YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Private Life [2018] (MM Sub).mp4

950.91 MB 720p video/mp4 124 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Deer Hunter
8

စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ....။ လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ....။ ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ် ၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊ အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်း မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ် စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာ တိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက် လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲ ဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ် ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။ သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင် ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ဘာတွေဖြစ်နေမလဲ၊ ဒီလောက်ထိ ဆိုးဝါးတဲ့ အတွေ့အကြုံဟာ ဘာတွေများဖြစ်နေလို့လဲ စသဖြင့် ရင်သပ်ရှုမောဖွယ်ရာကို ၃ နာရီစာ အားပါးတရ မင်းသားကြီးကောင်းကောင်း တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အတွက် ဒီဗီယက်နမ်စစ်ကြီးဟာ ကောင်းကျိုးမရပဲ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီး ဘာတွေကြောင့်များ ဒီလိုဖြစ်ရသလဲဆိုတာ တစ်ပိုင်းတစ်စတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ကတော့ ဒီထဲမှာ နုပျိုငယ်ရွယ်တုန်းဖြစ်ပြီး သူ့ရဲ့ အားပါလှတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းကို စီးမျောနိုင်ဦးမှာပဲဖြစ်ပါတယ်....။ File size…2.97GB / 1.06GB Quality…WEB-DL 1080p5.1CH/ 720p Format…mp4 Duration….3h 3m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Science Fiction • Thriller
8 1978 183 mins
The Deer Hunter
The First Stab of Tang Dynasty

တရုတ်သမိုင်းရဲ့နာမည်ကြီးဧကရီ Wu Zhe Tian ကိုသိကြမယ်ထင်ပါတယ်။ ထန်ခေတ်ဧကရီဝူဇယ်ထျန်းကို ပုံစံတစ်မျိုးနဲ့ဖော်ပြထားတဲ့ သိုင်းကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ တထန်တိုင်းပြည်ကြီး တိုင်းရေးပြည်ရေးမတည်မငြိမ်ဖြစ်ပြီး အရှင်မဝူဇယ်ထျန်းက ဧကရီအမည်ခံအုပ်ချုပ်လိုက်တယ်။ ပြည်သူတွေကြားမှာ ကောလဟာလတစ်ခုပြန့်နေပါတယ် အမတ်ချုပ်ကြီးဟာထိုက်ကျုံးဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ လျို့ဝှက်ကျမ်းစာကိုရေးခဲ့တယ်။ ဒီကျမ်းစာဟာရှေ့ဖြစ်ဟောစာဖြစ်ပြီး ဝူဇယ်ထျန်းကို ထိန်းချုပ်ဖို့နည်းလမ်းဖြစ်တဲ့အတွက် ဧကရီမကြီးက ဒီလျို့ဝှက်စာကိုမရရအောင် ထျန်းကျီးဂိုဏ်းကလူသတ်သမားတွေကို စေလွှတ်တဲ့အကြောင်းကို သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ရိုက်ကူးထားပြီး တိုက်ရေးခိုက်ရေးတွေကြားထဲက အစွန်းနှစ်ဘက်က လူ၂ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာလဲ စိတ်ဝင်တစားကြည့်ရမှာပါ..... ရက်စက်တဲ့ဧကရီနဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , History Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2018
The First Stab of Tang Dynasty
Journey To The West: The Five Elements Mountains
5

ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက် စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့ Marble Mountain ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့... စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့ လူ့ပြည်ရောက်လာတာလည်းမဟုတ်... အချစ်ဇာတ်လမ်းလေးကြောင့် စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ... လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကို ချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီး စွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့... ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေ တင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီး စွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
5 2022 95 mins
Journey To The West: The Five Elements Mountains
Christmas Bloody Christmas
Resident Evil: Welcome to Raccoon City
6

ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်း လီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာ ဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့က မိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာ ကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလား အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့ လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီး ဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ... File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP / 1080p AAC 5.1CH Format…mkv Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Drama • Sci-Fi & Fantasy
6 2021 107 mins
Resident Evil: Welcome to Raccoon City
Rimini
7

Rimini (2022) ~ IMDb – 7/10, RT – 94%, Meta – 81% ~ အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။ ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။ ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ သူ့ပိုက်ဆံ တစ်နည်းပြောရရင် အဖေဖြစ်သူက ဖန်တီးပေးသင့်တဲ့ သူ့အနာဂတ်ကို တောင်းဆိုလာပါတယ်။ ပစ်တုန်းက ပစ်ခဲ့ပေမယ့် ပြန်တွေ့တော့လည်း သမီးအတွက် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်မိသွားတဲ့ ရီချီတစ်ယောက် ဘယ်လိုများ သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ကြရမှာပါ။ အထူးသတိချပ်ရမှာကတော့… အပေါ်မှာရေးပြထားတဲ့ ဇာတ်အိမ်ကို ဖတ်ပြီးတော့ ” ဟာ..ဒီကားလေးဟာတော့ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ယောက်အကြောင်းလေးပါလား၊ သားအဖ မေတ္တာဘွဲ့ဇာတ်လမ်းလေးပါလား ” ဆိုပြီး မိဘတွေနဲ့ အတူတူကြည့်ဖို့များတွေးမယ်ဆိုရင်တော့ အမှားကြီးမှားသွားလိမ့်မပေါ့။ ထိန်းမနိုင်အရွယ်တွေ ကဲရင် သာတောင်ဆိုးသတဲ့ လို့ အဆိုလည်း ရှိလေတော့ ဒီကားထဲမယ် ဆင်နှာမောင်းကိုတောင် ကင်မရာဦးတိုက် ပြထားသေးသမို့ စဉ်းစဉ်းစားစားသာ ကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 820MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7 2022 115 mins
Rimini
Revolver
6.3

ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့် ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ…။ တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ ဆိုကြပါသတဲ့…။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ…။ မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား ဂျေဆင် စတက်သန်ပါ…။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင် အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ ၇ နှစ်လောက်အောင်းလိုက်ရပါတယ်…။ ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်…။ တစ်ယောက်က စစ်တုရင်ဆရာကြီး…နောက်တစ်ယောက်က အယုံသွင်း လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး…။ ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့် သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ ကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်…။ စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော…။ ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစား လုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင် မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်….။ ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာ ပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ….။ တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ…။ ဒါရိုက်တာ Guy Ritchieနဲ့ မင်းသား ဂျေဆင် စတက်သန်တို့ လက်တွဲထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါပဲ။ File size…1.86GB / 598MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Crime ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2005
Revolver
New Normal
6.7

New Normal (2023) ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။ တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီး နေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။ SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင် Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horro, Thriller Quality…. 1080p | 720p File size…1.1GB | 422MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

6.7 2023
New Normal
I’m Professional
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောစဖွယ်ဖြစ်စေမယ့် I’m professional ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ် ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့ အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီး ထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။ အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးက ရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။ အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့ အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင်

Romance • Comedy • Action
5.8 2024
I’m Professional
Balamevvadu
7.4

Balamevvadu 2022 (အာမခံအေးဂျင့်လေးရဲ့ အချစ်ပုံပြင်) IMDb – 7.4/10 ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြတဲ့အခါ ဆရာဝန်ဖြစ်ချင်တယ်, အင်ဂျင်နီယာဖြစ်ချင်တယ်လို့ ဖြေတတ်ကြပေမယ့် ဆတ်တယာနာရာယာနာဆိုတဲ့ကောင်လေးရဲ့ အိပ်မက်ကတော့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်ချင်တာပါတဲ့။ ဘာလို့လဲဆိုတော့ မစွန့်စားရတဲ့အလုပ်မလို့ပါနဲ့လေ။ ဒီလိုနဲ့ ဖြစ်ချင်တဲ့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာတော့ လူကြီးတွေက သူ့ကို အိမ်ထောင်ဖက်တွေ့ခိုင်းပေမယ့် အဆင်မပြေဖြစ်တာတွေ များခဲ့ပါတယ်။ နောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့သွားပြီးတော့ စွဲလန်းမိသွားရကနေ ကောင်မလေးရဲ့အချစ်ကို ရအောင်ယူနိုင်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အချစ်ကြီးချစ်ခဲ့ကြပြီးတဲ့နောက်မှာ မျှော်လင့်မထားတဲ့ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးက ကောင်မလေးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ကင်ဆာရောဂါသည်ကောင်မလေးနဲ့ အာမခံအေးဂျင့်ကောင်လေးတို့ ဘဝကို ဘယ်လိုတွေရှေ့ဆက်သွားမလဲ …… ဒီရောဂါဆိုးကြီးကိုရော အနိုင်တိုက်နိုင်ပါ့မလား …….. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.4 2022
Balamevvadu
Across the Furious Sea
6.7

Across the Furious Sea (2023) IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။ အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။ နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။ မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….02:24:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.7 2023 144 mins
Across the Furious Sea
[18+] Shin Eun Dong
6.3

****************************** ဆောအူဒုံဆိုတဲ့ မိန်းကလေးက အိမ်ထောင်ရေးအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မိလို့ ဖမ်းဝရမ်းထုတ်ခံထားရသူပါ .. အူဒုံတစ်ယောက် ပုန်းအောင်းရှောင်တိမ်းရင်း တိတ်ဆိတ်တဲ့ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပါတယ် .. အဲဒီရွာလေးမှာ မတော်တဆချော်လဲပြီး မေ့လဲသွားတဲ့အူဒုံကို ဒေါ့ဂီဆိုတဲ့လူက ကယ်တင်ပေးပြီး သူ့အိမ်ဆီ ခေါ်လာတော့တာပေါ့ .. သတိပြန်ရလာတဲ့အခါ အောအူဒုံက အတိတ်မေ့ချင်ဟန်ဆောင်ပြီး ဒေါ့ဂီရဲ့အိမ်မှာ ခဏပုန်းနေဖို့ ကြံစည်ပါတော့တယ် .. အဲဒီလိုနဲ့ ဒေါ့ဂီနဲ့ အူဒုံတို့နှစ်ယောက် တွယ်ငြိမိသွားကြတဲ့အခါမှာတော့… File Size : 2.2GB, 759MB Quality : 1080p,720p Format…mp4 Duration…1 hr. 34 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.3 2017 93 mins
[18+] Shin Eun Dong
Candlewood
5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Candlewood ဆိုတဲ့ Horror ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကို နာမည်ကြီး Horror ဇာတ်ကားတွေ အရိုက်များပြီး သစ်တောသစ်ပင် ရေကန်တွေ သဘာဝ ရှုခင်းတွေနဲ့ နာမည်ကြီးတဲ့ ကွန်နတီကပ်ပြည်နယ် နယူးမီလ်ဖို့ဒ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်က မိသားစု တစ်စုဟာ ကန်ဒယ်ဝုဒ်ဟေးစ် နားက အိမ်ကြီးတစ်လုံးကို ရာဇဝင်မသိ မမြင်ဖူးသေးဘဲ ငွေပေးချေ ဝယ်ယူခဲ့ပါတယ်။ မိသားစုလိုက် နေထိုင်ဖို့ ပြောင်းလာခဲ့ပြီးမှ နယ်ခံတစ်ချို့ရဲ့ သူတို့အပေါ် အမြင်မကြည်လင်မှုတွေနဲ့ ဒီနယ်မြေရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတွေ သိခဲ့ရပြီးနောက်မှာတော့ သူတို့မိသားစုတွေကြားထဲမှာ ထင်ယောင်ထင်မှားမှုတွေ… ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒဏ္ဍာရီထဲက ဖြစ်ရပ်တွေက တစ်ကယ်ပဲလား…။ ဒီအိမ်ကြီးမှာ အရင်နေခဲ့တဲ့သူတွေက ဘာတွေဖြစ်သွားခဲ့ကြတာလဲ…..။ သူတို့ မိသားစုကို ခြောက်လှန့်နေတဲ့ အရာတွေက ဘာတွေလဲ ဆိုတာကတော့……။ ( စပွိုင်လာ သုံးသပ်ချက်…. ဒီဇာတ်ကားကို Horror Fan တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဇာတ်လမ်းနဲ့ နေရာထိုင်ခင်း ကောင်းပေမယ့် အားမရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်လည်း IMDB မှာ Rating 5.0 ပဲ ရတာ နေမယ်…။ အမှန်တကယ် ခြောက်ခြားစရာ ဖြစ်အောင် ရိုက်ကူးလို့ ရရဲ့သားနဲ့ creepy ဖြစ်မယ့် ရိုက်ကွက်နေရာတွေ ရှိရဲ့သားနဲ့ သာမန် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တဲ့ ပုံစံမျိုးတွေ ရိုက်ကူး ပြထားတာက အတော်ဆိုးတယ်လို့ ပြောရမယ်။ သိပ္ပံနည်းကျ စဉ်းစားကြည့်မယ် ဆိုရင်တော့ သူတို့တွေ သောက်သုံးတဲ့ ရေကနေ ပြဿနာ တစ်ခုခု ရှိတယ်လို့ ထင်ပါတယ်။ ရေတစွတ်စွတ် သောက်ပြနေတဲ့ ရိုက်ကွက်တွေကို ထည့်သွင်းထားတာလည်း အဲဒါကို မြင်သာစေချင်လို့ ယူဆမိပါတယ်။ ) File size… (1.32 GB) / (698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5 2025 87 mins
Candlewood
28 Days Later
7.6

ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု ==================================== ဒါရိုက်တာ – Danny Boyle ထွက်သည့်နှစ် – ၂၀၀၂ အဓိက သရုပ်ဆောင်များ – Cillian Murphy, Naomie Harris, Christopher Eccleston 28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိနေပါတယ် ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီး London မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါ ဇာတ်လမ်းအကျဉ်း Jim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါ London မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။ “Rage virus” ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာ Jim ဟာ Selena (Naomie Harris)၊ Frank (Brendan Gleeson) နဲ့ Hannah (Megan Burns) တို့နဲ့ တွေ့ဆုံပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါတော့တယ် ထူးခြားချက်များ ဒီဇာတ်ကားမှာပါတဲ့ infected တွေဟာ ရိုးရိုး zombie တွေလို နှေးကွေးစွာ မလှုပ်ရှားဘဲ အလွန်မြန်ဆန်ပြီး ကြမ်းတမ်းကြပြီးတော့ Digital Video ကင်မရာသုံးထားတာကြောင့် ပိုမို realistic ဖြစ်စေပြီး documentary ပုံစံမျိုး ခံစားရမှာပါ Post-apocalyptic London ရဲ့ ရိုက်ကွင်းတွေကို နာမည်ကြီး tourist နေရာတွေမှာ အစစ်အမှန် ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်များအကြောင်း Cillian Murphy ရဲ့ Jim ဇာတ်ရုပ်က ရိုးသားပြီး လူသားဆန်တဲ့ ဇာတ်ရုပ်ကို အထာကျကျ သရုပ်ဆောင်ထားပြီး Naomie Harris ကလည်း သူ့ရဲ့ ခက်ထန်ပြီး အသက်ရှင်ရပ်တည်ရေးကို ဦးစားပေးတဲ့ Selena ဇာတ်ရုပ်နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအကြောင်း Danny Boyle ဟာ Trainspotting၊ Slumdog Millionaire လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း သူ့ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံတွေကို တွေ့မြင်ရမှာပါ ဥပမာ – handheld camera techniques တွေ၊ အရောင်အသွေး ပြုပြင်မှုတွေနဲ့ တီးလုံးအသုံးပြုပုံတွေဟာ ဇာတ်လမ်းရဲ့ စိတ်ဖိစီးမှုနဲ့ တင်းမာမှုတွေကို ပိုမိုထင်ဟပ်စေပါတယ်။ 28 Days Later ဟာ zombie genre ထဲမှာ မှတ်တိုင်ထူနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လူသားတွေရဲ့ survival instinct၊ လူ့အဖွဲ့အစည်းပြိုကွဲသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ထိထိမိမိ တင်ပြထားပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ zombie ဇာတ်ကားတွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး ခေတ်သစ် horror genre ကို ပြောင်းလဲစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ 28 Days Later (2002), 28 Weeks Later (2007),28 Years Later (2025) ၃ ကားစလုံးကို CM App နဲ့ Web မှာ တင်ထားပါပြီ။ File Size : 3.4 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 53min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Encode by : Thit San Khant

Drama • Romance
7.6 2002 113 mins
28 Days Later