YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Police.University.S01E02.CM.mp4

663.19 MB N/A video/mp4 9044 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tombstone
7.6

နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။ Cowboy Vibe အပြည့်ရသလို Gangster ဇာတ်ကားဆန်ဆန် Vibe မျိုးလည်း ရပါလိမ့်မယ်။ Drama လည်း နည်းနည်းတော့ဆန်တဲ့နေရာလည်း ဆန်တယ်ဗျ။ တကယ့် ဆရာကြီးတွေချည်း စုထားတဲ့ ဇာတ်ကားပဲမို့ သရုပ်ဆောင်ကတော့ လုံးဝ အနှစ်တွေချည်းပဲလို့ဆိုရပါလိမ့်မယ်။ ပစ်ရခတ်ရ လူဆိုးထိန်းရတာ စိတ်ကုန်လာတဲ့ ငြိမ်းချမ်းရေးအရာရှိကြီး ဝိုင်ယက်အာ့ပ်နဲ့ ဒုတိယဇနီးလေးတို့က အာ့ပ်ညီနောင်နှစ်ယောက်နဲ့အတူ Tombstone မှာ သေနတ်ကို အနားပေးပြီး အခြေချဖို့ စိတ်ကူးနဲ့ Tombstone ဆိုတဲ့ မြို့လေးကို ရောက်လာကြတယ်။ မြို့လေးက တိုးတက်သလို နောက်ပြန်ဆွဲနေတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်းဘွိုင်တွေပါပဲ။ အဲဒီမြို့လေးမှာ အနီရောင်ပုဝါကို စည်းထားကြတဲ့ ကောင်းဘွိုင်တွေ ကြီးစိုးနေပြီး ဥပဒေကတော့ သိပ်ပြီး သက်ရောက်မှုမရှိဘူးပေါ့။ အငြိမ်းစားယူထားတဲ့ ဝိုင်ယက်ကလည်း ပစ်တာခတ်တာတွေ နားလိုက်ပြီဆိုတော့ လောင်းကစားဝိုင်း လုံခြုံရေးလုပ်ရင်း စီးပွားရှာနေတယ်။ အဲဒီမှာ ဝိုင်ယက်ရဲ့ မိတ်ဆွေရင်းကြီး ဒေါ့ခ်ဟောလီးဒေးဆိုတဲ့ ဘဲနဲ့ ကောင်းဘွိုင်တွေနဲ့ ငြိကြပါလေရော။ အစကတည်းက ဥပဒေဘက်တော်သားဟောင်း ဝိုင်ယက်ကို မကြည်နေကြတဲ့ ကောင်းဘွိုင်‌တွေပါ ဝိုင်းပြဿနာရှာကြတဲ့အချိန်မှာ လူသာနေပေမဲ့ ပညာကတော့မနေဘူးဆိုတဲ့အတိုင်း ဝိုင်ယက်ကြီးလည်း သေနတ်ကို အနားပေးထားရာကနေ သေနတ်ပြန်ကိုင်ရင်း Tombstone က ကောင်းဘွိုင်ဆိုတဲ့ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို ခြောက်လုံးပြူးသံ တညံညံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Adventure • Animation • Family • Mystery
7.6 1993 130 mins
Tombstone
MEAD
1

၂၀၂၂ ခုနှစ်ထွက် သိပ္ပံဇာတ်ကား‌ကောင်းတွေကို မကြည့်ရတာ ကြာပြီဆိုတော့လည်း ကြည့်ချင်နေကြမှာပေါ့။ အဲလိုကားလေးတွေကို မျှော်နေတဲ့ပရိသတ်ကြီးအတွက် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ကားလေးကတော့ Mead 2022 ဆိုတဲ့ကားလေးပါ။ ဒီကားလေးက အရမ်းကောင်းတဲ့ သိပ္ပံအက်ရှင်ကားတွေထဲ မပါပေမယ့် တော်တော်လေးကြည့်ရတာ အဆင်ပြေတဲ့ကားလေးလို့ ဆိုမယ်ဆိုရင်လည်း မမှားပါဘူး။ CGI effects လေးအရမ်းမကောင်းဘဲ အပြစ်အနာအဆာပြောစရာလေးနည်းနည်းရှိတာကလွဲရင် ဇာတ်ကား တစ်ကားထဲမှာ အကြောင်းအရာမျိုးစုံကို ခံစားကြည့်ရှုနိုင်တဲ့ ကားလေး လည်းဖြစ်ပါတယ်။ Mead ဆို‌တဲ့စက်ရုပ်လေးဟာ ကိုယ်ပိုင်အသိဉာဏ်ရှိပြီးပုံရိပ်ယောင် ဖန်တီးနိုင်စွမ်းရှိတဲ့ စက်ရုပ်လေးပါ။ သူနဲ့အတူ ဖရစ်ဇ်ဆိုတဲ့သူ့သခင်လို သဘောထားရတဲ့သူတို့နှစ်ယောက်ကို စကြာဝဠာတိုင်းက လိုချင်နေလို့ လိုက်လံဖမ်းဆီးနေတာကို ခံနေရပါတယ်။ ဒါကြောင့် Mead ဆိုတဲ့ ပုံရိပ်ယောင်ဖန်တီးတဲ့ စက်ရုပ်လေးနဲ့ သူ့သခင် ဖရစ်ဇ်တို့ရဲ့ကားကောင်း လေးကို ခံစားရင်ခုန်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.29 GB) / (1.09 GB) / (687 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Sci-Fi Translator......San Thu Aung Encoder..........SWM

Action • Animation • Comedy • Family • Science Fiction
1 2022 105 mins
MEAD
Am I Next
5

Am I Next (2023) IMDb 7.3/10 ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။ ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့ ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါ အဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ် ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့ မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့ ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ် File size…1GB / 500MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 26mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry

Comedy • Romance
5 2023 86 mins
Am I Next
One Million Years B.C.
6

လွန်ခဲ့တဲ့နှစ်တစ်သန်းက ကမ္ဘာဦးလူသားတွေရဲ့ဘဝကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးကတော့ 20ရာစုမှာဆွဲဆောင်မှုအရှိဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ စွယ်စုံရမင်းသမီး Jo Raquel Welch ဖြစ်ပြီး ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ဖြစ်တဲ့အပြင် သူ့ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့တာဆိုရင်လည်းမမှားပါဘူး Shawshank Redemption ကပိုစတာထဲမှာ ဒီဇာတ်ကားထဲကပုံကိုထည့်ထားတာပါ ရိုးရိုးကျောက်ခေတ်လူသားအကြောင်းချည်းမဟုတ်ဘဲ ဒရမ်မာပုံစံလေးနဲ့ဇာတ်လမ်းတွေပါထည့်ပြီးရိုက်ထားတဲ့အပြင် ကျောက်ခေတ်လူသားဖြစ်နေတာတောင် ဆွဲဆောင်မှုရှိပြီးလှပနေတဲ့ Jo Raquel Welch ကိုမြင်တွေ့ရမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားတွေထဲကတစ်ခုပါပဲ

Horror
6 1966 100 mins
One Million Years B.C.
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
Your Lucky Day
5.9

Your Lucky Day (2023) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့။ ငွေအတွက်ဆိုရင် ဘာမဆိုစတေးမယ့်သူတွေ မနည်းမနောပါပဲ။ မက်လောက်စရာ မီလီယံချီတဲ့ငွေတွေဆိုရင်တော့ ဘာပြောစရာတောင်လိုမလဲပေါ့။ မီဂါဘောထီလက်မှတ်အကြီးဆုံးဆုက 156 မီလီယံဒေါ်လာပါ။ အဖိုးကြီးတစ်ယောက် စတိုးဆိုင်တစ်ဆိုင်မှာ ထီလက်မှတ်လာတိုက်ရင်း ဆုကြီးပေါက်တော့ ဆေးလုခံရလို့ဘူနေတဲ့ ဆေးသမားက သေနတ်တစ်လက်နဲ့၀င်လုပါတယ်။ အဲဒါကို ကိုလှရွှေတစ်ယောက်က ၀င်တားရင်း ဆေးသမားရော ကိုလှရွှေရောလျှောပါလေရော။ ဆေးသမားက ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင်ရယ် ကိုယ်၀န်သည်ချစ်သူစုံတွဲတစ်တွဲရယ်ကို ဓါးစားခံအဖြစ်ထားထားပေမဲ့ ဝေစုခွဲပေးမယ်လို့ မက်လုံးပေးတာကြောင့် ကြံရာပါဖြစ်ကုန်ရင်းနဲ့ ‌လောဘအမှောင်ထဲတိုး၀င်မိကြပြီး လျှောပြီထင်တဲ့ရဲက‌လည်းပြန်နိုးလာတဲ့အခါမှာ ဇာတ်တွေရှုပ်ကုန်ကြပါတော့တယ်။ သရုပ်ဆောင်အနေနဲ့ကလည်း ဇူလိုင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Euphoria သရုပ်ဆောင် Angus Cloud က အဓိကပါ၀င်ထားလို့ သူ့ရဲ့မျက်လုံးလှလှလေးနဲ့ ခပ်လေးလေးရှရှအသံကို အလွမ်းပြေကြည့်ရှုနိုင်မယ့်ကားလေးပါပဲ။ စိတ်အပန်းပြေစေမယ့်အပြင် ပညာယူစရာတွေလည်းရလို့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 690MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 29Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.9 2023
Your Lucky Day
Inside the Yellow Cocoon Shell
6.7

ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။ ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်​ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျား​တဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်​ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်​တောင်ပေါ်​ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့​ရမှာပါ။ ဇာတ်​လမ်းက တချို့​ပရိသတ်​တွေအတွက် ပျင်း​ရိ​စရာ​ကောင်းနိုင်ပေမဲ့ Cinematography​ နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art​ House ရုပ်ရှင်​တွေကို​နှစ်သက်​သလို အချိန်​လည်းပေးပြီး စိတ်​အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

6.7 2023 179 mins
Inside the Yellow Cocoon Shell
Drift

ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံ‌က ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2024
Drift
Superman/Batman: Public Enemies

Superman/Batman: Public Enemies(2009) IMDb: 7.1/10 Rotten Tomatoes: 67% Superman/Batman: Public Enemies(2009) ဟာ DC Universe Animated Original Movies ရဲ့ ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ စူပါမန်းနဲ့ဘတ်မန်းတို့ နှစ်ယောက်ရဲ့လက်တွဲညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။ အတော်လေးလည်းကောင်းမွန်လှတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ဥက္ကာခဲ ကြီးတစ်ခု ကမ္ဘာကိုတည့်တည့်ကြီးဝင်လာနေပါတယ်။ ဂေါ့သမ်တစ်မြို့လုံးလည်း ကဗြောင်းကိုသတ်နေပါတယ်။ အားလုံးထဲမှာအဆိုးဆုံးကတော့ လက်စ်လူသာတစ်ယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတာပါပဲ။ စူပါဟီးရိုးဆိုရင်ကြည့်မရတဲ့ လက်စ်လူသာတစ်ယောက် စူပါဟီးရိုးတွေကို လိုက်လံဖမ်းဆီးပါတော့တယ်။ လူသာဟာစူပါမန်းကိုလူသတ်ကောင်လို့ အကွက်ဆင်ပြီး လူထုနဲ့သွေးခွဲလိုက်ပါတော့တယ်။ တစ်ဖက်မှာက ဥက္ကာခဲ၊ တစ်ဖက်မှာက အာဏာရော ဉာဏ်ရည်ရောပြည့်စုံတဲ့ လက်စ်လူသာ၊ အဲဒီလူနှစ်ယောက်ကို စူပါမန်းနဲ့ဘတ်မန်းတို့နှစ်ယောက်ဘယ်လိုများ ရင်ဆိုင်သွားမှာလဲ။ File size… 1.2 GB / 577 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 7m Genre ….. Animation/Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

0 2009
Superman/Batman: Public Enemies
Siapa Tutup Lampu?
6.2

Siapa Tutup Lampu? (2021) 2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ …. (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်) Genre…..Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Comedy • Thriller
6.2 2021
Siapa Tutup Lampu?
Special Double
5.7

ရုပ်ရှင်ကြည့်တဲ့လူတိုင်း ရိုက်ကွင်းမှာ အစားထိုးသရုပ်ဆောင်ဆိုတာ ရှိတတ်မှန်း သိပေမဲ့ သူတို့တွေ ဘယ်လို အလုပ်လုပ်ရသလဲကိုတော့ သေချာမသိကြဘူးထင်ပါတယ်။ Special Double ဆိုတဲ့ ရုပ်ရှင်လေးကတော့ အဲလို အစားထိုးသရုပ်ဆောင်တွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဟန်ကျားကျယ်ဟာ သိုင်းအစားထိုးသရုပ်ဆောင်ဖြစ်ပြီး ဂျက်ကီချန်းတို့ ဂျက်လီတို့လို အောင်မြင်တဲ့ အက်ရှင်သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်လောကမှာတော့ သိုင်းအစားထိုးအလုပ်က အန္တရာယ်များပြီး ဝင်ငွေနည်းတဲ့အတွက် သူ့ဘဝ စားဝတ်နေရေးအတွက်တောင် အခက်အခဲရှိနေပါတယ်။ ရည်းစားဖြစ်သူ ယွီရှင်းက လိုက်ဖ်လွင့်တဲ့အလုပ်က ငွေပိုရတဲ့အတွက် ရှန်ဟိုင်းကို ထွက်သွားတဲ့အခါ၊ သူငယ်ချင်းကျိုးမြောင်က မတော်တဆထိခိုက်မိပြီး ခြေထောက်ကျိုးသွားလို့ ဇာတိကို ပြန်သွားရတဲ့အခါ၊ အနားက အလုပ်တူတူလုပ်တဲ့လူတွေ အကြောင်းအမျိုးမျိုးကြောင့် ဒီလုပ်ငန်းကို စွန့်ခွာသွားကြတဲ့အခါ ဟန်ကျားကျယ် တစ်ယောက် လမ်းပျောက်သွားခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ အရက်ဆိုင်မှာ အရက်သောက်နေတုန်း မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခံရမဲ့အန္တရာယ်က ကယ်ပေးခဲ့လိုက်ပါတယ်။ ဒါပေမဲ့ သူကယ်ပေးတဲ့လူက မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့သမီး အိုးယင်ယင်ဖြစ်နေပါတယ်။ ငွေလိုနေတဲ့ ဟန်ကျားကျယ်ဟာလည်း ငွေအလွယ်ရမဲ့ မူးယစ်ရောင်းချရေး လုပ်ငန်းထဲ ပါဝင်လာခဲ့ပါတယ်။ အိပ်မက်အပြည့်နဲ့ လူငယ်တစ်ယောက်က မူးယစ်ဂိုဏ်းထဲ ရောက်သွားပြီလား…… အိပ်မက်ကို ဆက်တောင့်ခံပြီး ကြိုးစားနိုင်မလား…… ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

Crime • Horror • Thriller
5.7 2024
Special Double
Ouija
4.5

Ouija (2014) ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ Englishသရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်.. ၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၊ ၂. သချိုင်းမြေပေါ်မှာ မကစားရ၊ ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ။ 2014 ကထွက်ရှိခဲ့တဲ့ Ouija ဆိုတဲ့ Horror ရုပ်ရှင်ဟာဆိုရင် Thriller, Horror, Mystery အမျိုးအစားဖြစ်ပြီး Ouija လို့ခေါ်တဲ့ Board Game တစ်ခုကိုအ‌ခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သရဲကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ Stiles White ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ရုံတင်စာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းမှာဆိုရင်တော့ Debbie နဲ့ Laine ကအရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပေါ့။ Debbie ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာ Debbie ကသူ့အိမ်ရဲ့အရင်ပိုင်ရှင်တွေကျန်ခဲ့တဲ့ Ouija Board ကို အိမ်ရှင်းရင်း ရှာတွေ့လို့ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်။ Debbie က ဘုတ်ပြားကို မီးရှို့ပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်။ သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာတော့ လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်.. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတို့ရဲ့ ကားမှန်တွေ ကွန်ပျူတာစခရင်တွေ နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် .. Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတို့ရဲ့သူငယ်ချင်းက သူတို့ဆီကိုဆက်သွယ်ဖို့ကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့.. ထင်မထားတဲ့လှည့်ကွက်တွေနဲ့ တော်တော်လေးကျောချမ်းစရာဇာတ်ကားဖြစ်တာကြောင့် ဘေကုန်ရကျိုးနပ်မှာသေချာပါတယ်.. အပြင်လောကမှာလဲ ယုံကြည်သူတွေရှိကြပြီး တချို့ဝိဉာဉ်နဲ့ဆက်သွယ်ပေးတဲ့လုပ်ငန်းတွေမှာလဲ တကယ်သုံးတာမို့ ဒီဇာတ်ကားဟာ အောင်မြင်မှုများစွာနဲ့ တော်တော်ကြီးအမြတ်အစွန်းရခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်.. စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်.. File size…(1.1 GB) / (580 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:31:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien Cho

4.5 2014 89 mins
Ouija
The Perfect Candidate Candidatul Perfect

ဘဝမှာ ဘာရည်မှန်းချက် ဘာအိပ်မက်မှ မရှိဘဲ ဖြတ်သန်းနေတဲ့ ခပ်တုံးတုံးလူတစ်ယောက် ကိုစတီကာ……… အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ရှုံးမှဖြစ်မယ့် နိုင်ငံရေးပါတီတစ်ခုက ကိုစတီကာကို လှည့်စားပြီး သမ္မတရွေးကောက်ပွဲအတွက် ဝင်ပြိုင်ခိုင်းလိုက်သောအခါ………….. ကားပါကင်နေရာတစ်ခုရဖို့ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိုစတီကာတစ်ယောက် နိုင်ငံရေးလောကမှာ ဘယ်လိုအခြေအနေမျိုးတွေကို ကြုံတွေ့ရမလဲ???? သမ္မတလောင်းအဖြစ် မဲဆွယ်တဲ့အခါမှာရော ဘယ်လိုအလွဲလေးတွေကို ကြုံတွေ့ရမလဲ???? နိုင်ငံရေးလှည့်ကွက်တွေ၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လာဘ်စားမှုတွေ၊ အလိမ်အညာတွေ၊ လှည့်စားမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ တစ်မူထူးခြားတဲ့ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ်…… ကိုစတီကာတစ်ယောက် ပါတီကဖြစ်စေချင်သလို ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားမှာလား ဒါမှမဟုတ် အလွဲလွဲအချော်ချော်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး ရိုမေးနီးယားသမ္မတကြီး ဖြစ်လာမလားဆိုတာကို Candidatul Perfect (2024) မှာ ကြည့်ရှုလိုက်ရအောင်……… File size… (1.9 GB) / (961 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Horror
0 2024
The Perfect Candidate Candidatul Perfect