မရဏတရား...
လူတွေက သေမှာကို ကြောက်ကြတယ်။
ဘာလို့လဲ။
သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့... အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။
ရွေးချယ်မှု...
ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။
နေမလား... သွားမလား...
ထိုင်နေမလား... ထနေမလား...
ဒါလုပ်မလား... ဟိုဟာလုပ်မလား...
လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။
တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။
ကစားပွဲ...
ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။
အခွင့်အရေး...
တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။
၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်)
Size - 710MB, 330MB
Quality - 1080p, 720p
IMDb Rating - 6/10
Format - mp4
Duration - 1H 34Min
Genre - Drama
Subtitle - Myanmar Subtitle (Hardsub)
Translated by 666
Encoded by Y
4.7
2021