YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Project Wolf Hunting 2022 1080p HEVC WEB-DL 5.1 [RMC].mp4

2.27 GB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Taming of the Shrewd
5.3

Netflix ကနေ အသစ်ထွက်ရှိလာတဲ့ romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရည်းစားက သစ္စာဖောက်လို့ အသည်းကွဲလာတဲ့ သိပ္ပံပညာရှင် ကတ်စ်ကာဆိုတဲ့ ပိုလန်သူလေးက ချီကာဂိုကနေ သူ့ရဲ့မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ပိုလန်က သူ့အစ်ကိုဖြစ်သူ ရန်ဒရုရှ် ကတော့ သူတို့နှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းထုတ်ချင်နေတာပါ။ သူမပြန်ရောက်လာတော့ ကတ်စ်ကာက သဘောမတူတာကြောင့် အစ်ကိုဖြစ်သူက ညီမကို လင်ပေးစားဖို့ ကြံစည်ပါတော့တယ်။ ပိုလန်ရောက်တော့ သူမ ဘဝသစ်ကို စတင်ဖို့ ကြိုးစားရင်း ခပ်လန်းလန်းကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတာ ကနေပါ Romance ဇာတ်လမ်းလေးဖြစ်လာတယ်ဆိုပါတော့။ အဲ့တော့ ကတ်စ်ကာဟာ ပိုလန်မှာပဲ အခြေချဖြစ်မှာလား၊ ခပ်လန်းလန်း ကောင်လေးကရော သူမနားကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာ ဒီ Comedy, Romance ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.71 GB) / (877 MB) / (568 MB) Quality – WebRip 1080p / 720p / 480P Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Romance Translator – Parris Encoder – SWM

Horror • Thriller
5.3 2022 112 mins
The Taming of the Shrewd
The Breath
7.1

ဒီကားက Drama, Action, Thriller ကားပါ ဇာတ်လမ်းကတော့ တူရကီရဲ့အကြမ်းဖက်အဖွဲ့ PKK ကို တွန်းလှန်တဲ့စစ်ပွဲအကြောင်းပါ တူရကီရဲ့ အရှေ့တောင်ပိုင်း အီရပ်နယ်စပ်က တောင်ကြီးတွေကြားမှာရှိတဲ့ စခန်းကို စောင့်ပြီးကာကွယ်ရတဲ့ တပ်ဖွဲ့လေးနဲ့ သူတို့အကြောင်းကို အဓိက အခြေခံထားပါတယ် စခန်းမှာ လူ၄၀ပဲရှိပြီး ကြမ်းတမ်းတဲ့ ရာသီဥတုမှာ ကင်းစောင့်ရပြီး စခန်းကို ရန်သူက မသိမ်းနိုင်အောင် ထိန်းထားရပါတယ် တောင်တွေထဲနေတဲ့ရန်သူက အချိန်မရွေးလာတိုက်နိုင်ပြီး လူအင်အားကလဲ နည်း၊ ကိုယ်ပိုင်ဘဝတွေလဲစွန့်ခဲ့ရ၊ PKK အကြမ်းဖက်အဖွဲ့ကိုလဲ ပူရပြီး ဖြတ်ကျော်ခဲ့ရပုံကို သေချာလေးရိုက်ထားတာပါ IMDb မှာလဲ 7.9 ရထားပါတယ် File Size : (1.9GB) and (723MB) Quality : Blu-ray 1080p AC3 5.1CH, Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Thriller
7.1 2009 128 mins
The Breath
Career Opportunities
6.9

ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်....ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား... ဟုတ်ပါတယ်...အဲ့ဒီအရူးက ကျွန်တော်ပါ။ ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး... မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး... ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး.... ဪ...အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး... အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။ မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။ ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်... ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ. လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။ အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ မင်းကို ဆိုင်ထဲက ထုတ်ပေးမယ်ဟုဆိုကာ အပြင်ကနေ သော့ပိတ်သွားပါတော့တယ်။ ဂျင် တစ်ယောက် လူသူကင်းမဲ့တဲ့ စတိုးဆိုင်ကြီးထဲမှာ သန့်ရှင်းရေးလုပ်ရင်း ညတာကို ဖြတ်သန်းရတော့မှာပါ. ဂျိုစီ (Jennifer Connelly) ကတော့ ဂျင် နဲ့ ဆန့်ကျင်ဘက်ပါ။ ရွှေပေါ်မြတင် သူဌေးသမီးဆိုပေမယ့် Comfort zone ထဲက ရုန်းထွက်ချင်သူတစ်ဦးပါ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ တင်းကြပ်မှုကြောင့် လွတ်လပ်မှု ပျောက်ဆုံးနေသူတစ်ဦးပါ။ တိုက်ဆိုက်စွာနဲ့ ဂျင် အလုပ်ဝင်တဲ့နေ့မှာပဲ ဂျိုစီ ဟာ သူ့အဖေ အရှက်ရအောင်ဆိုပြီး စတိုးဆိုင်ထဲက ပစ္စည်းတစ်ခုခုကို အလစ်သုတ်ပြီး အဖမ်းခံရအောင်လုပ်ဖို့ ကြံပါတယ်။ ဒါပေမယ့် ချီတုံချတုံ ဖြစ်ပြီး မခိုးဖြစ်တော့ပဲ စတိုးဆိုင်ထဲက တနေရာရာမှာ ပုန်းနေလိုက်ပါတယ်။ ဒီတော့ ညဘက် အလုပ်လာဆင်းတဲ့ ဂျင် နဲ့ အတူတူ စတိုးဆိုင်ထဲမှာ ပိတ်မိကုန်တာပေါ့။ ဂျင်ကလဲ ငပျင်းဆိုတော့ အလုပ်လုပ်တာ နည်းနည်း ကမျင်းတာ များများဆိုတော့ စတိုးဆိုင်ထဲ သူတစ်ယောက်တည်း အမှတ်နဲ့ နေချင်သလို နေပါတော့တယ်။ ဂျိုစီ ကလဲ အသံဗလံတွေကြားလို့ ထွက်အကြည့် လွတ်လပ်မှုတွေရပြီး ရုန်းမထွက်ချင်တဲ့ ဂျင် နဲ့ လွတ်လပ်မှုကို အရမ်းလိုချင်တဲ့ ဂျိုစီတို့ ဆန့်ကျင်ဘက်လူသားနှစ်ဦး ကြား ဘယ်လို အချစ်မီးများ ပေါက်ဖွားလာမလဲ.. ဒီကြားထဲ လူဆိုးနှစ်ဦးကပါ စတိုးဆိုင်ကို ဖောက်ထွင်းဖို့ရောက်လာခဲ့ချိန်မှာတော့...။ ဒါရိုက်တာ Bryan Gordon ရိုက်ကူးထားပြီး အရမ်းလှတဲ့ မမ Jennifer Connelly နဲ့ မင်းသား Frank Whaley တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးကားလေးပါ။ File size…(2.4 GB) / (1.4 GB)/ (500 MB) Quality….Blu-Ray 1080p HEVC HQ /720p Format…mp4 Duration….01:23:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Horror
6.9 1991 83 mins
Career Opportunities
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
Shaadi Mein Zaroor Aana
7.1

ဒီဇာတ်ကားလေးကတော့ IMDb rating 7.6အထိ ရရှိထားပြီး Rajkummar Raoနဲ့ Kriti Kharbanda တို့ရဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ယခုလို ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ မိဘက တွန်းအားပေးနေတာကို မလွန်ဆန်နိုင်သေးတဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ညွှန်းပေးပါရစေ။ တကယ်က မိန်းကလေးဖြစ်ရင် အလုပ်မလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲအယူကို ခုထိလက်ကိုင်ထားတဲ့သူတွေ ကမ္ဘာပေါ်ရှိနေပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဖြစ်သူ Aarti ရဲ့အဖေက အဲဒီလိုလူမျိုးပေါ့။ သူ့သမီးကို အလုပ်လုပ်ခွင့်မပေးဘဲ ယောက်ျားပဲအတင်းပေးစားချင်တာပါ။ Aarti ကလည်း အဖေ့ကိုမလွန်ဆန်တဲ့အဆုံး Blind Date မှာ မင်းသားကိုသွားတွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ Aarti ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ မင်းသားကသဘောတူလိုက်လို့ပါ။ ဒါပေမယ့်လည်း မင်းသားရဲ့အမေကလည်း Aarti ရဲ့အဖေလိုပဲ ရှေးရိုးစွဲနေမှန်း သူမသိခဲ့ပါဘူး။ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ကျားမခွဲခြားဆက်ဆံတတ်တဲ့ ဓလေ့တွေ၊ မိဘလောင်းရိပ်အောက်က မထွက်နိုင်ခဲ့ခြင်းတွေကြားက Aarti တစ်‌ယောက် ဘယ်လိုတွန်းလှန် ရုန်းထွက်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်ဗျ။ တခြားအရာတွေက နှစ်ခါလာနိုင်ပေမယ့် လွတ်လပ်ခွင့်ကတော့ အခွင့်အရေးရတုန်း မဖမ်းဆုပ်နိုင်ရင် တစ်သက်လုံး လက်လွှတ်လိုက်ရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားထဲမှာ သတိပေးထားပါသေးတယ်။ ဘာသာပြန်သူတွေကတော့ Htoo Aungနဲ့ Intelligenceတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…(2 GB) / (1 GB) Quality…WEB-DL 1080p/720p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence Fixed by Thaik San

Action • Crime • Thriller
7.1 2017 137 mins
Shaadi Mein Zaroor Aana
Maayon
7

Maayon (2022) IMDb-6.5/10 ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရား‌ကျောင်းရဲ့ ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီ‌ဘုရားကျောင်းကြီးထဲ ဘယ်သူမှ မနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့ မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်း သေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင် တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့ မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကို လိုချင်တာကြောင့် ‌အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာ ခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။ နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ‌ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်း အာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊ နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲ‌ ပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့ သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်) File size… 2.22GB / 972MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Aditi~Moon~V

7 2022 130 mins
Maayon
Ouija: Origin of Evil
6.1

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီ ကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်.. ၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး ၂. သချိုင်းမြေပေါ်မှာ မကစားရ ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ.. 2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ သူ့အမေနဲ့အစ်မဖြစ်သူနဲ့အတူ နေထိုင်ပြီး အမေ့ရဲ့ ဝိဉာဉ်ခေါ်ပွဲတွေမှာ ကူညီရသူလေးဖြစ်ပါတယ်... တကယ်တော့ ဝိဉာဉ်ခေါ်ပွဲတွေဟာ အလကားဖြစ်ပြီး ဟန်ဆောင်လိမ်ညာနေကြတာပဲဖြစ်ပါတယ်.. တစ်ရက်မှာတော့ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဧည့်သည်တွေကို လှည့်စားဖို့ အသုံးပြုသင့်တယ်ဆိုတဲ့ သမီးကြီးရဲ့အဆိုအရ Ouija Board တစ်ခုဟာ အိမ်ပေါ်ရောက်လာပါတော့တယ်... သမီးငယ် Doris ဟာ အဖေနဲ့တွေ့ချင်စိတ်ကြောင့် ကစားနည်းကို တစ်ယောက်တည်းကစားကြည့်ခဲ့ရာက မကောင်းဆိုးဝါးဝိဉာဉ်တွေ နိုးထလာပါတော့တယ်... သူ့အမေကတော့ Doris ကို အပမှီနေတာကိုမသိဘဲ သူ့အဘွားဆီကပါရမီကို ဆက်ခံနိုင်တာပဲလို့ယုံကြည်ပြီး မကြာခဏအသုံးပြုခဲ့တာကြောင့် သမီးငယ်ရဲ့စိတ်ကို မကောင်းဆိုးဝါးတွေက လုံးဝအပိုင်ရသွားပါတော့တယ်... ဝိဉာဉ်တွေနဲ့ လိမ်ညာစားသောက်နေရာကနေ အမှန်တကယ် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတဲ့အခါမှတော့ သူတို့တွေ ဘယ်လိုအန္တရာယ်ဆိုးမျိုးကြုံလာမလဲ.. တစ်အိမ်သားလုံး လွတ်မြောက်နိုင်ပါ့မလား... ရောက်ရှိနေတဲ့ဝိဉာဉ်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ............................... လှည့်ကွက်သိပ်မပါပေမယ့် နောက်ပိုင်းမှာ တော်တော်ကျောချမ်းစရာကောင်းတဲ့ဇာတ်ကားပါ... သရဲကားကြိုက်နှစ်သက်သူတွေအတွက်တော့ Ouija 1 ကြည့်ပြီးဖြစ်တာကြောင့် အထူးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်.. ကစားနည်းကို စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်... Translated By Nyi Than Lwin Encoded By Joker.phs

Drama • Mystery
6.1 2016 99 mins
Ouija: Origin of Evil
A Banquet
5

A Banquet (2021) ============= Horror, Thriller ဟိုလီဟာ ခင်ပွန်းသည် ရောဂါဆိုးတစ်ခုနဲ့သေဆုံးသွားပြီးတဲ့နောက်မှာ ဘက်စီ ၊ အစ်ဇီ ဆိုတဲ့ သမီးနှစ်ယောက်နဲ့ ဘ၀ကို ဆက်လက်ရုန်းကန် နေခဲ့ပါတယ်။ တစ်နေ့မှာ သမီးကြီး ဘက်စီဟာ အစာလုံး၀မစားနိုင်ဘဲ နေမကောင်း ဖြစ်လာပါတယ်။ ဆရာ၀န်မျိုးစုံ အထူးကုမျိုးစုံပြပေမယ့် ထူးခြားမလာ ပါဘူး။ တကယ်တော့ ဘက်စီကို နတ်ဆိုးတစ်ကောင်က ၀င်ပူးနေခဲ့တာ ဖြစ်ပြီး ဘက်စီရဲ့ အပြုအမူအပြောအဆိုတွေဟာလုံး၀ပြောင်းလဲလာကာ ရှေ့ဖြစ်ဟော မှော်ဆရာတစ်ယောက်လိုဖြစ်ပါတယ်။ အဲ့တော့ ဘက်စီကို ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ၊ ဖခင်သေဆုံးမှုနဲ့ ဘယ်လိုပတ်သက် နေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(730 MB) / (489 MB) / (281 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Thiha Yan Naing Encoder……….SWM

Drama
5 2021 97 mins
A Banquet
Stalingrad
7.6

Stalingrad (1993) Genre – War, Action, Drama IMDB – 7.5/10 All quiet on the Western Front ဇာတ်ကားက ခုနောက်ပိုင်းခေတ်ရဲ့ ဂျာမန်စစ်ကားကောင်း ဖြစ်မယ်ဆို ဒီကားကလည်း ၉၀ ခုနှစ်ရဲ့ အကောင်းဆုံးဖြစ်မှာ ဧကန်မလွဲဘူးဗျာ။ သတိထားကြည့်မိသလောက် ဂျာမန်တွေက စစ်ကားကောင်းကောင်းတွေ ပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြတာကို တွေ့ရတယ် ဥပမာ Downfall တို့ ခု Stalingrad တို့ Land of Mine တို့ All quiet.. တို့လိုမျိုးတွေပေါ့။ ပြီးတော့ သဘောကျစရာကောင်းတာက အမေရိကန်တွေလို မျိုးစစ်စိတ်ဘာညာ ဝါဒဖြန့်တဲ့ပုံစံမျိုး မသွားဘူး စစ်ပွဲတစ်ခုရဲ့ အနိဌာရုံတွေကို ပညာပေးချင်တာမျိုး ပိုများတယ် (သူတို့ကိုယ်တိုင် လူဆိုးဖြစ်ခဲ့တာလည်း ပါမှာပေါ့လေ)။ ဒီရုပ်ရှင်အခြေခံထားတဲ့ စတာလင်ဂတ်တိုက်ပွဲဆိုတာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ၁၉၄၂ ခုနှစ်ဝန်းကျင် အဓိကတိုက်ပွဲထဲက တစ်ခုပဲ လူတွေသန်းပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရတာပေါ့ စတာဂတ်မြို့ကို ပတ်စီးဆင်းနေတဲ့ ဗော့ဂါမြစ်ရယ် ဆီကွင်းတွေကို ထိန်းချုပ်ချင်တာနဲ့ ဒီစစ်ဆင်ရေးပေါ်ပေါက်ခဲ့ရတာပါ။ ဇာတ်လမ်းထဲမှာတော့ ရှေ့တန်းကို ပထမဆုံးထွက်ရမယ့် ဗိုလ်ကြီးဝစ်ဇ်လန်က အာဖရိကစစ်မျက်နှာပြင်က ပြန်လာတဲ့လူတွေကို ဦးစီးပြီး မုန်တိုင်းတပ်သားတွေအဖြစ် စတာလင်ဂတ်ကို ချီတက်သိမ်းပိုက်ကြတဲ့အကြောင်းပါ။ ပထမပိုင်းမှာဆို အတွေ့အကြုံမရှိတဲ့ ဗိုလ်ကြီးနဲ့ တပည့်တွေရဲ့ အခြေအနေကို ပေါ့ပေါ့ပါးပါး ပြသွားတယ်၊ နောက်ပြီး တကယ်ကြုံလာတော့ ဒီဗိုလ်ကြီးက ဘယ်လိုပါလားဆိုတာကို မြင်လိုက်ရတော့ တပည့်တွေလည်း ကြည်ညိုလေးစားသွားကြရော။ စစ်တပ်ရဲ့ တစ်သွေးတစ်သံအမိန့်ဆိုတာမျိုးတွေကို ဒီထဲမှာကောင်းကောင်းမြင်ရပြီး ဒီလိုအရာကြောင့်ပဲ ကိုယ့်စစ်တပ်မှာပဲ ကိုယ်က အကျဉ်းသားဘဝရောက်ခဲ့ရတာတွေ သေကောင်ပေါင်းလဲ ရုန်းကန်ခဲ့ရတာတွေ။ အထက်ကလူကြီးကောင်းမှုကြောင့် အသေအလဲတွေစစ်တိုက်ရပြီး လူသားမဆန်မှုတွေ ကြုံရတော့ မခံချင်စိတ်နဲ့ စစ်ပြေးဘဝရောက်ပြီး ဆိုဗီယက်နယ်မြေထဲမှာ ခက်ခက်ခဲခဲတွေ ဖြတ်သန်းပြီး အသက်စွန့်ရတာတွေ။ အစပိုင်း ရာသီဥတုသာလို့ တိုက်ပွဲက အသာစီးရပေမယ့် ဆရာသမား ရုရှားတို့ရဲ့ဆောင်းတွင်း ရောက်လာတဲ့အခါ ချိန်ခွင်တစ်ဖက်ပြောင်းသွားတာတွေ စသဖြင့် သံဝေဂရစရာတွေနဲ့ စုံစုံလင်လင် ဖော်ပြတင်ဆက်ထားတဲ့ စစ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ WW2 အကြောင်း စိတ်ဝင်စားတဲ့လူတွေဆိုရင်တော့ Must watch ပဲပေါ့ဗျာ။ File size… 2.73 GB / 1.14 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 14m Genre ….. Drama , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Thura Aung

Romance • Comedy
7.6 1993
Stalingrad
In the Land of Blood and Honey

ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး) File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2011
In the Land of Blood and Honey
Kingdom of the Planet of the Apes
7.5

ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့ သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ ကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့ လေးကားမြောက်ပါ။ ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။ Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်။ 1. Rise of the Planet of the Apes 2011 2. Dawn of the Planet of the Apes 2014 3. War for the Planet of the Apes 2017 4. Kingdom of the Planet of the Apes 2024 တို့ပါ။ ဒါ့အပြင် ပထမဆုံးထွက်ခဲ့တဲ့ ဗားရှင်းတွေကိုလည်း Channelmyanmar App နဲ့ Website မှာ တင်ပေးထားပါသေးတယ်။ Planet of the Apes (1968) … Beneath the Planet of the Apes (1970) … Escape From the Planet of the Apes (1971) … Conquest of the Planet of the Apes (1972) … Battle for the Planet of the Apes (1973) … ဇာတ်လမ်းအကျဉ်း ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက် နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။ သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့ နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန် လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… (6.3 GB)/ (2.83GB) / (1.36GB) Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mkv/mp4 Duration….2h 25m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.5 2024 145 mins
Kingdom of the Planet of the Apes
Infernal Storm
5.9

ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက် အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါ မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ် ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန် တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက် ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့… တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်

5.9 2021
Infernal Storm
[18+] Tahong
5

မီရာဟာဂုံးဖမ်းတဲ့လုပ်ငန်းနဲ့အသက်မွေးတဲ့တံငါသည်မလေးတစ်ယောက်ဖြစ်ပြီး လေဖြန်းနေတဲ့ဖခင်ကြီးကို သူ့ငယ်သူငယ်ချင်းချစ်သူ ဂိုယိုနဲ့အတူစောင့်ရှောက်နေတာပါ။ တစ်နေ့မှာတော့ သူတို့မှီခိုနေတဲ့ ငါးဖမ်းဆိပ်ရပ်ကွက်လေးကို မြို့တော်ဝန်နဲ့ကန်ထရိုက်တာတွေပေါင်းပြီးဖြိုဖျက်ဖို့အစီအစဉ်ဖြစ်လာတာကြောင့် အဲ့ဒီကိစ္စကိုတားဖို့ သူတို့စီရင်စုအုပ်ချုပ်ရေးမှူးရုံးကိုသွားတွေ့ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက သဘောကောင်းဖော်ရွေစွာနဲ့ အဲ့ဒီကိစ္စကိုစိတ်မပူဖို့နဲ့ သူတို့ရုံးမှာပါအလုပ်လာလုပ်ဖို့ကမ်းလှမ်းလိုက်တဲ့အတွက် ပျော်သွားတဲ့ မီရာဟာ သူ့အတွက်ဘယ်လိုကြမ္မာဆိုးတွေစောင့်ကြိုနေတယ်ဆိုတာ မသိခဲ့ရှာပါဘူး။ မင်းသမီးသစ်လေး CANDY VELOSO နဲ့ မတွေ့ရတာကြာပြီဖြစ်တဲ့ SALOME SALVI တို့အပြိုင်အဆိုင်ကြမ်းထားတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(1.1 GB) / (495 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:05:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama • Romance
5 2024
[18+] Tahong
The Horse Immortal
5.8

ဒီဇာတ်ကားလေးကတော့ ရိုးသားပြီးဗဟုသုတနည်းတဲ့ရွာသူရွာသားတွေကို အသုံးချပြီးတော့ ရှေးရိုးနတ်အယူအဆတွေကိုသုံးပြီးတော့ အကျိုးအမြတ်ထုတ်တဲ့ရွာသူကြီးနဲ့ နတ်ဆရာကို ပြန်ပညာပေးတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ တရုတ်ပြည်အရှေ့မြောက်ဒေသမှာ မြေခွေး၊ မြွေ၊ ကြွက် စတဲ့ သတ္တဝါ(၅)မျိုးကို နတ်အဖြစ်နဲ့ကိုးကွယ်တဲ့ဓလေ့ရှိကြတယ်။ ရွာလေးတစ်ရွာမှာ မိန်းမပျိုလေးတွေဟာ အကြောင်းမဲ့ထူးထူးဆန်းဆန်းအမြဲသေကြတယ်။ အဲဒါဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ရွာသင်္ချိုင်းမှာ ကြွက်သောင်းကျန်းတဲ့အချိန် ကြွက်သတ်ဆေးချပြီး နှိမ်နင်းခဲ့တဲ့အတွက် ကြွက်နတ်အမျက်ထွက်ပြီး နှစ်စဉ်မိန်းကလေးတွေကိုစားတာဖြစ်တယ်ဆိုပြီးတော့ နတ်ဆရာကပြောပါတယ်။ ဒါကိုယုံကြည်ကြတဲ့ရွာသားတွေက လူသတ်သမားကိုရှာဖို့မကြိုးစားပဲ ကြွက်သတ်ခဲ့တဲ့သူကိုသာအပြစ်ပုံချခဲ့ကြတယ်။ တစ်နေ့မှာတော့ မြို့ကမှုခင်းဆရာဝန်လေးတစ်ယောက်ရောက်လာပြီး အရာအားလုံးကို သိပ္ပံနည်းကျကျတွေးတောပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ ……

5.8 2025
The Horse Immortal
Mickey 17
7

Mickey 17 (2025) IMDb Rating (7.0) / Rotten Tomatoes (77%) ‘Mickey7’ ဆိုတဲ့ ဝတ္ထုကိုမှီးပြီး Parasite ဒါရိုက်တာ Bong Joon Ho က ဇာတ်ညွှန်းရေးရိုက်ကူးပြီး ဘတ်မန်းအသစ်ကြီး Robert Pattinson နဲ့ ဟော့ခ်ကြီး Mark Ruffalo တို့နဲ့အတူ Hereditary မင်းသမီးကြီး Toni Collette တို့ ပါဝင်ထားတဲ့ ရုံတင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ သိပ္ပံ စိတ်ကူးယဉ် ဂြိုလ်သား ဇာတ်လမ်းကိုမှ ရယ်ရခက်ငိုရခက် ဟာသအမျိုးအစား ရိုက်ကူးထားတာဖြစ်လို့ ကိုးရို့ကားယားနဲ့ အတော်ကြည့်ကောင်းမဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အနာဂတ်ကာလ ကမ္ဘာပေါ်မှာ နေလို့ အခြေအနေမကောင်းတော့တဲ့အချိန်၊ ဂြိုလ်တွေကို နယ်ချဲ့ခရီးတွေ ထွက်ကြတဲ့အချိန်ပါ။ အဲဒီအချိန်မှာ လူသားကို ကလုန်းပွားတဲ့ နည်းပညာလည်း ပေါ်နေပြီဖြစ်ပြီး ကျင့်ဝတ်နဲ့မညီလို့ ကမ္ဘာပေါ်မှာ ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ဂြိုလ်အသစ်တွေမှာ ရှာဖွေရေးထွက်တဲ့ အချိန်မှာတော့ အန္တရာယ်များလွန်းလို့ အဲဒီနည်းပညာကိုသုံးပြီး လူတစ်ယောက်တည်းကို အန္တရာယ်တွင်းထဲပို့လိုက်၊ ရှောသွားရင် ပြန်ပရင့်ထုတ်လိုက်နဲ့ လုပ်ပါတော့တယ်။ အဲဒီလူကတော့ မစ်ကီပါပဲ။ ဒါပေမဲ့ အဲဒီနည်းပညာရဲ့ အတင်းကြပ်ဆုံးဥပဒေကတော့ ဘယ်တော့မှ လူတစ်ယောက်ကို နှစ်ယောက်ပြိုင်တူ ပရင့်မထုတ်မိဖို့ပါပဲ။ ဒါပေမဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ်ကုန်ပြီး မစ်ကီ ၂ ယောက်ဖြစ်လာပါတော့တယ်။ အဲဒီမှာ ဘယ်မစ်ကီ အသေခံရမလဲ ဆုံးဖြတ်ရခက်လာသလို နှစ်ယောက်လုံးကလည်း အသက်ရှင်ဖို့ကြိုးစားလာတဲ့အခါ ပြဿနာမျိုးစုံတက်ပါတော့တယ်။ တချိန်တည်းမှာပဲ ဂြိုလ်အသစ်ရဲ့ နယ်ခံ ဂြိုလ်သားတွေနဲ့လူတွေကလည်း စစ်ဖြစ်တော့မဲ့အခြေအနေကို ရောက်လာတဲ့အခါ.. သူတို့ရောက်နေတဲ့ဂြိုလ်ကို နစ်ဖယ်ဟိုင်းလို့ နာမည်ပေးထားတာဟာ နော်ဝေးဒဏ္ဍာရီလာ အရပါ။ သူရဲကောင်းပီသစွာ မကျဆုံးခဲ့တဲ့လူတွေအတွက် တမလွန်မှာရှိတဲ့ အမြဲအေးခဲနေတဲ့ လောကကို အစွဲပြုထားတာပါ။ အဲဒီ ကိုလိုနီခေါင်းဆောင်အမတ်ကြီးဟာလည်း ဒေါ်နယ်ထရမ့်ကို သရော်ထားတယ်လို့ ယူဆလောက်စရာ အချက်တွေနဲ့ ရိုက်ကူးခဲ့တာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (7.8 GB) / (2.8 GB) / (1.2 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Comedy, Fantasy, Sci-Fi Duration….02:17:40 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mr. Anderson

Drama
7 2025 137 mins
Mickey 17