YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

power.book.iv.force.s01e09.720p(CM).mp4

383.2 MB N/A video/mp4 1849 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Naradan
6.9

ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလို အဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူ ချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့ သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက် နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။ အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena

Action • Drama • History
6.9 2022 150 mins
Naradan
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Don’t Kill It

Don’t Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။ သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီး ဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲ တစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါက ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလို လူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့ မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေက မကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့် ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာ ငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်း ဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေ ဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလို မဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့ တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကို မသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီး တစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့ အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay

Comedy • Horror
0 2016
Don’t Kill It
The Homesman
6.6

The Homesman (2014) ~ IMDb – 6.6/10, RT – 81%, Meta – 68% ~ ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။ Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။ ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့‌ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ ‌အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။ မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။ ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း ‌သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစဉ်မဲ့ ကိုယ်စီရူးသွပ်မှုနဲ့ လူ ၂ ယောက်။ ရုပ်ရှင်နာမည်အရတော့ ယောက်ျားတစ်ယောက်အကြောင်းလို့ထင်ရက်စရာရှိပေမဲ့ ဒါက အမျိုးသမီးတွေကို ဦးတည်ထားတာပဲ။ Tommy Lee Jones က အဓိကဇာတ်ဆောင်အနေနဲ့ ပါတယ်ဆိုရင်တောင် Hilary Swank နဲ့ယှဉ်လိုက်ရင် Sidekick တယောက်လိုဖြစ်သွားတယ်။ Western ရုပ်ရှင်တွေမှာ ဒီလို အမျိုးသမီးဇာတ်ကောင်ကို တည်ရိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ။ ‌အဲဒီခေတ်ရဲ့ ကောင်းဘွိုင်ကြီးတွေကြားက အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်ဆိုရင် ပိုလို့တောင်ရှားသေးတယ်။ ဒီရုပ်ရှင်က သာမန် Western Genre ကနေကွဲထွက်ပြီး အမျိုးသမီးတွေရဲ့ ရပ်တည်နိုင်စွမ်းကိုအဓိကထားထားတယ်။ ဇာတ်ကောင်တွေကို အသေးစိတ် ဒါကြောင့် ဒီလိုဖြစ်တာလို့မပြောခဲ့ဘဲ အရိပ်အမြွက်လေးတွေပြရင်း သူက ဒါတွေကြုံခဲ့လို့ပါလား လို့ သွယ်ဝိုက်ပြောပြတာမျိုးပဲ။ အသံပိုင်းကိုတော့ သိပ်အားမရတဲ့အခါတွေရှိပေမဲ့ ဇာတ်လမ်း ၂ နာရီအတွင်းမှာ Cinematography ကောင်းကောင်းလေးကို အဝကြည့်ရတာနဲ့တင် ကြည့်ပျော်ပါတယ်။ ဇာတ်သိမ်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်လေးတစ်ခုပေးပါလိမ့်မယ်။ အရူး ၃ ယောက်ကစတဲ့ဇာတ်လမ်းဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့လည်း တမျိုးစီ ရူးနေကြတာပဲမဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 2Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.6 2014
The Homesman
12 Rounds 2: Reloaded

အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်. အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်. နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား??? ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား??? အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်. အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + 3 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roel Reiné ရိုက်ကူးထားတဲ့အတွက် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
12 Rounds 2: Reloaded
Merry Good Enough
5.6

ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစု ဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီး မိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာ မိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ် အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့ အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြ ပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​ သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်း သူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်း မိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း ​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.56GB / 741MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

5.6 2023 98 mins
Merry Good Enough
All You Need Is Death
5.2

“အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ” အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။ သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ……? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ……..? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ဇာတ်ကားအမျိုးအစားကတော့ Horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.45 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2023 97 mins
All You Need Is Death
Kampon

Kampon 2023 အာရှသရဲကား စုန်းကား မှော်ကားတွေကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ထွက် ဖိလစ်ပိုင်သရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေ အာရှကားတွေပီပီ ကြောက်ဖို့ကောင်းတာကတော့ ပြောစရာမလိုပါဘူး ပြူးခနဲပြဲခနဲ ဇာတ်ဝင်ခန်းတွေနဲ့ ဖြဲခြောက်မှာမို့ နှလုံးရောဂါဘာညာအခံရှိရင်တော့ မကြည့်သင့်ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ အိမ်ထောင်သက်ရှစ်နှစ်ရှိပေမယ့် ကလေးမရသေးတဲ့ ကလာ့ခ်နဲ့အိုင်လင်းတို့ လင်မယားနှစ်ယောက်ရှိပါတယ် ကလာ့ခ်က အငြိမ်းစားရဲတစ်ယောက်ဖြစ်ပြီး အရင်တုန်းက ပတ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းလေးတွေတော့ ရှိပါတယ် တစ်နေ့မှာတော့ သူတို့အိမ်တံခါးဝကို ကလာ့ခ်ရဲ့သမီးပါဆိုပြီး ကလေးမလေးတစ်ယောက်က ရောက်လာတဲ့အခါမှာတော့ လင်မယားနှစ်ယောက်ရဲ့ ဘဝမှာထူးဆန်းတာတွေစဖြစ်လာပြီး တကယ်ရော ကလာ့ခ်ရဲ့သမီးအစစ်အမှန်လား ဘာလို့ သူတို့ဆီရောက်လာတာလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ပြီးတော့ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror, Thriller Quality…. 1080p | 720p File size… 901MB | 481MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Drama • Action • Thriller • Crime
0 2023
Kampon
A Family Affair
5.4

အသစ်ထွက် ခပ်မြူးမြူး အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် လူငယ်ပရိသတ်အကြိုက် မင်းသမီး Zoey King နဲ့ ဟောလိဝုဒ် milf တစ်ပါးဖြစ်တဲ့ Nicole Kidman တို့ အမေနဲ့သမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကားလေးပါ ခရစ်က နာမည်ကြီးရုပ်ရှင်မင်းသားဖြစ်ပြီး သူ့ရဲ့ PA ကတော့ ငယ်ရွယ်ဖျတ်လတ်တဲ့ ဇာရာပါ ခရစ်ခိုင်းသမျှကို သူ့အလိုကျ မငြီးမငြူလုပ်ပေးရပြီးစိတ်ကုန်လာတဲ့တစ်နေ့ ရန်ဖြစ်ပြီး အလုပ်ထွက်ဖို့ ဇာရာဆုံးဖြတ်လိုက်တဲ့အခါ … ဇာရာမရှိတုန်း သဘောမနောကောင်း စာရေးဆရာမဖြစ်တဲ့ ဇာရာ့အမေ တစ်ယောက်တည်း အိမ်မှာရှိနေချိန် တောင်းပန်ဖို့ ခရစ် ရောက်လာတဲ့အခါမှာတော့ … ဇာရာ့အမေနဲ့ ခရစ်တို့ ချစ်ဇာတ်လမ်းခင်းလိုက်ကြပြီး ဘယ်လိုအလွဲတွေ ဆက်ဖြစ်ဦးမလဲ ပရိသတ်ကြီး အားပေးကြပါဦး File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

5.4 2023
A Family Affair
The Cheating Game
5.6

The Cheating Game (2023) IMDb Rating (5.6) ဒီဇာတ်လမ်းလေးမှာ Hope က သူ့ရည်းစား တခြားမိန်းကလေးနဲ့ ဖောက်ပြန်နေတဲ့ sex ဗီဒီယိုကိုမြင်ပြီး ရည်းစားနဲ့လမ်းခွဲခဲ့ရတဲ့ Content creator တစ်ယောက်ပါ။ အလုပ်ကိုပဲချစ်တဲ့သူပီပီ content တွေရဖို့ပဲ ကြိုးစားရင်းက အရာရာပြီးပြည့်စုံပြီး လိုက်ဖက်ညီနေတဲ့ လူကောင်းလေးတစ်ယောက်နဲ့ ထပ်တွေ့ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက Hope ထင်သလို Perfect ဖြစ်နေတဲ့သူတစ်ယောက်လား ဒါမှမဟုတ် သူ့မှာ Hopeမသိတဲ့ လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကိုတော့ ဒီဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်) File size…(1.6 GB) / (755 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:45:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

5.6 2023 105 mins
The Cheating Game
Woman of the Hour
6.7

၁၉၇၈ ခုနှစ်က ကွင်းဆက်လူသတ်သမားရတ်ဒ်နီဟာ The Dating Game တီဗီရှိုးမှာ သူပါဝင်ခဲ့စဥ်အချိန်က မင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ရှယ်လ်နဲ့ တွေ့ဆုံမှုတစ်ဖြတ် ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရတ်ဒ်နီဟာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအများကြီးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သွေးအေးကွင်းဆက်လူသတ်သမား တစ်ယောက်ပါ။ ရတ်ဒ်နီအတွက် ကလေးဘဝမှာစိတ်ထိခိုက်တာ ၊ အနိုင်ကျင့်ခံခဲ့ရတာအစရှိသဖြင့် လူသတ်သမားဖြစ်လာ​စေတဲ့ အကြောင်းရင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ဥာဏ်ကြီးရှင်တစ်ယောက်ရဲ့ IQ အဆင့်ရှိတဲ့ရတ်ဒ်နီက ချောတယ်။ အပြောအဆိုတတ်တယ်။ အပေါင်းအသင်းဆံ့တယ်။ အချစ်ခံရတဲ့မိသားစုကနေကြီးပြင်းလာတာလည်းဖြစ်ပေမယ့် မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အရသာခံလုပ်ဆောင်ခဲ့တာပါ။ ရတ်ဒ်နီဟာ လူသတ်မှုခုနှစ်ခုနဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပေမယ့် ရှေ့နေတွေရဲ့အဆိုအရတော့ သူသတ်ခဲ့တဲ့မိန်းကလေးတွေဟာ ၁၃၀ ကျော်အထိရှိနေနိုင်တာပါပဲ။ ရတ်ဒ်နီကို စိတ်ဝိညာဥ် တစ်ခြမ်းနဲ့မွေးဖွားလာတဲ့လူသတ်သမားလို့လည်း ခေါ်ဆိုကြ ပါတယ်။ The Woman of the Hour မှာတော့ ရတ်ဒ်နီနဲ့ရှယ်လ်တို့ တွေ့ဆုံခဲ့စဥ်ကာလအတွင်း ရတ်ဒ်နီရဲ့သတ်ဖြတ်မှုတွေကို ချောက်ချားစရာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… 1.36GB / 662MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2024 95 mins
Woman of the Hour
Bonds Will Be Broken
5.7

Bonds Will Be Broken (2024) ***************************** 2024 မှာထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအသစ်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Paula Elle ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Emily Tennant, Greyston Holt, Andrew Fransic, Natalie Sharp တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ညီမဖြစ်သူ Nina တစ်ယောက် White Light လို့ခေါ်တဲ့ cult တစ်ခုထဲ ရောက်သွားပြီး အဆက်အသွယ်ပြတ်သွားတာကြောင့် အစ်မဖြစ်သူ Ginny Budd တစ်ယောက် အဆိုပါ cult ထဲ ဝင်ဖို့အတွက် အယုံလွယ်တဲ့ ဥပဒေကျောင်းဆင်း Anna အဖြစ်ဟန်ဆောင်ပြီး cult ထဲဝင်နိုင်ဖို့ ဒေါ်လာ သုံးရာပေးရတဲ့ အတန်းတက်တာကစလို့ အဆင့်ဆင့်ကျော်ဖြတ်ရပါတော့တယ်။ Cult ထဲအောင်အောင်မြင်မြင်ရောက်သွားတဲ့အခါ သူ့ညီမကို သူ့ဆန္ဒအတိုင်း ကယ်ထုတ်နိုင်မလားဆိုတာကိုတော့….. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…1.62GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 29m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama • History
5.7 2024 89 mins
Bonds Will Be Broken
Together: 4-In-A-Row
6.3

Together: 4-In-A-Row (2024) IMDb Rating (6.3) ဘောလုံး​လောကမှာ Manchester City လို့ပြောလိုက်ရင် မသိတဲ့သူဟာမရှိလောက်ပါပဲ။ ဒီတစ်ခါ Together ဇာတ်လမ်းမှာတော့ Manchester City ရဲ့ လေးကြိမ်ဆက်တိုင် ပရီးမီးယားလိဂ်အနိုင်ယူခဲ့ပုံကို ပက်ပ်ဂွာဒီယိုလာ၊ ရိုဒရီနဲ့ ကိုင်းလ်ဝေါလ်တို့ရဲ့ အတွေးအမြင်အားဖြင့် ပြန်လည်ထင်ဟပ်ထားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မန်စီးတီးအသင်းဟာ အရင်နှစ်တွေလို ရာသီစမှာထဲက ပရီးမီးယားလိဂ်ထဲမှာ အစမကောင်းခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ဂွာဒီရိုလာလက်ထက်စနိုင်ကတည်းက မရှိဖူးခဲ့တဲ့ ၃ ပွဲဆက် ၄ လေးပွဲဆက်အရှုံးတွေပါရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရာသီတစ်ဝက်ရောက်ခါနီးမှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရွိုင်းက ဒဏ်ရာရသွားတာကတစ်ကြောင်း၊ နည်းပြချုပ်နဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာက အသက်အရွယ်အရ ခါးပြဿနာကြောင့်ခွဲစိတ်ခန်းဝင်လိုက်ရတဲ့တစ်ကြောင်း အသင်းရဲ့ကွင်းလယ်လူတစ်ယောက်ကပါ ပွဲထဲစိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို ရန်ပြုလိုက်လို့ အနီကတ်ရသွားတာကတစ်ကြောင်း အစရှိတဲ့အတွင်းပိုင်းပြဿနာတွေကြောင့် မန်စီးတီးတို့ဟာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ပြဿနာဖြစ်ပြီး အသင်းရဲ့ပျမ်းမျှခြေစွမ်းကိုပါ ထိခိုက်စေသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းနောက်ဆုံးမှာ ဒီရာသီရဲ့ အထွဋ်အထိပ်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ချန်ပီယံပြိုင်လုဖို့အထိခြေမာလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ရန်ကို ဘယ်လိုမျိုးကျော်လွှားပြီး လေးကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားလဲဆိုတာကို ဒီထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(7.3 GB) / (2.6 GB) / (1.2 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:32:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

6.3 2024 92 mins
Together: 4-In-A-Row
Instinct

နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct… နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ… စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell နေရာမှာ သရုပ်ဆောင်တဲ့ Anthony Hopkins ကတော့ ဆရာကြီးပီပီ ဇာတ်တစ်ခုလုံးကို ခံစားမှုရသအစုံရအောင် ဆွဲခေါ်သွားပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးမှာစီးမျောရင်း ခန့်မှန်းကြည့်လိုက်ဖို့ အကြံပြုချင်ပါတယ်။ File size… (1.8 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre..Drama , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Horror
0 1999
Instinct