YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Pinocchio.720p.E01.mp4

509.57 MB 720p video/mp4 3461 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mediterranean Fever
6.5

Mediterranean Fever (2022) ~ IMDb - 6.6/10, Rotten Tomatoes - 80% ~ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို... ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ နောက်ပိုင်း ဂျလဲဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်မှန်းသိသွားတဲ့ ဝဲလိဒ်က ဂျလဲကိုသူ့ Circle ထဲဝင်ခွင့်ပြုလိုက်တယ်။ ဝဲလိဒ်တစ်ယောက် အရင်ကနဲ့မတူဘဲ အတော်ပြောင်းလဲလာတယ်။ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွရှိလာတယ်။ သူ့ဇနီးကတော့ ဝဲလိဒ် Depression ကနေသက်သာလာတော့မယ်ဆိုပြီး ဂျလဲကိုကျေးဇူးတင်နေတယ်။ ဒါပေမဲ့ ဂျလဲကြောင့် ဝဲလိဒ်ကပြောင်းလဲသွားတာလား... ဝဲလိဒ်ကဂျလဲကိုပြောင်းလဲလိုက်တာလား... ဇာတ်ကောင်နှစ်ယောက်ရဲ့မတူညီတဲ့အမူအကျင့်တွေနဲ့ Chemistry မိတဲ့သူတို့ရဲ့ Friendship ကို ပီပီပြင်ပြင်ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းက Dark ဘက်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
6.5 2022 108 mins
Mediterranean Fever
[18+] The Brown Bunny

ဒီကားက Experimental ကား ပီပီသသနဲ့ပဲ လိင်ဆက်ဆံခန်းတွေဟာ သာမန် 18+ ကား‌တွေထက်တောင် လက်တွေ့ဆန်အောင်ပြထားတယ်။ ပုံမှန် 18+ ကားတွေပြလေ့မရှိတာတွေကိုပါ ရဲရဲတင်းတင်းပြထားတယ်ဆိုပါစို့။ အဲဒီလိုဆိုလို့ အပေါစား အညှီအဟောက်ဇာတ်ကားတစ်ခုသက်သက်လားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ ဘာလို့ဆို ကိန်းရုပ်ရှင်ပွဲတော်မှာပါ ပြခဲ့ရတဲ့ကားဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း ဒီကားရဲ့အပြတွေအရ ကိန်းလိုရုပ်ရှင်ပွဲတော်ကြီးနဲ့ မထိုက်တန်ဘူးဆိုပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား အငြင်းပွားခဲ့ရသလို ဂန္ထဝင်ရုပ်ရှင်‌ဝေဖန်ရေးဆရာကြီး Roger Ebert ကတောင် ကိန်းရုပ်ရှင်ပွဲတော်သမိုင်းပြခဲ့သမျှထဲ အဆိုးဆုံးကား ဆိုပြီးတောင် ထောပနာပြုခဲ့ပါသေးတယ်။ ‌ဒါပေမဲ့ ရုပ်ရှင်ပွဲတော်မှာ မပြခဲ့တဲ့ နောက်ဗားရှင်းကိုတော့ သူလည်း အကောင်းဘက်က ချီးကျူးခဲ့ပါတယ်။ ကားရဲ့ ဇာတ်အိမ်ကလည်း တော်တော်လေးဆန်းတယ်။ လေလွင့်နေတဲ့လူတစ်ယောက်ရဲ့ ခြေရာခံရခက်တဲ့အတိတ်ကို တငွေ့ငွေ့ချင်း ပုံဖော်ရင်း ဒီလူ ဘာလို့လေလွင့်နေလဲဆိုတာကို တစ်စတစ်စချင်း ပုံဖော်ပြသသွားတယ်။ Experimental Road Drama ပီပီသသပဲ လမ်းပေါ်မှာ တကယ်သွားနေတဲ့ အနေအထားနဲ့ တော်တော်ကျအောင်လည်းပြသွားတယ်။ ၁၈အပေါင်းထက် ပိုရင်ပိုလောက်တဲ့ ၂၁အပေါင်းကားပေမဲ့ အနုပညာလည်း မြောက်သလို Experimental ဖလင်ဖန်တွေအကြိုက်တွေ့မယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Abyss မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Abyss Encoded by RGB

Action • Adventure • Drama • Mystery
null 2003 93 mins
[18+] The Brown Bunny
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Drama
7.3 2014 109 mins
How to Steal a Dog
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Blaze
5

IMDb Rating - 6.6/10 ရုပ်ရှင်ပွဲတော်တွေမှာ အားပေးမှုနဲ့ Rating ကောင်းကောင်းတွေ ရထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ၁၂ အရွယ် ဘလေ့ဇ် ဆိုတဲ့ ကလေးမလေး တစ်ယောက်ရဲ့ စိတ်ကူးယဉ်အတွေးတွေနဲ့ ဒုစရိုက်မှုတစ်ခုကိုဘယ်လိုဖြေရှင်းသွားလဲဆိုတာကို ကြည့်ရမှာပါ။ ဘလေ့ဇ်ဟာ တစ်နေ့ကျောင်းကနေအပြန် လမ်းကြားတစ်ခုမှာ ဟန်နာ ဆိုတဲ့အမျိုးသမီး တစ်ယောက်မုဒိမ်းကျင့် အသတ်ခံလိုက်ရတာကို မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ရောက်တော့ အဖေဖြစ်သူ လုခ်ကို ပြန်ပြောပြီး...ရဲကိုဖုန်းဆက်လိုက်ပါတယ်။ ရဲတွေလည်း ဘလေ့ဇ်ပြောတဲ့ နေရာကိုရောက်သွားတဲ့အခါမှာတော့...ဟန်နာရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် မုဒိမ်းသမားဖြစ်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက လူဖြစ်တာကြောင့် ရှေ့နေကောင်းကောင်းတွေ ငှားပြီး တရားရင်ဆိုင် ခုခံဖို့ ပြင်ဆင်လိုက်ပါတယ်။ ၁၂ အရွယ်ကလေးမလေးဟာ စိတ်မတည်ငြိမ်တဲ့ ရောဂါအခြေအနေရှိတယ်ဆိုပြီး တရားခံရှေ့နေရဲ့ အလျှောက်ကောင်းမှုနဲ့ အတူ ဂျိတ်လည်း အပြစ်ကနေလွတ်မြောက်နေပါတယ်။ ဒါပေမယ့် ဘလေ့ဇ်ဟာ အရင်ကလို့ ကြောက်ရွံ့နေတဲ့ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘဲ စိတ်ကုထုံးတွေခံယူရင်း ခွန်အားတွေနဲ့တူ ဂျိတ်ကိုဘယ်လိုဖမ်းဆီးသွားမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်ရှုစားလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.6 GB) / (590 MB) / (338 MB) Quality............Web-DL 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Crime, Drama Translator.......Thiha Yan Naing Encoder..........SWM

Drama • Romance
5 2022 101 mins
Blaze
Light for the Youth
6.5

IMDB - 7.1/10, 2 Wins ဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား "အီဂျွန်း" ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး "အီဆယ်ယွန်း" ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့် တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။ ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေ မပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင် "အီဂျွန်း" ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေ ၊ အရွယ်နဲ့မလိုက်အောင် မြင်တွေ့ခံစားခဲ့ရတာတွေက နောက်ဆုံးမှာ "အီဂျွန်း" ကို ဘယ်လို အကျိုးသက်ရောက်သွားစေမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ "အီဂျွန်း" အနေနဲ့ All of us are Dead (2022) မှာ ပါဝင်ခဲ့တဲ့ Yoon Chan Young က ပါဝင်သရုပ်ဆောင်ထားပြီး "အီဆယ်ယွန်း"အနေနဲ့ မင်းသမီး Kim Ho Jung က ပါဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.63GB and 852MB and 293MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... LK

Action
6.5 2020 114 mins
Light for the Youth
Doctor Sleep
7.2

IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး သတ်သေသွားခဲ့ပါပြီ။ ကလေးငယ် ဒန်နီမှာ စိတ်စွမ်းအင် ဆက်သွယ်မှုတစ်မျိုး ရှိပြီး ဟိုတယ်ရဲ့ စားဖိုမှူးကြီး ဒစ် ဟယ်လိုရန်ကလည်း သူ့လိုစွမ်းအင်ရှိသူမို့ သူတို့ ၂ ဦး စိတ်ထဲကနေ ဆက်သွယ်မိကြပါတယ်။ ဟယ်လိုရန်ကတော့ ဒန်နီကို ဒီစွမ်းအားဟာ shine တောက်ပမှုလို့ခေါ်တယ်လို့ ပြောခဲ့ပါတယ်။သူတို့ နေကြတဲ့ ဒီဟိုတယ်ကြီးထဲမှာ ဝိညာဉ်ပေါင်းအတော်များများရှိပြီးဒါတွေနဲ့ သူတို့မိသားစု ကြုံတွေ့လာရပါတယ်။ ဒါပေမယ့် ပြဿနာက သရဲရှိရုံတင်မဟုတ်ဘဲ ဟိုတယ်နဲ့မြေကိုယ်တိုင်ကိုက မကောင်းဆိုးဝါးဓာတ်တွေရှိနေတာပါ။ ပြီးတော့ ဟိုတယ်ဟာ ဒန်နီလိုမျိုး အစွမ်းရှိသူရောက်လာလို့ ပိုနိုးကြားလာပြီး ပိုဆာလောင်လာပါတယ်။ ဒီဒဏ်ကို ခံလိုက်ရသူကတော့ဖခင်ဖြစ်တဲ့ ဂျက်ပါပဲ။ ဂျက်ဟာ တဖြည်းဖြည်းရူးသွပ်လာပြီး သူ့မိသားစုကို ပြန်သတ်ဖို့ ကြိုးစားပါတော့တယ်။ ရှိုင်းနင်းရဲ့အဆုံးမှာတော့ ဂျက်သေဆုံးသွားခဲ့ပြီး ဝင်ဒီနဲ့ ဒန်နီတို့ သားအမိလွတ်မြောက်လာခဲ့ပါတယ်။ဂျက်ရဲ့ပုံကတော့ ဟိုတယ်ရဲ့ အဖွဲ့ဓာတ်ပုံထဲမှာ ကျန်နေခဲ့ပြီး သူ့ဝိညာဉ်ဟာ မလွတ်မြောက်တော့တဲ့အဓိပ္ပါယ်နဲ့ အဆုံးသတ်သွားတာပါ။ ဒါမှမဟုတ် ဂျက်ဟာ ယခင်သေသွားတဲ့ ဟိုတယ်အလုပ်သမားသေလို့ ဝင်စားခဲ့သလားတော့ မသိပါဘူး။အခု ဒေါက်တာစလိ ရုပ်ရှင်မှာတော့ ဒန်နီလိုမျိုး အစွမ်းရှိတဲ့ သူတွေအများကြီးပါလာပါတယ်။ ဒီလိုအစွမ်းရှိတဲ့သူတွေကို စားသုံးပြီးအသက်ရှည်နေတဲ့အဖွဲ့တစ်ဖွဲ့ပါလာပါတယ်။ သူတို့တွေက အစွမ်းရှိတဲ့ကလေးတွေဆီကိုသတ်ပြီး အငွေ့တွေကို ရှုကြတယ်၊ သိမ်းထားကြတယ်ပေါ့။ ဒန်နီကတော့ အရွယ်ရောက်ပြီးသားလူကြီးဖြစ်နေခဲ့ပါပြီ။ တစ်နေ့မှာ သူနဲ့စိတ်ချင်းဆက်သွယ်မိတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့လာပြီး ဒီကလေးမလေးကို သတ်မယ့်အဖွဲ့လိုက်လာတာကိုသိတော့ သူတို့ ၂ ယောက်ရဲ့ အစွမ်းကိုသုံးပြီး ပြန်ရင်ဆိုင်ရပါတော့တယ်။ File size…4.59GB / 1.03GB Quality…1080p HEVC & 720p Format…Mp4 Duration….3h Subtitle….Myanmar Subtilte (Hard Sub) Encoder….Thit San Khant Translated by Little Neo

Drama • BL
7.2 2019 152 mins
Doctor Sleep
Inventing the Christmas Prince
6.6

Inventing the Christmas Prince(2022) Christmas Prince ဆိုတာ မြောက်ဝင်ရိုးစွန်းတခွင်မှာ Santa Clause ပြီးရင် နာမည်အကြီးဆုံး လက်ဆောင်တွေ ဖြည့်ဆည်းပေးတဲ့ mythical character တစ်ယောက်ပေါ့ ဒါပေမယ့် Santa လောက်သူ့ကိုလူသိပ်မသိကြပါဘူး Christmas Prince ဆိုတဲ့story လေးကို ကျောင်းမှာ မိဘတွေခေါ်ပြီးပုံပြောခိုင်းတဲ့အစီစဥ်မှာ ရှယ်ဘီက သူ့ဖတဆိုးသမီးလေး ဂရေစ့်ကိုပြောပြပါတယ် အဲ့ကတည်းက Christmas prince ကဂရေစ့်ရဲ့စိတ်ထဲ စိုးမိုးနေတော့တာပေါ့ ရှယ်ဘီဟာ တဖက်ကလည်း ဂရေစ့်လေးကိုထိန်းရ တဖက်မှာလည်း Rocket Engineer ဆိုတဲ့အတိုင်းအလုပ်တွေကဇယ်ဆက်သလိုကိုလုပ်ရပါတယ် သူ့အတွက်ပိုဆိုးစေတာက သူတို့ရဲ့ ဘောစ့်အယ်ဗန်ပါ အယ်ဗန်ဟာ Christmas Carole ထဲက Scrooge လောက်မဆိုးပေမယ့် nearly Scrooge ပေါ့ အဲ့တော့အရမ်းလူ့ဂွစာကြီးပေါ့ တစ်နေ့မှာဖြစ်ချင်တော့ ရှယ်ဘီတယောက်သမီးဖြစ်သူကို အလုပ်ခေါ်သွားရင်း ပုံပြင်ထဲက Christmas Prince ရဲ့ လက်ကအမှတ်နဲ့ မစ္စတာအယ်ဗန်ရဲ့လက်ကအမှတ်သွားတူနေပြီး ဂရေစ့်လေး အယ်ဗန်ကို တကယ့် Chrostmas prince လို့ထင်သွားပြီးနောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်မလည်း ကြည့်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ် ဟာသလေးတွေလည်းပါတော့ ပေါ့ပေါ့ပါးပါးနဲ့ Christmas ကာလမဟုတ်တော့တောင်အတော်ကြည့်လို့ကောင်းပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.6GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:24:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama
6.6 2022 84 mins
Inventing the Christmas Prince
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
Detective Dee And The Punished Swellhead
5.8

စုံထောက်ကြီးဒီးနဲ့နဂါးနက်အမှုဖြစ်ပါတယ်။ ဒီအမှုမှာတော့ အာဏာတည်မြဲခြင်းကိုကိုယ်စားပြုနိုင်ဖို့ ဧကရီဝူကျယ်ထျန်းဟာ ရေလှောင်တမံတစ်ခုကိုတည်ဆောက်ပြီး ပူဇော်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ပူဇော်ပွဲမတိုင်ခင် ၃ရက်မှာ ရေလှောင်တမံဆောက်လုပ်ရေးမှာပါဝင်တဲ့ အလုပ်သမားတွေ ရာချီပြီးတော့သေတဲ့အမှုဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ ကောင်းကင်မှာနဂါးနန်းတော်ကိုမြင်ရတယ်လို့ ဆိုတဲ့လူတွေရှိတာကြောင့် ဒါကနဂါးနတ်မင်းရဲ့ကျိန်စာလား ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ ဒီးရန်ကျယ်ဟာအမိန့်တော်အရ ဒီအမှုကိုလိုက်ရင်း ဒီနဂါးကျိန်စာရဲ့နောက်ကွယ်က ကြီးမားတဲ့အကြံအစည်ကို သိလိုက်ရတာကြောင့် ပူဇော်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဧကရီဝူကျယ်ထျန်းက သူ့ရဲ့အာဏာကိုပြဖို့ပဲ စိတ်အားထက်သန်နေပြီးတော့ ဖျက်သိမ်းဖို့ငြင်းဆန်ခဲ့ပါတယ်။ ပြည်သူတွေရဲ့အသက်နဲ့ အာဏာကြားမှာ ဝူကျယ်ထျန်းကဘာကိုရွေးမလဲ…… စုံထောက်ကြီးဒီးကရော ဒီအမှုကိုဘယ်လိုများပါးပါးနပ်နပ်ဖြေရှင်းသွားမလဲ……

5.8 2024
Detective Dee And The Punished Swellhead
Red Eagle
5.4

အက်ရှင်သိပ္ပံကားတွေကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် 2016 ခုနှစ် မှာ ဘန်ကောက်ဟာ ဒုစရိုက်နဲ့ အရေးအခင်းတွေဖြစ်ပွားပြီး ရှုပ်ထွေးတဲ့မြို့တော်ကြီးတစ်ခုဖြစ်နေပါပြီ… ခေါင်းဆောင်မှုအပိုင်းမှာလည်း နိုင်ငံရေးသမားတွေရဲ့လှည့်ကွက် ညစ်ပတ်မှုတွေကြောင့် ဖရိုဖရဲဖြစ်နေတဲ့အပြင် အစိုးရဟာလည်း ပြည်သူတွေကိုမငဲ့ပဲ နယူကလီးယား လက်နက်စမ်းသပ်ဖို့ ဖြစ်နေပါတယ်.. ဒီအချိန်မှာတော့ သူရဲကောင်းတစ်ဦးထွက်ပေါ်လာပါတော့တယ် ဒီလူဟာ ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေ…ဒုစရိုက်သမားတွေကိုနိမ်နင်းပါတော့တယ် သူ့ရဲ့ သရုပ်မှန်ကိုဘယ်သူမှလည်းမသိပါဘူး တစ်ခါလူသတ်ပြီးတိုင်း The Red Eagle ဆိုတဲ့စာလေးပဲထားတတ်တဲ့ လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့သူဆိုတော့ The Red Eagle တစ်ယောက် စွန့်စားရင်းနဲ့ ဘယ်လိုတွေကြုံရမယ်ဆိုတာ ဆက်လက်ခံစားပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Anony One ပဲ ဖြစ်ပါတယ်။ Genre….. Action, Sci-fi, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 2.1GB | 1.1GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Anony One Encoder ….. Aaron

Western
5.4 2010
Red Eagle
Jatt Nuu Chudail Takri
5

Jatt Nuu Chudail Takri 2024 ချစ်ရပါသောမာယာရှင် IMDb-5.0/10 အိမ်ထောင်သည်သူငယ်ချင်းများကြားက လူလွတ်အမောင်ဂျာလာလူကတော့ သူငယ်ချင်းတွေကို ကွာရှင်းဖို့တိုက်တွန်းတတ်တဲ့ အဖွဲ့ထဲကဇိုးတစ်ကောင်ပေါ့။ တိုတောင်းလှတဲ့ဘဝကြီးမှာ စုန်းမနဲ့တူတဲ့ မာယာများတဲ့ မိန်းမဆိုတာ တစ်ယောက်တည်းထားရတာ မတန်ဘူး လိုက်ပွဲလေးတွေနဲ့ပျော်ပါးရမှာဆိုပြီး ဂျင်းသိပ်ကောင်းလို့ သူငယ်ချင်းတွေလည်း သူနဲ့စော်ကြူရင်း မိန်းမဆီမှာ အတွယ်ခံရတာပေါ့။ ဒီလိုနဲ့ အလံနီကောင်ဆိုးလေး ဂျာလာလူရဲ့ဘဝထဲက ရာနီဆိုတဲ့မိန်းမချောလေး ‌ ဝင်ရောက်လာပြီးတော့ အိပ်မက်ထဲအထိပါစိုးမိုးပြီး တစ်ကိုယ်တော်ဝါဒီကို ချေချွတ်ပြီးသကာလမှာ၊ ရာနီက တကယ်ပဲ စုန်းမလေးဖြစ်နေတာကို တစ်စတစ်စ သတိထားမိလာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama
5 2024 154 mins
Jatt Nuu Chudail Takri
Blood pay
6.4

Blood pay (2025) IMDb Rating (6.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သုခဘုံဆိုတာဟာ AI တွေက အလုပ်သမားစျေးကွက်ကိုဝင်ရောက်လုယူသွားပြီး အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာ၊လူငယ်တွေဟာလည်း အွန်လိုင်းကမ္ဘာထဲမှာသာ နစ်မျောနေပြီး လူသားချင်းထိတွေ့ဆက်ဆံမှု ကင်းပျောက်လုနီးပါး ပျက်ကိန်းဆိုက်နေတဲ့အနာဂတ်ကမ္ဘာထဲက မြို့တစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဂျွန်ဆိုတဲ့လူတစ်ယောက်ကတော့ ခေတ်နဲ့လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့အတွက်ပူပင်စရာမရှိလောက်အောင်ပြီးပြည့်စုံတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နေပြီး ဘေးလူမနာလိုချင်စရာအနေအထားမျိုးပါ။ ဒါပေမယ့် ပြီးပြည့်စုံလွန်းတဲ့ဂျွန်ဟာ ဘ၀မှာ ဘယ်အရာကိုမှ စိတ်ကျေနပ်မှု၊ပြည့်စုံမှုမရနိုင်တော့ပဲ စိတ်ကျရောဂါဖိစီးနေပြီး ကိုယ်ကိုယ်ကိုသတ်သေဖို့အထိပါတွေးနေမိပါတယ်။ တစ်နေ့တော့ အွန်လိုင်းက ကြော်ငြာတစ်ခုကောင်းမှုနဲ့ BLOOD-PAY ဆိုတဲ့ AI ဖျော်ဖြေရေးကိရိယာတစ်ခုကို ဝယ်ယူမိသွားခဲ့ပါတယ်။ အဲဒီကိရိယာမှာ သူနဲ့ဆက်ဆံပြောဆိုတဲ့ အိဗ်ဆိုတဲ့ Ai မလေးကို အစွဲလန်းကြီးစွဲလန်းမိတဲ့နောက်မှာတော့ ဂျွန်ဟာ အိဗ်ညွှန်ကြားသမျှရူးရူးမိုက်မိုက်လိုက်လုပ်ရင်း ရုန်းထွက်ရခက်တဲ့ရမ္မက်နွံထဲကို ကျဆင်းသွားပါတော့တယ်။ အချိန်လွန်မှသိလိုက်ရတာကတော့ BLOOD-PAY ဆိုတဲ့အတိုင်းသူ့ရဲ့ဝန်ဆောင်မှုကို သွေးနဲ့ပေးချေရတယ်ဆိုတာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction,Thriller Duration….01:23:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2025 82 mins
Blood pay