YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Piggy.Back.2022.720p.WEB-DL.CM.mp4

594.72 MB N/A video/mp4 732 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
South Sentinel
5.8

ဒီနေ့ တင်ဆက်ပေးမှာကတော့ ၂၀၀၈ ခုနှစ် သြဂုတ်(၁၈)ရက်နေ့က အာဖကန်နစ္စတန် ရှေ့တန်းစစ်မြေပြင်မှာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုမှာ ပြင်သစ်စစ်သား (၁၀)ယောက်ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခရစ်ရှန်လာဖဲယတ်ဟာ အာဖကန် ရှေ့တန်းစစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်လာခဲ့ပေမဲ့ တိုက်ပွဲကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဖိစီးနေပါတယ်။ ရဲဘော်တွေ အများကြီး သေကြေ ဒဏ်ရာရပြီး သူပဲ အသက်ရှင်နေခဲ့လို့ အပြစ်ရှိစိတ်နဲ့ ရှင်သန်နေရသူပါ။ လက်ရှိ စူပါမားကတ်မှာ အလုပ်လုပ်ပြီး သာမန်အရပ်သားတစ်ဦးလို နေထိုင်ဖို့ ကြိုးစားနေပေမဲ့ အသားမကျနိုင်ဖြစ်နေပါတယ်။ မွန်နီးယားကတော့ တိုက်ခိုက်မှုကြောင့် ခြေထောက်ဒဏ်ရာရထားသူပါ။ ဂျစ်ပစီတွေနဲ့ ဘိန်းမှောင်ခိုလုပ်ကြရင်း ကတိပေးထားတဲ့အတိုင်း မပေးနိုင်လို့ အကြွေးတင်နေပါတယ်။ ဘိန်းတွေကို သိမ်းထားတဲ့ ရဲဘော်တစ်ယောက်က တိုက်ပွဲက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် အရင်အဖြစ်အပျက်တွေကို မမှတ်မိလို့ ဒုက္ခရောက်နေပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားရင်း သူတို့ရဲဘော်တွေ အသက်ဆုံးရှုံးလိုက်ရတဲ့ တိုက်ခိုက်မှုဟာ နှစ်ဖက်ခေါင်းဆောင်တွေကြား တရားမဝင် ဘိန်းအရောင်းအဝယ်လုပ်ကြရင်း သဘောထားကွဲလွဲကြတာကြောင့်ဆိုတာ သိလိုက်ရပါတော့တယ်။ ဒီဇာတ်ကားမှာ စစ်ပွဲအပြီးအခြေအနေတွေကို ရိုက်ပြထားတာကြောင့် တိုက်ပွဲပြကွက်တွေတော့ အများကြီး မပါပါဘူး။ စစ်ပွဲတစ်ပွဲအပြီး စစ်သားတွေ ခံစားရတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာတွေ ပုံမှန်အတိုင်းရှင်သန်ဖို့ ရုန်းကန်နေရတာတွေကို သရုပ်ဆောင်ကောင်းကောင်းနဲ့ ရုပ်လုံးကြွအောင် ပုံဖော်ထားတာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…(1.6 GB)/(600 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Action & Adventure • Crime • Drama
5.8 2022 97 mins
South Sentinel
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Bangkok Love Story
5.4

ထိုင်းရုပ်ရှင်တွေထဲ Thai queer Film တွေရဲ့ နေရာယူမှုကလည်း တော်တော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ 1985ထွက်ခဲ့တဲ့ The Last Songဟာ ပထမဆုံး ထိုင်း queer Film ဖြစ်ခဲ့ပြီး သူ့အနီးအနား ခုနှစ်တွေမှာ Tortured Love (1987)နဲ့ I Am a Man (1987)တို့ဆက်လက်ထွက်ရှိခဲ့ပြီး ဒီသုံးကားကို Thai queer cinemaရဲ့ first waveလို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းတော့ New Wave ခေတ် ၂၀၀၀ဝန်းကျင်လောက်မှ ထပ်ထုတ်ခဲ့ကြပုံပါပဲ။ ကြားထဲသိပ်မတွေ့ရတော့ဘူး။ ဒီဘက်နှစ်တွေမတိုင်ခင်အထိလည်း အရမ်းအများကြီးထုတ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ Bangkok Love Storyဟာ ၂၀၀၀ကျော်ဝန်းကျင်က သိပ်အများကြီးမရှိခဲ့တဲ့ ထိုင်း Queer Filmကားကောင်းတွေထဲက တစ်ကားပါပဲ။ ဒါပေမဲ့လွယ်လွယ်နဲ့ ထုတ်ခဲ့ရတာတော့မဟုတ်ပါဘူး။ Pre-productionကာလမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်ခြင်းခံခဲ့ရသလို ဆင်ဆာနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ခဲ့တယ်။ ယောက်ျားချင်းကြိုက်တဲ့ကားပေမဲ့ ကနွဲ့ကလျတွေမပါဘဲ ခပ်ကြမ်းကြမ်း၂ပွေ ကြိုက်တဲ့ကားဖြစ်နေတာ့ သရုပ်ဆောင်၂ယောက်က ဒီရုပ်ရှင်ဟာ အန်းလီရဲ့ Brokeback Mountainနဲ့ဆင်နေတယ်လို့ အပြောခံရနိုင်ပေမဲ့ ဒါရိုက်တာက Brokeback Mountainကို မရိုက်ခင်ကတည်းက အိုင်ဒီယာရခဲ့တယ်လို့တော့ ဆိုပါတယ်။ ဒါပေမဲ့လည်း ပုဂ္ဂလိက အမြင်အရတော့ Brokeback Mountainမှာ ဝေါင်ကာဝေးရဲ့ Happy Together နဲ့ ဆင်တဲ့အပြတွေရှိခဲ့သလို ဒီကားလည်း Brokeback Mountainနဲ့ကင်းတယ်ဆိုရင်တောင် Happy Together နဲ့ ကင်းချင်မှကင်းပါလိမ့်မယ်။ အပြ တွေနဲ့တင်ကို Inspiration နည်းနည်းပါတယ်တော့ ခံစားရတယ်။ ဇာတ်လမ်းကတော့ မိုးတိမ်လို့ခေါ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူက လူကိုသတ်ချင်လို့သတ်နေတာတော့မဟုတ်ဘူး။ အမေနဲ့ညီကို ထောက်ပံ့ဖို့ ငွေမရှိလို့ ကြံရာမရတဲ့ အဆုံး လူသတ်စားတဲ့လူမျိုးပေါ့။ ဒါပေမဲ့ သူ့ရပ်တည်ချက်ကတော့ရှင်းတယ်။ လူကောင်းကို လုံးဝမသတ်ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့အလုပ်ရှင်က သူ့ကိုကျောက်လို့ခေါ်တဲ့ လူကိုဖမ်းလာခိုင်းပြီး သတ်ခိုင်းတယ်။ ကျောက်က လူကောင်းဖြစ်နေပြီး သူ့ကိုအလုပ်အပ်တဲ့လူက လူယုတ်ဖြစ်နေတော့ ကျောက်ကိုမသတ်ဘဲ သူ့ကိုအလုပ်အပ်တဲ့လူကို သတ်ဖို့လုပ်တယ်။ ဒီကနေ သူလည်းဒဏ်ရာရပြီး ကျောက်နဲ့အတူထွက်ပြေးလာရာကနေ သူတို့အချစ်ဇာတ်လမ်း စတယ်ပေါ့။ မိုးတိမ်မှာ မြူလို့ခေါ်တဲ့ညီတစ်ယောက်ရှိတယ်။ သူ့ညီက သူတို့ငယ်ငယ်က သူတို့ပထွေးလုပ်လို့ HIV ရှိနေပြီး သူ့အမေကလည်း AIDSနဲ့ သေလုသေခင်ဖြစ်နေတယ်။ မိုးတိမ်ရဲ့ ရည်ရွယ်ချက်က သူ့အမေနဲ့ညီကိုခေါ်ပြီး အဝေးတစ်နေရာကိုထွက်သွားဖို့ပေါ့ ဒါပေမဲ့ အစောကကိစ္စဖြစ်လာတော့ သူ့အစီအစဉ်တွေအကုန် ကမောက်ကမဖြစ်ကုန်တယ်။ နောက်ပိုင်းကျ ကျောက်နဲ့ မိုးတိမ်နဲ့ မြူကြား အချိတ်အဆက်တစ်ခုဖန်တီးပေးလိုက်ပြီး သူတို့၃ယောက်အကြောင်းနဲ့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ခန်းခိုက်ခန်းတွေအပြည့်နဲ့ ခပ်ကြမ်းကြမ်းဇာတ်လမ်းအဖြစ် အသက်သွင်းထားတယ်။ Bangkok Love Storyဟာ လိင်ဆက်ဆံခန်းတွေကိုပေါ်ပေါ်ထင်ထင်သုံးပြီး အဲဒီခေတ်ကာလမှာ အပြရဲဆုံး ထိုင်းqueer Film အဖြစ်သတ်မှတ်ခံခဲ့ရတယ်။ စီနီမာလည်းမဆိုးလှသလို ဇာတ်ကလည်းမဆိုးသလို ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကလည်း တော်တော်လေးကောင်းတယ်။ အဲဒီသီချင်းကတော့ Calories Blah Blah ရဲ့ "Yahk-Roo...Tae-Mai-Yahk-Taam"ဆိုတဲ့သီချင်းပါ။ တစ်ခါတလေ OSTတွေက ရုပ်ရှင်တစ်ကားကို ကျွန်တော်တို့ ရင်ထဲရောက်အောင်ပို့ပေးပြီး ဘယ်တော့မှမမေ့နိုင်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်မလား။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘယ်တော့မှမမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်လာနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Action, BL, Drama, Crime Quality…. 1080p | 720p | 480p File size… 4.8GB | 1.6GB | 749MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Crime • Drama • Mystery • Thriller
5.4 2007 95 mins
Bangkok Love Story
Of an Age
7.5

IMDb Rating - 7.2/10 Rotten Tomatoes - 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ... ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.5 GB) / (955 MB) / (511 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......May Thet Khine Soe Encoder..........Zin Phyo Aung

Drama
7.5 2023 100 mins
Of an Age
Kills on Wheels
7.2

IMDb Rating - 7.1/10 ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟန်ဂေရီကားလေးဖြစ်ပါတယ်။ IMDb 7.1၊ Rotten Tomatoes 89% ရထားတာဆိုတဲ့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဇာတ်လမ်းကတော့ action, drama, comedy အမျိုး အစားဖြစ်ပါတယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ဝှီးချဲစီးပြီး လူလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ ပတ်သတ်မိရာကနေ သူတို့ဘဝဟာ ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာကို ဖိုက်တင်ခန်း ခပ်ကြမ်းကြမ်းတွေ၊ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ကြားကမေတ္တာတရား၊ မသန်စွမ်းတစ်ယောက်ရဲ့ ဘဝကို ကြံကြံခံနေထိုင်ပုံကို ဂရုဏာဖြစ်ဖွယ်နဲ့ရော ရယ်စရာကောင်းအောင်ပါ ဖော်ပြထားပုံတို့နဲ့ ရသစုံစွာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.68 GB) / (780 MB) / (480P) Quality............BluRay 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Zaw Myo Thu Encoder..........SWM

Action • Comedy • Thriller
7.2 2016 105 mins
Kills on Wheels
High Heat
5.9

အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။ တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့ သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင် သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့ အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.4GB | 557MB | 276MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Drama • Family
5.9 2022 84 mins
High Heat
Shepherd
5.2

Horror/Drama / Mystery မိဘထက် ဇနီးသည်ကို ပိုချစ်ခဲ့တဲ့ ခင်ပွန်းကောင်းလေး အဲရစ်၊ တခြားကောင်နဲ့ ဖောက်ပြန် ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို လောလော လတ်လတ်မြေမြုပ်ခဲ့တဲ့ အဲရစ်၊ ခြေရာဖျောက်ဖို့ ကြိုးစားရင်း လှေမောင်း သမားအမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်ပေးမှုကြောင့် လူသူမရှိတဲ့ စကော့တလန်ကျွန်းတစ်ခုမှာ သိုးထိန်းလာလုပ်နေတဲ့ မစ္စတာဘလက် (အဲရစ်)။ တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ ပိုပြီးစဉ်းစားမိ ပိုပြီးတွေးမိတတ်ကြသလို သိုးထိန်းကြီးမစ္စတာအဲရစ်ဘလက်ဟာလည်း အထီးကျန်ကျွန်းမှာ ဘက်စ်တာဆိုတဲ့ ခွေးလေးနဲ့ အလုပ်တွေလုပ်နေရင်း ဇနီးသည်ရဲ့ အဖြစ်အပျက်အကြောင်းကို ပိုပြီး စဉ်းစားမိနေခဲ့တယ်။ ဒါပေမယ့် ဒီလိုအတွေးတွေကနေ တွေးမိရုံကနေ အဆင့်တက်ပြီး ပုံမှန်မဟုတ်တဲ့ အမြင်အာရုံ အကြားအာရုံတွေဖြစ်ပေါ်လာရာက ထင်ယောင်မှားမှုတွေ လွှမ်းမိုး သွားတဲ့အခါ . မစ္စတာအဲရစ်ဘလက်တစ်ယောက် သူ့ရဲ့ ရူးနှမ်းသလိုဖြစ်မှုတွေကို ဘယ်လိုထိန်းချုပ်သွားမလဲ။ လက်ခံထားတဲ့အရာနဲ့ အမှန်တရားက ထပ်တူကျရဲ့လား။ ဘယ်ဟာကို အမှန်တရားလို့ လက်ခံပြီး ရွေးချယ်လိုက်မလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရမှာပါ။ ဒီကားမှာ မစ္စတာအဲရစ်ဘလက်ရဲ့ အသံတိတ်အော်ဟစ်မှုတွေကြောင့် ကြည့်နေတဲ့သူပါ မွန်းကြပ်လာလောက်အောင်ထိလည်း ဇာတ်လမ်းကဆွဲဆောင်နိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်) File Size - (1.34 GB) / (635 MB) / (412 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 43mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Drama, Mystery Translator – Jerrica Encoder – SWM

Drama
5.2 2021 103 mins
Shepherd
Cut, Color, Murder
6.4

Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကြောင့် ပွဲအတွက် စီစဉ်နေတုန်းမှာ ပွဲကိုဦးဆောင်စီစဉ်ပေးနေတဲ့သူက အသတ်ခံလိုက်ရပါတယ်။ သူ့ညီမကလည်း အဲဒီပြိုင်ပွဲမှာပါနေတာကြောင့် အာလီဟာလည်း မဖြစ်မနေ လူသတ်တရားခံကို လိုက်ရှာရပါတော့တယ်။ အာလီတစ်ယောက် ဘယ်လိုသဲလွန်စနောက်လိုက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... ဘယ်သူကရော တကယ့်လူသတ်သမားဖြစ်နေမလဲ... ဒါ့အပြင် သူ့ယောက်ျားကို သတ်ခဲ့တဲ့သူကလည်း သူ မထင်မှတ်ထားတဲ့သူများဖြစ်နေမလား... ဆိုတာကို စုံထောက်ကားကြိုက်တဲ့သူတွေအနေနဲ့ စိတ်ဝင်တစားအားပေးကြည့်ရှုနိုင်မယ့်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDb မှာ ၆.၂ ပဲ ရထားပေမယ့် ၇ ဝန်းကျင်လောက်အထိ ရသင့်တဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တကယ်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 680MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 24Min Genre - Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Reality
6.4 2022 84 mins
Cut, Color, Murder
Miles Ahead
6.4

Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လို ဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီး Ewan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ် လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musical ဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။ Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေ အနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံ တစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ ‌နာမည်ကြီး ဖခင်တွေထဲက တစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေ ဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေ ကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန် ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ ရိုးလင်းစတုန်း မဂ္ဂဇင်းက စာရေးဆရာ ဒေ့ဗ် ဘရေဒန်နဲ့ အတူတကွ သူရဲ့ ပျောက်ဆုံးနေတဲ့ ဂီတဈာန်ကို ပြန်လည် ရှာဖွေနိုင်ခဲ့ပုံကို ရှုစားအားပေးကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျ။ File size… 1.7 GB / 833 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Comedy
6.4 2016
Miles Ahead
The Zone of Interest
7.6

၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။ ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။ ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ နယ်ပြောင်းရတဲ့အခါ သူ့မိန်းမ ဝမ်းနည်းရပေမဲ့၊ ဂျူးတွေကို သတ်ဖို့အတွက် သူတို့အိမ်နေရာလေးကို ပြန်ပြောင်းရွှေ့ခံရတော့ မိသားစုတွေ အရမ်းကို ပျော်နေကြပုံကို ကြည်နူးစရာလေး ရိုက်ကူးပြထားတာပါ။ နာဇီမိသားစုလေးရဲ့ ရိုးရှင်းတဲ့ အိပ်မက်လေးကို ဂျူးတွေရဲ့အလောင်းပုံကို တစ်ချက်တောင် စိတ်ကူးထဲမထားဘဲ တည်ဆောက်သွားပုံလေးကို ရိုက်ပြထားတာမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စကားပုံမျိုးကို အပီပြင်ဆုံးတွေ့ရမှာပါ။ ဒီရုပ်ရှင်ရဲ့ ရက်ရက်စက်စက်လှပတဲ့ ပြကွက်ကတော့ ဒီရက်စက်တဲ့လုပ်ရက်တွေကို အားတင်းပြီးလုပ်နေရတဲ့ပုံမပြဘဲ သာမန်ရုံးအလုပ်လေးလို လုပ်နေရင်း သာမန်ဘဝအဖြစ် ပေါ့ပေါ့ပါးပါးနေနေတဲ့ မိသားစုရဲ့ပုံကို တင်ပြတဲ့ဟန်ပါပဲ။ ကြည့်ရင်းနဲ့ ဘာကိုပြချင်တာလဲ ခံစားမိပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ File size…(1.8 GB)/(799 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

Comedy • Drama
7.6 2023
The Zone of Interest
A Reel Heist

အပျော်တမ်း ရုပ်ရှင်တွေ ရိုက်တဲ့ ဆယ်ကျော်သက်လူငယ် တစ်စုရှိတယ်။ ဒီဇာတ်ကားထဲမှာတော့ သူတို့က လုယက်မှု ရုပ်ရှင်အမျိုးအစားတစ်မျိုးကို ရိုက်ကူးနေကြတာပေါ့။ တစ်ရက် ဆန်းဖို့ဒ် ကုန်တိုက် မှာ ရုပ်ရှင်သွားခိုးရိုက်ရင်း ကုန်တိုက်မန်နေဂျာဆီမှာ လက်ပူးလက်ကျပ်မိသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ ကင်မရာထဲက မန်မိုရီကဒ်ကို သိမ်းလိုက်ပြီး ကုန်တိုက်ဆီကို ခြေချလို့မရတော့အောင်ဖြစ်သွားတာပေါ့။ ဒီတော့ မင်းသားတို့ သူငယ်ချင်းအုပ်စု SD Card ပြန်ရဖို့အရေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီး ပြန်ခိုးကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…(1.8 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

Drama
0 2024
A Reel Heist
A Prince in Paradise A Royal in Paradise
6.4

A Prince in Paradise (2023) A Royal in Paradise (IMDb rating 6.4) ရထားပြီး ဒါရိုက်တာ Andrian Powers က စီစဥ်ရိုက်ကူးထားပါတယ်။ အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်။ သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ။ အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ပါတော့တယ်။ ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီးထွက်လာရပါတော့တယ်။ ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား။ ဒီ A Royal In Paradise 2023 ဟာ drama ကားဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ကြည်နူးဖို့ကောင်းပြီး ဇာတ်မြူးတဲ့ ရုပ်ရှင်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:30:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

6.4 2023
A Prince in Paradise A Royal in Paradise
Super/Man: The Christopher Reeve Story
8.1

ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေ သွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။ သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေး သွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။ နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေ ဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေက ဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ဒီဖွင့်ဆိုချက်တွေဟာ ဗုံးဗုံးကျသွားတဲ့ ရိဗ်အခြေအနေနဲ့ အရင်ကအခြေအနေကြား လူသားပိုဆန်လာတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဒီအတွေးအခေါ်တွေကို ဒီလိုအခြေအနေမှာမှ ပြောင်းလဲသွားတာက ဒီအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်ချင်ရင် အခြေအနေတွေကို ထည့်တွက်ရတဲ့ ဖြစ်ရပ်ကို ပိုထင်ရှားလာစေတဲ့အချက်ကို ကျွန်တော်‌တော့ တော်တော်သဘောကျပါတယ်။ ဒီဒိုကူမန်ထရီက ခရစ္စတိုဖာရိဗ်ရဲ့ ကောင်းကြောင်းချည်းရိုက်ထားတဲ့ ရုပ်ရှင်ပေမဲ့ တစ်ဘက်တစ်လမ်းမှာ ကျွန်တော်တို့ မြင်နေရတာတွေမှာ ရိဗ်ရဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်ဆန်တာတွေမှာတောင် သူ့အတ္တကထင်းနေသလိုဖြစ်နေတော့ တစ်ဘက်တစ်လမ်းက မြင်ကြည့်ချင်လည်းရပါတယ်။ ဒါပေမဲ့လည်း လုံးဝအတ္တကင်းတဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်မရှိတာလားတော့ မသိလေတော့ သိပ်တော့မဆိုးသေးဘူးပြောရမှာပါပဲ။ တခြားအချက်တွေလည်းရှိပါတယ်။ ဒီဒိုကူမန်ထရီဟာ လူတစ်ယောက်ရဲ့ကောင်းကြောင်းကို ရိုက်ပြထားတဲ့ဗီဒီယိုပေမဲ့ ဒါရိုက်တာရဲ့အတတ်ပညာလား ဒီတိုင်းပဲဖြစ်သွားတာလေလားမသိနိုင်ပေမဲ့ သူ့ရဲ့တခြားဘက်ခြမ်းကိုပါ ကျွန်တော်တို့ တွေးဆကြည့်လို့ရမှာပါ။ ကြည့်သင့်တဲ့ ဒိုကူမန်ထရီပါပဲ။ File Size : 6 GB, 2 GB, 1 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 44min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Biography, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

8.1 2024
Super/Man: The Christopher Reeve Story