YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Pokémon 3 The Movie (2000) 1080p {CM}.mp4

1.51 GB 1080p video/mp4 95 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bangkok Love Story
5.4

ထိုင်းရုပ်ရှင်တွေထဲ Thai queer Film တွေရဲ့ နေရာယူမှုကလည်း တော်တော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ 1985ထွက်ခဲ့တဲ့ The Last Songဟာ ပထမဆုံး ထိုင်း queer Film ဖြစ်ခဲ့ပြီး သူ့အနီးအနား ခုနှစ်တွေမှာ Tortured Love (1987)နဲ့ I Am a Man (1987)တို့ဆက်လက်ထွက်ရှိခဲ့ပြီး ဒီသုံးကားကို Thai queer cinemaရဲ့ first waveလို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းတော့ New Wave ခေတ် ၂၀၀၀ဝန်းကျင်လောက်မှ ထပ်ထုတ်ခဲ့ကြပုံပါပဲ။ ကြားထဲသိပ်မတွေ့ရတော့ဘူး။ ဒီဘက်နှစ်တွေမတိုင်ခင်အထိလည်း အရမ်းအများကြီးထုတ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ Bangkok Love Storyဟာ ၂၀၀၀ကျော်ဝန်းကျင်က သိပ်အများကြီးမရှိခဲ့တဲ့ ထိုင်း Queer Filmကားကောင်းတွေထဲက တစ်ကားပါပဲ။ ဒါပေမဲ့လွယ်လွယ်နဲ့ ထုတ်ခဲ့ရတာတော့မဟုတ်ပါဘူး။ Pre-productionကာလမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်ခြင်းခံခဲ့ရသလို ဆင်ဆာနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ခဲ့တယ်။ ယောက်ျားချင်းကြိုက်တဲ့ကားပေမဲ့ ကနွဲ့ကလျတွေမပါဘဲ ခပ်ကြမ်းကြမ်း၂ပွေ ကြိုက်တဲ့ကားဖြစ်နေတာ့ သရုပ်ဆောင်၂ယောက်က ဒီရုပ်ရှင်ဟာ အန်းလီရဲ့ Brokeback Mountainနဲ့ဆင်နေတယ်လို့ အပြောခံရနိုင်ပေမဲ့ ဒါရိုက်တာက Brokeback Mountainကို မရိုက်ခင်ကတည်းက အိုင်ဒီယာရခဲ့တယ်လို့တော့ ဆိုပါတယ်။ ဒါပေမဲ့လည်း ပုဂ္ဂလိက အမြင်အရတော့ Brokeback Mountainမှာ ဝေါင်ကာဝေးရဲ့ Happy Together နဲ့ ဆင်တဲ့အပြတွေရှိခဲ့သလို ဒီကားလည်း Brokeback Mountainနဲ့ကင်းတယ်ဆိုရင်တောင် Happy Together နဲ့ ကင်းချင်မှကင်းပါလိမ့်မယ်။ အပြ တွေနဲ့တင်ကို Inspiration နည်းနည်းပါတယ်တော့ ခံစားရတယ်။ ဇာတ်လမ်းကတော့ မိုးတိမ်လို့ခေါ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူက လူကိုသတ်ချင်လို့သတ်နေတာတော့မဟုတ်ဘူး။ အမေနဲ့ညီကို ထောက်ပံ့ဖို့ ငွေမရှိလို့ ကြံရာမရတဲ့ အဆုံး လူသတ်စားတဲ့လူမျိုးပေါ့။ ဒါပေမဲ့ သူ့ရပ်တည်ချက်ကတော့ရှင်းတယ်။ လူကောင်းကို လုံးဝမသတ်ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့အလုပ်ရှင်က သူ့ကိုကျောက်လို့ခေါ်တဲ့ လူကိုဖမ်းလာခိုင်းပြီး သတ်ခိုင်းတယ်။ ကျောက်က လူကောင်းဖြစ်နေပြီး သူ့ကိုအလုပ်အပ်တဲ့လူက လူယုတ်ဖြစ်နေတော့ ကျောက်ကိုမသတ်ဘဲ သူ့ကိုအလုပ်အပ်တဲ့လူကို သတ်ဖို့လုပ်တယ်။ ဒီကနေ သူလည်းဒဏ်ရာရပြီး ကျောက်နဲ့အတူထွက်ပြေးလာရာကနေ သူတို့အချစ်ဇာတ်လမ်း စတယ်ပေါ့။ မိုးတိမ်မှာ မြူလို့ခေါ်တဲ့ညီတစ်ယောက်ရှိတယ်။ သူ့ညီက သူတို့ငယ်ငယ်က သူတို့ပထွေးလုပ်လို့ HIV ရှိနေပြီး သူ့အမေကလည်း AIDSနဲ့ သေလုသေခင်ဖြစ်နေတယ်။ မိုးတိမ်ရဲ့ ရည်ရွယ်ချက်က သူ့အမေနဲ့ညီကိုခေါ်ပြီး အဝေးတစ်နေရာကိုထွက်သွားဖို့ပေါ့ ဒါပေမဲ့ အစောကကိစ္စဖြစ်လာတော့ သူ့အစီအစဉ်တွေအကုန် ကမောက်ကမဖြစ်ကုန်တယ်။ နောက်ပိုင်းကျ ကျောက်နဲ့ မိုးတိမ်နဲ့ မြူကြား အချိတ်အဆက်တစ်ခုဖန်တီးပေးလိုက်ပြီး သူတို့၃ယောက်အကြောင်းနဲ့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ခန်းခိုက်ခန်းတွေအပြည့်နဲ့ ခပ်ကြမ်းကြမ်းဇာတ်လမ်းအဖြစ် အသက်သွင်းထားတယ်။ Bangkok Love Storyဟာ လိင်ဆက်ဆံခန်းတွေကိုပေါ်ပေါ်ထင်ထင်သုံးပြီး အဲဒီခေတ်ကာလမှာ အပြရဲဆုံး ထိုင်းqueer Film အဖြစ်သတ်မှတ်ခံခဲ့ရတယ်။ စီနီမာလည်းမဆိုးလှသလို ဇာတ်ကလည်းမဆိုးသလို ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကလည်း တော်တော်လေးကောင်းတယ်။ အဲဒီသီချင်းကတော့ Calories Blah Blah ရဲ့ "Yahk-Roo...Tae-Mai-Yahk-Taam"ဆိုတဲ့သီချင်းပါ။ တစ်ခါတလေ OSTတွေက ရုပ်ရှင်တစ်ကားကို ကျွန်တော်တို့ ရင်ထဲရောက်အောင်ပို့ပေးပြီး ဘယ်တော့မှမမေ့နိုင်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်မလား။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘယ်တော့မှမမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်လာနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Action, BL, Drama, Crime Quality…. 1080p | 720p | 480p File size… 4.8GB | 1.6GB | 749MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Crime • Drama • Mystery • Thriller
5.4 2007 95 mins
Bangkok Love Story
Fullmetal Alchemist: The Final Alchemy
6.3

မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။ Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship တွေနဲ့ Battle Scenes တွေ တစ်ပုံတပင်နဲ့ တော်တော်မိုက်တဲ့ကားပါပဲ။ ရှေ့၂ကားလည်းတင်ပြီးပြီဆိုတော့ ဇာတ်ကြောင်းတော့မရေးတော့ပါဘူး။ အစိမ်းသက်သက်ဖြစ်နေရင်တော့ ကျန်တဲ့ကားတွေလင့်ပါထည့်ပေးထားပါတယ်။ အဲဒီမှာ ဇာတ်လမ်းအကျဉ်းကို ဖတ်ရှုနိုင်ပါတယ်။ ၃ကားလုံးကို အောက်ပါလင့်မှာ ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်။ https://channelmyanmar.org/?s=Full+metal+alchemist ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__02:23:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama
6.3 2022 143 mins
Fullmetal Alchemist: The Final Alchemy
Bajirao Mastani
7.3

ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်... နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
 သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံဖို့ ကြိုးစားပါတော့တယ်...သူတို့နှစ်ဦးကြားက အဓိက ကွာခြားချက်က ဘာသာတရားဖြစ်ပြီး ဘာသာတရားကြီးစိုးတဲ့ခေတ်မှာ သူတို့ရဲ့အချစ်ရေးဘယ်လိုရှေ့ဆက်မယ်ဆိုတာ...။ အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်း ၁၄ ခု
ရရှိသည်အထိ အောင်မြင်ထားပါတယ်။ မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်တွေကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သလို ဇာတ်ဝင်ခန်း စကားပြောတွေက ထိရှစေတဲ့အပြင် အကအလှရသ
စုံလင်လှတာမို့ လက်လွတ်မခံသင့်တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ File size…(4.6 GB) /(2.9 GB) / (1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:38:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

7.3 2015 158 mins
Bajirao Mastani
Rip in Time
7.2

~ IMDb rating - 6.8/10 ~ အချိန်ကွဲကြောင်းကို ဖြတ်ပြီး ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပေါ့။ ဆုံကိုဆုံလာရမယ့် ဖူးစာကို အချိန်လိုစွမ်းအားကြီးတဲ့ အရာကတောင် မတားနိုင်ဘူးလို့ ပြောထားတဲ့ Comedy, Fantasy, Drama ဇာတ်ကားလေးပါ။ နယ်မြို့လေးမှာ အေးအေးချမ်းချမ်းနေကြတဲ့ ဆာရာတို့ မိသားစုလေးဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာရာက စပါတယ်။ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ ရစ်ပ်ဆိုတဲ့ သူစိမ်းကို သဘောကောင်းတဲ့ ဆာရာတို့မိသားစု လက်ခံထားပါတယ်။ နောက်တော့ သူစိမ်းရဲ့နာမည်က နာမည်ကျော်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်နေပြီး ၁၈ ရာစု လောက်က ဖြစ်ခဲ့တဲ့ အကြောင်းကို စိတ်ကူးယဉ်ဝတ္ထုအနေနဲ့ ရေးထားတဲ့ ဇာတ်လမ်းက သူ့အဖေရဲ့ အကြောင်းကို ရေးထားတာလို့ ပြောလာပါတယ်။ ပြီးတော့ သူ့ကို မွေးတာက ၁၈ ရာစုတုန်းက မွေးတာဖြစ်ပြီးတော့ အမေရိကန်ရဲ့တော်လှန်ရေး စစ်ပွဲမှာ ပါခဲ့ပါတယ်တဲ့။ အဲဒီတော့ ထူးဆန်းတဲ့ သူစိမ်းရဲ့အကြောင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့...... အချိန်ခရီးသွားဇာတ်လမ်းများစွာရှိတဲ့ထဲ မှုခင်းဆန်ဆန်ကားတွေများပေမဲ့ အချိန်ခရီးသွား အချစ်ကားတွေကတော့ မများလှပါဘူး။ ဒီရုပ်ရှင်ကတော့ ရှားရှားပါးပါး အချိန်ခရီးသွားအချစ်ကားတွေထဲက တစ်ကားပါပဲ။ The Time Traveler's Wife နဲ့ ခပ်ဆင်ဆင်ပုံစံမျိုးဖြစ်ပြီး ရိတ်တင်လည်း မနိမ့်တဲ့ ရုပ်ရှင်ဆိုတော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေ သဘောကျကြမှာပါ။ ဒီရုပ်ရှင်ဟာ တီဗီမူဗီတစ်ကားဖြစ်တာမို့ ဘတ်ဂျက်များများစားစားမသုံးထားပေမဲ့လည်း ဇာတ်လမ်းပိုင်းရော သရုပ်ဆောင်ပိုင်းရော ချီးကျူးခံထားရသလို ရိတ်တင်လည်းမြင့်တဲ့ ရုပ်ရှင်ကောင်း‌ပေါ့။ အချိန်ခရီးသွားရုပ်ရှင်တွေကို သဘောကျတဲ့ ကျွန်တော့်လို လူတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ရှားရှားပါးပါး အချိန်ခရီးသွားရိုမန့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.52GB, 572MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 24Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Crime • Thriller
7.2 2022 84 mins
Rip in Time
Dune
7.8

IMDb Rating - 8.4/10 စောင့်​မျှော်​နေသူ​ ​အ​တော်များများရှိ​နေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်​တွေအတွက် အမြန်ဆုံး တင်ဆက်​ပေးလိုက်ပါတယ်၊ သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်... အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စား​တွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာ မလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – BluRay 4K HEVC /DS4K HEVC/HDRip 1080p/ 720p/ 360p Duration - 2hr 35min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Drama Source : BluRay/HDRip Translator – CM Team Encoder – SWM,Nyeinsaeya Aung

Action • Crime
7.8 2021 155 mins
Dune
Mat Kilau
7.7

IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ

7.7 2022 118 mins
Mat Kilau
[18+] Chloe

Chloe(2009) အညွှန်း ******************* မိုးအေးအေးလေးမှာ ပျင်းပျင်းနဲ့ ကြည့်လို့ကောင်းမဲ့ erotic movie လေး တစ်ခုကို ညွှန်းပါဆိုရင် Chloe ဆိုတဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။ erotic ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်း plot က တကယ် မထင်ထားရလောက်တဲ့အထိ မိုက်ပါတယ်။ ကက်သရင်းဆိုတဲ့ midlife အရွယ် သားဖွားမီးယပ်ဆရာဝန်မတစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခလိုးဝီ ဆိုတဲ့ ငယ်ရွယ်လှပပြီး ညှို့အားပြင်းတဲ့ အမျိုးသမီးလေးကြောင့် ဘယ်လိုများ ယိမ်းယိုင်သွားမလဲ။ ကက်သရင်းက အသက်ရလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ကို insecure ဖြစ်လာတယ် ယောက်ျားနဲ့လည်း ချစ်ကြည် မနူးနိုင်တော့ဘဲ တဖြေးဖြေး ဝေးကွာလာတယ်။ တစ်နေ့ သူ့ခင်ပွန်းအတွက် မွေးနေ့ပွဲစီစဉ်ထားရာကနေ သူ့ခင်ပွန်းဖြစ်သူ ဒေးဗစ်က အိမ်အပြန် လေယာဉ်ခရီးကို တမင် နောက်ကျအောင် လုပ်ပြီး အိမ်ပြန် မလာခဲ့ဘူး။ အဲ့မှာစပြီး ကက်သရင်းတစ်ယောက် သူ့ယောက်ျားအပေါ် သံသယတွေ စပြီး ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ခလိုးဝီနဲ့ တွေ့ပြီး သူ့ယောက်ျားကို မြှူစွယ်ဖို့ သူ့ယောက်ျား ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကို သူ့ကို ပြန်တင်ပြဖို့ ခလိုးဝီ ကို ပိုက်ဆံပေးပြီး ခိုင်းခဲ့တယ်။ ခလိုးဝီက ဘယ်လိုတွေ မွှေမလဲ ကက်သရင်းရဲ့ အိမ်ထောင်ရေးရော ဘယ်လိုအဆုံးသတ်မလဲဆိုတာကို အဆုံးထိကြည့်လိုက်ရအောင်။ အဖော်အချွတ် အကြမ်းခန်းတွေပါတဲ့အပြင် ဇာတ်လမ်း plot ကပါ စိတ်ဝင်စားဖို့ကောင်းတာမို့ မလွတ်တမ်း ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File Size : (2.14 GB) (688MB) and (249MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:36:00 Genre : Romance , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Min Wai

Action • Drama • History • War
0 2009 96 mins
[18+] Chloe
Fatal Love
5.8

Fatal Love (1988) မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ‌နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။ လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။ CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ Michael Jackson, The Beatles, Elvis Presley နဲ့ Bob Marley တို့ပါပဲ။ လတ်စလီဟာ အလယ်အလတ်တန်းစား မိသားစုကပေါက်ဖွားလာတာပေမဲ့ တော်တော်အလှူအတန်းရက်ရောတဲ့လူပါ။ ထမင်းကြော်တစ်ပွဲကို အရသာမြည်းပြီး US$32,250 ပေးဖူးပါတယ်။ အလှူအနေနဲ့ပါ။ လတ်စလီဟာ မိသားစုကြီးတစ်ခုက ဆယ်ယောက်မြောက် အငယ်ဆုံးသားဖြစ်ပြီး။ သူ့အဖေက နာမည်ကြီး အပ်ချုပ်သမားပါ။ မာလွန်ဘရန်ဒို ကာရီဂရန့်နဲ့ အဲဖရက်ဟစ်ကော့တို့အတွက် စုစ်တွေ ဒီဇိုင်းဆွဲပေးဖူးပါတယ်။ လတ်စလီဟာ ရုပ်ရှင်ပေါင်းများစွာ သရုပ်ဆောင်ဖူးပေမဲ့ ဒါရိုက်တာအနေနဲ့ တစ်ကားပဲရိုက်ဖူးခဲ့ပါတယ်။ အစိုးရက သူ့ကို Anti-Smoking Ambassador ခန့်အပ်ခံရပြီးနောက် ရိုက်ခဲ့တဲ့ From Ashes to Ashes ဆိုတဲ့ Non-Profit Anti-Smoking video ပါ။ ဒီအဖြစ်ဟာ ဝေါင်ကာဝေးကားတွေမှာရော တခြားကားတွေမှာပါ သူဆေးလိပ်သောက်ပုံကို ခိုက်ခဲ့ရတဲ့ ကျွန်တော့်လို လူတွေအတွက်တော့ တကယ့်ဟာသပါပဲ။ ဟက်ပီးတူဂဲသားရိုက်ပြီးတဲ့နောက်မှာ လတ်စလီဟာ ဝေါင်ကာဝေးနဲ့ ဘယ်တော့မှ ကားထပ်မရိုက်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဟက်ပီးတူဂဲသားရိုက်ကူးရာမှာ ဝေါင်ကာဝေးနဲ့ လတ်စလီချောင်ကြား ပြဿနာတော်တော်များခဲ့ပါတယ်။ တိုနီလျောင်ခဖိုင်ကလည်း ဝေါင်ကာဝေးဟာ တိုနီလျောင်ချူဝေ အာဂျင်တီးနားကိုသွားအောင် လတ်စလီကို အသုံးချခဲ့တယ်လို့ သေသေချာချာကို ခံစားရတယ်ပြောပါတယ်။ လတ်စလီချောင် စိတ်ဓာတ်ကျခဲ့ရတဲ့အကြောင်းရင်းတွေထဲက တစ်ချက်ဟာ ဝေါင်ကာဝေးသူ့အပေါ် အမြတ်ထုတ်ခဲ့တာလည်းပါမယ်လို့ ဝေဖန်ရေးသမားနဲ့ ဒါရိုက်တာ Shu Kei က ပြောခဲ့ဖူးပါတယ်။ လတ်စလီဟာ အကောင်းမြင်တဲ့ဘက်ကရိုက်တဲ့ ဟောင်ကောင်ဂေးကားမို့ ပြီးအောင်ရိုက်ချင်ခဲ့ပေမဲ့လည်း ဝကဝဟာ အဆုံးမှာ ထိုင်ဝမ်က ချန်းချန်ကို ခေါ်သုံးခဲ့တယ်ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လတ်စလီချောင်ဟာ သတင်းထောက်တွေကို ဇာတ်ညွှန်းသာကောင်းရင် ဝေါင်ကာဝေးနဲ့ ထပ်တွဲရိုက်ဖို့ စဉ်းစာပေးဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ ပြဿနာကတော့ အားလုံးသိသလို ဝေါင်ကာဝေးကားတွေမှာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတာ တစ်ကားမှမရှိပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – Blu-ray 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 32Min Genre – Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
5.8 1988
Fatal Love
[21+] Pulsion

ခပ်ကြမ်းကြမ်းပြကွက်ဆန်းတွေ ဘွင်းဘွင်းရှင်းရှင်း ဖေါ်ပြချက်တွေနဲ့ ပြင်သစ်ကားတစ်ကား DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် အီဗာမှာ မူမမှန်တဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဆက်တိုက်ရနေပါတယ် အဲဒါက အရမ်းကိုထူးဆန်းတယ် မိတ်ဖက်မပါပဲနဲ့ စိတ်မပါပဲနဲ့ သူ့အလိုလို နေရာမရွေး အချိန်မရွေးထကြွပြီး ကိုယ့်ဘာသာကိုပဲ ဖြေရှင်းမှ အားရတဲ့ ရောဂါတစ်ခု စွဲကပ်နေပါတယ် အဲဒါက တဖြေးဖြေးပိုဆိုးလာပြီး အလုပ်ပြုတ်တဲ့အထိဖြစ်လာပါတော့တယ် သူမဖြေရှင်းဖို့က ကာမကုထုံး ဆရာဆီသွားမှပဲ အဆင်ပြေမယ့်အခြေမျိုး ရောက်လာတာကြောင့် ဆရာဆီရောက်သွားချိန်မှတော့ သူ့လို မူမမှန်တဲ့ သူတွေအများကြီးထပ်ရှိနေပါတော့တယ် ဆရာက မူမမှန်တဲ့သူတွေ စုပြီး ကုထုံးတစ်ခု တီထွင်လိုက်တဲ့အခါမှတော့… လူတွေဟာတစ်ယောက်တစ်မျိုးစီ ရူးနေကြတယ် အဲဒီအရူးတွေနောက်ပဲ ဆက်လိုက်မလား အဲဒီအရူးတွေကနေ ရုန်းထွက်မလား မိမိ စိတ်အပေါ်ပဲ မူတည်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းလေးပါပဲ

Crime • Drama • History • Thriller
0 2014
[21+] Pulsion
A Kidnap
6.7

A Kidnap(2022) ************* မောင်နှမ နှစ်ယောက်ကို အကြမ်းဖက်သူ (၃) ဦးဟာ ငွေအတွက်နဲ့ ပြန်ပေးဆွဲခဲ့ကြတယ်.. ငွေတောင်းဖို့အရေး ကြာလင့်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒီမောင်နှမဟာ ထွက်ပြေးဖို့ကြံစည်ကြတယ်… တကယ်တော့ သူတို့ဟာ မောင်နှမအရင်းတွေမဟုတ်မှန်း၊ပြန်ပေးသမားတွေက သိနေတဲ့အပြင်… မိသားစုရာဇဝင်တွေလည်းစုံစမ်းသိရှိထားကြပါသတဲ့။ ဒါ့အပြင် ပြန်ပေးသမားသုံးယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် အခဲမကြေတာလေးတွေ၊အရှုပ်အရှင်းလေးတွေ၊ အကြံအစည်‌တွေသပ်သပ်ရှိတဲ့အခါမှာတော့… သူတို့လွတ်‌အောင်ထွက်ပြေးနိုင်ကြမလား၊ ပြန်ပေးသမားတွေရဲ့ ရည်ရွယ်ချက်ကရောဘာလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File Size :(2GB) and (751 MB) Quality :WEB-DL 1080P,720p Format…mp4 Duration…01:33:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.7 2022 93 mins
A Kidnap
Joseph: King of Dreams
6.4

ဒီဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဓမ္မကျမ်းစာဟောင်းထဲမှာပါတဲ့ ဂျိုးဆက်ပုံပြင်ကိုဆီလျော်အောင်ပြင်ဆင်ပြီးပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နန်လူမျိုးစုခေါင်းဆောင်ကြီးရဲ့ ဒုတိယဇနီးဟာ အမြုံလို့ထင်ထားရာကနေ မမျှော်လင့်ဘဲကိုယ်ဝန်ရလာခဲ့ပြီးတော့ ၃၇ပတ်တည်းနဲ့သားလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဖအေကြီးက ဘုရားသခင်ဆီလာတဲ့အံ့ဖွယ်ကလေးလို့မှတ်ယူပြီး တစ်ခြားသားတွေလို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေရဘဲ အနားမှာထားပြီးစာပေပညာတွေပဲလေ့လာသင်ကြားစေပါတယ်။ ဖခင်ရဲ့ပစားပေးမှုတွေက ညီအကိုတွေကြားထဲမှာ မနာလိုမှုတွေကို တစ်ဖြည်းဖြည်း​ကြီးထွားလာစေပြီးတော့ ဂျိုးဆက်လေးကိုအန္တာရယ်တောထဲဆွဲပို့လိုက်ပါတော့တယ်။ သူ့အကိုတွေရဲ့ပယောဂနဲ့ ကျွန်ကုန်သည်တွေဆီကိုရောင်းစားခံလိုက်ရတဲ့ဂျိုးဆက်ဟာ သူ့ရဲ့မွေးရာပါ ပါရမီဖြစ်တဲ့ အိပ်မက်အတိတ်နိမိတ်ကောက်ခြင်း အတတ်ပညာနဲ့ညဏ်အမြော်အမြင်ရှိမှူတွေကြောင့် ကျွန်ဘဝကနေ ဟိုးအမြင့်ဆုံးဘဝအထိဘယ်လိုတက်လှမ်းသွားမယ်ဆိုတာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ IMDB မှာ 6.4 ရရှိထားတဲ့ဒီဇတ်ကားလေးဟာ ကြည့်မိလို့လူံးဝနောင်တမရစေဘဲ ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်ဆိုတာ ရဲရဲကြီးအာမခံနိုင်တာမို့ အခုပဲ Download ဆွဲပြီးကြည့်ရှုလိုက်ကြပါဦးလို့။ File size… 1.27 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

6.4 2000 74 mins
Joseph: King of Dreams
The Brave One
6.7

ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့် ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ “Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူ အဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့ လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့ အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။ အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကို သင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲ ကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက် သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာ အခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကို စသတ်မိရာကနေပြီးတော့ သူ့အတွက်ကော နယူးယောက်မြို့သားတွေအတွက်ပါ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာ နယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ ဆက်ကြည့်လိုက်ကြပါဦး။ File size… 1.7 GB / 775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Crime / Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Horror • Thriller
6.7 2007 122 mins
The Brave One
Bull Durham
7

အားကစားသမား တစ်​ယောက် နာမည်​ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် ​မြောက်ပိုင်းက ဒါဟမ်မြို့ ​ဘေ့စ်​​ဘောအသင်းမှာ​တော့ ​Ebby ဆိုတဲ့ ​ရွှေလက်ပိုင်ရှင်​လေးက သူဟာ ဘယ်​လောက်ထိ ဖြစ်​မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ​ရှိ​နေပါတယ်။ ပြာဖုံး​နေတဲ့ ပတ္တမြား​​လေး ကို အ​ရောင်တင်​ပေးဖို့ ​တချိန်တည်းမှာပဲ ​ဘေ့စ်​ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲ​ဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အ​တွေ့အကြုံများတဲ့ ​ဘောလုံးရိုက်သမားCrash တစ်​ယောက် ဒါဟမ် အသင်းဆီ​ရောက်လာတဲ့ အခါမှာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်​မော​ မြူးကြွစရာ ကြည့်ရှုရမှာပါ။ ၈၀​ကျော်ခုနှစ်က ဖက်ရှင်​တွေ၊ သီချင်း​​တွေနဲ့ ​ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်​ဘော ​​လောကကြီးကို ​ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်​ငွေ​ကြေးအရလည်း အလွန်​အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ​ဘေ့စ်​ဘော ကစားသမား​ ဖြစ်ခဲ့တာ​ကြောင့် ​ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ​ဝေဖန်သူ​တွေက အားကစားရုပ်ရှင်​တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံ​တွေလည်း ကြား​နေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်​ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်​​ဆောင်တာကိုလည်း ​တွေ့မြင်ရမှာပါ။ ​ နောက်ဆုံးမှာ Annie တစ်​ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ​ရော သူတို့ ​ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်​ယောက်ရဲ့ အ​ပြောင်​မြောက်ဆုံး၊ အောင်မြင်နိုင်​ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ​ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီး​နောက်မှာ​ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97%​ တောင်ရထားတဲ့ ကား​ကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

Drama
7 1988 108 mins
Bull Durham
City of Wind
6.7

ဒီတစ်ခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် မွန်ဂိုးလီးယား ရုပ်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မွန်ဂိုးလီးယားဆိုတာနတ်တွေ ဘိုးဘေးဝိညာဉ်တွေကိုအယုံ အကြည်ရှိကြတဲ့နိုင်ငံတစ်ခုဖြစ်ပြီး နတ်ဝင်သည်တွေဆိုတာလည်း နေရာတော်တော်များများမှာရှိပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.7 အထိရရှိထားတဲ့ Ser Ser Salhi (City Of Wind) လို့ခေါ်တဲ့ဇာတ်ကားလေးထဲမှာလည်း ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးတစ်ယောက်နဲ့သူ့ရဲ့စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇဲလို့ခေါ်တဲ့အသက် ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးက အဖိုးဝိညာဉ်လို့ ခေါ်တဲ့ ဝိညာဉ်ကိုအကူအညီတောင်းလာတဲ့အခါမှာဆင့်ခေါ်ပေးရတာ ဖြစ်ပြီး သူ့မိသားစုအပြင်အိမ်နီးနားချင်းတွေတော်တော်များများက အဲ့လိုအရာတွေကိုယုံကြည်ကြပါတယ်။ တခြားအချိန်တွေမှာတော့ ဇဲကသာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နတ်ဝင်သည်အလုပ်ကြောင့် ကျောင်းမှာစနောက်ခြင်းကိုအမြဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ဇဲရဲ့ကမ္ဘာကြီးကို ပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။အဲ့ဒါကတော့မာရာလာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တွေဆိုတော့ မကြာခင်မှာပဲ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိသွားကြ ပါတော့တယ်။ဒါပေမယ့်မာရာလာနဲ့တွေ့ပြီးကတည်းကဇဲရဲ့နတ်ခေါ်တဲ့ အာရုံတွေက အရင်လိုမကောင်းတော့ပဲအားနည်းနေခဲ့ပါတော့တယ်။ တစ်ဖက်မှာ ကြည့်ပြန်ရင်ကျတော့လည်း သူ့ဘ၀ကအရင်နဲ့လုံး၀ မတူအောင် ပျော်စရာကောင်းလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လူငယ်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ဇဲရဲ့ စိတ်ဝင်စားစရာဘ၀အကြောင်းအပြင် မွန်ဂိုးလီးယားရိုးရာတွေကိုပါ တွေ့ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.99GB / 809MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023 104 mins
City of Wind
Little Children
7.5

Little Children (2006) IMDb Rating (7.5) / Rotten Tomatoes (80 %) မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ” လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်… စပြောင်းလဲဖို့သာ အဓိကပါပဲ” – Little Children (2006) (အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။)

Horror • Action
7.5 2006 137 mins
Little Children