YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Prime (2023) WEB-Rip,720p(CM).mp4

514.42 MB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Under Wraps 2
6.8

2021မှာ Disney+က ထွက်ရှိခဲ့တဲ့ Under Wrapsဟာ အခုဆို Under Wraps 2အဖြစ် ဟောလိုးဝင်းကာလအကြို ထွက်ရှိလာပါပြီ။ ပထမကားမှာ မံမီကြီးဟာရိုးဒ်ရဲ့ အရှုပ်​တွေကို ဂေးဘတ်မာရှယ် နဲ့ အေမီတို့ သူငယ်ချင်း၃​ယောက် လိုက်ရှင်း​ပေးခဲ့ရသလို ဒုတိယကားမှာ​တော့ ဟာရိုးဒ်ကိုယ်တိုင်မရှုပ်ခဲ့တဲ့ အန္တရာယ်ကြီးက​နေ က​လေးတစ်သိုက်က ကယ်တင်ခန်း ဖွင့်ရဦးမှာပါ။ မံမီကြီးဟာရိုးဒ်ရဲ့ တစ်ချိန်ကမိတ်​ဆွေ​ဟောင်း လက်ရှိမှာ​တော့ ရည်းစားလုဘက်ဖြစ်​တဲ့ တန်ခိုးကြီးမံမီ ဆိုဘက်ဟာ တစ်ညမှာ မ​တော်တဆကိစ္စတစ်ခု​ကြောင့် အသက်ဝင်လာပြီး​ ချစ်ရသူကို လုသွားတဲ့ ရန်သူ​တော်ဟာရိုးဒ်ကို ရှင်းဖို့ကြိုးစားပါ​တော့တယ်။ ဒါကိုသိသွားတဲ့ ​ဂေးဘတ်တို့ ​ဘော်ဒါ ၃​ယောက်ဟာ ဟာရိုးဒ်နဲ့ရို့စ်နှစ်ယောက်လုံးကို ဆိုဘက်လက်ထဲက ကယ်ဖို့ ကြိုးစားရင်း လူငယ်သဘာဝ က​တောက်ကဆ​​တွေကိုပါ ​ဖြေရှင်းရမယ့်ကိန်း ဆိုက်လာပါ​တော့တယ်။ Disney+ ထုံးစံအတိုင်း ​​ပေါ့​ပေါ့ပါးပါးနဲ့ Drama Romance Comedy​တွေအစုံ ပါတာဖြစ်လို့ မိသားစုနဲ့အတူ အနားယူရင်း ​ပေါ့​ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် Family Fantasy ဇာတ်ကားပဲ ဖြစ်ပါတယ်။ IMDbက​တော့ 6.5ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Family, Fantasy Quality…. 1080p | 720p | 480p File size… 1.69GB | 858MB | 450MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Thriller
6.8 2022 83 mins
Under Wraps 2
The Sky Is Everywhere
5.8

ဒီနေ့အတွက် Apple TV+ ကနေပြသသွားတဲ့ Drama, Music, Romance ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ ပူဆွေးသောကဆိုတာ နေ့တိုင်း တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ပျောက်ကွယ်သွားသလိုပဲ..... ဘဝမှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရရင် ကမ္ဘာတစ်ခုလုံး ပျက်လုမတတ် ခံစားရပါတယ်....... ဒီဇာတ်ကားထဲမှာလည်း 17 နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သူ့အစ်မ ရုတ်တရက် သေဆုံးသွားပြီးနောက်ပိုင်း သောကရောက်နေတဲ့ လင်နီဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းနဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ။ သူမသိပ်ချစ်ရတဲ့ အစ်မမရှိဘဲ သူမဘဝ ဘယ်လိုရပ်တည်မလဲ သောကရောက်နေတဲ့ သူမဘဝထဲ ကောင်လေး တစ်ယောက်ဝင်လာနိုင်ချိန်မှာတော့ အရင်လို သူမဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... 2022 ထွက် လူငယ်အကြိုက် ဒရမ်မာဇာတ်ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.9 GB) /(855 MB) / (572 MB) Quality – WebDL 1080p / 720p/480p Duration - 1h 43mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Music, Romance Translator – Parris Encoder – SWM

Drama • Music
5.8 2022 103 mins
The Sky Is Everywhere
Oxygen
6.6

သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ခရိုင်အိုဂျန်းနစ်လို့ခေါ်တဲ့ အလုံပိတ်အသက်ကယ် ပြွန်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ နိုးလာခဲ့ရာကနေစပါတယ်။ သူ့စိတ်ထဲမှာ အားလုံးက ဝေဝါးနေခဲ့ပြီး သူဘယ်သူလဲ၊ ဘာကြောင့်ဒီထဲကိုရောက်နေတာလဲဆိုတာကိုလုံးဝမမှတ်မိပါဘူး ... သူနဲ့အဖော်ရှိတာဆိုလို့ မိုင်လိုလို့ခေါ်တဲ့ AI(ဥပမာ Siri လိုမျိုး) ပဲရှိပါတယ်။ တစ်ချိန်ထဲမှာပဲ သူရောက်နေတဲ့ပြွန်ကြီးရဲ့ အောက်ဆီဂျင်လယ်ဗယ်ဟာလည်း ကျဆင်းလာပြီး အချိန်အနည်းငယ်ပဲရှင်သန်နိုင်တော့မှာပါ။ သူဘာကြောင့် ဒီထဲကို ရောက်နေတာလဲ သူဘယ်သူလဲဆိုတာကို တစ်စတစ်စချင်း အဖြေရှာသွားရင်းနဲ့  မေးခွန်းပေါင်းများစွာနဲ့ ဆွဲခေါ်သွားမယ့် ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဓိကသရုပ်ဆောင် တစ်ယောက်ရယ် . အလုံပိတ် Cube တစ်ခုနဲ့ တစ်ကားလုံးစိတ်ဝင်စားစရာဖြစ်အောင် ရိုက်ပြသွားနိုင်တာတော့ အသေအချာပါပဲ။ အဲ့လို မေးခွန်းတွေကနေမှ နောက်ဆုံး သူဘယ်သူလဲသိလိုက်ရချိန်ဟာတော့ . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p,360p WebRip Duration - 1h 40min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Fantasy, Sci-Fi Source : 1080p.WebRip Translator – CM Team Encoder – SWM

Drama
6.6 2021 100 mins
Oxygen
Jericho Ridge
6.8

Jericho Rudge (2022) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ "Origin" ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ... ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား... ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 675MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 27Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Drama
6.8 2023 88 mins
Jericho Ridge
The Flood
4.2

The Flood (2023) ================ ဒီဇာတ်ကားလေးကတော့ အမေရိကန်နိုင်ငံ လူ၀စ်စီအာနားပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုက်နေတုန်း ထောင်ဖောက်ဖို့ကြိုးစားတဲ့ဇာတ်ကား လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအစမှာတော့ လူနှစ်ယောက်စကားပြော နေရင်း တစ်ယောက်က မုန်တိုင်းကြောင့်ရောက်လာတဲ့ မိကျောင်း(Alligator) စားတာခံလိုက်ရပါတယ်။ တစ်မြို့လုံးက ဟာရီကိန်းမုန်တိုင်းကြောင့် ရေ တွေကြီးပြီး မိကျောင်းတွေလည်းသောင်းကျန်းနေပြီပဲဖြစ်ပါတယ်။ ရှဲရစ် ဟာအမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရဲစခန်းဟာ လည်း ရေကြီးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး မိကျောင်းတွေရောက် ရှိလာပါတယ်။ တစ်နေ့တော့ ဟာရီကိန်းမုန်တိုင်းတိုက်နေတဲ့ကြားကနေ ထောင်သားတွေကိုရွှေ့ပြောင်းလာတဲ့အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ရဲစခန်းကို ခိုလှုံဖို့ ရောက်လာပါတော့တယ်။ ရှဲရစ် ကတော့သူတို့ကို လက်မခံချင်ပေမယ့် မတတ်နိုင်ခဲ့ဘဲ လက်ခံလိုက်ရပါတယ်။ လာရောက်ခိုလှုံတဲ့ထောင်သား တွေကလည်း အမျိုးမျိုးဆိုးသွမ်းကြတဲ့သူတွေဖြစ်ကြောင်းကို သိလိုက် ရပါတယ်။ အဲဒီထဲကမှ ကိုဒီရက်ဆယ် ဆိုတဲ့သူကတော့ တည်ငြိမ်ပြီး တခြားသူတွေနဲ့ကွဲပြားနေပါတယ်။ တစ်ဖက်မှာလည်း ကိုဒီ ကိုကယ်ချင်နေတဲ့အဖွဲ့ကရှိနေပါတယ်။ မုန်တိုင်း သဲနေတဲ့အချိန်၊ မိကျောင်းတွေအပြည့်နဲ့ ရဲစခန်းထဲမှာ အဲဒီအဖွဲ့က အထဲ ကိုဖောက်၀င်ပြီး ကိုဒီ ကိုလာရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဘယ်လို ကြောက်လန့်ဖွယ်ရာတွေဖြစ်မှာလဲ၊ ဒီအခြေ‌အနေကိုဘယ်လိုကျော်ဖြတ် သွားမလဲ၊ ကိုဒီ ကရောဘယ်လိုလူလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.48 GB) / (565 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 48Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Horror, Thriller Translator…….Theo Kat Encoder……….SWM

Drama
4.2 2023 93 mins
The Flood
Tragic Hero
6.3

Tragic Hero (1987) ~ IMDb – 6.3/10, Rotten Tomatoes – 58% ~ ၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn’s Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn’s Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ အဆက်တွေ။ Rich and Famous နဲ့ Tragic Hero တို့တွေပေါ့။ Tragic Hero က လပိုင်းလောက်စောပြီး အရင်ထွက်ပေမဲ့ ဇာတ်အရဆို သူက ၂ပဲ။ တစ်နှစ်တည်းထွက်တာဆိုတော့ ဘာလို့ဒါကိုအရင်ထုတ်လိုက်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့သေချာတာက Tragic Hero ကြည့်ပြီးရင် Rich and Famous ကိုကြည့်ဖို့ မလိုလောက်တော့ဘူး။ Tragic Hero ကို ရိုက်ထားတာက တေလာဝေါင်။ Behind the Yellow Line ဒါရိုက်တာ။ ကောင်းတာတွေလည်းရိုက်တယ်။ မကောင်းတာတွေလည်းရိုက်တယ်။ အတော်ကြီးလည်းမဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ ဒီကားက သူ့ကောင်းတဲ့ ၃ ၄ ကားထဲဝင်တယ်။ သရုပ်ဆောင်တွေကတော့ ချောင်ယွန်ဖတ်နဲ့ အန်ဒီလောင်။ ညီအစ်ကိုစိတ်ဓာတ်တွေ သဘောထားကြီးတာတွေနဲ့ပတ်သက်ရင် ချောင်ယွန်ဖတ်က ခွဲပစ်လို့မရတဲ့ မင်းသားပဲ။ သူက အဲဒီလိုဇာတ်ရုပ်တွေနဲ့ တော်တော်လေးလိုက်ဖက်တယ်။ အန်ဒီလောင်ကတော့ ထုံးစံအတိုင်း အက်ရှင်ကားတွေထဲက အန်ဒီလောင်ပါပဲ။ ဝေါင်ကာဝေးနဲ့ရိုက်ရိုက် ဂျွန်နီတိုနဲ့ရိုက်ရိုက် ဘန်နီချန်းနဲ့ရိုက်ရိုက် ဒီလိုကားတွေဆို အန်ဒီလောင်က အန်ဒီလောင်လို့ပဲပြောရမယ့်အထိ အန်ဒီလောင်ပီသတဲ့ပုံအတိုင်းပါပဲ။ ဇာတ်ကတော့ ဟောင်ကောင်ဂိုဏ်းစတားလောကမှာ ထိပ်သီးဖြစ်ခဲ့တဲ့ ချောင်ယွန်ဖတ်မှာ လက်ရုံး၂ယောက်ရှိခဲ့တယ်။ အန်ဒီလောင်နဲ့ နောက်တစ်ကောင်ပေါ့။ သူတို့က ညီအစ်ကိုတွေ။ အဲဒီ၂ယောက်မှာ အန်ဒီလောင့်အစ်ကိုက ချောင်ယွန်ဖတ်ကို သစ္စာဖောက်သွားတယ်။ အင်အားလည်းကြီးလာတယ်။ စီးပွားရေးဘက်ပဲ အာရုံစိုက်နေတဲ့‌ ချောင်ယွန်ဖတ်အတွက်လန့်စရာဖြစ်လာတယ်။ ရှောင်လွှဲပေမယ့် ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးရဖို့ဖြစ်လာတယ်။ အဲဒီနောက် ပြန်တိုက်ခိုက်တဲ့အကြောင်းပေါ့။ ဒီလိုဇာတ်လမ်းတွေရဲ့ ပုံသေနည်းအတိုင်း မင်းသားခံရ ပြန်ထလာ ပြန်ချဆိုက်ပဲ။ Heroic Bloodshed ကားပီသစွာပဲ Battle Scene တွေက တော်တော်ကြမ်းကြမ်းပြထားတယ်။ ဂျွန်ဝူးကားတွေကြိုက်ရင် ကြည့်သင့်တယ်လို့ပဲပြောရမယ်။ အဲဒီပုံစံနဲ့ခပ်ဆင်ဆင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 840MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 37Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 1987
Tragic Hero
Not Friends
7.8

“သူငယ်ချင်း” မဟုတ်ခဲ့သော သူငယ်ချင်းများ (၂၀၂၄) “ပဲ” ဟာ ဂျုံကြိတ်စက်ရုံပိုင်ရှင်ရဲ့သားဖြစ်ပေမဲ့ မိဘလက်ငုပ်လက်ရင်းစီးပွားရေးကို အမုန်းကြီးမုန်းနေတဲ့သူပါ။ အကြောင်းအရင်းကတော့ ဂျုံစက်ရုံက အချဉ်ဖောက်တဲ့အနံ့ကြောင့် အင်္ကျီက ချဉ်စုတ်စုတ်အနံ့ရတယ်ဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့အတွက်ပါပဲ။ ဒီအင်္ကျီကိစ္စနဲ့ပဲ စော်ပစ်ခံရပြီး နောက်ဆုံး ရန်ဖြစ်လို့ ကျောင်းပြီးဖို့နောက်ဆုံးနှစ်ဝက်ကျမှ ကျောင်းပါပြောင်းခံရတဲ့အထိပါပဲ။ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အိမ်ရဲ့စီးပွားရေးကို ရွံပြနေတဲ့ပဲကိုလည်း အဖေဖြစ်သူက မကြည်ပါဘူး။ အခု ၁၂ တန်းအောင်ပြီးလို့တက္ကသိုလ်မတက်နိုင်ရင် ဂျုံကြိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်လို့ကြိမ်းထားတာဖြစ်တဲ့အတွက် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အတန်းတက်လာတဲ့ “ပဲ” တစ်ယောက် အကြံအိုက်နေတာပေါ့။ တစ်နေ့ အတန်းထဲမှာ ဇာတ်လမ်းတိုပြိုင်ပွဲမှာ အရွေးခံရရင် တက္ကသိုလ်တန်းတက်ရမယ်ဆိုပြီး လာခေါ်တော့ ပဲတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသွားပြီး ပရိသတ်ရင်ထဲထိအောင် လောလောလတ်လတ် နာရေးလုပ်ထားတဲ့ သူ့ဘေးကသူငယ်ချင်းဂျိုးအကြောင်း ဇာတ်လမ်းတိုရိုက်ဖို့လုပ်ပါတော့တယ်။ ဂျိုးအကြောင်းမေးရင် သဘောကျတယ်လို့လူတိုင်းဖြေကြပေမဲ့ တကယ်တမ်းဂျိုးအကြောင်းကို ဘယ်သူမှသေချာမသိနေကြတော့ “ပဲ” တစ်ယောက်အကြပ်ရိုက်နေချိန်မှ ဂျိုးရဲ့ဆုရဇာတ်ညွှန်းတိုအကြောင်း တစ်စွန်းတစ်စ သိလိုက်ရတဲ့အခါ…၊ ကိုယ်တိုင်ကလည်း အကြံကထွက်မလာ တစ်ဖက်ကလည်း ကျောင်းမှာဟိုးလေးတကျော်ဖြစ်တဲ့ကြားက ဂျိုးကိုအသုံးချချင်တဲ့ သူရဲ့မဟာအကြံကို ဂျိုးအကြောင်းကိုတကယ်သိတဲ့ဘိုကေးက သိသွားတဲ့သူကရှိနေပြန်တော့ ချော်လဲရောထိုင်ရင်း ဂျိုးရဲ့ဇာတ်ညွှန်းတိုကို ဇာတ်လမ်းတိုရိုက်ဖို့ဖြစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းတိုရိုက်ဖို့ပြင်နေရင်းနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ၅၂၈ မမည်တဲ့ ရင်ထဲမရောက် သူငယ်ချင်း‌တစ်စု ဖော်ထုတ်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Char Ou, Hazel တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Drama, Comedy Quality…. 1080p | 720p File size… 1.3GB | 704MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung, Mary, Char Ou, Hazel Encoder ….. Aaron

Drama • Documentary
7.8 2023
Not Friends
Typist Artist Pirate King
5.8

ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်… တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။ စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့… အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Romance • Drama
5.8 2022 108 mins
Typist Artist Pirate King
Killer Heat
5.6

Mystery/ Crime ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းထဲမှာတော့ Divergent ရုပ်ရှင်တွေနဲ့ The Fault in Our Stars တို့က မင်းသမီးချော ‘Shailene Woodley’၊ Bodyguard စီးရီးက မင်းသား ‘Richard Madden’ နဲ့ (500) Days of Summer နဲ့ Don Jon ဇာတ်ကားတို့က မင်းသား ‘Joseph Gordon-Levitt’ တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဂရိနိုင်ငံက လူသူခေါင်ခိုက်တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ‘လီယို’ဆိုတဲ့ သူဌေးသားတစ်ယောက်က ကိရိယာမဲ့ တောင်တက်ရင်း ခြေချော်ကျကာ တောင်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ လီယိုမှာက ‘အီလီယက်စ်’လို့ခေါ်တဲ့ အမြွှာညီအစ်ကိုရှိပြီး သူ့အမြွှာရဲ့ ဇနီးလုပ်သူ ‘ပန်နီလိုပီ’ဆိုတဲ့ မိန်းမချောလေးနဲ့က တက္ကသိုလ်တက်စဉ်အရွယ်က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်ခဲ့ဖူးပါတယ်။ ‘နစ်ခ် ဘာလီ’ကတော့ နယူးယောက်ကနေ မိသားစုရေးရာပြဿနာတစ်ခုကြောင့် အေသင်ဘက်မှာ အလွတ်စုံထောက် လုပ်နေသူတစ်ဦး ဖြစ်ကာ ပန်နီလိုပီက သူမရဲ့ မတ် တစ်ဖြစ်လဲ သူမ တစ်ချိန်က ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ လီယိုရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် နစ်ခ်ကို ပိုက်ဆံအများကြီးပေးပြီး သူမတို့မိသားစုနေထိုင်ရာ ကျွန်းကြီးဆီကို ခေါ်လိုက်ပါတော့တယ်။ မိသားစုစီးပွားရေးမှာလည်း ဘာမျှဝင်မပါဘဲ အေးအေးဆေးဆေးနေတတ်တဲ့ လီယိုရဲ့ သေဆုံးမှုက တကယ်ပဲ မတော်တဆမှုလား သတ်ခံရတယ်ဆိုရင်ရော ဘယ်သူကသတ်လိုက်တာဖြစ်မလဲ အမေရိကားကနေ ထွက်ပြေးလာတဲ့ နစ်ခ်ရဲ့ ရာဇဝင်ကရော ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(5 GB)/ (1.5 GB)/(750 Mb) Quality….Webrip 4K HEVC/ 1080p / 720p Format… mkv/mp4 Duration…. 01:37:00 Genre… Crime, Drama, Mystery, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield , Ka Naung Translated by Nway Oo K Zaw

Drama • Thriller
5.6 2024 97 mins
Killer Heat
Aalan
7.5

Aalan (2024) အတိတ်စေရာ CM Bollywood ပရိသတ်ကြီးအတွက် Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးပါရစေ… လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာ သူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်… အချိန်တွေဘယ်လိုကြာညောင်းညောင်း အဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့် ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင် အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေက လူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်း အတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့ အကြောင်းကို ရိုက်ပြထားတာပါပဲ။ ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက် ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့ အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်း အတိတ်ကို ကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်… ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီး သူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား…. အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကို ဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲ ဇာတ်ဆောင်တွေနဲ့အတူ လိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်…

Animation • Comedy • Family • Mystery
7.5 2024
Aalan
The Moor
5.1

The Moor (2024) IMDb Rating (5.1) ယူကေကထုတ်တဲ့ ဟော်ရာကားအသစ်ပါ။ ဇာတ်အစမှာတော့ ကလေးလေး၂ယောက်က အဖေပျောက်သွားတယ်လို့ ဆိုင်ရှင်ကိုတစ်ယောက်ကလိမ်ပြီး အာရုံလွှဲထားပြီး တစ်ယောက်က မုန့်ခိုးဖို့ကြံကြတယ်။ အာရုံလွှဲမယ့်ကလေးဝင်သွားပြီး နောက်ကလေးလိုက်ဝင်သွားတော့ အာရုံလွှဲမယ့် ကလေးကမရှိနေဘူး။ ဆိုင်ရှင်ကိုမေးကြည့်တော့လည်း မဝင်လာပါဘူးလို့ပြောတယ်။ ဒီကလေးလေးပျောက်သွားတာပေါ့။ နောက်မှ အဲဒီဆိုင်ရှင်က ကလေးတွေကိုခိုးနေသတ်နေတဲ့လူဖြစ်နေမှန်းသိလိုက်ရတယ်။ အလောင်းတွေကိုလည်း မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့နှစ်ပေါင်းတော်တော်ကြာတဲ့အထိ ခုနပျောက်သွားတဲ့ ကလေးအဖေက သူတို့နားက မောရ်လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့နေရာကြီးတစ်ခုလုံးမှာ သူ့ကလေးကို ပတ်ရှာနေတုန်းပါပဲ။ ဒီနေရာကြီးနဲ့လူသတ်သမားက ဘာပတ်သက်တာလဲ။ ဒီနေရာကြီးက ဘာလို့ပဟေဠိဆန်နေတာလဲ အရာအားလုံး အထုပ်ဖြည်ပြတာကို စောင့်စားရမယ့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror,Mystery Duration….02:01:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Family • Drama
5.1 2024 120 mins
The Moor
Uppu Kappurambu
5.6

Uppu Kappurambu (2025) “သင်္ချိုင်းနေရာ” လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတို့ရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။ အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တို့တင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။ သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလို့မရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို့ အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Comedy • Romance • Drama
5.6 2025 136 mins
Uppu Kappurambu
Mr. Church
7.6

Mr. Church (2016) ******************* သူ့ဘဝပေါ် အခြေခံပြီး McMartin ရေးသားထားတဲ့ ” The cook who came to live with Us” ဆိုတဲ့ ဝတ္ထုတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ Mr. Church ဇာတ်ကားဟာ 7.6/10 IMDb ရရှိထားပြီး နာမည်ကြီး ဟာသသရုပ်ဆောင် Eddie Murphy (မစ္စတာချာချ့်) Britt Robertson (ချာလီ ဘရွတ်ခ်)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ၁၉၅၀ ဝန်းကျင် အမေရိကားမှာ အခြေခံထားတာပါ။ ရိုးအီနေတဲ့အချစ်ဇာတ်လမ်းတွေပျင်းလာတဲ့အခါမှာ မိသားစုဇာတ်လမ်းကောင်းတစ်ခုကို ကြည့်ရှုချင်ရင်တော့ တစ်နေ့မှာ မထင်မှတ်ဘဲရောက်ရှိလာတဲ့ စားဖိုမှူးတစ်ယောက်က ဘရွတ်ခ်မိသားစုရဲ့ မျိုးဆက်သုံးခုအတွက် ဂရုစိုက်စောင့်ရှောက်ပေးသူဖြစ်လာတဲ့ ဒီကားကောင်းလေးကို ညွှန်းလိုက်ပါတယ်။ အဓိကသော့ချက်ကတော့ ၊ ကြည့်ရှုသူတွေသိလာပါလိမ့်မယ်၊ ဂျက်ဇ်သီချင်းတွေပါပဲ။ File Size – 3.49 GB/ 1.11 GB Quality – BluRay 1080p/ 720p Duration – 1h 44m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub)

Thriller • Crime • Horror
7.6 2016 104 mins
Mr. Church