YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Prosecution Elite E31 1080p WEB-DL CM.mp4

486.06 MB 1080p video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
The Fog
6.7

ဒီကားရဲ့ ဒါရိုက်တာက John Carpenter။ နာမည်ကျော် Franchise ဖြစ်တဲ့ Halloween ရဲ့ ပထမဆုံးကားကို ရေးသားရိုက်ကူး အသက်သွင်းခဲ့တဲ့သူလည်းဟုတ်တယ်။ Escape from New York, The Thing, They Live စတဲ့ နာမည်ကြီးကားတွေကိုလည်းရိုက်ခဲ့တယ်။ The Thing ဆို အခု တော်တော်များများကြိုက်ကြတဲ့ Sci-Fi Horror ကားပဲမလား။ မာစတာပိစ်ကားတစ်ကားလည်း ဟုတ်တယ်။ ထူးတာက သူ့ရုပ်ရှင်အများစုက Science Fiction ဆိုတဲ့စကားလုံးနဲ့စတာများတယ်။ Horror များပေမဲ့ Science Fiction Action, Science Fiction Drama အစရှိတာတွေကိုလည်းရိုက်ခဲ့တယ်။ သူ့ကားတော်တော်များများကလည်း ထူးထူးဆန်းဆန်းတွေချည်း။ သူ့ကို Horror ဆရာတစ်ပါးလို့ပြောရင်လည်းမမှားဘူး။ ဒီကားကတော့ သူ့ရဲ့ Supernatural Horror Film ကားပေါ့။ Cult Classic ဖြစ်လာတဲ့ ကားတစ်ကားလည်း ဟုတ်သလို ၂၀၀၅ မှာလည်း ဒီကားကို Remake ပြန်လုပ်ခံခဲ့ရတယ်။ အန်တိုနီယိုဘေး ကမ်းခြေမြို့လေးဟာ မြို့စတည်တည်းက သူ့နည်းသူ့ပုံနဲ့ အစဉ်တိုးတက်ကြီးပွားလာခဲ့တာ မြို့သက်တမ်း နှစ်တစ်ရာတိုင်လာခဲ့ပြီ။ ဆိတ်ငြိမ်တဲ့ဒီမြို့လေးနဲ့ သူတို့မြို့သားတွေအတွက် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲဟာ စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေသလို၊ မြို့လူကြီးတွေကလည်း ကြေကွဲဖွယ်အဖြစ်ဆိုးနဲ့ စတင်ခဲ့တဲ့ သူတို့မြို့ရာဇဝင်နဲ့အတူ အန်တိုနီယိုဘေးကို စတင်တည်ထောင်ခဲ့ကြသူ ဘိုးဘေးတွေကိုပါ အထူးဂုဏ်ပြုဖို့ ပြင်ဆင်နေကြတယ်။ အဲဒီလို သက်တမ်းနှစ်တစ်ရာပြည့်မယ့်အချိန်နဲ့ နီးကပ်လာချိန် သူတို့မြို့အမှီသဟဲပြု ရှင်သန်နေကြတဲ့ ပင်လယ်ပြင်ထဲမှာလည်း ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာနေတယ်။ လောကနိယာမတွေနဲ့ ဆန့်ကျင်နေသယောင် မြူခိုးထုကြီးတစ်ခုဟာ အန်တိုနီယိုဘေးနဲ့တစ်ဝိုက် ရေပြင်နားမှာ အဖြေရှာရခက်စွာ ပေါ်လာတတ်ပြီး သေကျေပျက်စီးမှုတွေကို ချန်ရစ်ပြီးတော့ ပြန်လည်ပျောက်ကွယ်သွားတတ်တာကို သိထားကြသူတချို့က ဒီမြူနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် အဖြေရှာဖို့ အပူတပြင်းကြိုးစားနေချိန် သူတို့မြို့လေးရဲ့ရာဇဝင်ထဲက ဘယ်သူမှမသိထားကြတဲ့ ယုတ်မာရက်စက်တဲ့ လျှို့ဝှက်ချက်တစ်ခုကလည်း တစ်စထက်တစ်စ ပေါ်ထွက်လာခဲ့တယ်။ အဲဒီလို သဘာဝလွန်မြူနဲ့ ဒီလျှို့ဝှက်ချက်က ဆက်စပ်မှုရှိနေမှန်း သူတို့တွေရိပ်မိလာကြချိန်မှာပဲ ဒီမြူခိုးထုကြီးက ပင်လယ်ပြင်ကခွာပြီး အန်တိုနီယိုဘေးအပေါ် လွှမ်းခြုံလာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1.11GB Quality - REMASTERED 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 29Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action • Drama
6.7 1980 89 mins
The Fog
The Queen of Kung Fu 2
1

သိုင်းလောကဂိုဏ်းတွေရဲ့ယှဉ်ပြိုင်မှုတွေကြားထဲမှာ ခြေရာပျောက်နေတဲ့ အားရှီတစ်ယောက်ဟာ ဆိုးသွမ်းတဲ့အင်အားစုတွေကို အပြစ်ပေးတဲ့ တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ သူမဟာခံစားချက်တွေကို ရင်ထဲမှာအပြီးချုပ်တည်းထားပြီး စစ်မြင်းနဲ့ အရက်ခွက်တွေကိုပဲအဖော်အပြုရင်း တစ်ကိုယ်တော်သွားလာနေခဲ့တယ်။ ဟော့မျိုးနွယ်လက်သီးသိုင်းကို တတ်မြောက်ပြီး သိုင်းလောကရဲ့ဒဏ္ဍာရီတစ်ခုလိုဖြစ်လာခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်Liu Dashuaiက ကျားနက်ဓားပြအဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူတွေကိုဖိနှိပ်စေခိုင်းဖို့ လက်ဖက်စက်ရုံတည်ထောင်လိုက်တဲ့အတွက်ကြောင့် ပြည်သူတွေမှာဒုက္ခတွင်းထဲကျရောက်ကြရတယ်။ အားရှီမှာ တစ်ဖက်မှာ စိတ်ထဲကအမုန်းတွေကို နိုင်အောင်ထိန်းရင်း တစ်ဖက်မှာဆိုးသွမ်းတဲ့ အင်အားစုတွေကိုတွန်းလှန်ရင်း အခက်အခဲကြားကပြည်သူတွေကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ သိုင်းလောကရဲ့ပရိသတ်တို့ အားရှီလေး ဘယ်လိုတွေများကြမ်းမလဲဆိုတာကို ဆက်ပြီးခံစားကြည့်ရှုလိုက်ကြပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 16min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
1 2021 76 mins
The Queen of Kung Fu 2
Superman Returns
5.7

Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure ,  Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

Crime • Drama
5.7 2006 154 mins
Superman Returns
Paterson
7.1

Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန် ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာ ဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့ တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူး ဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန် ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။ မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီး ကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့ စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay Duration - 1hr 49min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Source : 1080p. BluRay Translator – Mya Phyo Nandar Encoder – SWM

Drama
7.1 2016 118 mins
Paterson
The Roommate

ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်‌‌နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Thriller • Horror • Comedy
0 2011
The Roommate
Friday the 13th
6.4

Friday the 13th (1980) ~ IMDb – 6.4/10, Rotten Tomatoes – 64% ~ ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။ အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။ အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ဆိုတဲ့ကောင်လေး ရေနစ်သေသွားခဲ့တာကစပြီး အဖြစ်ဆိုးတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ စခန်းမှာ အကူလေးတွေရှိပေမဲ့ တူနှစ်ကိုယ်ချစ်ရည်လူးနေတဲ့စုံတွဲတွေဖြစ်လို့ ကလေးရေထဲဆင်းသွားတာ မသိလိုက်ကြဘူးတဲ့။ ဂျေဆင်ရဲ့အမေဟာလည်း စခန်းအကူတစ်ယောက်ဖြစ်ပြီး သားသေရတဲ့အဖြစ်ကို ရင်နင့်စွာခံစား အငြိုးတွေဝေခဲ့ရတာပေါ့။ ဒီလိုနဲ့ပေါ့လေ။ အဖြစ်ဆိုးတွေဖြစ်နေလို့ ပိတ်ထားတဲ့စခန်းကို ပိုင်ရှင်က ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ရေကန်စခန်းကို လာရောက်လည်ပတ်သူတွေမလာခင်မှာ စခန်းကို လှည့်လည်ပြသလမ်းညွှန်ပေးကြမယ့် စခန်းအကူလေးတွေ လုပ်စရာရှိတာတွေ လုပ်နေဆဲအချိန်ပေါ့။ သူတို့လေးတွေဟာ လူငယ်လေးတွေဖြစ်တာနဲ့အညီ ချစ်မှုရေးရာတွေ၊ အသောက်အစားတွေ၊ လိင်မှုကိစ္စတွေနဲ့ပဲ ၂၄/၇ ဖြတ်သန်းနေကြသူတွေပါ။ ဒါပေမဲ့ သူ‌တို့တွေ လူကြီးဖြစ်ပြီး ရင့်ကျက်ခွင့် မရလိုက်ပါဘူးလေ။ ကာလနာတိုက်ပြီး သေချင်းဆိုးနဲ့ သေကုန်ကြလေရဲ့။ တစ်ယောက်ချင်းစီ ဘယ်လိုသေကုန်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရတာ၊ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေမြင်ရတာကြောင့် 18+ အဆင့် သတ်မှတ်ပါတယ်။ နှလုံးအားနည်းသူတွေ၊ သွေးသံရဲရဲမနှစ်သက်သူတွေ ရှောင်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.3MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance • History
6.4 1980 95 mins
Friday the 13th
Master Qianhe
5.8

တရုတ်မိစ္ဆာနှိမ်နင်းတဲ့ ဇာတ်လမ်းကို ကြိုက်တဲ့သူတွေအတွက် Mister Qianhe ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်ဦးပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တဲ့အတွက် ဓားပြတွေလည်း အလွန်သောင်းကျန်းနေပါတယ်။ ချန်းဟဲ့ဆရာကြီးလုံစန်းဟာ မြောက်ပိုင်းနယ်စပ်မှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုပြီး ဆရာတူညီမလေးမှ အကူအညီတောင်းခဲ့တဲ့အတွက် ရထားစီးပြီး နယ်စပ်ကို ထွက်ခဲ့ပါတယ်။ လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရပြီး ဟွမ်မြောင့်ရွာမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ ရှန်းအာကို ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝူးလန်မြို့အတွင်းမှာ ပျောက်ဆုံးသွားတဲ့ လက်နက်တွေကို ရှာဖို့အတွက် မြေအောက်မှာ ပိတ်ခံထားရတဲ့ မိစ္ဆာတွေကို ကယ်တင်ပေးခဲ့ပါတယ်။ လုံစန်းရဲ့ သတင်းကို ဝူလန်မြို့က တပ်ချုပ်ကြီးက ကြားသိခဲ့ရပြီး မြို့ထဲမှာနေတဲ့ အပျိုလေးတွေကို ဖမ်းဆီးဒုက္ခပေးနေတဲ့ မြေခွေးမိစ္ဆာကို ရှင်းလင်းဖို့ ခိုင်းစေခဲ့ပါတယ်။ မြေခွေးမိစ္ဆာနဲ့ တွေ့တဲ့အခါမှာတော့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ လုံစန်းတစ်ယောက် အဲ့ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖြေရှင်းမလဲ…… လူနဲ့ မိစ္ဆာမှာ ဘယ်သူကအကောင်း ဘယ်သူက အဆိုးလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2024
Master Qianhe
Damsel
7.8

Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ် မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာ မိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့ မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို ဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင် ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ************** မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီး အငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့ အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့ အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့ မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေ အလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်း သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်က ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲ အန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ… File size… 6.6GB / 1.79GB /845MB Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

7.8 2024
Damsel
Carved
5.5

ဟောလိုးဝင်း နီးလာပြီဆိုတော့ cm ပရိသတ်ကြီးကို Halloween Vibe အပြည့်ရစေမယ့် Monster Horror ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ၁၉၉၃ ခုနှစ် ဝန်းကျင် စီဒါခရိခ်က ကျေးလက်ရွာလေး တစ်ရွာအနီးမှာ ဓာတုဗေဒအဆိပ်တွေ တင်ဆောင်လာတဲ့ ရထားတစ်စီးဟာ လမ်းချော်ပြီး တိမ်းမှောက်ကာ အဆိပ်တွေဟာ ရထားလမ်းပတ်ဝန်းကျင် အကွာအဝေးကျယ်ကျယ်ပြန့်ပြန့်ကို ထိစပ်ပျံ့နှံ့ပြီး လူတွေအမြောက်အများ သေဆုံးခဲ့ရပါတယ်။ တစ်နှစ်ကြာပြီးတဲ့အခါမှာ ဒီခြောက်ကပ်နေတဲ့ ကျေးလက်ရွာလေးကို ပြန်လည် စည်ကားလာစေဖို့ သဘောနဲ့ ဟောလိုးဝင်းအကြို ဖရုံသီးပွဲတော် ကျင်းပဖို့ စီစဉ်ကြပါတယ်။ ပွဲတော်ချိန် ညဦးပိုင်းမှာ ဖရုံသီး အရုပ်ထွင်းပြိုင်ပွဲ ကျင်းပပြီး အမြန်ဆုံးနဲ့ လက်ရာအကောင်းဆုံး ထွင်းနိုင်တဲ့သူကို ဒေါ်လာ၅၀ ဆုချမှာပါ။ ပြိုင်ပွဲစဖို့ ဓားတွေစကိုင်ပြီး အရုပ်ထွင်းကြတဲ့အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီး အသက်ဝင်လာပြီးတော့ ပြိုင်ပွဲဝင်တွေကို အငြိုးတကြီးနဲ့ တိုက်ခိုက်ပါတော့တယ်။ ဘယ်သူတွေ ရှင်ကျန်ပြီး ဘယ်လိုမျိုး ဒီသတ္တဝါကြီးကိုနှိမ်နင်းရမလဲ ဆိုတာကိုတော့ အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျ။ File size… 1.23GB / 724MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024 94 mins
Carved
One Love / Un Amor

2023ကထွက်ရှိထားတဲ့ စပိန်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာတာလီယာက အာဖရိကဘက်ကတချို့စစ်ဖြစ်တဲ့နေရာတွေကနေပြေးရှောင်လာတဲ့ စစ်ဘေးရှောင်ခိုလှုံသူတွေပြောပြတဲ့စကားတွေကို ဘာသာပြန်ပေးတဲ့ ဘာသာပြန်ဆရာမပါ။ သူတို့ချစ်ရသူတွေဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ခက်ခဲမှုတွေ၊ နာကျင်ခံစားမှုတွေအကြောင်းပြောပြတာကို ဘာသာပြန်ဖြစ်တဲ့နာတာလီယာက အမြဲနားထောင်နေခဲ့ရတာပေါ့။ ဒီလိုအကြောင်းတွေပဲ နေ့စဉ်ရက်ဆက်ကြားလာရတဲ့အခါ သူလဲကြာကြာခံနိုင်ရည်မရှိခဲ့ပါဘူး။ နောက်ဆုံး ထိုအလုပ်ကထွက်လာခဲ့ပြီး မြို့ကြီးပြကြီးနဲ့ဝေးလံနဲ့နယ်မြို့‌လေးတစ်မြို့မှာ အခြေချဖို့စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ထိုမြို့လေးမှာကလဲ သူထင်သလောက်တော့ လွယ်လွယ်ကူကူအဆင်မပြေတဲ့အခါမှာတော့ သူဘာလုပ်မလဲ? ထိုမြို့ကလူထုနဲ့ဝင်ဆံ့နိုင်အောင်ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2023
One Love / Un Amor
Antique Strategy in the Battle of Longbi
5.9

ဒီတစ်ခေါက်ဇာတ်ကားကတော့ ရှေးဟောင်းပစ္စည်းတွေတရားမဝင် တူးဖော်ပြီး မှောင်ခိုဈေးကွက်မှာပြန်ရောင်းချတဲ့ အကိုဖြစ်သူရယ် တရားဝင်လက်ဝှေ့ရုံဖွင့်ပြီး စနစ်တကျပိုက်ဆံရှာချင်တဲ့ ညီလေးဖြစ်သူရယ်အကြောင်းကို တင်ဆက်ပြသပေးထားတာဖြစ်ပါတယ် လွန်ခဲ့တဲ့10နှစ်‌ေကျာ်တုန်းက အကိုဖြစ်သူက သူ့ရဲ့ခြေထောက်တစ်ဖက်ရော အချစ်ရဆုံးချစ်သူကိုရော ဆုံးရှံးထားခဲ့ရတာဖြစ်ပါတယ် ဒီကာလတစ်လျှောက် မှောင်ခိုဈေးကွက်ကနေပဲပိုက်ဆံရှာခဲ့ရပြီး အခက်ခဲကြုံလာတဲ့အချိန်မှာတော့ ညီဖြစ်သူရဲ့လက်ဝှေ့ရုံက လက်ဝှေ့သမားတွေကို အသုံးချဖိုအကြောင်းဖန်လာခဲ့ပါတယ် ညီဖြစ်သူ ဟူကျစ်ကလည်း သူ့ရဲ့လက်ဝှေ့ရုံက တရားမဝင်တာတွေမလုပ်ပဲ စနစ်ကျကျသွားချင်တဲ့သူဖြစ်တာမလို သူ့ရဲ့အကိုဖြစ်သူတောင်းဆိုတာတွေကို ငြင်းမှာလား မျက်စိမှိတ်ကူညီပေးမလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကောင်းစွာကြည့်ရှုရမှာဖြစ်ပါတယ်

5.9 2024
Antique Strategy in the Battle of Longbi
Ghost Trail Les fantômes
6.7

Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….01:47:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy
6.7 2024
Ghost Trail Les fantômes
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
All the Money in the World
6.8

All the Money in the World (2017) ~ IMDb – 6.8/10, RT – 79%, Meta – 72% ~ Gladiator, Alien, Blade Runner နဲ့ Kingdom of Heaven စတဲ့ တကယ့်ထိတ်ထိတ်ကြဲကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott ရဲ့ True Story ကားကောင်းတစ်ကားပါ။ Mark Wahlberg နဲ့ Michelle Williams တို့လို သရုပ်ဆောင်ကောင်းတွေအပြင် Christopher Plummer လို ဝါရင့် သမ္ဘာရင့် ဂန္ထဝင် သရုပ်ဆောင်ကြီးတွေပါနေတာကလည်း ဒီကားကို ပိုကောင်းသွားစေပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူလို့ သတ်မှတ်ခံခဲ့ရတဲ့ ရေနံသူဌေးကြီး ဂျွန်ပေါလ်ဂတ်တီရဲ့ မြေးဦး ဂျွန်ပေါလ်ဂတ်တီ ၃ ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေပေါလ်ဂတ်တီ ၂ က သူ့အဖေဆီမှာ မနေဘဲ ခွဲနေတယ်။ နောက်တော့ သူတို့သားအဖပြန်ပေါင်းထုပ်ပြီး ဂျွန််ပေါလ်ဂတ်တီ ၃ ယောက် တစ်အိမ်တည်းမှာနေကြတာပေါ့။ ဒါပေမဲ့ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ ဂျေပေါလ်ဂတ်တီ ဒုတိယ က ဆေးစွဲ နောက်မိန်းမရသွားတော့ ပထမမိန်းမက ကွာရှင်းပါတယ်။ ဒါပေမဲ့ ရေနံသူဌေးကပ်စေးအဘိုးကြီး ပထမ ဂျေပီဂတ်တီက ချွေးမဖြစ်သူ အဘီဂေးလ် ဟားရစ်ကို ငွေတစ်ပြားမှမယူရင် ကလေးအုပ်ထိန်းခွင့်ကို အပြည့်ပေးမယ်ဆိုပြီး အပေးအယူတည့်သွားကြပါတယ်။ နောက်မှာ ဂျေပီဂတ်တီ တတိယ ပြန်ပေးဆွဲခံရတော့ သူ့အမေက ပိုက်ဆံမရှိတဲ့ နာမည်ကြီးထမင်းငတ်၊ သူ့အဘိုးကကျ ချမ်းသာသလောက် ကပ်စေးကုတ်တဲ့သူ။ အဲဒီအခြေအနေတွေကြားကနေ ဂျေပီဂတ်တီ ၃ ဘယ်လိုပြန်ရောက်လာမလဲဆိုတာကို ဖြစ်ရပ်မှန်နဲ့ ဒရာမာရောစွတ်ထားတဲ့ ဒီဇာတ်ကားမှာ ထိုင်ရာမထ ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 945MB Quality – BluRay 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama, History, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Fantasy • Drama • Family
6.8 2017 132 mins
All the Money in the World