကလူတွေက ထွက်မသွားနိုင်ဘဲ ဘာကိုစောင့်နေကြတာလဲ‌… အန်နာနဲ့က‌ရော ဘာတွေပတ်သက်နေတာလဲ… အဲဒီအရာရဲ့ လက်ထဲက အန်နာလွတ်‌မြောက်နိုင်မလား… ဒါတွေကို ဒီဇာတ်ကား‌ထဲမှာ အဖြေရှာရမှာပါ‌။ File size… (1.96GB) / (686MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.7 2024 91 mins
A Mother’s Embrace
Senseless
6

Senseless (1998) 1998မှာထွက်ရှိခဲ့တဲ့ Underrated Gem တစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ပါရစေ။ တက္ကသိုလ်ကျောင်းသားလေး ဒဲရယ်ဟာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ရုန်းကန်လှုပ်ရှားနေရသူပါ။တစ်ဖက်မှာလည်း မိခင်နဲ့ညီငယ်ညီမငယ်လေးများကို ပြန်ကြည့်နေရသူတစ်ယောက်ပါ။ ရုန်းကန်နေရသူ ဒဲရယ်တစ်ယောက် ပိုက်ဆံရဖို့အရေး ဒို့အရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံရရင်ပြီးရောဆိုပြီး ဘာအလုပ်မှမရွေးဘဲ အလုပ်ပေါင်းစုံကိုလုပ်ကိုင်ရာကနေ တစ်နေ့မှာတော့ ထူးဆန်းတဲ့အလုပ်တစ်ခုကိုရှာတွေ့မိသွားပါတော့တယ်။ စီးပွားရေးမေဂျာယူထားတဲ့ ဒဲရယ်ဟာ စမိုက်ဘိတ်စ်ကုမ္ပဏီမှာလည်း အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ကို စိတ်ကူးယဉ်နေရသူလည်းဖြစ်ပါတယ်။ အမြဲတမ်းဝန်ထမ်းဖြစ်မှသာ ဖခင်ဖြစ်သူက တာဝန်မယူချင်လို့စွန့်ပစ်သွားခဲ့တဲ့သူ့ရဲ့မိသားစုကို စောင့်ရှောက်နိုင်မှာမို့လို့ပါ။ တစ်ဖက်လည်း အလုပ်ပေါင်းများစွာနဲ့တစ်ဖက် ကိုယ့်စရိတ်ကိုရှာသုံးရင်း ဒဲရယ်ရဲ့မလျှော့သောဇွဲနဲ့အတူ တစ်ဖက်မှာလည်း စမိုက်ဘိတ်စ်မှာ အမြဲတမ်းဝန်ထမ်းဖြစ်ချင်တယ်ဆိုရင် အားကစားကလပ်တွေလူမှုရေးကလပ်တွေမှာ အသင်းဝင်ထားဖို့ကလည်း လိုအပ်တဲ့အတွက်ကြောင့် ဖတ်ဖတ်မောဖြစ်ရတဲ့ပုံတွေကို ဟာသနှောပြီးရိုက်ကူးထားတဲ့အတွက်ကြောင့် ဘဝအမောပြေချင်သူများအဖို့ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.3 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:33:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Comedy • Drama • Thriller
6 1998 93 mins
Senseless