YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Pilot (2024) WEB-DL 720P (CM).mp4

718.19 MB N/A video/mp4 2831 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up 3D
6.8

Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ် အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထား တာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့ နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲ ဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကို ဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမား မုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီး တော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYU ကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေ ပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်း သူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့ World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့ တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကို စည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။ တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာ တွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက် သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊ နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာ တွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။ File size…2.70GB / 1.55GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
6.8 2010 107 mins
Step Up 3D
Kantara
7.6

IMDb-9/10 ‌ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ မင်းသားကြီး ရီရှက်ဘ်ရှက်တီကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားတဲ့ ရုံတင်ငွေအမြတ်များစွာရရှိထားတဲ့ Thriller ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ရဂျီးနီးကိုယ်တိုင်လည်း သူ့ဆီသွားရောက် ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ် ၁၆ ကု‌ဋေသုံးပြီးရိုက်ကူးခဲ့တဲ့ ဒီကားဟာ ရုံတင်ငွေကုဋေ ၄၀၀ ရရှိခဲ့သည်ထိ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါ ဇာတ်လမ်းအညွှန်း ဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး ‌ စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ် သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့ ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် ‌ သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ် ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့ 1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့ ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ် အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ် 1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင် သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက် အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ် ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက် သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ လက်မခံပဲလိုက်မြဲလိုက်ဆဲပါပဲ တစ်နေ့သူ တော၀က်အမဲလိုက်ပြီးတစ်ညမှာ အိမ်မက်ထဲမှာ တော၀က်တစ်ကောင်ကသူ့ကိုလိုက်နေတယ်ဆိုတဲ့ အိမ်မက်ဆိုးမက်ခဲ့ရတယ်... တမန်တော်ပန်ဂျူရီရဲ့ စောင့်ရှောက်မှုအောက်မှာအေးချမ်းနေတဲ့သစ်တောနဲ့ ကျေးရွာလေး‌ဆီရောက်လာတဲ့ အစိုးရရဲ့အမိန့်တွေ.... ရှီဗာအလန့်တကြားနိုးထလာရတဲ့ အိမ်မက်ဆိုး... ဒါတွေက ဘယ်လိုဆက်စပ်နေလဲ ရှုစားကြည့်ပါဦး File size...8.4GB / 3.06GB / 1.34GB Quality…4k HEVC / 1080p True WEB DL/ 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Thet Ko ~ OeliuJ ~ HayMan

Drama
7.6 2022 147 mins
Kantara
The Dark Knight Rises
7.8

IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။ Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။ ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြိ့ုက မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။ နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra's Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra's Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra's Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြိ့ုကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြသည်။) 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.8 GB)/(3 GB)/(1.1 GB) Quality….IMAX 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Romance
7.8 2012 165 mins
The Dark Knight Rises
Dragon Knight
6.6

King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံ​တော်အတွင်း မိတ်​ဆွေသစ် ​​တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါ​တော့တယ်၊ သူတို့လိုက်ရှာ​နေတဲ့ နဂါးကို ရှာ​တွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ​ပေါ့​ပေါ့ပါးပါးကြည့်ရှုရမှာပါ။ (ဇာတ်ကားနဲ့အညွှန်းကို DK မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by DK Encoded by Y

Action • Drama
6.6 2022 99 mins
Dragon Knight
The Most Reluctant Convert
6.7

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre…Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….Mr.Anderson

Horror • Mystery • Thriller
6.7 2022
The Most Reluctant Convert
Blood Creek

သာမန် Horror ကားတွေလိုမဟုတ်ဘဲ ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟစ်တလာဟာယုတ်မာပြီးရက်စက်သလောက် ဂမ္ဘီရနည်းပညာကိုလည်းစွဲစွဲလမ်းလမ်းယုံကြည်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ရသမျှနည်းလမ်းအကုန်သုံးချင်ခဲ့တာပါ။ ဒီဇာတ်ကားကတော့ ဟစ်တလာရဲ့ရက်စက်တဲ့လုပ်ရပ်တွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တစ်ခုအကြောင်းကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. အီဗန်ဆိုတဲ့လူတစ်ယောက်ကတော့ သူ့အစ်ကိုဗစ်တာပျောက်သွားပြီးကတည်းက မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သေပြီလို့မှတ်ယူထားတဲ့ သူ့အစ်ကိုတစ်ယောက်လုံးအရှင်လတ်လတ်ပေါ်လာတဲ့အပြင် သူကအလုပ်တစ်ခုကိုလုပ်ဖို့အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ ဘာအကြောင်းအရာကိုမှရေရေရာရာမသိဘဲ အစ်ကို့ကိုကူညီပေးခဲ့ရာကနေ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ပါရင်ဆိုင်လာရပြီး ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတာကိုသိလိုက်ရပါတော့တယ်။ ဒီလူမဆန်တဲ့လူကဘယ်သူလဲ သူတခြားလူတွေကိုဒုက္ခမပေးနိုင်အောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုရင်တမမနဲ့ကြည့်ရှုရမှာပါ…… File size…(1.9 GB)/(964 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

0 2009
Blood Creek
Mind the Gap
7

Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင် မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။ ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။ တတိယတစ်‌ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်‌ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ့် အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့… လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။ ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။ နောက်ဆုံးဇာတ်လမ်းက‌တော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်‌ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။ ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေး‌ကောင်းပြီး ၂၀၀‌၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(2.8 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2004
Mind the Gap
Dial M for Murder
8.2

နာမည်ကြီး film director ကြီး Sir Alfred Hitchcock ရဲ့ လက်ရာကောင်းတွေထဲ တစ်ခုဖြစ်တဲ့ 1954ခုနှစ်ထွက် crime/thriller ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Grace Kelly ပါဝင်ပြီး Ray Milland, John Williams, Robert Cummings တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ Tony Wendice တစ်ယောက် သူ့မိန်းမ Margot Wendiceက အမေရိကန် စာရေးဆရာ တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိသွားပြီး မိန်းမကို သတ်ဖို့အတွက် ကောလိပ်အတူတက်ခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ဆက်သွယ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ အကွက်ချ စီစဥ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ Tony Wendice နဲ့ သူ့မိန်းမ Margot ဟာ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရင် တစ်ယောက်ကို တစ်ယောက် လက်ကျန်စည်းစိမ်တွေ ချန်ခဲ့ပေးဖို့ သေတမ်းစာရေးထားခဲ့ပါတယ်။ Tony က ဒီငွေတွေကို မက်လို့လည်း သူ့မိန်းမကို သတ်ပြီး ငွေယူဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြံရွယ်ခဲ့တာပါ။ Thriller ကောင်းကောင်းကြိုက်မယ့်သူတွေ အကြိုက်တွေ့လောက်မယ့် ခေတ်ဟောင်းကားကောင်း တသ်ခုဖြစ်ပါတယ်။ File size…(1.9 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

8.2 1954 105 mins
Dial M for Murder
Wolves
5.3

ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။ အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်က သူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်း အရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကို ပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စား ဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားကောင်းလေးဖြစ်ပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ File size… 2 GB / 980 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Fantasy / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by San Win Maung

5.3 2014
Wolves
The White Storm 3: Heaven or Hell
6.3

The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

6.3 2023
The White Storm 3: Heaven or Hell
The Wasp
6

The Wasp (2024 ) IMDb – 5.9/10 Rotten Tomatoes – 75% Psychological thriller ‧ 1h 35m Game of Thrones ထဲက မင်းသမီး Natalie Dormer နဲ့ မင်းသမီး Naomie Harris တို့ အဓိကပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကတော့ ထရော်မာတွေအကြောင်းပါ။ Heather နဲ့ Carla ဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ နှစ်တွေအများကြီးကြာပြီးတော့မှ Heather က Carla ကိုအကြောင်းကိစ္စတစ်ခုကမ်းလှမ်းလာခဲ့ပါတယ်။ ငွေလိုအပ်နေတဲ့ Carla တစ်ယောက် Heather ကမ်းလှမ်းလာတဲ့ အကြောင်းအရာကို လုပ်ပေးဖို့ ကြိုးစားရာကနေ မမျှော်လင့်ထားတဲ့ plot twist တွေတပြုံကြီးနဲ့ စိတ်၀င်တစားကြည့်ရမှာပါ။ ကျန်တာကိုတော့ spoiler ပါမှာစိုးလို့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါခင်ဗျာ…။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Wai Hlyan မှ တင်ဆက်ထားပါတယ်။)

6 2024
The Wasp
Scooby-Doo! Meets the Boo Brothers
6.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ Scooby Doo ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ရှက်ဂီ့ရဲ့ဦးလေးဖြစ်တဲ့ ဘူဝါးဂါ့တ်ကွယ်လွန်သွားတဲ့အချိန်မှာ ရှက်ဂီ့ကို ရတနာတွေနဲ့အတူ အိမ်ကိုပါ အမွေပေးထားခဲ့ပါတယ်။ အခက်အခဲတွေများစွာကို ရင်ဆိုင်ပြီး ရှက်ဂီ စကူဘီနဲ့ တူလေးစခရပ်ပီတို့ဟာ အိမ်ကို အရောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အိမ်ကိုရောက်တဲ့အခါမှာ အိမ်တော်ထိန်းက မကျေနပ်ဘဲ သူရသင့်တာပါလို့ ဆန့်ကျင်ပြောကြားလာပါတယ်။ အဲဒီအပြင် အိမ်က သရဲခြောက်တဲ့အိမ်ဖြစ်နေပါသေးတယ်။ ရှက်ဂီတို့က အကုန်လက်လွှတ်ပြီး ပြန်မယ်လုပ်တဲ့အချိန်မှာလည်း ကားကနွံထဲမြုပ်သွားပြီး တစ်ညအိပ်ဖို့ အကြောင်းဖန်လာပါတယ်။ ရှက်ဂီတို့ တစ်ညအိပ်တဲ့အတောအတွင်း ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြရအောင် File Size : 1.3 GB, 631 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.9 1987 93 mins
Scooby-Doo! Meets the Boo Brothers
Tom and Jerry: A Nutcracker Tale
6.3

ခရစ္စမတ်အချိန်အခါ နီးလာတာနဲ့အမျှ ကျွန်ုပ်တို့ငယ်စဉ်က သဘောကျခဲ့ရတဲ့ Tom and Jerryတို့ရဲ့ ခရစ္စမတ်ကာလ ဇာတ်ကား‌ကောင်းလေးတစ်ကားကို ပြန်ပြီးတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ဖူးသူအများစုရှိလောက်ပေမဲ့ ငယ်ဘဝအမှတ်တရအနေနဲ့ ပြန်ကြည့်နိုင်ဖို့ Quality updateပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ခရစ္စမတ်စစ်သားရုပ်ဘဲလေးပြဇာတ်ကို အရမ်းသဘောကျတဲ့ Jerryလေးတစ်ကောင် မထင်ထားတဲ့အံ့ဖွယ်မှော်အစွမ်းတစ်ခုကြောင့် သူကိုယ်တိုင် စစ်သားလေး ဖြစ်သွားသလို စံစားစရာ တိုင်းပြည်တစ်ခုကိုပါ ပိုင်ဆိုင်သွားပါတယ်။ ဒါပေမဲ့ အဲဒီမှော်အစွမ်းက Jerry ရဲ့ မဟာရန်ဘက် Tomတို့ ကြောင်အဖွဲ့ကိုပါ သက်ရောက်သွားတဲ့အခါ Jerryတို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နှင်ထုတ်ပြီး အဲဒီတိုင်းပြည်လေးကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ ဒါကြောင့် Jerry နဲ့ သူ့ရဲ့မိတ်ဆွေတစ်သိုက်တို့ Tomတို့အဖွဲ့ရဲ့လက်ထဲကနေ သူတို့ပိုင်ဆိုင်တဲ့ တိုင်းပြည်ကို ပြန်ရအောင် ကြိုးစားရပါတော့တယ်။ File Size : 1.1 GB, 540 MB Quality : Blu-Ray 1080p / 720p Running Time : 47min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.3 2007 46 mins
Tom and Jerry: A Nutcracker Tale
Universal Language Une langue universelle
6.9

Universal Language (2024) IMDb Rating (6.9) / Rotten Tomatoes (95%) ဒါရိုက်တာ Matthew Rankin ရိုက်ကူးထားတဲ့ အတွေးအခေါ်ပိုင်းရုပ်ရှင်တစ်ခုပါပဲ ။ စစချင်းမှာ ကလေးတွေကို ငေါက်ငမ်းနေတဲ့ကျောင်းဆရာ၊ ဆရာက စိတ်တိုနေပါတယ်ဆိုမှ အတန်းနောက်ကျတဲ့အပြင် အကြောက်အလန့်မရှိပဲ အတွေးတွေကိုထုတ်ဖော်ပြတဲ့ ကလေးလေးတစ်ယောက်ကြား အပြန်အလှန်ပြောဆိုပုံနဲ့ စထားပြီး ဒီရုပ်ရှင်မှာ ဘ၀သုံးခုကိုပုံဖော်ပေးသွားတယ် ။ လမ်းမှာမြင်တဲ့ကြက်ဆင်ကြီးက သူ့မျက်မှန်ကို ယူသွားလို့ သင်ပုန်းပေါ်ကစာကို မဖတ်နိုင်တော့ပါဘူးဆိုတဲ့ကလေးကို ဆရာက စိတ်ဆိုးပြီး တစ်တန်းလုံးကို မောင်းထုတ်လိုက်တော့ အတန်းဖော်ကောင်မလေးက သူရှာပေးမယ်ပြောတယ် ။ ရေခဲပြင်ကြီးအောက်မှာခဲနေတဲ့ ငွေ ၅၀၀ ကိုယူပြီး သူ့သူငယ်ချင်းအတွက် မျက်မှန်အသစ်ပေးလိုက်ရင် ဆရာက ပြန်လက်ခံမယ်ပေါ့ ။ ဒါပေမဲ့ ရေခဲနေပါတယ်ဆိုမှ ကလေးမလေးနှစ်ယောက်သား ဘယ်လိုများယူကြမှာလဲ? ပြီးတော့ ပန်းဆိုင်လာပြီး ပန်းဖိုးမရှိတဲ့လူတစ်ဦး ။ အလုပ်ထွက်ခဲ့ပြီး မိခင်ကိုလာတွေ့တယ်တဲ့ ။ အမေကိုဆက်ပေမဲ့ မသိတဲ့လူက ဖုန်းကိုင်လာတာ အဲ့လူကရော ဘယ်သူဖြစ်မလဲ ။ ပြီးတော့ ၀င်နာပတ်ဆိုတဲ့မြို့ကြီးတစ်ဝိုက်ကို ပျင်းရိနေပြီဖြစ်တဲ့လူတစ်စုကို လိုက်လံပြသနေတဲ့တိုးရစ်ဂိုက်တစ်ဦး ။ သူတို့သုံးဦးမှာ ဘာတွေဆက်စပ်နေမလဲဆိုတာကို ဘ၀ကို မတူတဲ့အမြင်ဘက်ကကြည့်ပြီး ရိုက်ကူးထားခြင်းပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mp4 Genre…. Comedy, Drama Duration…. 01:29:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

6.9 2024 89 mins
Universal Language Une langue universelle