YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Poong.the.Joseon.Psychiatrist.S02E01.720p.CM.mp4

397.93 MB N/A video/mp4 591 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nanny Dearest
6.3

အသက်ငယ်ငယ်လေးနဲ့ သမီး‌လေးမွေးထားတဲ့ တေလာတစ်ယောက် ပိုက်ဆံရဖို့အတွက် မမျိုးဥလှူဒါန်းမှုလုပ်ခဲ့ပြီး အိမ်ပြန်လာတဲ့အချိန်မှာ သူ့ကောင်လေးရဲ့မတော်တဆလုပ်ရပ်ကြောင့် မွေးကင်းစသမီးသေဆုံးသွားတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့တေလာလည်းစိတ်လွတ်သွားပြီး သူ့ကောင်လေးကို သ-တ်လိုက်မိတဲ့အတွက် ထောင်ဆယ်နှစ်ကျသွားပါတော့တယ်။ ဆယ်နှစ်အကြာ တေလာတစ်ယောက်ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ သူ့သမီးလေးကိုပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ ထောင်ထဲမှာတုန်းကသိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကိုယူပြီး သူရဲ့မမျိုးဥကို လက်ခံခဲ့တဲ့ မိသားစုနောက်ကို ပြန်လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့မမျိူးဥကိုလက်ခံခဲ့တဲ့မိသားစုကိုရှာတွေ့ပြီး အဲဒီမိသားစုထဲကို ဝင်လို့ရအောင်လုပ်ရင်း သူ့ရဲ့သမီးနားကိုကပ်ဖို့ကြိုးစားတဲ့အခါမှာ သူ့သမီးအနားမှာနေသွားနိုင်မလား၊ လက်ခံခဲ့တဲ့မိသားစုက‌ ရော သူဘယ်သူလဲဆိုတာကို သိသွားမလား၊ သူ့သမီးရဲ့ အမေဖြစ်ခွင့်ရမှာလား၊ ဘယ်လိုအရှုပ်ထုတ်တွေလုပ်မိမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File size…(2.1 GB)/(875 GB)/(490 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Adventure • Drama • Mystery
6.3 2023 90 mins
Nanny Dearest
TÁR
7.2

ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | 732MB | 395MB Format… mp4 Duration…. 2h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Romance
7.2 2022 158 mins
TÁR
Happy Bhag Jayegi
6.2

IMDb Rating (6.5) ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့...ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့.........။ ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ.... ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ...ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။ အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာ‌ခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ ... အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေ‌ထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ‌ ခံစားကြည့်ကြပါဦး။ Happy Phirr Bhag Jayegi (2018) ဇာတ်ကားဆက်ထွက်ထားပြီး ဒီလင့်မှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Htoo Aung နဲ့ Intelligence တို့ ဖြစ်ပါတယ်။ File size…(2.6 GB)/(999 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:05:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence

Comedy • Horror • Mystery • Thriller
6.2 2016 126 mins
Happy Bhag Jayegi
The Exit Row
2

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။ သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

Comedy • Drama • Sci-Fi & Fantasy
2 2023 91 mins
The Exit Row
The Wife
7.1

IMDB 7.3,,,,Rotten....84% ဒီကားက ကားသစ်ဆိုပေမယ့် တော်တော်နဲ့မလုပ်ဖြစ်ဘူး...ဘာလို့လဲဆိုတော့ ရုပ်ရှင်ပိုစတာက ဆံနွယ်တွေဖြူလွှပြီး ပါးရည်တွေတွန့်နေတဲ့ အဘိုးကြီးအဘွားကြီးပုံဖြစ်တော့ ဆွဲဆောင်မှုအားနည်းနေတဲ့အပြင် ရုပ်ရှင်ရဲ့ နာမည်ကလည်း The wife ဆိုတော့ ရုပ်ရှင်ကားပါအကြောင်းအရာများဟာ ဘောင်ခေတ်ထားတဲ့ ဇာတ်ကားကြီးလို့ ခံစားမိတယ်...သို့ပေမယ့်  ဒီနှစ်အော်စကာဆန်ကာတင်စာရင်းရဲ့ အကောင်းဆုံးမင်းသမီးရွေးချယ်ယာထားတဲ့သူတွေထဲမှာ ဒီကားရဲ့ အဓိက မင်းသမီးကြီး Glenn Close  ပါလာလေတော့ မဖြစ်မနေလုပ်ရတော့တယ်...IMDb နဲ့  RT  ကလည်း ကြွရွနေတယ်.... တစ်ကယ်တော့ ဒီကားမျိုးက အညွှနး်ရေးလို့ တော်တော်ကြီးကို မဖြစ်တဲ့ကားမျိုးပါ... မရေးတတ်ရေးတတ်နဲ့ဖွဲ့စည်းထားတဲ့ ၀ါကျ(၃)လေးကြောင်းအောက်မှာ အော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကြီးဟာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလို ဒီလိုကားကောင်းကိုကြိုက်တဲ့သူတို့အဖို့ ထဆဲချင်စိတ်ပေါက်သွားစေနိုင်လို့ပါ.. ...တစ်ချို့သူတွေအတွက် ဒီကားဟာ ဘာကားကြီးမှန်းလဲ မသိဘူးလို့ ရေရွတ်ကောင်း ရေရွတ်လိမ့်မယ် ...ဒါပေမယ့် တစ်ချို့သူတွေအတွက် ဒီကားက ခင်ဗျားတို့ကို ကျောက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်... ပြောတဲ့ ဒိုင်ယာလော့တွေ ....သရုပ်ဆောင်တွေ ...ဇတ်လမ်းအချိတ်အဆက်တွေကလည်း တကယ်ကောင်းပါတယ်.. ဒီကားနဲ့ပတ်သက်ပြီး ပြောပြလို့ရတာနည်းနည်းတော့ရှိတယ်.... လင်မယား(၂)ယောက်ရှိတယ်...ယောင်္ကျားက စာရေးဆရာ..တစ်နေ့တော့ မနက်အစောကြီးဖုန်းဆက်လာတယ်... ခင်ဗျားရေးတဲ့စာအုပ်ကြောင့် နိုဘယ်ဆု ရပါတယ်..ဒါ့ကြောင့် ဆွီဒင်က စတော့ဟုမ်းမြို့ကို ဆုယူဖို့ကြွခဲ့ပါတဲ့... ကိုင်း ဘာကြောင့် ဒီကားကို The wife လို့ခေါင်းစဉ်တပ်တာလဲ... ဘာဖြစ်လို့ အဘိုးအဘွားကြီးကိုမှ ရွေးချယ်ရိုက်ကူးရတာလဲ...မင်းသမီးကြီးကရော ဘယ်လောက်များသရုပ်ဆောင်ကောငး်လို့ အော်စကာဆန်ကာတင်စာရင်း ဝင်တာလဲဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ဇာတ်လမ်းအညွှနး်နဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်... File Size : (940 MB) and (333 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Comedy
7.1 2018 100 mins
The Wife
My Super Ex-Girlfriend
5.2

My Super Ex-Girlfriend (2006) Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။ စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ဂျန်နီက G-Girl မှန်း မက်သိသွားတဲ့အခါ… စူပါဟီးရိုးအနေနဲ့ Cool ဖြစ်ပေမဲ့ ရည်းစားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်များပြီး သဝန်တိုတတ်တဲ့ ဂျန်နီနဲ့မက်တို့ အဆင်မပြေကြတော့ဘဲ မက်က သူတကယ်ချစ်တဲ့သူက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ဟန်နာဆိုတာသိသွားတဲ့အခါ… ဂျန်နီနဲ့ဟန်နာတို့ကြားမှာ မက်ဘယ်လိုဒုက္ခရောက်ဦးမလဲ… ဂျန်နီနောက်ကိုလိုက်နေတဲ့သူကရော ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ… ဆက်ပြီးကြည့်ရှုလိုက်ပါဦး။ စူပါပါဝါတွေနဲ့ကားကိုမှ ရိုမန့်ဟာသ အသားပေးထားတာမို့ လူတိုင်းနီးပါးကြည့်လို့အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 975MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 36Min Genre – Comedy, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

5.2 2006 95 mins
My Super Ex-Girlfriend
Dukun
6.6

Dukun (2018) 2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။ တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့ အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။ ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှ မှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။ မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။ သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက် အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။ တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်က နိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။ မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။ မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် “ငါဘယ်တော့မှမသေဘူး” လို့ပြောသွားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကို ဖန်တီးဖြည့်စွက်ပြီး ပြည့်စုံတဲ့ဇာတ်လမ်းအဖြစ်တင်ဆက်ပေးထားပါတယ်။ သေချာတာကတော့ ဒီဇာတ်လမ်းက ဆယ်စုနှစ်တစ်ခုကျော်ကြာစောင့်ဆိုင်းခဲ့ရတာနဲ့တန်အောင်ကောင်းပြီး နောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာထိလဲ လူတွေကိုခြောက်လှန့်နေဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Crime, Horror, Thriller Quality…. 1080p | 720p File size… 1.7GB | 728MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

6.6 2018
Dukun
Nunakkuzhi
7.5

Nunakkhuzhi (2024) “အပျော်မှအပျက်ဆီသို့” ယခုအခါမှာတော့ IMDB 7.5/10 ရရှိထားတဲ့ ဘောလီးဝုဒ်ဟာသကားလေးကို တင်ဆက်ပေးသွားမှာပါ။ မိခင်ဖြစိသူရဲ့ ဖူးဖူးမှုတ်ဂရုစိုက်မှုတွေကြောင့် ကလေးစိတိမကုန်သေးတဲ့ အက်ဘီ… ဖခင်ဖြစ်သူရဲ့ မသေခင်ဆန္ဒကြောင့်အိမ်ထောင်ပြုပီ့း ကုမ္ပဏီကိုဦးဆောင်ခဲ့ရသော်လည်း ကလေးစိတ်မကုန်သေးသော အက်ဘီ… မိန်းမဖြစ်သူနဲ့မင်္ဂလာဦးဗီဒီယိုတွေရိုက်ပြီးသိမ်းထားတတ်တဲ့ အက်ဘီ.. သူဦးဆောင်နေတဲ့ကုမ္ပဏီကို အခွန်ကိစ္စနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးတဲ့အခါ သူ့ကွန်ပျူတာကိုသိမ်းသွားတဲ့အခါ…. သူ့မိန်းမနဲ့ကြားအိမ်ထောင်ရေးအဆင်မပြေဖြစ်လာမလား … သူတို့လင်မယားရဲ့မင်္ဂလာဦးဗီဒီယိုတွေကရော လူံခြုံမှုရှိပါ့မလား… ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာရပြီး ရင့်ကျက်လာမှာလား.. စတာတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team ပဲ ရေးသားပေးထားပါတယ်)

Comedy • Drama
7.5 2024
Nunakkuzhi
His Three Daughters
7.3

ဒီတစ်ခေါက် cm ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အားလုံးရဲ့အချစ်တော် မမ Elizabeth Olsen ပါဝင်သရုပ်ဆောင်ထားတဲ့ His Three Daughters ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ညီအစ်မသုံးယောက်နေရာမှာ အကြီးဆုံးအစ်မ ကေတီအဖြစ် မင်းသမီး Carrie Coon၊ အလတ်ညီမ ခရစ္စတီးနားအဖြစ် Elizabeth Olsen၊ အငယ်ဆုံးညီမ ရေချယ်အဖြစ် Natasha Lyonneတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ကေတီ၊ ခရစ္စတီးနားနဲ့ ရေချယ်တို့ရဲ့ဖခင် ဗင်းဆင့်ဟာ ကင်ဆာရောဂါကြောင့် ဘဝတစ်ပါးကို ကူးပြောင်းခါနီး အခြေအနေကို‌ရောက်လို့နေပါတယ်။ အဲဒါကြောင့်ပဲ သူတို့ညီအစ်မသုံးယောက်ဟာ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း အနီးကပ်လာစောင့်ရှောက်ကြပုံကို ဇာတ်အိမ်တည်ရိုက်ကူး ထားတဲ့ Family/Drama ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့လူ မကြာခင်ထွက်သွားတော့မှာကို သိသိလျက်ကြီးနဲ့ ဘေးနားထိုင် ကြည့်နေရပြီး ပူဆွေးသောကရောက်နေရတာဟာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ ကြုံဖူးသူတွေဆို သိပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာလည်း တစ်ယောက်တစ်နေရာစီနေထိုင်ကြတဲ့ ညီအစ်မ သုံးယောက်ဟာ ဖခင်ရဲ့နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းရင်း စိတ်ဖိစီးမှုတွေ ပူပန်သောကရောက်မှုတွေ အကြား အချင်းချင်း ပဍိပက္ခဖြစ်ကြရပုံတွေ၊ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြပုံတွေကို ပုံဖော်ရိုက်ကူးပြထားပါတယ်။ Family/Drama ဖြစ်တဲ့အလျှောက် ဇာတ်လမ်းအေးပြီး တစ်နေ့လူတိုင်းကြုံ လာရနိုင်မဲ့ အခြေအနေတစ်ခုကို အရှိတိုင်းရိုက်ပြထားတဲ့အတွက်ကြောင့် သဘာဝဆန်ဆန်နဲ့ ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမွန်းကြပ်နေတဲ့ခံစားချက်တွေကိုပါ ကူးစက်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း အပိုအလိုလုံးဝမရှိအောင်သရုပ်ဆောင်သွားနိုင်တဲ့ အတွက် ရုပ်ရှင်ဟာတကယ် လက်တွေ့ဆန်လွန်းလှပါတယ်။ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ လုံးဝမတူညီကြတဲ့ ညီအစ်မသုံးယောက်အနေနဲ့ သူတို့ဘဝရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.62GB / 697MB Quality…NF WEB-DL 1080p HEVC 5.1CH / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.3 2024
His Three Daughters
Thandel
6.8

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊ တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

Comedy • Drama
6.8 2025 152 mins
Thandel
The Perfect Candidate Candidatul Perfect

ဘဝမှာ ဘာရည်မှန်းချက် ဘာအိပ်မက်မှ မရှိဘဲ ဖြတ်သန်းနေတဲ့ ခပ်တုံးတုံးလူတစ်ယောက် ကိုစတီကာ……… အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ရှုံးမှဖြစ်မယ့် နိုင်ငံရေးပါတီတစ်ခုက ကိုစတီကာကို လှည့်စားပြီး သမ္မတရွေးကောက်ပွဲအတွက် ဝင်ပြိုင်ခိုင်းလိုက်သောအခါ………….. ကားပါကင်နေရာတစ်ခုရဖို့ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိုစတီကာတစ်ယောက် နိုင်ငံရေးလောကမှာ ဘယ်လိုအခြေအနေမျိုးတွေကို ကြုံတွေ့ရမလဲ???? သမ္မတလောင်းအဖြစ် မဲဆွယ်တဲ့အခါမှာရော ဘယ်လိုအလွဲလေးတွေကို ကြုံတွေ့ရမလဲ???? နိုင်ငံရေးလှည့်ကွက်တွေ၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လာဘ်စားမှုတွေ၊ အလိမ်အညာတွေ၊ လှည့်စားမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ တစ်မူထူးခြားတဲ့ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ်…… ကိုစတီကာတစ်ယောက် ပါတီကဖြစ်စေချင်သလို ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားမှာလား ဒါမှမဟုတ် အလွဲလွဲအချော်ချော်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး ရိုမေးနီးယားသမ္မတကြီး ဖြစ်လာမလားဆိုတာကို Candidatul Perfect (2024) မှာ ကြည့်ရှုလိုက်ရအောင်……… File size… (1.9 GB) / (961 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Horror
0 2024
The Perfect Candidate Candidatul Perfect
Khitrovka. The Sign of Four Hitrovka. Znak chetyryokh (Aka) In the Moscow Slums

Khitrovka. The Sign of Four (aka) Hitrovka. Znak chetyryokh (Aka) In the Moscow Slums ဒီကားလေးကတော့ ထူးထူးဆန်းဆန်း Sherlock Holmes ၀တ္ထုတွေရဲ့ ဖခင်စာရေးဆရာကြီး Sir Arthur Conan Doyle ရဲ့ The Sign of Four ၀တ္ထုကို အခြေခံပြီးရိုက်ထားတဲ့ ရုရှားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Moscow မှာ ဇာတ်အိမ်တည်ထားပြီး‌တော့ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Stanislavsky က Sherlock Holmes ကို ကိုယ်စားပြုပြီး Gilyarovsky ကတော့ Dr. Watson ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ မူရင်း Sherlock Holmes လို အရမ်းရှုပ်ထွေးနက်နဲထူးချွန်နေတာမျိုးတွေမပါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ Personal အမြင်အရတော့ Moscow vibe လေးနဲ့ တော်တော် အသစ်အဆန်းဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။ Plot က straight forward ဖြစ်ပြီးတော့ စိတ်ပြေ‌လက်ပျောက်ကြည့်လို့ကောင်းမယ့် စုံထောက်ကားကောင်းတစ်ကားပါ။ Cinematography လည်းအတော်အသင့်လှပါတယ်။ အရမ်း serious မဖြစ်ပဲ စိတ်ပြေလက်ပျောက်စုံထောက်ကားတစ်ကားကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက်သင့်တော်မယ့်ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Auctorem မှတင်ဆက်ထားပါတယ်)

Drama
0 2023 129 mins
Khitrovka. The Sign of Four Hitrovka. Znak chetyryokh (Aka) In the Moscow Slums