YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Poong.the.Joseon.Psychiatrist.E09.1080p.CM.mp4

1.08 GB N/A video/mp4 617 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Scorpio Nights 3
6.8

1985 ခုနှစ်ထွက် ဖိလစ်ပိုင်နိုင်ငံရဲ့ ညစ်ညမ်းရုပ်ရှင်တစ်ကားဟာ အဲဒီအချိန်ကာလ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်သမ္မတ မားကို့စ်ကို ဖြုတ်ချပြီး ပြိုင်ဘက်အတိုက်အခံခေါင်းဆောင် အကွီနိုကို သမ္မတတင်‌မြှောက်ဖို့အရေးအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်ခဲ့ပါတယ်။ အဲဒီကားကတော့ ကိုရီးယားကတောင် Summertime (2001) ဆိုပြီး ပြန်ရိုက်ခဲ့တဲ့၊ အပေါ်ထပ်အောက်ထပ် ဇာတ်လမ်းလို့ နာမည်ကြီးခဲ့တဲ့ Scorpio Nights ပါပဲ။ မားကို့စ်အစိုးရကတော့ အဲဒီဇာတ်ကားကို လူထုကြားထဲ အာရုံလွဲစေဖို့ရည်ရွယ်ချက်နဲ့ ပြသခွင့်ပြုခဲ့တာဖြစ်ပေမဲ့ တကယ်တမ်း ဇာတ်ကားရဲ့ ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်တွေဟာ လူထုကို အတွေးအမြင် ပိုပွင့်လင်းလာစေပြီး မီးစာထည့်လိုက်သလိုဖြစ်သွားတာကြောင့် နောင်တစ်နှစ်အကြာမှာ လူထုတော်လှန်ရေးကြီးဖြစ်သွားခဲ့ပြီး မားကို့စ်အစိုးရလည်း ပြုတ်သွားခဲ့ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ ညစ်ထေးစုတ်ပြတ်နေတဲ့ တိုက်တန်းလျားဟာ မားကို့စ်လက်ထက် ဖိလစ်ပိုင် နိုင်ငံကို ကိုယ်စားပြုတာ ဖြစ်ပြီး ရက်စက်တတ်တဲ့ အိမ်ထောင်ဦးစီး ညစောင့်အမျိုးသားဟာ အာဏာရှင် မားကို့စ်ကို ဆိုလိုတာ ဖြစ်သလို ကျောင်းသားလေး အပေါ် ရမ္မက်ပြင်းပြနေတဲ့ မိန်းမကလည်း အကွီနိုကို မျှော်လင့်နေတဲ့ ပြည်သူကို ကိုယ်စားပြု နိမိတ်ပုံပေါ်ထားတာပါ။ မားကို့စ်လက်ထက် လူတွေ စာရိတ္တနဲ့ စိတ်ဓာတ်တွေ ပျက်ပြားလာကြတာကိုလည်း တန်းလျားကြီးမှာ နေထိုင်ကြတဲ့ အကျင့်စာရိတ္တ မကောင်းသူတွေနဲ့ နိမိတ်ပုံပြထားတာဖြစ်ပါတယ်။ အဲဒါတွေကို မားကို့စ်အစိုးရဟာ မသိခဲ့ဘဲ လူထုကြားထဲ ထုတ်လွှင့်ပြသစေခဲ့မိတာပါ။ ရှင်းရှင်းဘွင်းဘွင်း ပြကွက်တွေကြောင့် အငြင်းပွားစရာတွေရှိခဲ့သလို ဖိလစ်ပိုင်ရဲ့ နိုင်ငံရေးလောကနဲ့ ရုပ်ရှင်လောကအတွက် အရေးပါတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့တဲ့ အဲဒီဇာတ်ကားကို 1999 မှာ တစ်ကြိမ် Scorpio Nights 2: Standalone sequel အဖြစ်ထွက်ရှိခဲ့ပြီး အခုချိန်မှာတော့ Scorpio Nights 3 အဖြစ်ပြန်လာခဲ့ပါပြီ။ ဇာတ်လမ်းကတော့ မူလဇာတ်ကားရဲ့ကျောရိုးအတိုင်း အဆောင်သဘောမျိုးလူတွေစုပေါင်းနေထိုင်ကြတဲ့ အိမ်ကြီးတစ်လုံး၊ အပေါ်ထပ်မှာနေတဲ့ ကျောင်းသားလူငယ်လေး၊ အောက်ထပ်ကိုပြောင်းလာတဲ့ စုံတွဲတစ်တွဲ၊ ချောင်းကြည့်ပေါက်ကတစ်ဆင့် ဖြစ်လာခဲ့တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းအပေါ်မှာပဲတည်ဆောက်ထားတာပါ။ အဲ့ဒါတွေနဲ့တစ်ပြိုင်တည်းမှာပဲ အရင်ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီးနောက် အကြီးအကျယ် ဂယက်ရိုက်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို နောက်ခံမှာတစ်ဖြည်းဖြည်း ဇာတ်ရှိန်မြှင့်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းကြမ်းသလို အဖော်အချွတ်လိင်ဆက်ဆံတဲ့ပြကွက်တွေလဲအတော်ကိုကြမ်း၊ နှိပ်စက်သတ်ဖြတ်တာတွေလဲကြမ်းပါတယ်။ မူရင်းဇာတ်ကားတွေကိုကြိုက်ခဲ့တဲ့ပရိသတ်တွေစိတ်ပျက်ရမှာမဟုတ်တာကတော့ လုံးဝ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 853MB, 480MB Quality - 1080p, 720p, 480p IMDb Rating - 9.2/10 Format - mp4 Duration - 1H 52Min Genre - Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

Mystery • Thriller
6.8 2022 112 mins
[18+] Scorpio Nights 3
Disenchanted
6.9

2007 ခုနှစ်ရဲ့ Enchanted ရုပ်ရှင်အဆက်အနေနဲ့ Disenchanted ထွက်ပါပြီ။ ဒစ္စနေးရဲ့ ရုပ်ရှင်အသစ်လေးပါပဲ။ မှော်စိတ်ကူးယဉ်ဇာတ်လမ်းကို သီချင်းလှလှလေးတွေနဲ့ တန်ဆာဆင်ထားလို့ မိသားစုလိုက်ပျော်ပျော်ကြီးကြည့်လို့ရမှာပါ။ ဇာတ်လမ်းအကျည်း ... ဂျစ်ဆဲလ်ဟာ အန်ဒလေးရှားတိုင်းပြည်ကနေ နယူးယောက်ကိုရောက်လာခဲ့ပြီး ရောဘတ်နဲ့မော်ဂန်တို့ သားအဖနဲ့တွေ့ဆုံခဲ့တာပါ။ ဒီဇာတ်ကားမှာတော့ ရောဘတ်နဲ့ ဂျစ်ဆဲလ်တို့က ဆိုဖီယာဆိုတဲ့ သမီးလေးမွေးလာပြီး နယူးယောက်ကနေ မွန်ရိုဗီးဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းရွှေ့လာခဲပါတယ်။ ကျေးလက်မှာ အခက်အခဲတွေတွေ့ရပြီး မော်ဂန်နဲ့လည်း အဆင်မပြေဖြစ်လာတဲ့အခါ ပုံပြင်ကမ္ဘာထဲမှာ ကြီးပြင်းခဲ့တဲ့ ဂျစ်ဆဲလ်ဟာ အမြဲပျော်နေချင်တဲ့သူဖြစ်တာကြောင့် သူလက်ဆောင်ရတဲ့ ဆုတောင်းနှင်တံလေးကိုသုံးပြီး ပုံပြင်ဘဝမျိုးရပါစေလို့ဆုတောင်းလိုက်မိပါတယ်။ ဒါပေမဲ့ ဆုတောင်းရင်သတိထားပါဆိုတဲ့ ဆိုရိုးအတိုင်း ပုံပြင်ကမ္ဘာဆိုတာ ပျော်စရာအပြင် ဗီလိန်တွေလည်း ပါလာတဲ့အတွက် အန္တရာယ်ကြီးတွေရင်ဆိုင်ရတဲ့အခါ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2.9GB, 1.1GB, 588MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 58mins Genre              : Animation, Adventure, Comedy Translated by Mr.Anderson Encoded by Kinnov

Adventure • Comedy • Family
6.9 2022 120 mins
Disenchanted
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
Hide-and-Never Seek
5

Hide and Never Seek (2016) ကလေးဘဝကလူတိုင်းကစားဖူးတဲ့ တူတူပုန်းတမ်းကို Horror Version လေးတစ်ဖြတ်အနေနဲ့ ကြည့်ရှုရဦးမှာပါ။ VJ Glow ဟာ “Glow World” ဆိုတဲ့ horror channel တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။ channel ကနေ ဝင်ငွေရဖို့အတွက် သူနဲ့ Producerဘတ် တို့က ထူးခြားဆန်းပြား ခြောက်ခြားစရာcontent အသစ်တွေကို ရှာဖွေနေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ Channel ကို Video တစ်ခုပေးပို့လာခဲ့ပါတယ်။ video ထဲမှာတော့ အထက်တန်းကျောင်းသူလေး ၂ ယောက်က တစ်ယောက်တည်းတူတူပုန်းတမ်းလို့ဆိုတဲ့ ဝိဉာဉ်လောကနဲ့ဆက်သွယ်ပြီးကစားရတဲ့တူတူပုန်းတမ်းကိုကစားနေခဲ့တာပါ ။အဲဒီ video ထဲမှာရိုက်ကူးမိထားတဲ့ ခြောက်ခြားစရာအဖြစ်အပျက်ကို VJ Glow တို့တွေက စိတ်ဝင်စားသွားကြပြီး Channel မှာတင်ဆက်ဖို့အတွက် Video ထဲကအဆောက်အဦးကို ကိုယ်တိုင်သွားရောက်စူးစမ်းကြပါတော့တယ်။ အဲဒီကျိန်စာသင့်အဆောက်အဦးထဲမှာပဲ live broadcast လွှင့်ကြရင်းနဲ့ ဘယ်လို ထူးထူးဆန်းဆန်းကြောက်မက်ဖွယ်တွေဖြစ်လာမလဲ ….. Video ထဲကကျောင်းသူလေးကိုရော ကယ်တင်နိုင်မလား ….ဆိုတာတွေကို ရုပ်ရှင်တစ်ခုလုံးကို ကင်မရာနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ပုံစံအနေနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာကြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 943MB | 435MB | 219MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. ThantSin Encoder ….. August

5 2016 90 mins
Hide-and-Never Seek
Dark Harvest
5.4

ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့ မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်း ရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေ မကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲက ဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။ အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံး မုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီး တစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန် အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။ အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာ ရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။ အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်း အဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့ အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ… File size… 4.97 GB / 1.53 GB / 644 MB Quality… Web-Dl 4k /1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Ka Naung , Thit San Khant Translated by Mr.Anderson

Drama • Family • Music • Romance
5.4 2023
Dark Harvest
Wolf and Dog
6.2

Wolf and Dog (2022) ================ IMDb Rating – 6.2/10 ဘာသာရေးကိုင်းရှိုင်းပြီး ဓလေ့ထုံးတမ်းတွေကို အလေးထားတဲ့ အတ္တလန္တိတ် ပင်လယ်ထဲက ကျွန်းတစ်ကျွန်းနဲ့ အများက သာမန်လို့ လက်ခံယုံကြည်ထားတဲ့ ဖြစ်တည်မှုတစ်ခုကနေ ရုန်းထွက်ချင်နေတဲ့ လူငယ်တစ်စု။ အန်နာဟာ ဒီကျွန်းလေးမှာ အိပ်မက်တွေကို စွန့်လွှတ်ပြီး ဘဝကို ရောင့်ရဲတင်း တိမ်နေရတယ်။ တဲလ်မိုဆိုတဲ့ ကောင်လေးကတော့ အလှတွေ ပြင်ပြီး ပန်းပွင့် လေးလို ပွင့်လန်းချင်တဲ့ လူငယ်ကောင်လေးတစ်ယောက်။ ကလိုဝီကတော့ ဘဝကို လွတ်လပ်စွာနေထိုင်နေပြီး ဒီကျွန်းကို ခဏတစ်ဖြုတ် လာလည်သူ အန်နာ့ သူငယ်ချင်း ကနေဒါသူလေးတစ်ယောက်။ တဲလ်မိုနဲ့ ကလိုဝီတို့ အန်နာနဲ့ မတူတဲ့ အချက်ကတော့ သူတို့ရဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး ကိုယ်ပိုင် ပျော်ရွှင်မှုကို ရွေးချယ်ရဲတဲ့ သတ္တိရှိကြတယ်။ ဒါတွေ က တစ်နေ့မှာ အန်နာ့အတွက် ခွန်အားတွေဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ယဉ်ကျေးမှုတွေ ထွန်းကားရာ ကျွန်းတစ်စုက Queer Community အတွက် လှပတဲ့ တေးသွားလေးတစ်ပုဒ်ဆို မမှားပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(3.5 GB) / (1.33 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 51Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Act Molemy Encoder……….SWM

6.2 2022
Wolf and Dog
Thanksgiving
7

Thanksgiving(2023) ****************** (ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့ နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး…) ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။ သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။ Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက် ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာ တစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီး လူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာ ဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင် ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်း အသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေ အရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။ File size…3.36GB /1.6 GB / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson

7 2023
Thanksgiving
Godzilla Minus One
8.4

Godzilla Minus One (2023) ===================== IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း – ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက် မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေ မျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်း ဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ် ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏု မြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာ ဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ် ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။ နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေ မျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ် ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူ ဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာ ကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင် တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ် ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာ လံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာ ဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကို ပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင် ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေ ကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ် ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့ လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင် ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခု ဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(6.2 GB) / (2.02 GB) / (1.05 GB) Quality…………BLU-RAY 4K HEVC / 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

8.4 2023
Godzilla Minus One
Svaha: The Sixth Finger
6.3

Svaha: The Sixth Finger (2016) IMDb Rating (6.3) / Rotten Tomatoes (75%) ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ… ဇာတ်လမ်းကတော့… ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာရေးအသုံးအနှုန်းတွေပေါ်မူတည်ပြီး အမှုကိုအဖြေရှာဖွေဖော်ထုတ်ထားတာမလို့ စိတ်ဝင်တစားလိုက်ပါကြည့်ရှုမှသာ အပြည့်အဝနားလည်မယ့်ရုပ်ရှင်ကားမျိုးပါ။

6.3 2016 122 mins
Svaha: The Sixth Finger
Divines
7.4

ပါရီဆင်းရဲသားရပ်ကွက်က ကောင်မလေးတစ်ယောကရဲ့ လောကဓံအနိမ့်တွေ၊ သူငယ်ချင်းကြားက သံယောဇဉ်ကြိုးတွေ၊ မြို့ပြရဲ့ ခက်ထန်မှုတွေကို ဘွင်းဘွင်းကြီး ထင်ဟပ်နေတဲ့ “Divines”။ ၁၅ နှစ်သမီး ဒူနီယာဟာ အရွယ်နဲ့မမျှအောင် လူမှုအဆင့် အတန်းကွာခြားမှုကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားထားရတဲ့ မိန်းကလေးတစ်ယောက်ပါ။ ပိုင်ဆိုင်တာဆိုလို့ ဝိုင်းစက်စက် မျက်လုံးတွေရယ်၊ လက်ရဲဇက်ရဲနိုင်တဲ့ စရိုက်ရယ်၊ မိုင်မိုနာလို့ ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ ရှိတဲ့ ဒူနီယာဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တံတိုင်းတွေ အထပ်ထပ်ချထားပြီး ရည်မှန်းချက်ကြီးတဲ့ သူလေးတစ်ယောက်။ သူမလို မိန်းကလေးဟာ ရပ်ကွက်ရဲ့ အကျော်ဇေယျ မူးယစ်ဆေးဒိုင် ရေဗက်ကာရဲ့ လက်အောက်ကို ရောက်သွားတဲ့အချိန်မှာ သူမစိတ်ကူးမျှော်မှန်းထားတဲ့ အိပ်မက်ကို အကောင်အထည် ဖော်လာနိုင်တော့မလား? ဒါမှမဟုတ် မတူညီတဲ့ အိပ်မက် အသစ်တွေများ ရလာမလားဆိုတာကို ဒီပြင်သစ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.77 GB / 858 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

7.4 2016
Divines
House on Haunted Hill
5.6

ဟော်ရာ ကားကောင်းတွေ သဘောကျတဲ့လူတွေအတွက် 1999 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပန်းဖြေဥယျာဉ်ပိုင်ရှင် မီလျံနာ သူဌေးကြီး ပရိုက်စ်ရဲ့ မိန်းမရဲ့မွေးနေ့ပါတီလုပ်ဖို့ လူငါးယောက်ဆီကိုဖိတ်စာရောက်လာခဲ့ပါတယ်။ ပါတီကိုတော့ ခြောက်လှန့်တောင်ကုန်းပေါ်က အိမ်မှာ ကျင်းပမှာဖြစ်ပြီး ဧည့်သည်တစ်ယောက်ချင်းစီတိုင်းကို ဒေါ်လာ တစ်သန်းစီပေးမယ်လို့ ဖိတ်စာထဲမှာ ရေးထားပါတယ်။ ဒီလိုနဲ့ ပါတီညမှာ ဖိတ်ထားတဲ့ ဧည့်သည် (၅) ယောက်ရောက်လာပေမဲ့ မူလဧည့်သည်စာရင်းထဲကလူတွေမဟုတ်ဘဲ တခြားလူတွေဖြစ်နေခဲ့ပါတယ်။ ပါတီကျင်းပမဲ့ အိမ်ကြီးကလည်း 1931 မှာ မီးလောင်သွားပြီး လူအစုလိုက်အပြုံလိုက်‌ေ-သဆုံးခဲ့ရတဲ့ စိတ္တဇဆေးရုံဟောင်းကြီးပါ။ ပါတီအစောပိုင်းမှာ ထူးဆန်းတဲ့ကိစ္စတွေဖြစ်ခဲ့တာကို ပရိုက်စ်ရဲ့လူတွေလုပ်နေတာလို့ထင်ခဲ့ကြပေမဲ့ အိမ်ကြီးကိုယ်တိုင်က ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့ အခါမှာ … File Size : 2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

5.6 1999
House on Haunted Hill
One Summer Le temps d’un été
6.7

One Summer (2023) IMDb Rating (6.7) ကနေဒီယန် မင်းသား Patrice Robitailleပါဝင်သရုပ်ဆောင်ထားပြီး ကြည်နူးစရာ၊ဝမ်းနည်းစရာကောင်းတဲ့ comedy / drama ဇာတ်ကားကောင်းလေး တခု ဖြစ်ပါတယ်။ အိမ်ယာမဲ့တွေကို စောင့်ရှောက်ကူညီနေတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး မာစ့်ဟာ တနေ့မှာကျေးလက်ဒေသမှာ ရှိတဲ့ မြေကွက်ကြီးတခုကို အမွေရလိုက်ပါတယ်။ အဲ့ဒီမှာ သူကသူစောင့်ရှောက်ပေးနေတဲ့ အိမ်ရာမဲ့တွေနဲ့အတူ ပျော်ပွဲစားတခု ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီမြေကွက်မှာ နဂိုနေနေကျတဲ့သူတွေကလက်မခံကြတဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှူရင်း ကြည်နူးပီတိဖြစ်စရာ ၊ လူသားချင်း ကူညီရိုင်းပင်းမှုအကြောင်းတွေကို ကြည့်ရှုသွားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ran Naing Zaw

Drama • Romance • Mystery
6.7 2023 126 mins
One Summer Le temps d’un été
Panor

ဖနောဆိုတဲ့မိန်းကလေးက ရွာရဲ့ ကျိန်စာအခမ်းအနားကျင်းပလေ့ရှိတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နေ့မှာမွေးဖွားခဲ့တာပါ။ မွေးကတည်းက ထူးခြားတဲ့စွမ်းအား‌တွေ ပါရှိလာခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းကနေ ပယ်ခံထားရတဲ့မိန်းကလေးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖနောရဲ့ အိမ်နီးနားချင်းတွေကလည်း ဆိုးရွားတဲ့အဖြစ်အပျက်တွေ မကောင်းတဲ့ကိစ္စတွေကို မကြာခဏဆိုသလို ကြုံခဲ့ရတယ်။ ဒီလို ကိစ္စ‌တွေကြောင့်ပဲ ရွာကလူတွေက ဖနောကို မကောင်းဆိုးဝါး‌တွေ ယူဆောင်လာတဲ့သူလို့ သတ်မှတ်ထားကြပြီး ရှောင်ရှားခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့မှာတော့ ဖနောဟာ သူ့ကိုမွေးတုန်းက ပါလာတဲ့အမဲရောင်စွမ်းအားတစ်ခုနဲ့ပတ်သတ်တဲ့အရာကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီအရာကြောင့် ဖနောဟာ သူ့ဘ၀တလျှောက်လုံး ထူးဆန်းတဲ့အနှောင့်အယှက်‌တွေ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်‌တွေနဲ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဖနောမွေးတုန်းက လိုက်ပါလာတဲ့ကံကြမ္မာဆိုးက တကယ်တမ်းဘာလဲ….. ဖနောက‌ရော ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်မလား……. ပြီးတော့ သူမရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ပါ့မလား….ဆိုတာကြည့်ရှုခံစားလိုက်ကြပါဦးလို့……. File size…(2 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Alyn, Htet & Khaing Thazin

Drama • Romance
0 2025 125 mins
Panor
Beautiful Voice
8

Beautiful Voice (2019) ************************ “Beautiful Voice” ဟာ ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကိုရီးယားဟာသ-ဒရာမာရုပ်ရှင်တစ်ကားဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ Park Ho-san, Lee Yi-Kyung, Moon Ji-In တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ အသံသွင်းစတူဒီယိုတစ်ခုမှာ ဂိမ်းတစ်ခုအတွက် အသံသွင်းရင်း ပေါ်ပေါက်လာတဲ့ အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ စတူဒီယိုဟာ ငွေကြေးကျပ်တည်းမှုနဲ့ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် စတူဒီယိုရဲ့ ကိုယ်စားလှယ်ဖြစ်သူဟာ ပိုက်ဆံရဖို့အတွက်နဲ့ ဂိမ်းတစ်ခုကို အသံသွင်းပေးဖို့လက်ခံလိုက်ပါတော့တယ်။ အဲဒီလိုအသံသွင်းရာမှာ ပါဝင်ဖို့သရုပ်ဆောင်တွေရွေးချယ်ရာမှာလည်း ဘယ်သူမှ မသုံးတော့တဲ့ အသံသရုပ်ဆောင်တွေကို ရွေးချယ်မိရာကနေ အဆင်ပြေပြေနဲ့ အသံသွင်းနိုင်ပါ့မလား။ ကြော်ငြာရှင်တွေကပါ ဒီအသံသွင်းတဲ့ လုပ်ငန်းစဥ်ကို ဝင်ရောက်ပတ်သတ်လာတဲ့အခါ ဝါသနာကိုရွေးချယ်မလား ဝမ်းရေးကိုရွေးချယ်မလားဆိုတာတွေကို ဟာသနှောပြီး ရိုက်ကူးတင်ပြထားပါတယ်။ အသံသရုပ်ဆောင်အလုပ်ကို လေးနက်စွာပြသသလို၊ လူမသိတဲ့ နောက်ကွယ်က အနုပညာလုပ်သားတွေရဲ့ ဝါသနာတရားနဲ့ အိပ်မက်ကို စစ်မှန်အောင်ဖော်ပြထားတာကြောင့် မသိသေးတဲ့ကမ္ဘာတစ်ခုကို ခံစားရစေတဲ့ ဇာတ်ကားဖြစ်တာကြောင့် တူတူကြည့်ရှု့ခံစားလိုက်ကြရအောင်ပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 1.26 GB/ 549 MB Quality – WEB-DL 1080p/ 720p Duration – 1h 36m Format – mp4 Genre – Comedy Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet

Animation • Family • Fantasy • Adventure
8 2019 96 mins
Beautiful Voice