YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

PLUTO_S01E07_Episode 7 1080p {CM}.mp4

775.92 MB 1080p video/mp4 283 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Internship
6.3

Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးပြီး Vince Vaughn နဲ့ Owen Wilson တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Internship ဇာတ်ကားဟာ Google ကို ကြော်ငြာပေးတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပြီး အရောင်းမြှင့်တင်ရေး သဘောမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Vince Vaughn နဲ့ Owen Wilson တို့ အတူပူးတွဲပါဝင်တဲ့ တတိယမြောက် ဟာသဖာတ်ကားလည်း ဖြစ်ပါတယ်။ IMDb မှာ Rating 6.3 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 34% ပဲ ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်ကား ကြည့်ချင်သူတွေ၊ ခေတ်သစ် ဟာသအရသာ ခံစားချင်တဲ့သူတွေ၊ ဘဝအတွက် ရည်မှန်းချက် ပျောက်ပြီး စိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဝေဖန်သူအများစုကတော့ Google ကို အလွန်အမင်း ပုံရိပ်မြှင့်တင်ပေးထားခြင်းနဲ့ ကြော်ငြာဆန်နေခြင်းကို အပြင်းအထန် ဝေဖန်ထားကြပါတယ်။ အလုပ်ခွင်မှာ စိတ်ညစ်နေသူတွေအတွက်တော့ အပန်းဖြေကြည့်ရှုစရာ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ File size…2.18GB / 970MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • Mystery • Thriller
6.3 2013 119 mins
The Internship
Invitation to a Murder
5.9

စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ "Every contact leaves a trace"ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သိလိုက်ရတာကတော့ သူနဲ့အတူ သူနဲ့တစ်ခါမှမသိကျွမ်းဖူးတဲ့ လူ ၅ ယောက်ကိုပါ အတူတူဖိတ်ခေါ်ထားတယ်ဆိုတာကိုပါပဲ။ Louis Findleyဆိုတာနဲ့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာဆိုတာကလွဲလို့ ဘာမှကိုမသိရလောက်အောင် ဓာတ်ပုံပါရှာမရလောက်အောင် သိုသိပ်လွန်းတဲ့ တစ်ကိုယ်တော်နေရတာကိုပဲကြိုက်တဲ့ သူဌေးကြီးရဲ့ဖိတ်စာက Mirandaတို့ ၆ ယောက်ဆီကို ဘာဖြစ်လို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။ သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပေမဲ့ တကယ်ရောက်လာချိန်မှာ Findleyတစ်ယောက် ဘာလို့ထွက်မတွေ့ဘဲရှောင်နေပြီး ဝန်ထမ်းတွေနဲ့ လွှတ်ထားတာလဲ။ ကျွန်း‌ကိုရောက်လာတဲ့ အခြားလူ ၅ ယောက်မှာရော ဘာအကြံတွေရှိနေကြတာလဲ။ ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ ဒီကျွန်းလေးရဲ့လျှို့ဝှက်ချက်ကို Mirandaတစ်ယောက် ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ကြရအောင်ပါ။ File size…(1.6 GB)/(700 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Mystery Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Adventure • Drama • Family
5.9 2023 93 mins
Invitation to a Murder
Hometown
5.3

ဒီတစ်ခေါက်မှာတော့ The Servant, Special Delivery အစရှိတဲ့ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ မင်းသား Song Sae Byeok နဲ့ အားလုံးရဲ့အချစ်တော် Ra Mi Ran တို့အဓိကပါဝင်ထားတဲ့ ဟာသ၊ အက်ရှင်ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ လီကီဆဲဟာ ငယ်ငယ်လေးတည်းက လူရွှင်တော်တစ်ဦးဖြစ်ဖို့ အိပ်မက်ရှိခဲ့ပြီး သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဆိုးလ်မြို့ကြီးကိုတက်လာခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ၊ မတတ်သာတဲ့အခြေအနေတွေကြုံလာပြီး မွေးရပ်မြေကိုပြန်လာတဲ့အခါမှာတော့ ဖခင်ကြီးရဲ့သေဆုံးမှုကြောင့် သူတို့ဒေသရဲ့အကြီးဆုံးလူမိုက်ဂိုဏ်းကြီးတစ်ခုကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ လူရွှင်တော်အဖြစ် ဘဝကိုဖြတ်သန်းလာတဲ့ လီကီဆဲတစ်ယောက် လူမိုက်ဂိုဏ်းကြီးနဲ့ဘယ်လိုဇယားတွေရှုပ်ပြီး၊ ဘာကိစ္စတွေကိုဖော်ထုတ်မလဲ နှစ်ပေါင်းများစွာနေမှပြန်တွေ့ရတဲ့သူငယ်ချင်းတွေကရော သူ့ကိုဘယ်လိုကူညီကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB } 780MB | 350MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Adventure • Horror
5.3 2022 109 mins
Hometown
A Very Long Engagement
7.3

၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။ စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင် သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။ အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော် ဖွင့်ပါတော့တယ်။ မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံး ပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေ အလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့ အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။ အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း အသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား? သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား? အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Comedy • Romance
7.3 2004 133 mins
A Very Long Engagement
The God Of War
6.2

CM ရဲ့ ရှန်းရှချစ်ပရိသတ်တွေအတွက် God of war ဆိုတဲ့ဇာတ်လမ်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “ရာထူးနေရာမြင့်မြင့်ရောက်လေလေ တာဝန်ယူရတယ် “ ဆိုတဲ့ စကားလုံးလေးကိုပုံဖော်ပြထားတဲ့ ဇာတ်လမ်းလေးပေါ့… မိုးနတ်မင်းက လောကကြီးကယ်တင်ဖို့ ရွေးချယ် ခံထားရတဲ့သူအဖြစ် ရှင်သန်နေတဲ့ နတ်မျက်စိပိုင်ရှင်ဟာသူ့ဘဝပေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခင်မင်သူတစ်စုနဲ့အတူ အခက်အခဲတွေတစ်ဆင့်ပြီး တစ်ဆင့်ကျော်ဖြတ်ပြီးနောက် နတ်မျက်စိရလိုက်ချိန်မှာသူ့ခင်မင်သူအားလုံးနဲ့ အလဲထပ်လိုက်ရတဲ့အခါ… ဒီဆုံးရှုံးမှုကြီးကို မခံစားနိုင်တာကြောင့် နတ်မျက်စိ အစွမ်း တစ်ခဏတာပျောက်ကွယ်သွားခဲ့ပါတယ်… ကဲ ဒီဇာတ်လမ်းထဲက နတ်မျက်စိပိုင်ရှင်ဟာ ကမ္ဘာမြေကိုကယ်တင်နိုင်မှာလား… တကယ်ပဲ ကမ္ဘာကြီးကိုကယ်တင်ဖို့ ချစ်ရခင်ရသူတွေကို ဆုံးရှုံးရမှာလား… ဘယ်လို မှတ်သားစရာ ကျန်ခဲ့မယ့် ဇာတ်လမ်းလေးလည်း ဆိုတာ ရှန်းရှချစ်ပရိသတ်တို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်ကြနော်

6.2 2022
The God Of War
[18+] The Margin
5.2

(18+) The Margin (La marge) (1976) IMDb – 5.2/10 “အပြာရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကြီး”လို့တောင် သမုတ်ခြင်းခံရတဲ့ ဒါရိုက်တာကြီး Walerian Borowczykရဲ့ လက်ရာကောင်းတွေထဲက တစ်ကားပေါ့။ သူ့ခေတ်သူ့အခါမှာ ပြောင်မြောက်တဲ့ရိုက်ချက်တွေနဲ့ ထိထိမိမိတင်ပြတတ်သူမို့ ဒီဘက်ခေတ်အနုပညာရှင်တွေထိတောင် သူ့ကိုစံထားပြီး အတုယူရတယ်လို့ ဆိုကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဇနီးချောလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ ဆီဂီစ်မွန်တစ်ယောက် ပါရီမြို့ကြီးဆီကို အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာပါတယ်။ အမြဲတမ်းစိတ်တူကိုယ်တူဖြစ်တဲ့ ဇနီးဖြစ်သူကို အတူခေါ်သွားချင်ပေမဲ့ သားလေးကိုပစ်ထားပြီး မလိုက်ချင်တာကြောင့် ဆီဂီစ်မွန်တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ်။ ပါရီမြို့ကြီးက ညည့်ငှက်လေးတွေဆွဲဆောင်သမျှ ငြင်းပယ်ရင်း ဇနီးဖြစ်သူနဲ့တူတဲ့ အမျိုးသမီးလေးကို တွေ့တဲ့အခါမှာတော့ မရှောင်တိမ်းနိုင်တော့ဘဲ စွဲလန်းမိပါတော့တယ်။ ဒီမှာပဲ အိမ်မှာကျန်ခဲ့တဲ့သားမိနှစ်ယောက်ဆီက သတင်းဆိုးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့…။ (aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 878MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5.2 1976
[18+] The Margin
Aggro Dr1ft
5.9

ဒီဇာတ်ကားက ဒါရိုက်တာ​ ဟာမိုနီကိုရင်းရဲ့ experimental ရုပ်ရှင်​ဖြစ်​ပြီး ဝါရင့်ကြေးစား လူသတ်​သမား​တစ်ယောက်​ အကြောင်း​ကို ပုံဖော်​ဖန်တီး​ထားတဲ့ Action Thriller ဇာတ်လမ်း​တစ်ခုဖြစ်ပါတယ်။ ဇာတ်​လမ်း​တစ်​လျှောက်​လုံး​ကို အနီ​အောက်​ရောင်ခြည် ဓာတ်​ပုံ​ပညာအသုံးပြုပြီး ရိုက်​ကူး​ထားတာ​ပါ။ ဇာတ်လမ်း​ကို မိုင်​ယာမီနဲ့ ဖလော်ရီဒါပြည်နယ်မှာ တည်ထားခြင်းဖြစ်ပြီး ကြေး​စား​လူသတ်သမားတစ်ဦး​ဖြစ်​တဲ့ Bo ရဲ့ သူလုပ်ကြံရမဲ့ ရာဇဝတ်​ဂိုဏ်း​ခေါင်း​ဆောင်​တစ်ဦးကို လိုက်လံရှာဖွေပုံကို စိတ္တဇ​ဆန်​ဆန်​ တင်​ဆက်​ထား​ခြင်းဖြစ်ပါတယ်။ တစ်​ချိန်​တည်း​မှာ Bo ရဲ့ မိသားစု​ဘဝနဲ့ လူမှု​ရှုထောင့်​ကိုလည်း ​ပုံ​ဖော်​ထား​ပါသေးတယ်။ ဒီဇာတ်ကားထဲမှာ Travis Scott ကလည်း​ Zion ဆိုတဲ့​ ဇာတ်​ကောင်​နေရာ​က ပါဝင်​ထားတာ​ကို တွေ့ရ​ပါတယ်။ ဇာတ်လမ်း​ဇာတ်​အိမ်​က ရိုး​ရှင်း​ပြီး အမြင်​ပိုင်း​ကို အဓိက​အသား​ပေး ပုံ​ဖော်​ထားတယ်လို့ ခန့်​မှန်း​ရပါတယ်။ experimental ရုပ်ရှင်​ဖြစ်​တာနဲ့အညီ လူတိုင်း​အတွက်​ မဟုတ်​တာတော့ သေချာ​ပါတယ်။ File size…(2.4GB)/(2.2 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:20:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

5.9 2023
Aggro Dr1ft
Spellbound
7

Spellbound (2011) ****************** ရိုမန့်စ်သက်သက် ဟာသသက်သက် သရဲကားသက်သက်တွေမဟုတ်ဘဲ သရဲကားကိုမှ ရိုမန့်စ်လည်းပါ ဟာသလေး‌လည်းနှောထားတဲ့ ဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေရှိပါသလား။ ဒါဆိုရင်တော့ ဒီတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ထားတဲ့ spellbound ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေဖြစ်တဲ့ Lee Min Ki နဲ့ Son Ye Jin တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ********************* လမ်းဘေးမျက်လှည့်ဆရာဖြစ်တဲ့မာဂျိုဂူ(အီမင်ဂီ)တစ်ယောက် တစ်နေ့ လမ်းပေါ်မှာမျက်လှည့်ပြနေရင်း ဂန်ယောရီ(ဆုန်းယယ်ဂျင်)လို့ခေါ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လူတွေနဲ့လည်းစကားမပြော ရောရောထွေးထွေးမနေဘဲ သီးသန့်ဆန်တဲ့ယောရီက ဂျိုဂူရဲ့ ကြောက်မက်ဖွယ်ရာမျက်လှည့်ရှိုး‌အတွက် စိတ်ကူးစိတ်သန်းတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပြီး နှစ်ယောက်သား မျက်လှည့်ရှိုးတွေကို အတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။ အလုပ်အတူတွဲလုပ်တာကြာပေမဲ့လည်း အရင်လိုသီးသန့်ဆန်နေဆဲဖြစ်တာကြောင့် ဂျိုဂူတစ်ယောက် ယောရီနဲ့ရင်းနှီးရအောင် ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ယောရီမှာ သူမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ကြီးရှိနေတာကိုသိလိုက်ရတဲ့အခါ…. အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်မလဲ…. နှစ်ယောက်သားရဲ့ရိုမန့်စ်ကရော ဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ Spellbound ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် .. (အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်) File size…1.57GB / 692MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Horror, Comedy, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

7 2011
Spellbound
Thaanara
6.4

Thaanara (2024) “အမှုပွေတဲ့ ညတစ်ည” ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။ သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

History • War • Drama • Action
6.4 2024
Thaanara
Firefighters
7.2

Firefighters (2024) ******************** ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Firefighters” ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။ Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ် သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ ဇာတ်လမ်းအညွှန်း- မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။ ဒီလိုမျိုး ကတောက်ကဆ‌လေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.78GB/ 870MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.2 2024 106 mins
Firefighters
Sweetheart!
5.4

Sweetheart 2025 (ကြောက်ရွံ့မိသော ချစ်ခြင်းတရား ) ဗာဆူဆိုတဲ့ကောင်လေးဟာ သူ့မိဘတွေရဲ့ အိမ်ထောင်ရေးကို ကြည့်ပြီး အိမ်ထောင်ပြုဖို့ ကြောက်ရွံ့နေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေဟာ သူ့အမေကို အရမ်းချစ်ပြီး ယုံကြည်ခဲ့ပေမဲ့ အမေကတော့ သစ္စာဖောက်ပြီး တခြားသူနဲ့လိုက်သွားရာကနေ ဗာဆူတစ်ယောက် အချစ်ဆိုတဲ့အရာကြီးကို ကြောက်ရွံ့လို့နေခဲ့ပါတော့တယ်။ တစ်နေ့မှာတော့ ဗာဆူတစ်ယောက် မာနူဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး ခံစားချက်တွေ ဖြစ်ပေါ်လာပေရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပါတော့တယ်။ ဗာဆူတစ်ယောက် မာနူကို ချစ်သူတစ်ယောက်အနေနဲ့တော့ ချစ်နိုင်ပေမဲ့ လက်ထပ်ဖို့အတွက်ကိုတော့ ရာနှုန်းပြည့်မယုံနိုင်ဖြစ်ကာ လက်ထပ်ဖို့ပြောလိုက်တိုင်းမှာ အင်းမလုပ်ခဲ့ပါဘူး။ ဗာဆူတို့ ချစ်သူနှစ်ယောက် တခြားကိစ္စတွေနဲ့ပတ်သတ်ရင် အဆင်ပြေကြပေမဲ့ လက်ထပ်ဖို့ဆိုတဲ့ ခေါင်းစဉ်ပါလာရင်တော့ ပြဿနာအမြဲဖြစ်ကြပါတော့တယ်။ ဒီလိုနဲ့ ဗာဆူတို့ အချစ်နယ်ကျွံရင်း မာနူတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ……….. အိမ်ထောင်ရေးဆိုတာကြီးကို ကြောက်ရွံ့နေတဲ့ ဗာဆူတစ်ယောက် မာနူရဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ……… မာနူတစ်ယောက်ရော ရလာတဲ့ ရင်သွေးလေးအတွက် ဘယ်လိုတွေ တိုက်ပွဲဝင်သွားမလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Documentary • Music
5.4 2025 144 mins
Sweetheart!
Mr. Burton
7.1

IMDb Rating (7.1) / Rotten Tomatoes (84%) “Mr Burton” ရုပ်ရှင်ကတော့ ဝေလက ကမ္ဘာကျော်သရုပ်ဆောင် ရစ်ချတ်ဘာတန်ရဲ့ အစောပိုင်းဘဝဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်တဲ့ ဖိလစ်ဘာတန်နဲ့ အထူးဆက်ဆံရေးကို အဓိကရိုက်ကူးပြထားပါတယ်။ မူလအမည် ရစ်ချတ်ဂျင်ကင်းစ်ဖြစ်တဲ့ လူငယ်လေးဟာ ဝေလဒေသမှာရှိတဲ့ မိုင်းလုပ်သားမိသားစုကနေ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးအဖြစ် ကူးပြောင်းလာပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ် တာလ်ဘော့ဆိပ်ကမ်းမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ဖိလစ်ဘာတန်ဟာ ရစ်ချတ်ရဲ့သရုပ်ဆောင်ဉာဏ်ရည်ကို သတိထားမိပြီး အင်္ဂလိပ်စကားပြောအသံထွက်မှန်ကန်စေဖို့လေ့ကျင့်ပေးတာ၊ ဝေလအသံထွက်ကို ပြုပြင်ပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ရစ်ချတ်ရဲ့ဖခင်က အရက်သမားဖြစ်ပြီး သားကို ဂရုစိုက်မစိုက်တော့တာကြောင့် ဖိလစ်ဘာတန်ဟာ ရစ်ချတ်ကို တရားဝင်မွေးစားရင်း နာမည်ကိုပါ ဘာတန်လို့ ပြောင်းလဲပေးခဲ့ပါတယ်။ ရုပ်ရှင်မှာ ရစ်ချတ်ဘာတန်ရဲ့ ပညာရေးနဲ့အနုပညာခရီးကို အဓိကပြသထားပြီး ဖိလစ်ဘာတန်ရဲ့ စေတနာနဲ့ရစ်ချတ်ရဲ့ပါရမီကို ဘယ်လိုဖော်ထုတ်ပေးခဲ့တယ်ဆိုတာကို အလေးပေးဖော်ပြထားပါတယ်။ “Mr Burton” ရုပ်ရှင်ဟာ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးရဲ့မဖော်ပြရသေးသော အစောပိုင်းဘဝဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ပညာရေးနဲ့ ဆရာ-တပည့်ဆက်ဆံရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဗြိတိန်ရုပ်ရှင်ရုံတွေမှာ စတင်ပြသခဲ့ပြီး ရစ်ချတ်ဘာတန်ရဲ့မွေးနေ့ နှစ်၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ File Size… (1.05 GB) / (684 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…2h 4m Genre …..Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

7.1 2025 124 mins
Mr. Burton
Twelve O’Clock High
7.7

ဒုတိယကမ္ဘာစစ်ကြီးမှာ ၂၁သန်းကနေ ၂၅သန်းကြားရှိ စစ်သားတွေ ကမ္ဘာတစ်ဝှမ်းအများအပြား အသက်ပေးခဲ့ကြရပါတယ်။ စစ်ပွဲမှာ ယောက်ျားအရင့်အမာကြီးတွေ အနေနဲ့ ဘယ်လောက်စိတ်ဓာတ်မာကြောနိုင်ကြနိုင်မလဲဆိုတာ တစိမ့်စိမ့်ခံစားကြည့်ရှုနိုင်မယ့် IMDb 7.7 ရထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း လေတပ်ဗိုလ်ကြီး ဒဗန်ပေါ့ဦးဆောင်တဲ့ အင်္ဂလန်ကိုရောက်ရှိနေတဲ့ အမေရိကန်လေတပ် တပ်ရင်းအမှတ် ၉၁၈ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အကျအဆုံးနဲ့အထိအခိုက် များလာတဲ့အတွက် ဗိုလ်ကြီး ဒဗန်ပေါ့ အထောင်းခံနေရပါတယ်။ တပ်သားတွေကို မိသားစုဝင်လို ချစ်ခင်ဆက်ဆံတတ်ပြီး သက်ညှာတတ်တဲ့ ဗိုလ်ကြီး ဒဗန်ပေါ့ကို အေးဆေးတည်ငြိမ် ခက်ထန်လွန်းတယ်လို့နာမည်ကြီးတဲ့ သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ဖရန့်ခ်ဆားဗေ့နဲ့ အထက်က အစားထိုးလိုက်ပါတယ်။ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ မိန့်ခွန်းပြောအပြီးမှာတင် တပ်သားအားလုံးက ဖရန့်ခ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ ရွှေ့ပြောင်းမိန့်အတွက် အားလုံးတစ်ညီတည်း စာတင်ကြပါတော့တယ်။ ဒီလိုအခြေအနေကနေ ဖရန့်ခ်တစ်ယောက် ဒီတပ်ရင်းကို လိုချင်တဲ့ပန်းတိုင် ရောက်အောင် ဘယ်လိုကြိုးစားမလဲ။ တပ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရော ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ ကြည့်ရမှာပါ။ မျက်ရည်မချူ မျက်ရည်မကျစေဘဲ ကမ္ဘာစစ်တွေအတွင်းက ယောက်ျားသားတွေရဲ့ မျိုးစုံသော ဖိအားကို လက်တွေ့ဘဝမှာ အနုပညာဆန်ဆန် တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 4.1 GB GB / 2.62 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 12m Genre ….. Drama / War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw Htike Lay

Drama • Thriller
7.7 1949 132 mins
Twelve O’Clock High