YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Physical100 S2 Underground (2024) E05 WEB-DL 1080P(CM).mp4

1.39 GB N/A video/mp4 187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunt
8.1

The Hunt (2012) ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်‌တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရ‌အောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 550MB, 330MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Drama Translated by Themes Encoded by Kinnov

Comedy • Drama
8.1 2012 116 mins
The Hunt
Family Affairs
7

ဒီကားလေး‌ကတော့ ၂၀၁၈ မှာတုန်းက How About Adolf? ဆိုတဲ့ နာမည်နဲ့ထွက်ရှိခဲ့တဲ့ ဂျာမန်ကားလေးရဲ့အဆက်ပဲဖြစ်ပါတယ်။ ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ အဲဒါမှ ရှေ့နောက်ချိတ်ဆက်မိပြီး ပိုခွီရပါလိမ့်မယ်။ ဇာတ်လမ်းအစမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့လင်မယားနဲ့ မိဘဖြစ်ခါစ သောမက်စ်နဲ့အန်နာတို့အတွဲတွေ ကလေးတွေကိုထားပြီး လန်ဇိုရာတီမှာရှိတဲ့ ဒေါ်ရိုသီယာရဲ့အိမ်ကို ပိတ်ရက်ခရီးထွက်လာကြရင်း စတက်ဖန်တစ်ယောက် လေဆိပ်မှာ အိတ်ပျောက်လို့စိတ်ညစ်နေတာကို ရိုက်ပြ‌ထားပါတယ်။ ဟိုကိုရောက်တဲ့အခါ ‌ဒေါ်ရိုသီယာနဲ့ ရေးနေးတို့က သတင်းကြီးကို ထုတ်ပြောပြလိုက်ရာကစပြီး အရှုပ်တော်ပုံတွေ တစ်စပြီးတစ်စပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတွင်းက အားနည်းချက်ကို လူမသိစေချင်လို့ ယောက်ျားတွေလုပ်မိတဲ့လုပ်ရပ်တွေနဲ့ မိန်းမတွေရဲ့ မျိုသိပ်ထားရတဲ့ခံစားချက်တွေကို ထိထိမိမိရိုက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 740MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 27Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Drama
7 2022 87 mins
Family Affairs
Fireworks
7.2

Fireworks (2023) အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ… ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

7.2 2023
Fireworks
Remember Yesterday
6.5

Remember Yesterday(2022) ************************** ဂျန်နီဆိုတဲ့ကောင်မလေးကအိမ်ထောင်ကွဲထားတာသိပ်မကြာသေးပဲဘဝကို အထီးကျန်စွာနဲ့ဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယောက်ျားဖြစ်သူကအရက်တွေပဲလှိမ့်သောက်နေတဲ့အတွက်အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွဲကွာထားရတာပဲဖြစ်ပါတယ်။သူ့အတွက်အစ်ကိုဖြစ်သူနဲ့သူငယ်ချင်းတွေရှိပေမဲ့လည်း ဘဝမှာလစ်ဟာနေတဲ့နှလုံးသားထဲကကွက်လပ်ကြီးတစ်ခုကတော့ရှိနေပါသေးတယ်။ ဒီလိုနဲ့သိပ်မကြာခင်မှာပဲဂျန်နီနေထိုင်တဲ့နယ်မြို့လေးကိုသူရဲ့ရည်းစားဟောင်းဂျွန်ကရုပ်ရှင်ရိုက်ဖို့အတွက်ဆိုပြီး ပြန်လာခဲ့ပါတော့တယ်။အဲ့ဒီမှာတင်နဂိုကတည်းကမှမနည်းထိန်းထားရတဲ့ယိုင်နဲ့နေတဲ့ နှလုံးသားလေးကိုလှိုင်းလုံးကြီးတွေရိုက်ခတ်သလိုရိုက်ခတ်လာပါတော့တယ်။ ဘာလို့လဲဆိုတော့သူနဲ့ဂျွန်တို့လမ်းခွဲခဲ့ကြတာဟာမချစ်လို့မဟုတ်ပဲနဲ့ဂျွန်ရုပ်ရှင် ပညာနဲ့ပတ်သတ်ပြီးအသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက်မြို့ကြီးပြကြီးတွေကို တက်သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုသွားဖို့တွန်းအားပေးခဲ့တာလဲဂျန်နီပဲဖြစ်ပါတယ်။ ကံကြမ္မာကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူဟောင်းနှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့တဲ့အခါမှာတော့ လူအများစုအိပ်မက်မက်နေကြတဲ့ရည်းစားဟောင်းလေးနဲ့ပြန်အဆင်ပြေဖို့အိပ်မက်လေးတွေများ တကယ်ပြန်ဖြစ်သွားမလား။သူတို့နှစ်ယောက်ရဲ့အရင်တုန်းကမဖြောင့်ဖြူးခဲ့တဲ့အချစ်လမ်းခရီးကရော ဒီအချိန်မှာဘာတွေများထူးခြားသွားမလဲဆိုတာကိုကြည့်ရမဲ့ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.3GB/ 619MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 18min Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay

Drama • Romance
6.5 2022 77 mins
Remember Yesterday
Shade
6.3

Genre – Crime, Thriller IMDB – 6.3/10 သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုး တစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေး လာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီး စိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။ လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင် နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုး ရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူး Spoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းက လှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေ ပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ပေါ့ သူ့ကို ဒင်းန်လို့ သမုတ်ကြတယ်။ ပြီးတော့ လူတွေကို ရိုက်စားလုပ်နေတဲ့ ချာလီနဲ့ တွဲဖက်မိန်းကလေး တစ်ဖနီဆိုတာရှိတယ်။ သူတို့က ဖဲဆော့တာ လက်ရည်ကောင်းလို့ဆိုပြီး ပါလာတဲ့ ဂျန်နင်းရှိမယ်။ တတိယလူအဖြစ် ဖဲကိုင်တဲ့နေရာမှာ ဆရာကျပြီး ချာလီနဲ့ အလုပ်တွဲ လုပ်ဖူးတဲ့ ဗာနွန်ပါလာမယ်။ ဒီအုပ်စုကြီးက ဒီ ဒင်းန်ဆိုတဲ့ ဆရာကြီးကို ဝိုင်းဖြုတ်ကြမယ်ပေါ့။ တစ်ဖက်မှာလည်း လူမိုက်ဂိုဏ်းတို့ဘာတို့ကလည်း တစ်ဇာတ်လမ်းပေါ့လေ ကြည့်ရင်းနဲ့တော့ ရှင်းသွားပါလိမ့်မယ် သိပ်အများကြီး ပြောလို့မရဘူး ဖြစ်နေတော့။ သရုပ်ဆောင်တွေကလည်း ဆရာတွေနော် The Usual Suspect ထဲက မင်းသားကြီး Gabriel Byrne တို့ မင်းသား Jamie Foxx တို့ Stallone တို့ MI 2 ထဲက မင်းသမီးတို့ နောက်ပြီး အဲဒီခေတ် Queen of the Damned တို့နဲ့ မိုက်ခဲ့တဲ့ မင်းသား Stuart Townsend တို့ အစုံအလင် ပါဝင်ထားကြတာပါ။ သိပ်လေရှည်လို့ မရတဲ့ကားဆိုတော့ သွားကြည့်တာပဲ ကောင်းပါလိမ့်မယ် မိတ်ဆွေတို့။ File size…1.84GB / 784MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 41m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.3 2003
Shade
Staring at Strangers

Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။ မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin

0 2022
Staring at Strangers
Polis Evo 2
7

Polis Evo 2 (2018) IMDb – 7/10 ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7 2018
Polis Evo 2
Don’t Let Me Stay

ဒီတစ်ခါမှာတော့ Don’t Let Me Stay ဆိုတဲ့ 2023 ထွက် horror/thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ အိုဟောင်းနေတဲ့ စံအိမ်ကြီးတွေဟာ ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပြီး နံရံကအစကြမ်းပြင်အထိ ပြောပြစရာ ပုံပြင်ဟောင်းတွေရှိနေတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ် ။ ဂျက်ဆင်နဲ့သောမတ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ကောလိပ်ပြီးသွားတဲ့အခါမှာ သောမတ်ဟာ သူစိတ်ဝင်စားတဲ့ ဗိသုကာလက်ရာတွေလေ့လာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကနေထွက်သွားခဲ့ပါတယ်။ အဆက်အသွယ်လုံးဝမလုပ်ခဲ့တဲ့ သောမတ်ဟာ နှစ်အနည်းငယ်ကြာမှ မြို့ကိုပြန်ရောက်လာခဲ့ပြီး ဂျက်ဆင်အပြင် ကောလိပ်ကသူငယ်ချင်းတွေဖြစ်ကြတဲ့ ကလိုက်ထ်, ဒါကိုတာ, ဝယ်လ်, ကော်နီ တို့ကို သူဝယ်ထားတဲ့ ရှေးဟောင်းအိမ်ကြီးမှာ ပိတ်ရက်အပန်းဖြေဖို့ဆိုပြီး ဖိတ်ခေါ်လာပါတယ်။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းက ဖိတ်ခေါ်လို့သွားခဲ့တဲ့ ဂျက်ဆင်နဲ့သူငယ်ချင်းတစ်သိုက်ဟာ သူတို့ရဲ့ငယ်ငယ်က ဆရာဟောင်းဖြစ်တဲ့ မစ္စတာ ပီတာဆင်အပြင် သောမတ်ရဲ့ညီငယ် ဒန်နီရယ်ပါ အိမ်ကြီးမှ ရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုနဲ့ဆရာဟောင်းတို့ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြရင်း သောမတ်ဟာ မူမမှန်တဲ့အပြင် အိမ်အိုကြီးမှာလည်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရတဲ့အခါ.. သောမတ်သူတို့ကိုဖိတ်ခေါ်ရတဲ့ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ ? အဲ့ဒီအိမ်အိုကြီးရဲ့ သမိုင်းတစ်လျှောက်မှာရော ဘာတွေဖြစ်ပျက်ခဲ့တာလဲ? သောမတ်ကရော စာမလာသတင်းမကြား ပျောက်သွားခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘာတွေကြုံတွေ့ခဲ့ရလို့ ခုလိုပြောင်းလဲနေရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရစေရန် တင်ဆက်ပေးလိုက်ရပါတယ်။ File size…(1 GB)/(400 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andrew

0 2023
Don’t Let Me Stay
[18+] Uhaw
5

ရီဂျွိုက်စ်နဲ့မားကပ်စ်ဟာ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး လတ်တလောမှာတော့ မားကပ်စ်တစ်ယောက် ရောဂါကြောင့်ကိုမာဝင်သွားတဲ့အတွက် ရီဂျွိုက်စ်ကပဲ စီးပွားရေးလူမှုရေးတင်မက မားကပ်စ်ရဲ့ကျန်းမာရေးကိစ္စကိုပါ အသေးစိတ်ပြုစုတာဝန်ယူထားရပါတယ်။ တစ်နေ့မှာတော့ မားကပ်စ်ရဲ့ဖုန်းကို အမျိုးသမီးတစ်ယောက်ဆီက မက်ဆေ့ချ်ဝင်လာခဲ့ပြီး အဲ့ဒီအမျိုးသမီးဟာ သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ မားကပ်စ်ရဲ့တိတ်တိတ်ပုန်းလျှို့ဝှက်ဇာတ်လမ်းတစ်ခုဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့နောက် ရီဂျွိုက်စ်တစ်ယောက် အဲ့ဒီအမျိုးသမီးနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် တကယ်တမ်းတွေ့လိုက်ရတဲ့အချိန်မှာ သူထင်ထားသလိုမဟုတ်ပဲ အကြောင်းရင်းအမှန်တွေကိုပိုသိလာရတဲ့နောက် အဲ့ဒီအမျိုးသမီးကို သတိလစ်နေတဲ့ သူ့ခင်ပွန်းထက်ပိုပြီးငြိတွယ်သွားမိပါတော့တယ်။ Mainstream လိုင်းဘက်ကိုပြောင်းသွားပြီးနောက် ဒီဘက်ပိုင်းမှာကားရိုက်ကြဲသွားတဲ့ မမလေး Angeli Khang ရဲ့ကားသစ်ဖြစ်ပါတယ်။ ရီဂျွိုက်စ်အဖြစ်ပါဝင်ထားသူကတော့ The Voice Kids မှာဒိုင်သုံးယောက်ကိုခုံလှည့်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ Ataska Mercado ဖြစ်ပြီး ဒီဇာတ်ကားရဲ့ဇာတ်ဝင်သီချင်းတွေကို ကိုယ်တိုင်သီဆိုထားပါတယ်။အားရကျေနပ်ကြမှာပါ။ ( အညွှန်းရေးသားထားသူက‌တော့ alias ပါ ) File size_(950MB)/(450MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • History
5 2024
[18+] Uhaw
Mr. & Mrs. Smith Mr and Mrs Smith
6.5

Mr. & Mrs. Smith (2005) IMDb Rating (6.5) / Rotten Tomatoes (60%) ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီး လက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာ စုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီး ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ တစ်ဖက်က ရန်သူတွေဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သူတို့ရဲ့အေဂျင်စီတွေက သရုပ်မှန်ကို သိသွားတဲ့ တစ်ဖက်လူကို အသီးသီး ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။ အစက ချစ်လို့လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာရင်း ရုတ်တရက် ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရန်သူအဖြစ် သတ်ဖြတ်ရတော့မယ့်အချိန်မှာ သူတို့ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်တွေကို အသုံးချပြီး ပြိုင်ဘက်ကို သုတ်သင်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ နောက်ဆုံးမှာရော ဘယ်သူက အနိုင်ရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။) Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင် Version ထက် ၁၀ မိနစ်ခန့် အပိုပါပါတယ်။

6.5 2005 119 mins
Mr. & Mrs. Smith Mr and Mrs Smith
Unstoppable
5.9

ကမ္ဘာမြေက လူသားတွေနဲ့ ဂြိုလ်သားတွေအတူယှဉ်တွဲနေထိုင်တဲ့ အခြေအနေကို အခြေခံရိုက်ကူးထားတဲ့ သဘောဝလွန်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီလိုမတူညီတဲ့ လူသားနဲ့ ဂြိုလ်သားတွေအတူနေထိုင်ရာကနေ… တည်ငြိမ်နေတဲ့ဘဝကို ဖျက်စီးဖို့ကြိုးစားချင်တဲ့ လူဆိုးတချို့လည်းရှိနေတယ်.. အဲ့တာကတော့ ထျန်းမာဂြိုလ်သားတွေပါပဲ… တစ်ဖက်မှာလဲ ထျန်းမာဂြိုလ်သားနဲ့ လူသားကြား ဖူးစာဆုံပြီး ဖြစ်ထွန်းလာတဲ့ ချင်ဟိုင်ထန်လေးကတော့… ဒီစစ်ပွဲကြားမှာ အမေ့ကို ဆုံးရှုံးခဲ့ရပြီး… အဖေကလည်း ကျူးကျော်တိုက်ပွဲ ရောက်လာတိုင်း ရှေ့တန်းထွက်ထွက်နေရပြန်တယ်… ဒီလိုနဲ့ပဲ ဟိုင်ထန်လေးက ဒီတိုက်ပွဲကြီးနဲ့ ကျင့်သားရနေပြီ.. ကိုယ်တိုင် ရှေ့တန်းမှာ ကြိုးစားချင်စိတ်ဖြစ်နေခဲ့တာပေါ့… ဟိုင်ထန်လေး ကိုယ်တိုင် ရှေ့တန်းဝင်ခွင့်ရပါ့မလား…. ထျန်းမာဂြိုလ်သားတွေလည်း သူတို့က ကမ္ဘာမြေကြီးကို အကြိမ်ကြိမ် ကျူးကျော်ပြီး တိုက်ခိုက်ဖို့ကြိုးစားနေခဲ့တာ… သူတို့အကြံတွေအောင်မြင်မှာလား… ကျရှုံးမှာလားကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြရအောင်နော်…

Action
5.9 2025
Unstoppable
The Namesake
5.5

Namesake (2007) “နိုင်ငံရပ်ခြား တိုင်းတစ်ပါး” မင်းသား Irrfan Khan ရဲ့ အင်္ဂလိပ်စကားပြော အိန္ဒိယဇာတ်ကားဟောင်းလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် နယူးယောက်မှာနေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ အာရှုတ်ခ်ဟာ ရိုးရိုးအေးအေး အိန္ဒိယသူလေး အာရှီမာနဲ့ မိဘသဘောတူလက်ထပ်လိုက်ပြီးနောက် အာရှီမာတစ်ယောက် အမေရိကားကို ယောင်လည်လည်နဲ့ လိုက်လာရပါတယ် နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူညီတာကို အသားမကျနိုင်တဲ့ အာရှီမာရဲ့ ဒုက္ခနဲ့ အထီးကျန်ဝေဒနာကို ဘယ်လိုကုစားမလဲ သားကလေး ဂိုဂေါ် မွေးလာတဲ့အခါမှာလည်း အမေရိကန်ဖွား အိန္ဒိယလူမျိုး ကလေးတစ်ယောက်ရဲ့ ဘဝမှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဒီရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

History • Thriller
5.5 2007 122 mins
The Namesake
The Accountant² The Accountant 2
7

The Accountant² (2025) IMDb Rating (7.0) / Rotten Tomatoes (77%) 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O’Connor ပါပဲ။ ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ ဇာတ်လမ်းအကျဉ်း ရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။ အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။ အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (9 GB ) / (2.3 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Drama, Mystery, Thriller Duration…. 02:16:14 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin & Phyo Pyae Translated by Mr. Anderson

7 2025 133 mins
The Accountant² The Accountant 2
Eden
6.5

Eden (2025) IMDb Rating (6.4) / Rotten Tomatoes (57%) Ana de Armas, Sydney Sweeney နဲ့ Vanessa Kirby တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘယ်သူပြိုင်လို့ လှပတော့နိုင် ရုပ်ရှင်အသစ် ထွက်ပါပြီ။ အမျိုးအစားကတော့ ကျွန်းပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရတဲ့အမျိုးအစားပါ။ ဒါကို ခပ်ထေ့ထေ့ဟာသတွေ၊ စကားကြမ်းကြမ်းနဲ့ ဖျင်ပြောင်တွေ ရှေ့ပြောင်တွေနဲ့ ရိုက်ပြထားလို့ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ ဒါရိုက်တာကလည်း A Beautiful Mind ရဲ့လက်ရာရှင် Ron Howard ဖြစ်နေပါတယ်။ 1930 ဖလော်ရီအန်နာကျွန်း ဖြစ်စဉ် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၃၀ အကျော် ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် အကြား နာဇီဖက်ဆစ် ဝါဒ အားကောင်းလာချိန်မှာ ဒေါက်တာရစ်တာ နဲ့ ဒိုရာရှထောက်တို့ဟာ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ အခြေချပြီး လူတွေကို ကယ်တင်နိုင်မဲ့ အတွေးအခေါ်ဝါဒစာအုပ်တစ်အုပ်ကို ရေးဖို့ ကြိုးစားနေပါတယ်။ အဲဒီအကြောင်းကို ကမ္ဘာပေါ်က လူအချို့က သိလာကြပြီး စိတ်ဝင်စားနေကြသလို အဲဒီလို သီးသန့်နေတဲ့ဘဝကို တကယ်ယုံကြည်တဲ့ နောက်ထပ်မိသားစုတစ်စုကပါ ကျွန်းမှာ ခြေချလာပါတယ်။ ကျွန်းပေါ်မှာ လူထပ်လာနေတာကို မကြိုက်တဲ့ ဒေါက်တာရစ်တာက ချောက်တွန်းဖို့ နှင်ထုတ်ပြီး ကြိုးစားရပါတော့တယ်။ ကြိုးစားလို့မအောင်မြင်သေးခင်မှာပဲ မင်းကတော် အယ်လိုဝက ဒီကျွန်းမှာ ဟိုတယ်ဆောက်မယ်ဆိုပြီး ဘဲနှစ်ပွေနဲ့ ရောက်လာပြီး ဇွန်းနှစ်ချောင်းနဲ့စားလိုက် မိသားစုနှစ်စုကို ရန်တိုက်လိုက်နဲ့ အလုပ်များနေပါတော့တယ်။ ဒီ အဖွဲ့သုံးဖွဲ့ တစ်ယောက်ကို တစ်ယောက် အကောက်ကြံကြရင်း နောက်ဆုံးမှာ ဘယ်သူတွေကျန်မလဲဆိုတာကို ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(6 GB) / (2.3 GB) / (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:11:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K , Ka Naung Translated by Mr. Anderson

6.5 2025 130 mins
Eden