YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Pretty.Little.Liars.Original.Sin.S01E06.1080P[CM].mp4

807.33 MB N/A video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Swordsman's Romance

သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။ သိုင်းကားဆိုပေမယ့် ပေါတောတောပြီးသွားမယ့်ကားမဟုတ်ဘူးဗျ။ ဘဝအဓိပ္ပါယ်ကို ဓါးသမားတစ်ယောက်က နားလည်သလိုရိုက်ပြထားတဲ့ပုံစံလေးပါ။ အလွယ်ပြောရရင်တော့ Comfort Zone ထဲကထွက်လာခဲ့တဲ့သိုင်းသမားအကြောင်းပေါ့.... တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။ တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ သူကယ်လိုက် ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။ နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ? သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:28:00 Type__Action, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Comedy • Fantasy • Horror • Music
0 2022 89 mins
Swordsman's Romance
Meeting Evil
5.2

မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jackson ဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိ အိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံး အလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊ မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန် တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်က သူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။ အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီး ခြေထောက်ထိသွားပါတော့တယ်။ ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီး ဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။ အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကို လှံစိုက်သလို ဖြစ်လာရတော့တယ်။ ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကို ဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲ စသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခင်ဗျားတို့ သေချာပေါက် ပြန်ကြည့်ရလိမ့်မယ်...။ မာသာဖပ်ကာကြီးကတော့ သူ့အကျင့်အတိုင်း ဒီကားထဲမှာလည်း ၂ ခါတိတိ မာသာဖပ်ကာလို့ ဆဲသွားပါသေးတယ်ဗျ။ File size…1.78GB / 801.7MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 29m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Adventure • Fantasy
5.2 2012 89 mins
Meeting Evil
Prisoner's Daughter
6.1

Prisoner's Daughter (2023) လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ဘိုင်ပြတ်သွားပါတယ်။ ဒါနဲ့ပဲ သူ့အဖေကိုသူပြန်ခေါ်ပေးမယ် ဒါပေမဲ့ အိမ်ကိုအငှားလာနေတဲ့သဘောနဲ့ အိမ်လစာပေးရင် ခေါ်ထားမယ်ဆိုပြီး သဘောတူထားလိုက်ပါတယ်။ ဒီလို ၁၂ နှစ်လောက် သမီးကိုပစ်ထားခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် သူ့သမီးနဲ့ပြန်ဆုံရတဲ့အခါ သူမှားခဲ့တဲ့အမှားတွေအတွက် ဘယ်လိုပြန်အဖက်ဆယ်မလဲ။ ဒီလို အဆင်မပြေဘဝကိုရုန်းကန်နေတဲ့ သားမိနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ Family Drama feel အပြည့်နဲ့ ခံစားကြည့်လို့ရမဲ့ မိသားစုကားလေးပါ။ ခုလိုအကျင့်စာရိတ္တတွေပျက်နေတဲ့ ခေတ်ကြီးမှာ ငွေရောင်အနားသတ်လေးတွေ ရှိသေးပါလားဆိုပြီး ကြည်နှုးခံစားကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

Crime • Romance • Thriller
6.1 2023 98 mins
Prisoner's Daughter
God Is a Bullet
6.4

God Is a Bullet (2023) ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ မုဆိုးအဖြစ်အသွင်ပြောင်းသွားတယ်။ ဇာတ်ကောင်တစ်ကောင်ကို လူပုံစံပါကွဲသွားလောက်တဲ့ထိ အချိုးအကွေ့ကြီးတစ်ခုနဲ့ ‌တိုက်မိစေလိုက်တာပါပဲ။ ကေ့စ်နေရာက Maika Monroe ကလည်း ဆေးဖြတ်ခါစ စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ ကောင်မလေးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားနိုင်ပါတယ်။ Nicolaj Coster- Waldau ကလည်း GOT တုန်းက Jaime Lannister ဇာတ်ရုပ်နဲ့ ကွဲထွက်တဲ့ ဇာတ်ကောင်မျိုးနေရာကနေ Facial Expression ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ Jamie Foxx ကတော့ Jamie Foxx အထာနဲ့ပဲ ပါဝင်လာပါတယ်။ Cast တွေကိုတော့ အပြစ်ရှာစရာသိပ်မရှိပေမဲ့ ဇာတ်လမ်းက အစမှာအေးပြီး ရုတ်တရက်ထပူသလို အပူအအေး သိပ်မမျှဘူးလို့ ပြောနိုင်ပါတယ်။ စေတန်ဂိုဏ်းဘက်ကို ပိုပိုသာသာလေး ဇွတ်လူမိုက်လုပ်ခိုင်းထားပြီး ကြမ်းပြခိုင်းတာကတော့ သိပ်အားမရစရာအချက်ပါ။ ပစ်တာခတ်တာတွေ နဲ့ အက်ရှင်ခန်းတွေပီပြင်တာကတော့ ဒီရုပ်ရှင်ရဲ့ကောင်းကွက်တစ်ခုထဲအပါအဝင်ဖြစ်ပါတယ်။‌ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင်တော့ ဇာတ်ဝင်သီချင်းတွေကို သေချာလေး နားထောင် ခံစားကြည့်ပါလို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 620MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 2H 36Min Genre - Action, Crime, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
6.4 2023 155 mins
God Is a Bullet
Klondike
7

Klondike (2022) ============= IMDb Rating – 7.0/10 Rotten Tomatoes ? ~ 96 % 39 Wins & 18 Nominations Rating တွေလည်းကောင်းသလို ဆုတွေလည်း တနင့်တပိုး ရထားတဲ့ ယူကရိန်း ဇာတ်ကားပါ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်း- ရုရှားနယ်စပ်ဒေသမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည်​ (၂၈၃) ယောက်နဲ့ လေယာဉ်ဝန်ထမ်း (၁၅) ယောက်လုံးသေဆုံးခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ ရုရှားတွေ အားပေးအားမြှောက်ပြုထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ အတည်ပြုနိုင် ခဲ့ပါတယ်။ ဒီဇာတ်လမ်းက အဲဒီအချိန်ကာလ အဲဒီဒေသမှာ ခွဲထွက်ရေး သမားတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတာပါ။ တိုလစ်နဲ့ အီရီခါတို့ ဇနီးမောင်နှံဟာ ယူကရိန်း-ရုရှားနယ်စပ်က ဒွန်နတ်စ်ရွာမှာ နေထိုင်ကြသူတွေပါ။ အီရီခါက ကိုယ်ဝန်အရင့် အမာကြီးနဲ့ဖြစ်ပြီးတော့ အိမ်ကနေ ဘယ်ကိုမှ မသွားဆိုပြီး ခေါင်း မာနေတာကြောင့် သူတို့မိသားစု ရွာမှာပဲ ဆက်နေကြရင်း ခွဲထွက် ရေးသမားတွေရဲ့ရက်စက်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေနဲ့ ရင် ဆိုင်ကြရပုံကို ရင်တနင့်နင့်နဲ့ ရှုစားကြရမှာပါ။ စစ်ပွဲရဲ့အနိဌာရုံတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ လူမဆန်မှုတွေကို ပီပီပြင်ပြင်ကြီး ရိုက်ပြထားတာကြောင့် ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရတာနဲ့မတူဘဲ ဖြစ်ရပ်မှန်တစ်ခုကို ထိုင်ကြည့်နေရသ လိုမျိုး ခံစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.3 GB) / (430 MB) / (300 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, War Translator…….Roman Nox Encoder……….SWM

7 2022 100 mins
Klondike
The Tiger’s Nest
5.7

The Tiger’s Nest (2022) ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Drama • Comedy
5.7 2022
The Tiger’s Nest
The Irish Mob

IMDb – 5.3/10 အိုင်ယာလန်နိုင်ငံမှာရှိတဲ့ ဒပ်ဗလင်မြို့ကြီးကို ဗယ်လန်တီနို ဖေဂန် / ဗယ်လ် လို့ခေါ်တဲ့ မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်က အုပ်စိုးနေပါတယ်။ ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့အတွက်ကြောင့်လည်း ဂါဒါ လို့ခေါ်တဲ့ အိုင်းရစ်ရဲတပ်ဖွဲ့က သူတို့ခြေလှမ်းမှားမဲ့အချိန်ကို အမြဲတစေစောင့်ကြည့်နေကြတာပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဗယ်လ်ဆီကိုရောက်လာရမဲ့ မူးယစ်ဆေးတွေကို လမ်းမှာအသိမ်းခံလိုက်ရပြီး ဈေးကွက်ထဲမှာ ပစ္စည်းပျက်မသွားဖို့လိုတဲ့အတွက် ယူရိုငွေ တစ်သန်းနဲ့ ပစ္စည်းအသစ်တွေထပ်မှာဖို့လိုလာခဲ့ပါပြီ။ ဒီလောက်ပိုက်ဆံအများကြီးကို တစုတစည်းထဲ ရနိုင်မဲ့နေရာကို ဗယ်လ်ရဲ့ လက်ရုံးဖြစ်တဲ့ ရေးနိုးကလမ်းပြပေးလိုက်ပြီး၊ အဲဒီနေရာကို ဓားပြတိုက်ကြဖို့အစီအစဉ်တွေချကြပါတော့တယ်။ ဒီလိုနဲ့ သေချာစီစဉ်ပြီးတိုက်ခဲ့တဲ့ ဓားပြမှုကနေ ယူရို ၅.၅ သန်းကိုရရှိခဲ့ပြီးနောက်မှာတော့ ဗယ်လ်တစ်ယောက်အာဏာအရှိဆုံးနဲ့ ချမ်းသာဆုံးဂိုဏ်းခေါင်းဆောင်် တစ်ယောက်ဖြစ်လာခဲ့ပြီး ဂါဒါရဲတွေရဲ့ နောက်ယောင်ခံစစ်ဆေးမှုတွေကလည်း ပိုပ်ုကြီးမားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ပလ္လုင်နေရာကို ဘယ်လိုကောင်မျိုးမှမလုယူနိုင်ဘူးလို့ထင်နေတဲ့ ‌မူးယစ်ရာဇာ ဗယ်လ်တစ်ယောက် တကယ်ပဲသူ့နေရာကို ဆက်ထိန်းထားနိုင်မလား ရာဇဝတ်လောကမှာဖြစ်တတ်တဲ့အလှည့်အပြောင်းတွေနဲ့ လူတွေရဲ့သဘောသဘာဝကို သေချရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တဲ့အပြင် သွေးထွက်သံယိုပြကွက်အချို့ပါပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူးဗျ။ Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre…Drama, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

Drama
0 2023
The Irish Mob
Rapture
8.5

Rimdogittanga (2023) IMDb-8.5/10 နှစ်စဉ်အချိန်အခါတစ်ခုရောက်တိုင်း ညဘက်တွေမှာ ရှားပါးတဲ့ပုစင်းရင်းကွဲတမျိုး ထွက်ပေါ်လာတတ်တာကြောင့် ရွာသူရွာသားတွေက မီးတုတ်တွေနဲ့ရှာကြတာပေါ့။ဖမ်းလို့ရလာတဲ့အကောင်တွေကို အချဉ်တည်ကြ ကြော်စားကြနဲ့ စားစရာအလို့ငှာ ရှာကြတာပါ။ တစ်ညမှာတော့ ဆယ့်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် တောထဲမှာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ သဲလွန်စဆိုလို့ သစ်ပင်ပေါ်မှာတင်နေတဲ့ အင်္ကျီလေးကလွဲရင် ဘာမှထပ်မသိရပါဘူး။ ဒီလိုပဲ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ညဘက်ဆိုလူစိမ်းတွေရွာထဲဝင်လာပြီး လူတွေဖမ်းတာမျိုး ဖမ်းသွားတဲ့လူတွေကို ဆေးရုံကြီးတွေပို့ပြီး ကိုယ်တွင်းအင်္ဂါတွေထုတ်တာမျိုး စတဲ့ ကောလဟလတွေ ပြန့်နေပါတယ်။ဒီလိုနဲ့ ညဘက်တွေဆို ရွာထဲမှာ ကင်းလှည့်ရပါတော့တယ်။ ဒီကြားထဲမှာ ဘုရားကျောင်းက ထုတ်ပြန်ထားတဲ့သတင်းစကားကလည်း အံ့ဖွယ်မယ်တော်မယ်ရီရုပ်တု ကြွချီလာခြင်းနဲ့အတူ ရက်ပေါင်းရှစ်ဆယ်တိတိအမှောင်လွှမ်းပါမယ်တဲ့။ ထာ၀ရဘုရားမှာယုံကြည်ခြင်း မရှိသူတွေကို သေမင်းတမန်တွေက လာရောက်ခေါ်ဆောင်ပါမယ်တဲ့။ ဒီလိုကြောက်စရာကိစ္စနှစ်ခုကြားမှာ ရွာသူရွာသားတွေက ကြောက်ရွံ့နေကြရပါတော့တယ်။ တစ်ညမှာ သူစိမ်းတစ်ယောက်ကိုဖမ်းမိပြီး ဝိုင်းဝန်းထိုးကြိတ်ကြတဲ့အခါမှာတော့…။ ဖြစ်ပေါ်နေတဲ့ ကိစ္စနှစ်ခုဟာ ဆက်စပ်နေမလား…။ အဖွဲ့အစည်းတစ်ခုခုကပဲ ဒီကိစ္စတွေကိုနောက်ကွယ်က ခြယ်လှယ်နေတာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Zwe တို့ပဲဖြစ်ပါတယ်) ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.5 2023
Rapture
Katak: The Brave Beluga
6.1

ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။ အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre… Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

6.1 2023
Katak: The Brave Beluga
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
Jason Goes to Hell: The Final Friday

Jason Goes to Hell: The Final Friday (1993) သောင်းကျန်းလွန်းတဲ့ ဂျေဆင်ဗော်ဟီးကို အစိုးရကိုယ်တိုင် မျက်စိဆံပင်မွေးစူးလာပြီး FBI အဖွဲ့တွေ အေးဂျင့်တွေသုံးကာ ဖောက်ခွဲသတ်ဖြတ်ပစ်လိုက်ပါသတဲ့။ ကျည်ပေါက်ရာနဲ့ချီ၊ တစ်ပိုင်းတစ်စစီဖြစ်သွားတဲ့ ဂျေဆင်ကို အစိုးရ ရေခဲတိုက်ထဲပို့ပြီး မှုခင်းဆရာဝန်က ရင်ခွဲစစ်ဆေးရပါတယ်။ တစ်ကယ်တော့ ခွဲစရာ ရင်‌ဘက်တောင် မရှိတော့ပါဘူး။ တစ်စစီဖြစ်နေတဲ့ အသားတုံးတွေပါ။ ဒါပေမဲ့ ဂျေဆင် ဟာ ပြန်လည်ရှင်သန်ထမြောက်ခဲ့ပါတယ်။ ပျက်ဆီးသွားတဲ့ သူ့ကိုယ်ခန္ဓာအစား တွေ့ကရာလူတွေကို ပူးကပ်နေတော့တာပါပဲ။ ဒါပေမဲ့ ကိုယ်ခန္ဓာအပိုင်မရှိတဲ့ ဂျေဆင်ဟာ ပြန်လည်မွေးဖွားဖို့လိုလာတော့ သူ့ရဲ့ တစ်အူထုံ့ဆင်း နှမဖြစ်သူကို ပြန်ပြီး အမဲလိုက်ရတော့တာပေါ့။ ဘာလို့လဲဆိုတော့ ‌ဂျေဆင် ဗော်ဟီး ကို ပြန်လည်မွေးဖွားပေးနိုင်သူက ဗော်ဟီး မိသားစုဝင်ပဲဖြစ်နေလို့ပါ။ ဒီတော့ ၉ ကားမြောက် ဂျေဆင် ကားမှာ နာမည်အတိုင်းပဲ ဂျေဆင် တစ်ယောက် ငရဲပြည်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုကြပါဦးစို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 780MB Quality – 1080p, 720p Format – mkv & mp4 Duration – 1H 27Min Genre – Fantasy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

0 1993
Jason Goes to Hell: The Final Friday
Strawman / Figurant

Figurant ဟာ ဒါရိုက်တာကြီး Robert Gliński ရဲ့ လက်ရာဖြစ်ပြီးတော့ နိုင်ငံရေး၊ဒရာမာဆန်ဆန် နဲ့ ပိုလန်နိုင်ငံရဲ့ကွန်မြူနစ်ကာလအတွင်းမှာ Bronek Budny ဆိုတဲ့ လျှို့ဝှက်အရာရှိတစ်ယောက်က Pope John Paul II ဖြစ်လာမယ့် Karol Wojtyła ကို နှစ် ၂၀ ကျော်ကြာစောင့်ကြည့်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီလိုစောင့်ကြည့်နေရင်းနဲ့ Budny က အလုပ်အနေနဲ့စခဲ့ရတဲ့တာဝန်ကို သူ့ရဲ့ pesonal ကိစ္စတစ်ခုအနေနဲ့ မြင်သွားပြီးတော့လိုက်စုံစမ်းပါတော့တယ်။ Mateusz Więcławek က Budny အနေနဲ့ သရုပ်ဆောင်ထားပြီးတော့၊ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ညွှန်းကိုတော့ Andrzej Gołda ကရေးသားထားပါတယ်၊ Adam Bajerski ရဲ့ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်က အရမ်းကြည့်လိုကောင်းနေပါပြီ ဒီ Strawman ရုပ်ရှင် ကို ပိုလန်နိုင်ငံ မှာ ရုံတင် ပြသရာကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့နိုင်ခဲ့ပါတယ် File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2023
Strawman / Figurant
High Forces
6

“ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်” ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့… ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့ High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ… ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့ စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့… ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်… သူ့ရောဂါကြောင့်ပဲ… သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်… ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာ ရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ… သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့… ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူ ဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်… သူ့နာမည်က မိုက်ခ်တဲ့… သူကတော့ ဒီလေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့… မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ… ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ… သူတို့ဆန္ဒတွေပြည့်ဝမှာလား…သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား… ‌နောက်ပြီး ကောင်းဟောက်ကျွင်းကရော ဒီခရီးမှာ သူ့မိသားစုနဲ့ အဖုအထစ်တွေ ဖြေရှင်းနိုင်မှာလား CM နဲ့အတူ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်…

6 2024
High Forces
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood
Flat Girls
7.2

ရဲတိုက်ခန်းတွဲမှာနေထိုင်တဲ့ အန်းနဲ့ ဂျိန်းဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးပြီး ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ မိဘတွေက ရဲဝန်ထမ်းတွေ ဖြစ်တာကြောင့်နဲ့ ရဲတိုက်ခန်းတွဲမှာ နေထိုင်ခွင့်ရနေတာဖြစ်ပြီး အန်းနဲ့ ဂျိန်းဟာ တခြား သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဂျိန်းရဲ့ မိဘတွေကတော့ ရဲတိုက်ခန်းတွဲမှာ အချမ်းသာဆုံးဆိုပြီး လူတွေက သတ်မှတ်ထားကြပေမဲ့ အန်းတို့ကတော့ ငွေကြေးမပြည့်စုံခဲ့ကြပါဘူး။ သိုပေမဲ့လည်း အန်းနဲ့ ဂျိန်းတိုရဲ့ ခင်မင်မှုကတော့ ချစ်ချစ်ခင်ခင်ရှိမြဲပါပဲ။ တစ်နေ့မှာတော့ အန်းနဲ့ ဂျိန်းတိုနှစ်ယောက်ကြားထဲကို တုန်ဆိုတဲ့ ရဲတစ်ယောက် ရောက်ရှိလာရာကနေ သူတို့နှစ်ယောက် ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်း, ဂျိန်းနဲ့ တုန်တို့ရဲ့ ဘဝတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိသားစုအခြေအနေ , ငွေရေးကြေးရေး, လူငယ်ဘဝ ချစ်ခြင်းမေတ္တာအကြောင်းတွေနဲ့ ဘဝတွေရဲ့ ကြီးပြင်းမှု ပုံစံတွေကိုပါ မြင်တွေ့နိုင်မဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Coming-of-Age, Teen Drama, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu,Mary,DaoPhyo & Trady

Drama • Romance
7.2 2025 130 mins
Flat Girls