YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Possessions 2024 - 1080p Webrip AAC5.1 [RMC].mp4

1.01 GB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Drama
7.3 2014 109 mins
How to Steal a Dog
Restless
6.1

အခုတစ်ခေါက်မှာတော့ Netflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ ပြင်သစ်အက်ရှင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ အမြဲတမ်း ဖြောင့်မတ်တဲ့ရဲတွေကိုပဲ ဇာတ်လိုက်နေရာက မြင်နေရတာ ရိုးသွားပြီလား ဒါဆိုရင် ဒီကားလေးကို ကြည့်လိုက်ပါ။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဘလင်းဟာ ပုံမှန်မြင်နေကျဇာတ်ကောင်တွေလို ရိုးသားဖြောင့်မတ်တဲ့ရဲမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်ပြီး အကျင့်ပျက်ခြစားတဲ့ရဲပဲဖြစ်ပါတယ်။ ဘလင်းတစ်ယောက် သူ့မိခင်ဆုံးပြီး အခေါင်းသွင်းတော့မှာဖြစ်တဲ့အတွက် ဆေးရုံကို အလောတကြီးသွားရမဲ့ အချိန်မှာပဲ ပြည်တွင်းလုံ​​ခြုံ​​ ရ​ဌာနက သူတို့စခန်းကို ရှောင်တခင်ဝင်စစ်ဆေးပါတော့တယ်။ မောင်ဘလင်းတစ်ယောက် လောလောနဲ့ ဗျာများပြီး ကားမောင်းရာကနေ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ်။ အကျင့်ပျက်ခြစားရုံတင်မက ကားနဲ့လူပါတိုက်လိုက်မိတဲ့ ဘလင်းဟာ ဒီယာဥ်တိုက်မှုကို ခြေရာလက်ရာဖျောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ထူးဆန်းတဲ့ မျက်မြင်သက်သေတစ်ယောက်ဆီကနေ ခြိမ်းခြောက်မှုတွေရရှိလာတဲ့ခါ.... ဘလင်းတစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ..?? သူရဲ့လာဘ်စားမှုတွေကရော ပေါ်လွင်သွားမှာလား..?? မျက်မြင်သက်သေကရော ဘာလို့ခြိမ်း ခြောက်နေရတာလဲ.. ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တာမလို့ အားလုံးအကြိုက်တွေ့ကြမယ့် Action, Crime, Thriller ကားသစ်လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.2 GB) / (585 MB) / (385 MB) Quality – WebDL 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Crime, Drama Translator – CM Team Encoder – SWM

Drama
6.1 2022 95 mins
Restless
Can’t Hardly Wait
6.5

1998 တုန်းက ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ်ရယ်ရတဲ့ Comedy ရုပ်ရှင်စစ်စစ်တစ်ကားပါ။ ဟန်တင်တန်ဟေးလ်စ် အထက်တန်းကျောင်းကြီးရဲ့ စီနီယာကျောင်းသားတွေဟာ အထက်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်တစ်အိမ်မှာ ပါတီအကြီးကြီးတစ်ခု စုပြီးလုပ်ကြပါတယ်ဗျ။ ကျောင်းသားပါတီဖြစ်တဲ့အလျှောက် ပါတီတက်တဲ့ထဲမှာ ကောင်မလေးတစ်ယောက်ကို နှစ်အကြာကြီး တိတ်တိတ်လေး ကြိတ်ကြိုက်နေတဲ့သူ၊ စော်ကြည်ဘဲ၊ ကျောင်းကပွဲ ကွင်း၊ ဂိ၊ စတဲ့ ကျောင်းသားကျောင်းသူပေါင်းစုံ အများကြီး ပါဝင်ကြပါတယ်။ ကောလိပ်တက်ရမှာမလို့ လူကြီးပုံစံဖမ်းနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ပုံစံပေါင်းစုံနဲ့ ဘရုတ်ကျပုံတွေကို ကျွန်တော်တို့မှာ တကယ်မရှိဖူးခဲ့တဲ့ ကျောင်းသားဘဝကို လွမ်းရင်း ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကျောင်းသားဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ…။ File size…(2.49GB) / (671MB) / (703MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Action • Drama • Mystery • Thriller
6.5 2022 100 mins
Can’t Hardly Wait
Big Mommas: Like Father, Like Son
4.4

Big Mommas: Like Father, Like Son (2011) =============================== Big Momma’s House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma’s House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်…အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.84 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.4 2011
Big Mommas: Like Father, Like Son
Melodate

Melodate (2024) ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 615MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Melodate
Amores Perros
8.1

ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို… လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ… ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို…တို့ပဲဖြစ်ပါတယ် ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့။ (ဒီဇာတ်ကားထဲမှာ သွေးသံရဲရဲခွေးတိုက်ပွဲတွေပီပြင်စွာပါဝင်နေတဲ့အတွက် source တွေမှာသေချာရှာကြည့်တော့ “ခွေးတွေက ကစားနေတာသာဖြစ်ပြီး သူတို့ကို လုံးဝမထိခိုက်စေခဲ့ပါ” တဲ့ခင်ဗျ) File size…(3.75 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:34:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

8.1 2000
Amores Perros
Set It Up
6.5

Set It Up (2018) IMDb (6.5) / Rotten Tomatoes (68 %) Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။ Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့ တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့ နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ် သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲ အောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။ ဇာတ်လမ်းလေးက ပေါ့ပါးပြီး ရယ်လည်းရယ်ရတယ် ချစ်ဖို့လည်းကောင်းတယ် လူတွေရဲ့သဘာဝအရ အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း ဒီအိမ်မက်ယောင်ယောင်ထဲမှာပဲ နှစ်မြုပ်နေတတ်တယ် အဲ့ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Ann Mary မှတင်ဆက်ထားပြီး ဘာသာပြန်ကတော့ Yazar Htun ပါ။)

Action • Comedy
6.5 2018 105 mins
Set It Up
Unhappily Ever After (aka) Infelices para Siempre
5.3

“ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း” တဲ့။ ဘယ်နှယ့် “ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း” ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။ အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ “နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့”ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။ မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို “ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း”ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.3 2023
Unhappily Ever After (aka) Infelices para Siempre
The Drunken Prodigy
6

ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။ သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

6 2024
The Drunken Prodigy
Only the River Flows
6.7

ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီး ဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။ အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။ နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။ Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်း နောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ပြည်မရုပ်ရှင်ရဲ့ မျိုးဆက်သစ်တစ်ယောက်ဆိုတာတော့ သေချာတယ်။ ဒီရုပ်ရှင်က သူ့တတိယကားဖြစ်သလို ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ကားလည်းဟုတ်တယ်။ ဆုရွေးချယ်ဖို့လည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကိုက ၁၉၉၀ဝန်းကျင်မှာ တည်ထားတယ်။ အဓိကဇာတ်ကောင်က ရဲစခန်းက အင်စပက်တာမော်စီ။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့အခရာကသူပဲ။ ဝတ္တုအရမော်စီရဲ့ စိတ်အခြေအနေကို ရုပ်ရှင်မှာ တင်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကို ဝေရှုကျန်က သူ့စိတ်အခြေအနေကို တင်ပြဖို့ သုံးခြမ်းခွဲလိုက်တယ်။ သူ့မိန်းမနဲ့ သူ့ကြားကအခြေအနေ, စခန်းကအခြေအနေ, နောက်တစ်ချက်က သူ့ရဲ့ထင်ယောင်ထင်မှားတွေ။ နောက် သူ့အခြေအနေကို ပိုတင်ပြနိုင်ဖို့ပဲ ဝတ္တုမှာ ကိုယ်ဝန်မရှိခဲ့တဲ့ သူ့မိန်းမကို ကိုယ်ဝန်လွယ်ခိုင်းပြီး အဲဒါကိုလည်းပြဿနာတစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်။ ပြောရရင် ရုပ်ရှင်မှာ အပိုထပ်ဖြည့်ထားတာတွေက မော်စီရဲ့ စိတ်အခြေအနေကို ထင်ဟပ်နိုင်အောင် ဖြည့်ထားတာပဲ။ နောက် သူတို့မြို့ကလေးမှာ လူသတ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကို မော်စီက ဦးဆောင်ပြီးစုံစမ်းရတယ်။ ဒါကိုရိုက်ပြတဲ့ပုံက ခက်ခက်ခဲခဲမပါဘဲ လက်တွေ့ကျကျပဲရိုက်ပြသွားတယ်။ သဲလွန်စတစ်ခုနောက်လိုက်လိုက် အဲဒီသဲလွန်စကပျောက်လိုက် နောက်သဲလွန်စတစ်ခုနောက်လိုက်နဲ့ ခနော်နီခနော်နဲ့သွားနေရတဲ့ စုံစမ်းရေးပေါ့။ အစပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီအမှုကိုလိုက်ရင်း ဒီအမှုက သူ့စိတ်အခြေအနေကိုပါ ဘယ်လိုရိုက်ခတ်သွားလဲ ဆက်ပြသွားတယ်။ တစ်ခုရှိတာ မော်စီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Yilong Zhu က အခက်အခဲဆုံး အပိုင်းက သူ့ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်နေရမလဲ အဖြေရှာရတဲ့အပိုင်းပဲတဲ့။ သူဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ နောက်ဆုံး ယုဟွာရဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်မှပဲ အဖြေရသွားခဲ့တယ်။ ယုဟွာက အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ကြီးနဲ့ မုတ်ဆိတ်ငုတ်တိုတွေနဲ့ နှင်းတွေကြားရပ်နေတယ်။ အဲဒီပုံစံကို ကြည့်ပြီး သူ့ကာရိုက်တာကို သူဖန်တီးခဲ့တယ်။ ဒီကာရိုက်တာနဲ့လိုက်အောင် ဝိတ်တက်အောင်လုပ်ပြီး ဇာတ်ကားရိုက်ခဲ့တဲ့ ၄၅ရက်အတွင်း ကာရိုက်တာရဲ့ စိတ်ကျသွားတဲ့ပုံစံအတိုင်း ၅၅ပေါင်ပြန်ကျအောင် ထပ်လုပ်ခဲ့တဲ့အထိ Yilong Zhuဟာ မော်စီကာရိုက်တာကို သေချာစိတ်နှစ်ထားခဲ့ပါတယ်။ Only the River Flowsဟာ အနုပညာအရအောင်မြင်ခဲ့သလို ရုံဝင်ငွေအရလည်းအောင်မြင်ခဲ့ပါတယ်။ ပြည်မရဲ့ highest-grossing independent films စာရင်းမှာ ဝင်ခဲ့ပါတယ်။ ကိန်းမှာပြခဲ့တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေဆိုပြီး ၆ကားစာရင်းလုပ်ထားတဲ့ စာရင်းတစ်ခုမှာ The Zone of Interest (2023)တို့ Anatomy of a Fall (2023)တို့နဲ့အတူတူ စာရင်းသွင်းခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ File size… 2 GB / 788 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

6.7 2023 102 mins
Only the River Flows
Shorts
4.7

Spy Kids ဇာတ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ ၂၀၀၈ ခုနှစ်က စွန့်စားခန်း ကလေးကား တစ်ကားဖြစ်ပါတယ်။ Black Box ဆိုပြီး အမည်းရောင်အတုံးလေးနဲ့ ဘာမဆို လုပ်နိုင်စွမ်းရှိတဲ့ အရာကို တီထွင်ထားတဲ့ Black Inc ကုမ္ပဏီဟာ သူတို့ ရုံးစိုက်ရာ အနားတဝိုက်မှာပဲ သူတို့ဝန်ထမ်းတွေကို အိမ်ရာလေးတွေနဲ့ အတူ ထားထားတဲ့ Black Fall အသိုင်းအဝိုင်းဆိုတာလေး ရှိပါတယ်။ အဲဒီ Black Fall ရပ်ကွက်လေးထဲကို သက်တန့်ရောင်ပုံစံရှိတဲ့ ကျောက်တုံးလေးတစ်ခု ရောက်လာတဲ့အချိန် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ လင်မယားနှစ်ယောက် တစ်ကုမ္ပဏီတည်းဆိုပေမဲ့ အသင်းကွဲလို့ ရန်မတည့် သတ်ရတာတွေ၊ ပိုးမွှားကြောက်လို့ တစ်အိမ်လုံး ပလပ်စတစ်အုပ်ပြီး နေတဲ့ သားအဖတွေ၊ ကျောင်းမှာ ကောင်မလေးအနိုင်ကျင့်တာကို ခံရတဲ့ တိုဘီဆိုတဲ့ကောင်လေး၊ စွန့်စားခန်းတွေမှ ထွက်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတသိုက်၊ ဘဲနဲ့ အမြဲအဆင်မပြေဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံဟာ ဒီ ဆုတောင်းပြည့် ကျောက်တုံးလေးကို ဗဟိုပြုပြီး ပြဿနာတွေတက် ပေါက်ကရတွေ ဖြစ်ကြမှာပဲ ဖြစ်ပါတယ်။ File Size : 1.9 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

4.7 2008 89 mins
Shorts
Survival on a Deserted Island
Iyer In Arabia
4.6

Iyer In Arabia 2025 ခေတ်သစ်တိုက်ပွဲ Imdb 4.6 ဒီကားမှာတော့ ခုခေတ်ကြုံ‌တွေ့နေကျဖြစ်တဲ့ ရှေးရိုးစွဲအတွေးရှိတဲ့လူကြီးတွေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်တဲ့အတွေးရှိတဲ့ လူငယ်တွေကြား ဖြစ်နေကျ ပြဿနာတွေလိုပါပဲ ခေတ်နောက်ပြန်ဆန်တဲ့ အယူအဆရှိသူ ဖခင် ဆရီနီဗာဆာအိုင်ယာနဲ့ သမိုင်းပါမောက္ခဖြစ်ပြီး ဘာသာတရားကို သိပ်မယုံကြည်တဲ့ ဇနီးဂျန်ဆီရာနီတို့အကြောင်းပါ သူတို့ရဲ့သား ရာဟူးလ်ကဒူဘိုင်းမှာ အလုပ်လုပ်နေပြီး ဘာသာခြား မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါမှာ ဇာတ်လမ်းက စတင်လာပါတယ် သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရှေးရိုးစွဲအိုင်ယာက ဒီလက်ထပ်ပွဲကို တားဆီးဖို့အတွက် သူ့သားဆီ ခရီးထွက်လာပါတော့တယ် ဒီခရီးစဉ်အတွင်းမှာ အိုင်ယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေကို တွေ့ကြုံရင်း သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ် ဒီရုပ်ရှင်ထဲမှာတော့ လူတွေရဲ့ ယုံကြည်မှု ယဉ်ကျေးမှု ကွဲပြားမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ ပြောင်းလဲနိုင်ပုံကိုပါ ပုံဖော်တင်ဆက်ထားပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

4.6 2025 120 mins
Iyer In Arabia