YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Poor.Boy.2018.1080p.WEBRip.(CM).mp4

1.7 GB 1080p video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
7.3

ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။ File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
7.3 2008 96 mins
Hunger
Knocked Up
6.3

IMDb 6.9 Rotten Tomatoes 89% Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။ မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ... မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာ‌အောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ..... အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ဘန် ဆိုတဲ့ကောင်လေးနဲ့ ဆုံမိကြပါတယ်။ ဘန် ကတော့ ဆေးခြောက်ပုံမှန်သုံးစွဲလေ့ရှိတဲ့ သူငယ်ချင်းတစ်စုနဲ့ အတူနေတဲ့ ငပျင်းတစ်ကောင်ပါပဲ။ တကယ်ဆိုရင် သူက အမေရိကန်မဟုတ်ဘူး။ ကနေဒါကနေ တရားမဝင် လာနေနေတာ။ တရားမဝင်နေတော့ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့ဗျာ တဲ့။ ဆောင်ရအောင်လည်း သူ့မှာ ပိုက်ဆံမှမရှိဘဲ။ သူ ကျောင်းသားဘဝတုန်းက စာပို့ကားတက်ကြိတ်တာခံရလို့ အစိုးရက သူ့ကို လျော်ကြေး ဒေါ်လာ တစ်သောင်းလေးထောင် ပေးဖူးသတဲ့။ဘာမှမလုပ်ဘဲ အဲဒါကိုထိုင်စားလာတာ ဆယ်နှစ်ကျော်ပြီတဲ့။ ခုတောင် လက်ထဲ ဒေါ်လာကိုးရာလောက် ကျန်သေးတယ်ဆိုပဲ။ သူက ဆေးခြောက်နဲ့ စပါဂက်တီခေါက်ဆွဲဖိုးလောက်ပဲ ကုန်စရာရှိတာကိုး။ သူ့ဘော်ဒါတွေကလည်း သူနဲ့ထူးမခြားနားပါပဲ။ ဒီလောက်ဆိုရင် အယ်လီဆင် နဲ့ ဘန် တို့ဟာ ဘယ်လောက်ခြားနားတဲ့ အနေအထားရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ကံတရားနဲ့ ဆန်းကြယ်သောစိတ်ကူးရှိသူ ဇာတ်ညွှန်းရေးဆရာကြီးတို့ရဲ့အလိုအရ သူတို့နှစ်ယောက် ဆုံဖြစ်အောင်ဆုံမိသွားကြပါတယ်။ သို့သော်လည်း one night stand က one nightနဲ့ ရပ်လို့မရဘဲ long-standingကိစ္စ ဖြစ်လာတဲ့အခါ နှစ်ယောက်လုံး တိုင်တွေပတ်ကုန်ကြပါတော့တယ်။ ဒီဇာတ်ကားမှာ နာမည်ကျော်ဟာသသရုပ်ဆောင်တွေ တပြုံကြီးပါဝင်ထားသလို ဧည့်သည်သရုပ်ဆောင် နာမည်ကျော်များကလည်း မထင်မှတ်တဲ့နေရာတွေကနေ အကွက်စေ့စေ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Ratingကောင်းတွေ ရရှိခဲ့သလို ဝင်ငွေအရလည်း ဘတ်ဂျက် 25 millionsမှာ ဝင်ငွေ 219 millionsရရှိခဲ့တဲ့အတွက် စီးပွားရေးအရပါ အောင်မြင်တဲ့ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်တွေပြောတဲ့ ပြောစကားတွေထဲမှာ အမေရိကန်တွေ အနောက်တိုင်းသားတွေသာ ချက်ချင်းနားလည်မယ့် စကားလုံး၊စကားရပ်တွေ အသုံးအနှုန်းတွေအများအပြားပါဝင်နေပါတယ် ။ အထူးသဖြင့်တော့ Hollywood movie quotesတွေပေါ့။ သူတို့ပြောစကားထဲက နာမည်တွေလိုက်ပြီး Googlingလုပ်ရင်တောင် ဗဟုသုတ အတော်ပွားနိုင်စရာ ရှိပါတယ်။ ဇာတ်လမ်းကလည်း ရယ်ရရုံ ပျော်ရရုံသက်သက် မကဘဲ အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်ရတဲ့ ဇစ်မြစ်၊ ကိုယ့်အတ္တနဲ့ တဖက်သားကို ဇွတ်ပြောင်းလဲလာအောင် ဖိအားပေးတတ်တဲ့စိတ်မျိုးတွေ ၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာတွေကို သင်ခန်းစာယူနိုင်ကြပါလိမ့်မယ်။ ကြည့်ရှုခံစားပျော်ရွှင်နိုင်ကြပါစေ။ Unrated Version နဲ့တင်ဆက်ထားတာမို့ တချို့အခန်းတွေမှာတော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။) File size…(2.6 GB)/(1 GB) Quality….BluRay Unrated 1080p / 720p Format…mkv Duration….02:12:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Horror • Thriller
6.3 2007 129 mins
Knocked Up
My Spy
6.9

ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့... ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်... စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်.... စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်...ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့... ကလေးမလေးက ဘယ်လိုတွေလုပ်လဲ...မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ ဆက်နွယ်မှုရှိနေတာလဲ...တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ...ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်... အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့ အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ် File Size : (900 MB) and (339 MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Action , Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae

Drama • Mystery
6.9 2020 99 mins
My Spy
Three Billboards Outside Ebbing, Missouri
8.1

လက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျို းတွေပေါ့။ ဗီဇအမျို းမျို းနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ လျော့ပါးသွားမည်ဟု ယူဆမိပါတယ်။ ယခုရုပ်ရှင်ဟာလည်း အထက်ကပြောပြခဲ့တဲ့ လူအဖွဲ့အစည်းယိုပေါက်မှုကပေးတဲ့ ဘေးထွက်ဆိုးကျို းတွေကို ရှောင်လွှဲခွင့် မရနိုင်ခဲ့တဲ့ မိသားစုတစ်ခုနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းထဲက လူအချို့တွေရဲ့ ပဋိပက္ခကို ရိုက်ပြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားသာ ဖြစ်ပါတယ်။ပြောရရင် တကယ့်ရုပ်ရှင်ထဲက စုံထောက်ကျော်တွေ ။ထူးချွန်ထက်မြက်တဲ့ ဇာတ်ကောင်တွေမပါတဲ့ လူတွေရဲ့ နာကျင်ရတဲ့ သောကဆိုးတွေအပေါ် သရော်တော်တော်အမြင်ကို သဘာဝကျကျ တင်ပြထားခြင်းလို့သာ မြင်မိပါတယ်။ Ebbingမြို့ကလေးဘေးက လစ်လပ်နေတဲ့ ဆိုင်းဘုတ်သုံးခုကို မိန်းမကြီးတစ်ယောက်က ငှားရမ်းပြီး စာတမ်းသုံးခုကို ရေးချိတ်ခဲ့တယ်။စာကြောင်းသုံးကြောင်းက ဘာမှတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ခုနှစ်လလောက်က မုဒိန်းကျင့်ပြီးသတ်ဖြတ်ခံရတဲ့ သမီးငယ်လေးရဲ့အမှု ကို ပေါ်ပေါက်အောင် ဖော်ထုတ်မပေးနိုင်တဲ့ ရဲအဖွဲ့တွေအပေါ် မေးခွန်းထုတ်လိုက်တဲ့ စကားတွေသာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားသုံးခုဟာ တိတ်ဆိတ်နေတဲ့မြို့ကလေးထဲကလူတွေဆီကို ဆူညံစွာနဲ့ ခေါင်းလောင်းတီးနိုင်ခဲ့တယ်။ "Raped while dying " ။"And still No arrests? "How Come, Chief Willoughby?" ဆိုတဲ့ စကားသုံးခုဟာ ထိတ်လန့်ချောက်ခြားဖွယ်ရာ အဖြစ်သနစ်နဲ့ အသုံးမကျတဲ့ဥပဒေအဖွဲ့အစည်းကို လက်ညှို းငေါက်ငေါက်ထိုး၍ မေးလိုက်သလို ပေါ်လွင်လွန်းလှတယ်။ကိုယ်ပတ်ဝန်းကျင်မှာသာ ဖြစ်ပွားတာမဟုတ်ခဲ့ရင် တုံဏှိဘာဝေသာ ရှိလှတဲ့ လူအများစုအနေနဲ့ ဒီဆိုင်းဘုတ်က စာတွေကို ဖတ်မိလိုက်တိုင်း တစ်စုံတစ်ရာအတွက် စိတ်ခံစားအချို့ကို သက်ရောက်ကူးစက်သွားမှာအမှန်ပေါ့။ သူမမေးခွန်းထုတ်တဲ့ ရဲအရာရှိဆိုသူက ဒီမြို့ငယ်ကလေးထဲက ရဲဌာနကို ဦးစီးရတဲ့ သူကို ဆိုလိုတာပါ။သူမရဲ့ခံစားနေရတဲ့ သောကတွေကို တကယ်ပဲ သက်ဆိုင်ရာ ဥပဒေဌာနတွေက ကူညီဖြေရှင်းမပေးနိုင်တော့တာ သေချာလို့လား။ယင်းသို့မဟုတ်ရင်လည်း ဒီရဲဌာနက လူတွေကပဲ ဖြေရှင်းလိုစိတ် မရှိကြတာလား။ လူပျို ပေါက်သားတစ်ယောက်နဲ့ လက်လွတ်ဆုံးရှုံ းလိုက်ရပြီဖြစ်တဲ့ ဆယ်ကျော်သက်သမီးငယ်ကို ပိုင်ဆိုင်ထားတဲ့ မိခင်ကြီးမှာတော့ ခုလိုကာလမျို းမှာ ဘယ်သူကိုမှ အမြင်မကြည်မလင် ဖြစ်နေမှာ သေချာပါတယ်။အဓိကကတော့ ဘာမှအသုံးမကျဘူးလို့ သတ်မှတ်ထားတဲ့ ရဲစခန်းအစုတ်ပလုတ်ကိုပေါ့။ ဒီလိုနဲ့ မြို့ငယ်လေးဟာ ကျန်ရစ်ခဲ့ရသူတွေရဲ့သောကတွေနဲ့ တစ်ဖြည်းဖြည်းပြည့်အင့်ခြောက်ကပ်လာတယ်။ဆိုင်းဘုတ်ကြီးသုံးခုကတော့ လမ်းမပေါ်ကနေ ဖြတ်သန်းသွားသမျှလူတွေကို ရေရွတ်ပြောဆိုနေတယ်။ကင်ဆာဝေဒနာခံစားနေရတဲ့ သူမမေးခွန်းထားတဲ့ အဓိက ရဲအရာရှိ Willoughby မှာလည်း အမှု အပေါ်ကို တတ်အားသမျှဆောင်ရွက်ခဲ့တာရှိပေမယ့် ရေပေါ်အရုပ်ခြစ်သလို အရာထင်ပုံ မပေါ်ပါဘူး။သူ့ရဲ့အရောင်မှိန်စပြု နေတဲ့ ဘဝပန်းချီကားဟာ ဖြေးညင်းစွာ လောင်မြို က်စပြု နေပြီဆိုတာလည်း သိပါတယ်။သူ့နောက်လိုက် ရဲသား Dixonကတော့ ထုံးစံအတိုင်း ဂမူးကရူးနဲ့ သူတို့ကို ခုလို လုပ်ရပါ့မလားဆိုပြီး ဒေါကန်နေတယ်။ဆိုရရင် ဒီအဖြစ်အပျက်ရဲ့ဝဲဂယက်မှာ သူတို့တွေလည်း ရုန်းမထွက်နိုင်ရှာဘူး။လူသတ်သမားကတော့ နှင်းခါးမိုး ကဗျာစာသားထဲကလို ဒီအချိန်ဆို ညစာ စားနေလောက်ပြီ။ဝိုင်ကလေးသောက်လိုက် စပျစ်သီးလေးမြုံ့လိုက်နဲ့လေ။ မိခင်ကြီးရဲ့ မျက်ဝန်းတွေကတော့ သောကဖြစ်လာတဲ့ ဒေါသစေ့ဆော်မှု ကြောင့် ဝန်းပနေသလို နှုတ်ခမ်းတွေကလည်း ရေခဲနေတဲ့ ရုပ်ကြွင်းတစ်ခုလို အချိန်မရွေးတင်းမာနေလေတယ်။ပြောသမျှစကားတွေကလည်း ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ထွက်မလာဘူး။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဆိုင်းဘုတ်ကြီးသုံးခုဟာ မီးရှို့ခံလိုက်ရတော့တယ်။ ______________________________ ယခု ရုပ်ရှင်ဟာ အကြိမ်ကိုးဆယ်မြောက် အော်စကာဆုနှင်းဘင်မှာ ဆန်ကာတင်ခုနှစ်ဆုနဲ့ လျာထားခံရပါတယ်။ကျွန်တော့်အနေနဲ့တော့ ဒါရိုက်တာကြီး Martin McDonagh ကို ဇာတ်ညွှန်းဆုအနေနဲ့ဖြစ်စေ ပြီးတော့ သမီးငယ်အတွက် သောကတွေနဲ့ အသက်ဆက်နေရတဲ့ မိခင်ကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ Frances McDormand ကိုဖြစ်စေ ဇာတ်ပို့သရုပ်ဆောင်ကြီး Sam Rockwell ကိုဖြစ်စေ ထူးချွန်ဆုတွေ ရစေချင်တာအမှန်ပါပဲ။(အခြားရုပ်ရှင်ဆုနှင်းသဘင်မှာတော့ အောင်ပွဲခံထားတာတွေ့ရ)ဒါရိုက်တာ Martin McDonagh ဆိုတာ ဟောလိဝုဒ်က သရုပ်ဆောင်အင်မတန်ကောင်းပြီး နာမည်မရကြတဲ့ သရုပ်ဆောင်တွေကို စုစည်းရိုက်တတ်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဆိုတာ သူ့ရဲ့Seven Psychopaths Movie နဲ့ In Bruges တို့မှာ သိရှိပြီးသား ဖြစ်ခဲ့သလို ယခုရုပ်ရှင်မှာလည်း Seven Psychopaths က သရုပ်ဆောင်အများစုကိုပဲ ပြန်လည်သုံးစွဲထားတာတွေ့ရပေမယ့် ယခုရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေထက် ဖျော်ဖြေရေးလမ်းကြောင်းကနေ သိသိသာသာ ပို၍ ကွဲထွက်လာကာ သရုပ်ဆောင်တွေဆီကနေ စိတ်ခံစားမှု ရှု ပ်ထွေးပုံတွေအား လေးလေးနက်နက်ပင် ခံစားခဲ့ရတာမို့ ယခုနှစ်အော်စကာဆုအတွက်တော့ (အခြားကားတွေမကြည့်ရသေးသော်လည်း)သူဇာတ်ကားကိုပင် လက်မထောင်လိုက်မိပါကြောင်း။ (ဇာတ်လမ်းအညွှန်းကို ကိုညီလင်းအိမ်၏ Facebook Account ( Nyi Linn Eain )  မှကူးယူဖော်ပြပါသည်။) File Size : (957 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Thura Zarni Aung Encoded by Thanhtike Zaw

Drama • Mystery
8.1 2017 115 mins
Three Billboards Outside Ebbing, Missouri
To All a Good Night
7.7

To All a Good Night (2023) =================== To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။ အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.97 GB) / (722 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.7 2023
To All a Good Night
Highlander
7

Highlander (1986) ================ IMDb Rating – 7.0/10 Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(2.5 GB) / (1.0 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Thy Santa Encoder……….SWM

7 1986 116 mins
Highlander
The Image of You

၂၀၂၄ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖိုအပြင် ရိုမန်တစ်ဆန်တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ identical twins ညီအစ်မဖြစ်တဲ့ အန်နာနဲ့ဇိုဝီကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူပြီး သံယောဇဥ်လည်းရှိကြသော်လည်းမတူညီတဲ့ စရိုက်သွင်ပြင်လက္ခဏာတွေရှိတဲ့အန်နာနဲ့ ဇိုဝီ တို့ အမြွှာညီမရဲ့ အတိတ်ကအကြောင်းတွေကဘယ်လိုဖြစ်မလဲဆိုတာအပြင် ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသမီး Sasha Pieterseရဲ့ မတူညီတဲ့ ဇာတ်ကောင်၂ခုကို ငြိမ့်ငြိမ့်လေးနဲ့ကွဲနေအောင်သရုပ်ဆောင်သွားပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ တစ်ကားလုံးဇာတ်ရှိန်မပျက်ရ‌‌၊မပျင်းရအောင် ခေါ်ဆောင်သွားနိုင်စွမ်းရှိတဲ့ ဒီကားလေးကို Channel Myanmar ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint

0 2024
The Image of You
[18+] Private Tutor
5

သုံးစားမရတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား ငနဲတစ်ယောက်ကို ရည်းစားတော်ထားပြီး ညီမငယ်ရဲ့ပညာရေးကိုလည်းထောက်ပံ့ပေးနေရတဲ့ Joy ဆိုတဲ့ ဆရာမလေးဟာ သူဌေးကြီးတစ်ဦးရဲ့သမီးကို စာပြပေးဖို့အလုပ်ကိုလက်ခံခဲ့ပါတယ်။ သူစာပြရတဲ့ တပည့်မလေးဟာ သူနဲ့ဝါသနာချင်းတူသလို သူသင်ကြားပေးသမျှကိုလိုက်နိုင်တာကြောင့် ရင်းနှီးမှုပိုလာရင်းက တစ်ဖြည်းဖြည်းစာသင်ယူမှုအားကျသွားတဲ့အတွက် အကြောင်းရင်းကိုစုံစမ်းတဲ့အခါ အပျိုဖော်ဝင်စ ကောင်မလေးဟာ တဏှာစိတ်တွေပြင်းထန်နေတာကြောင့်ဆိုတော့ သိလိုက်ရတဲ့နောက် သူကိုယ်တိုင် ဖြေဖျောက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ဖခင် သူဌေးကိုယ်တိုင်ကလည်း ဇနီးသည်ဆုံးပါးပြီးတဲ့နောက် ဘယ်သူနဲ့မှ ဒိတ်မလုပ်ပဲ အနေကြာလာပြီး မျိုသိပ်ထားရတာတွေများနေပြီဆိုတာ သိရတဲ့နောက် Joy ဟာ ပရဟိတဝါသနာရှင်လေးပီပီ ထပ်မံကူညီမိခဲ့ပါတော့တယ်။ အဖေနဲ့သမီး နှစ်ယောက်လုံးနဲ့ပတ်သက်နေမိတဲ့ သင်္ချာဆရာမလေး Joy တစ်ယောက်သူ့ရဲ့ အချစ်ပုစ္ဆာတွေကို ဘယ်လိုအဖြေရှာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:05:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 65 mins
[18+] Private Tutor
A Million
6

A Million (2009) ******************* Shin Min-a၊ Jung Yu-mi၊ Park Hae-ill၊ Park Hee-soon၊ Lee Min-ki စတဲ့ ကေစီးရီးပရိသတ်တွေကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်ထားတဲ့ “A Million“ လို့ ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း.. ဆုကြေးငွေ ဒေါ်လာ ၁သန်းရရှိမဲ့ Survival Game Show တစ်ခုမှာ ပါဝင်ဖို့ လူအယောက်ပေါင်းများစွာထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ လူ ၈ယောက်ဟာ ဂိမ်းကစားဖို့အတွက် ဩစတေးလျနိုင်ငံက သဲကန္တာရကြီးထဲကို ခေါ်ဆောင်သွားခံရပါတော့တယ်။ အဲဒီလူ ၈ယောက်ထဲကမှ ၁ ယောက်တည်းကသာ ဒေါ်လာ ၁သန်းရရှိမှာဖြစ်ပြီး ဆုကြေးငွေကြီးသလို ဒီလူ ၈ယောက် ယှဉ်ပြိုင်ရမဲ့ခရီးဟာလည်း မသေးပါဘူး။ အဲဒီလိုနဲ့ ပထမဆုံးပြိုင်ပွဲစတင်ပြီး ပြိုင်ပွဲကထွက်ခွာရတဲ့သူလည်း ပေါ်ပေါက်လာတော့တယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲကနေထွက်ခွာသွားရတဲ့သူကို နောက်တစ်နေ့ တောထဲမှာ သေလျက်ကြီး တွေ့လိုက်ရတဲ့အခါမှာတော့…။ ကိုယ့်အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာခံရတဲ့အထိ သူတို့တွေ အဲဒီဂိမ်းကို ဆက်ကစားကြဦးမှာလား..။ ငွေအတွက်သာဆို ဘာမဆိုလုပ်ရဲလာတဲ့ လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စရိုက်သဘာဝတွေကို ကွင်းကွင်းကွက်ကွက်မြင်ရမဲ့ ဇာတ်ကားလေးပဲဖြစ်တာမို့ ကြည့်ရှုသင့်ပါတယ်။ File size…2.86GB / 1.45GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Adventure, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Zuri Htoo

6 2009
A Million
Kanguva
5.3

Kanguva (2024) “ကံကြမ္မာပဟေဠိ” (WEB DL အကြည်ဆုံးဗားရှင်းထွက်ရှိလာပြီမလို့ ထပ်မံUpdateပေးထားပါတယ်) IMDb – 5.3/10 ၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။ တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင် အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။ ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။ သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်)

Drama
5.3 2024 154 mins
Kanguva
My Way
7.6

Korean မင်းသား Jang Dong-gun (ဒါရိုက်တာရင်)ရယ် မင်းသား Joe Odagiri ရယ် မင်းသမီး Fan Bingbing တို့ရယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးတစ်ကားပါပဲ…… ကိုယ့်နိုင်ငံအတွက် စစ်ပွဲကလွဲရင် ဒုတိယကမ္ဘာစစ်တလျောက်လုံး ဘက်ပေါင်းစုံလိုလိုမှာ ၀င်တိုက်ခဲ့ရတဲ့ အိမ်မက်ကိုလက်မလျှော့ခဲ့သူတစ်ယောက်အကြောင်း။ ဂင်ဂျွန်းရှစ်။ ကိုးရီးယားကို ဂျပန်တွေ အုပ်စိုးချိန် ဂျပန်စစ်တပ်အရာရှိကြီးတစ်ယောက်ရဲ့အိမ်က အလုပ်သမားတစ်ယောက်ရဲ့သား။ အပြေးမြန်ပြီး အိုလံပစ်မာရသွန်ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်သူ။ သူနဲ့သက်တူရွယ်တူ ဂျပန်အရာရှိကြီးရဲ့မြေး ဟာဆဲဂါ၀နဲ့ အမြဲတမ်းယှဉ်ပြိုင်နေကြတာကြောင့် ပြိုင်ဖက်တွေဖြစ်လာခဲ့ကြပေမဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဂင်ဂျွန်းရှစ် အရွယ်ကောင်းတုန်းမှာ လန်ချားဆွဲသမားဖြစ်သွားရတယ်။ လက်မလျှော့ခဲ့တဲ့သူ့အတွက် အခွင့်အရေးနောက်ထပ်တစ်ကြိမ် ရောက်လာခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာတော့ သူတိုတွေရဲ့အိပ်မက်ဟာ မှေးမှိန်သွားရတယ်။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တို တစ်ဖန်ပြန်ဆုံချိန်မှာတော့ မာရသွန်ပြေးလမ်း‌ပေါ်မဟုတ်ဘဲ စစ်မြေပြင်ပေါ်မှာ။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တိုဟာ တိုက်ပွဲပေါင်းမြောက်မြားစွာ တိုက်ခိုက်လာရတဲ့အချိန်မှာတော့ သူတိုရဲ့အိပ်မက်က အိုလံပစ်ရွှေတံဆိပ်ဆုမဟုတ်ဘဲ အိမ်ကိုရောက်အောင်ပြေးသွားဖိုပဲ ဖြစ်လာခဲ့တော့ ဂင်ဂျွန်းရှစ်တို အိမ်ပြန်‌ရောက်နိုင်ကြမလား…..(ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ရိုက်ကူးသည်။) File size…(3.6 GB)/(2.5 GB) Quality….Blu-ray 1080p / 720p Format… mp4 Duration…. 02:17:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Action • Adventure • Thriller
7.6 2011 137 mins
My Way
A Minecraft Movie
6

2025 ရဲ့ အအောင်မြင်ဆုံးနဲ့ ၀င်ငွေအများဆုံးရုပ်ရှင် Minecraft ထွက်လာပါပြီ… 2013 က ထွက်ခဲ့တဲ့ အအောင်မြင်ဆုံး Open world ဂိမ်းကို Jack Black , Jason Momoa တို့လိုနာမည်ကြီး သရုပ်ဆောင်တွေနဲ့ အသက်သွင်းထားတာကြောင့် လူအများ‌စောင့်ကြည့်ရတဲ့ ရုပ်ရှင်ဖြစ်နေပါတယ်…. ပွဲဦးထွက်ရုံတင်မှုမှာလည်း ဒေါ်လာသန်း 160 ကျော်နဲ့ စံချိန်ချိုးပြီး Rating ကောင်းတွေရထားတယ်.. ဇာတ်လမ်းအကျဉ်းကတော့ .. ငယ်ငယ်ထဲက ကမ္ဘာ့အတော်ဆုံး မိုင်းတူးသမားဖြစ်ချင်ခဲ့တဲ့ စတိဗ်ဟာ မိုင်းတွင်းဟောင်းကြီးတစ်ခုကိူသွားလေ့ရှိတယ် သူသွားတိုင်း အသက်ကြီးကြီးအဘိုးကြီးက အမြဲနှင်ထုတ် တာကြောင့် လက်လျှော့ခဲ့ရတာ ခဏခဏပဲ… ဒီလိုနဲ့ အသက်တွေကြီးပြီး ပျင်းစရာ ကုမ္ပဏီ ၀န်ထမ်းဘ၀နဲ့ ဖြတ်သန်းလာခဲ့တဲ့ စတိဗ်ဟာ ဘ၀ကိုပြန်စဉ်းစားရင်း ငယ်ငယ်ကဖြစ်ချင်တဲ့ Miner ဘ၀ကို ပြန်သွားဖို့စိတ်ကူး လိုက်ပါတယ်.ဒီခါတော့ သူ့ကိုတားမယ့် အဘိုးကြီးကို တွန်းထုတ်ပြီး မိုင်းတွင် ထဲကို ၀င်သွားလိုက်ပါတယ်… မိုင်းတူးနေရင်း အလင်းတွေထွက်နေတဲ့ ဖန်ဆင်းမှုကျောက်တုံး နှစ်ခုကိုတွေ့ပြီး ပေါင်းစပ်လိုက်ရာကနေ Minecraft ရဲ့ over world ကမ္ဘာကြီးထဲရောက်သွားပါတော့တယ်.. over world နဲ့အတူ ၀က်သတ္တဝါ ပင်ဂလင်တွေနေပြီး ဖန်ဆင်းခြင်းမရှိတဲ့ underworld လည်းရှိနေပါတယ်.. ဒီကမ္ဘာတွေကိုအုပ်စိုး ဖို့ကြိုးစားနေတဲ့ မစ်ဂိုရှာဆိုတဲ့ စုန်းမကြီးနဲ့ စတိဗ်တို့အဖွဲ့ ရင်ဆိုင်ဖို့အကြောင်းဖန်လာ ပါတော့တယ်………… File size… ( 7.25 GB) / (2.83 GB) / ( 1.54 GB) Quality… WEB-DL 4K HEVC 1080p /720p Format…mkv / mp4 Duration….1h 41m Genre …..Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khnat Translated by Act & Thiha

6 2025 101 mins
A Minecraft Movie
Daniela Forever
6

ဟူး… ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာမျိုး၊ ပြောရရင် ရင်ထဲမှာ တစ်မျိုးကြီးပဲ၊ မဟုတ်လား။ သေကွဲဖြစ်ဖြစ်၊ ရှင်ကွဲဖြစ်ဖြစ်၊ အဲဒီခံစားချက်က လွယ်လွယ်နဲ့ ပျောက်မသွားဘူး။ တစ်ခါတလေ သူတို့ရယ်တဲ့မျက်နှာ၊ သူတို့ပြောတတ်တဲ့ စကားလုံးလေးတွေ ရုတ်တရက် ပြန်သတိရလာပြီး လွမ်းလိုက်တာ ဆတ်ကနဲပဲ။ တကယ်လို့ မင်းချစ်ရတဲ့သူနဲ့ ထာဝရ အတူရှိနေလို့ရမယ့် ကမ္ဘာလေးတစ်ခု ဖန်တီးလို့ရရင် ဘယ်လောက်ကောင်းမလဲ၊ ဟုတ်တယ်မဟုတ်လား။ အဲဒီမှာ ငိုရမယ့်အချိန်မရှိ၊ နှုတ်ဆက်ရမယ့်အချိန်မရှိ၊ ပြီးတော့ အမြဲတမ်း ပြုံးရယ်နေလို့ရမယ်။ ဒါပေမယ့် အိပ်မက်ကမ္ဘာလေးက အိပ်မက်ပဲလေ။ တကယ့်ဘဝကြီးကတော့ ဆုံးရှုံးမှုတွေနဲ့လည်း ရောယှက်နေတာပဲ။ ဒါပေမယ့်လေ၊ ဆုံးရှုံးလိုက်ရတာကလည်း ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ပိုနားလည်လာအောင် သင်ပေးတယ်မဟုတ်လား။ သူတို့မရှိတော့ပေမယ့် သူတို့ပေးခဲ့တဲ့ အမှတ်တရတွေက ရင်ထဲမှာ အမြဲရှိနေမှာပါ။ အဲဒါလေးတွေကို သိမ်းထားပြီး ချစ်ခြင်းတွေကို ဆက်ဖြတ်သန်းသွားရင်း၊ တစ်နေ့မှာ ပြုံးလို့ရအောင် ကြိုးစားကြည့်စေချင်ပါတယ်။ နီကိုးလပ်စ်ဟာ သူ့ရဲ့ချစ်သူဒန်နီယယ်လာကို မတော်တဆယာဉ်တိုက်မှုတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီးနောက် ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်ကျရောဂါထဲ နစ်မျောနေရတယ်။ သူ့ဘဝဟာ မက်ဒရစ်မြို့ရဲ့ မီးရောင်မှိန်ဖျော့ဖျော့ လမ်းတွေမှာ အဓိပ္ပာယ်မဲ့စွာ လှည့်လည်နေရင်း ပိတ်ဆို့ထားတဲ့ အခန်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း ဗစ်တိုးရီယာက သူ့ကို ထူးခြားတဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုနဲ့ မိတ်ဆက်ပေးတယ်။ ဒီဆေးဟာ လူတွေကို အိပ်မက်ထဲမှာ အဆင့်မြင့်စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်းပေးပြီး နီကိုးလပ်စ်ဟာ ဒီဆေးကို အသုံးပြုပြီး ဒန်နီယယ်လာနဲ့ သူ့ရဲ့အတိတ်ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတာကို ကြည့်ရှုရမှာပါ။ File Size… (956 MB) Quality… WEB-DL 1080p HEVC Format…mkv Duration…1h 53m Genre ….Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

6 2024 113 mins
Daniela Forever