YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Phone 2001 DvdRip CM.mp4

370.31 MB N/A video/mp4 231 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sahara
5.9

Sahara (2005) IMdb Rating (6.0) ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ ဇာတ်လမ်းကတော့.... ၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။ တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက မာလီနိုင်ငံကတဆင့် နိုက်ဂျားမြစ်တွင်းမှာ စီးမျောလာတာကို သိသွားကြသလို မာလီမှာကလဲ ဒေသခံတွေကြား ပြည်တွင်းစစ်တွေဖြစ်နေပြီး တည်ငြိမ်မှုမရှိပါဘူး။ ဒီတော့ကာ ဒဏ္ဍာရီထဲက ရွှေအပြည့်တင်ထားတဲ့ သံချပ်ကာ သင်္ဘောကို ရှာတဲ့ NUMA ကုမ္ပဏီက လူတွေရယ် ၊ ပလိပ်ရောဂါပိုးကြောင့် ဇစ်မြစ်ကို ရှာတဲ့ WHO က ဆရာဝန်တွေရယ် ၊ မာလီနိုင်ငံက ဒေသခံလူမျိုးစုတွေကြားက ပြည်တွင်းစစ်ပွဲတွေရယ် တစ်နေရာထဲမှာဆုံကြတဲ့အခါမှာတော့..........။ ဇာတ်လမ်းဇာတ်ကွက်ကတော့ တကယ့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မထင်ထားသလို နှစ်ပင် သုံးပင် လိမ်တွေမို့ အက်ရှင်စွန်းစားခန်းကြိုက်တဲ့ ပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းကို Wai Lin Kyaw မှ တင်ဆက်ထားပါတယ်။) Open Matte Version နဲ့ တင်ဆက်ထားတာမလို့ IMAX ရုပ်ရှင်ရုံတွေလို မြင်ကွင်းကျယ် မြင်ကွင်းပြည့်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(2.9 GB)/ (1.5 GB) Quality….BluRay Open Matte 1080p HEVC/720p Format…mkv/mp4 Duration….02:03:58 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Drama
5.9 2005 124 mins
Sahara
The Devil's Backbone
7.3

IMDb rating: 7.4/10 Rotten Tomatoes: 93% ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ.. မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို... ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ် စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ် ဇာတ်လမ်း‌အသွားအလာကရိုးရှင်းပေမယ့် Nomi တွေ ဝင်ခဲ့ပါသေးတယ် Goya Award for Best Special Effects တို့ Goya Award for Best Costume Design အစရှိတာတွေပါ ကဲ ရုပ်ရှင်ကြိုက်သူတို့ လိုက်ပါစီးမျောရင်း အတွေးနယ်ချဲ့လိုက်ကြပါဦး File Size :(2.1GB)  (862 MB) and (273 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Horror , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Action • Drama • Science Fiction
7.3 2001 108 mins
The Devil's Backbone
Dumb and Dumber
6.6

Legendary comedian ကြီး နှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့နှစ်ယောက်ပေါင်းပြီး စခွီတွေနဲ့နှောက်မယ့် “Dumb and Dumber.” IMDb rating 7.3/10 နဲ့ Box office မှာ $247 သန်းတောင်ရရှိခဲ့တဲ့အပြင် ၁၉၉၀ ခုနှစ်တွေရဲ့အကောင်းဆုံးစာရင်းဝင် comedy ကားတစ်ကားဖြစ်တာမို့ ကလိထိုးရယ်ရမယ့်ကားမဟုတ်တာတော့ ဧကန်ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ Lloyd Christmas (Jim Carrey) နဲ့ Harry Dunne (Jeff Daniels) တို့နှစ်ယောက်က ဘာတစ်ခုမှကို အသုံးကျတာမရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေတစ်ဖြစ်လဲ ချာတူးလန်ငတုံးနှစ်ယောက်။ တစ်ယောက်က သူဌေးတွေရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာလုပ်တယ် .. တစ်ယောက်က ခွေး spa မှာလုပ်တယ်။ လက်ကြောမတင်းတဲ့ငတုံးနှစ်ကောင်ပါဆိုမှတော့ အလုပ်ကမြဲပါတော့မလား .. နဂိုတည်းက ပြုတ်စော်နံနေရာကနေ ပထမဇာတ်ဝင်ခန်းမှာပဲ ပြုတ်သွားပါလေရော။ အယ် .. ဒါပေမယ့် Lloyd ကတော့ အလုပ်မပြုတ်ခင် ဖွန်ခွင့်ရလိုက်သေးတယ်။ အဖွန်လွန်ပြီး အလုပ်ပြုတ်သွားတာဆိုလည်းမမှားဘူးပေါ့။ အလုပ်ပြုတ်ရခြင်းရဲ့အဓိကတရားခံက Aspen ကိုသွားဖို့ Lloyd လေဆိပ်ကို ကားမောင်းပို့ပေးရတဲ့ အလှပဂေးလေး Mary Swanson. လမ်းမှာ ဘာဘာညာညာတော်ကီဖုတ်ရင်းနဲ့ Lloyd တစ်ယောက် Mary ကို မြင်မြင်ချင်း fall in love သွားပါလေရော။ Mary လေဆိပ်ထဲဝင်သွားတာကိုတောင် အကြည့်မလွှဲနိုင်တဲ့ ကိုယ်တော်ချောက Mary ရဲ့လက်ဆွဲသေတ္တာ လေဆိပ်မှာကျန်ခဲ့တာကိုတွေ့သွားတာနဲ့ အပြေးလေးယူထားလိုက်တယ်။ တစ်ဖက်မှာလည်း ရေမိုးချိုးအလှပြင်ပေးပြီးတဲ့ခွေးတွေကို ရှိုးပွဲကိုအချိန်မီမပို့နိုင်တဲ့အပြင် တလွဲတွေလုပ်တဲ့ပြစ်မှုနဲ့ Harry ပါအလုပ်ပြုတ်လာပြန်တော့ အလုပ်လက်မဲ့နှစ်ယောက်ရယ် အညွှန်းဖတ်သူရယ်နဲ့ဆို အလုပ်လက်မဲ့သုံးယောက်ဖြစ်သွားပြီး အဖော်ရသွားကြတာပေါ့။ အဲဒါနဲ့ အလုပ်မရှိလို့ဘူနေတဲ့နှစ်ယောက် အလုပ်မရှိမယ့်အတူတူ မိန်းမရလိုရငြားဆိုပြီး လက်ဆွဲသေတ္တာကြီးဆွဲပြီး Mary သွားတဲ့ Aspen ကို လိုက်သွားပါလေရော။ ဒီလိုနဲ့တလွဲခရီးစဥ်ကြီးအစပြုလာပြီး လမ်းခရီးတစ်လျှောက်နှစ်ယောက်ပေါင်းပြီး ဘယ်လိုတွေလောင်းကျော်ကြဦးမှာလဲ .. Lloyd တစ်ယောက် မိန်းမပဲရလာမှာလား ဘာများရလာမှာလဲ .. သူတို့မျက်နှာလုပ်ပြီးသွားပို့တဲ့လက်ဆွဲသေတ္တာကရော ဘာသေတ္တာဖြစ်နေမှာလဲဆိုတာကို ဘာအလုပ်မှလုပ်စရာမရှိမယ့်အတူတူ ထိုင်ကြည့်ရင်းခွီနိုင်ဖို့တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ File size…2.4GB / 1.3GB Quality…1080p Blu Ray  / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii

Family • Fantasy
6.6 1994 107 mins
Dumb and Dumber
Kisna
4.5

ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်.. လူသားတွေ ပြောင်းလဲလာတယ်…မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ် လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်… ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်… ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ.. ၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က…။ ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်… ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ် တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ… ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့….။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ် အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ် အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ.. ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်…

Comedy • Romance
4.5 2005
Kisna
Once Upon a Time in the Northeast
6.2

❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း​မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေး​ကိုရေသားဖော်ပြထားတဲ့ Kong Ergou ရဲ့ “The Past in Northeast China” ဝတ္ထုကို အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်…, ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ် ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက် ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ….? ❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ? ❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့ နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက် အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား…? ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/ မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

Drama • Fantasy • Horror • Thriller
6.2 2022
Once Upon a Time in the Northeast
Young Guns
6.8

Young Guns (1988) ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။ ၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ပြီး သူ့ခြံမှာအလုပ်ပေးထားတယ်။ သူက ခိုင်းစားရုံမဟုတ်ဘဲ စာဖတ်ဘာညာပါသင်ပေးပြီး စာတတ်ပေတတ် သေနတ်သမားလေးတွေဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန် အဲဒီနေရာမှာ သူ့ပြိုင်ဘက် ပိုအင်အားကြီးတဲ့ မာဖီလို့ခေါ်တဲ့ ခြံရှင်တစ်ပွေရှိသေးတယ်။ သူက ဂျွန်ကို မျက်စိစပါးမွှေးဆူးနေတယ်။ ဆူးဆို စီးပွားပြိုင်ဘက်ကိုး။ ပင်လယ်ရေဆိုတာ ခပ်သောက်မကုန်ပေမဲ့ ကမ်းစပ်မှာ ဆားချက်ပြီးရောင်းရင်တော့ သူ့ဆားနဲ့ကိုယ့်ဆား ပြိုင်ရောင်းရမှာကိုး။ ပြိုင်ဘက်မရှိတာ အကောင်းဆုံးပဲဆိုတော့ မာဖီ့လူတွေက ဂျွန့်ကိုသတ်ချလိုက်တယ်။ ဒီကားက အနောက်ပိုင်းတရားလက်လွန်မဖြစ်သေးခင်ကနေ ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတဲ့ အချက်ကို ပါးပါးလေးပုတ်ထားတာဆိုတော့ တရားဥပဒေနည်းနည်းပိုပါသေးတယ်။ တရားသူကြီးတစ်ပွေရှိတယ်။ ဝီလ်ဆန်တဲ့။ မာဖီ့ဘက်မှာ ရဲမှူးကရှိနေတော့ တရားသူကြီးလည်း ဒီအမှုကိုဘာမှလုပ်မရဘူး။ ရှေ့နေက တရားသူကြီးကို မဟုတ်တမ်းတရမ်း အကြံပေးတယ်။ အဆိပ်ကို အဆိပ်နဲ့ပဲတိုက် ဆရာ… လူမိုက်တွေကိုရှင်းဖို့ လူမိုက်တွေကို လိုတယ်ဆိုပြီး ဂျွန်လက်သပ်မွေးထားတဲ့ ၂၀ မပြည့်သေးတဲ့ သေနတ်သမား စောက်ကလေးတွေကို ဝရမ်းပေးပြီး ကြည့်ရှင်းခိုင်းလိုက်တယ်။ ဟိုကလည်း ဖမ်းသွားပါဆိုပြီး အဖမ်းမခံတော့ ဆော်ကြပစ်ကြနဲ့ ဘီလီသောက်ကလေးဆိုပြီးဖြစ်လာမယ့်ဘဲက ဖမ်းရမယ့်ကောင်တွေကို ပစ်သတ်ချလိုက်တယ်။ အဲဒီနောက် သူတို့နာမည်ကြီးလာရော။ ဒါပေမဲ့ သူတို့ကို စစ်တပ်ကရော မာဖီ့လူတွေကရော လိုက်ဖမ်းကြတဲ့အခါမှာတော့… Billy the Kid အဖြစ် The Breakfast Club တို့၊ The Outsiders တို့လို ဂန္ထဝင် Coming of Age ရုပ်ရှင်တွေက သရုပ်ဆောင် Emilio Estevez က သရုပ်ဆောင်ထားပါတယ်။ 3 အနေနဲ့လာမယ့်ကားထဲမှာတော့ Billy the Kid နေရာဟာ ခုလတ်တလော ရုပ်ရှင်ပရိသတ်တွေအကြိုက် မင်းသားတစ်လက်ဖြစ်တဲ့ Barry Keoghan ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 47Min Genre – Action, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.8 1988 107 mins
Young Guns
Are You Ok Baby?
8.8

Are You Ok Baby? (2023) မေမေ့ကလေးငယ် ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ …. ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ….မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် ဒီဇာတ်လမ်းလေးကိုတော့ Dee~ Yoon~ Alex~ ToMo ~ BpL မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.8 2023
Are You Ok Baby?
Please Don’t Destroy: The Treasure of Foggy Mountain
6.2

” Please Don’t Destroy: The Treasure of Foggy Mountain ” နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်း ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကို ထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။ နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေ ဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်း ကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေက ကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲ နာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O’Brien ကလည်း ပါဝင် သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ.. ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာ ငယ်ငယ်ကတည်းက ခင်လာပြီး ကြီးလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၃ ယောက် ဖြစ်ပါတယ်။ အသက်ကြီးလာတော့ ဘဝကိုယ်စီနဲ့ ဝေးသွားတော့မဲ့ သူငယ်ချင်းတွေကို မခွဲချင်တဲ့ John က ငယ်ငယ်တုန်းက သူတို့တူတူ ကောက်ရခဲ့တဲ့ သံလိုက်အိမ်မြှောင်လေးကို အကြောင်းပြုပြီး တောနက်ထဲမှာ ရတနာရှာထွက်ဖို့ စည်းရုံးပါတော့တယ်။ အဲ့ဒီလိုလဲ ရတနာရှာထွက်လာတဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမှာလဲ ကျော်ဖြတ်နိုင်မှာလား ရတနာကော အဆုံးသတ်မှာ ရမှာလား စတာတွေက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ကားတစ်လျောက်လုံးမှာလည်း ဟာသရယ်မောစရာတွေကို မရိုးအောင် ကြည့်ရှုခံစားရမဲ့ အဆင့်မြင့် ဟာသကားလေး တစ်ကား ဖြစ်ပါတယ်ခင်ဗျ… File size…1.64GB / 800MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.2 2023 92 mins
Please Don’t Destroy: The Treasure of Foggy Mountain
Haul Out the Holly: Lit Up
5.7

ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ အိမ်နီးချင်းတွေအကုန်လုံးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပျော်ပျော်ကြီး ကြိုဆိုခဲ့ကြပေမယ့် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်လွန်းသူ ဂျွန်ဆင်တို့လင်မယားက အမ်မလီတို့ စီစဉ်ထားတဲ့ ခရစ္စမတ်အစီအစဉ်တွေကို ပြင်းထန်တဲ့ ပြိုင်ပွဲတွေအဖြစ် ပြောင်းလဲချင်လာတဲ့အခါမှာတော့.. ပတ်ဝန်းကျင်က လူတွေအကုန်လုံးက စိတ်ဝမ်းတွေကွဲကုန်ပြီး သူ့လူ ငါ့လူ သူ့ဘက် ငါ့ဘက် အပြိုင်အဆိုင်ဖြစ်စွာနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ဖြစ်လာတဲ့အခါ.. ပြောင်းလဲသွားတဲ့လူတွေရဲ့ သဘောထားကို အမ်မလီတို့နှစ်ယောက်က အရင်လို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် သိမ်းသွင်းနိုင်မှာလား.. သူတို့ရဲ့ လမ်းလေးကရော အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ဘာပြိုင်ဆိုင်မှုမှမရှိဘဲ အေးအေးချမ်းချမ်း ပြန်ဖြစ်နိုင်ပါ့မလား.. ဂျွန်ဆင်တို့မိသားစုကရော သူတို့နားချတဲ့အတိုင်းလက်ခံနိုင်ပါ့မလား.. ခရစ္စမတ်ရဲ့အနှစ်သာရကရော ဘာများဖြစ်မလဲဆိုတာကိုတော့.. ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.7 2023
Haul Out the Holly: Lit Up
Dead Sea

အသစ်ထွက်ရှိလာတဲ့ အမေရိကန်ဟော်ရာမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် မောင်လေးရယ် စိတ်ဓာတ်ကျနေတဲ့အဖေရယ်နဲ့ပဲ ဘ၀ကိုမြှုပ်နှံထားတဲ့ ဆယ်ကျော်သက်မလေး ကာယာ။ တရက် ကာယာရဲ့အချစ်ဆုံးသူငယ်ချင်း တက်ဆာမဲဆွယ်ကောင်းမှုကြောင့် ဂျက်စကီတစ်စီးစီ ကောင်လေးတစ်ယောက်စီနဲ့ ဘဟားမားကျွန်းတွေဆီကိုသွားခဲ့ကြတယ်။ အိမ်အပြန်လမ်း ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ အပျော်လွန်ပြီး မတော်တဆမှုကြုံရပါတော့တယ်။ လေးယောက်မှာ သုံးယောက်ပဲကျန်တော့တဲ့ချိန် တံငါလှေတစ်စီးနဲ့တွေ့ပြီး သူတို့ကိုကူညီရာကစ ထင်မှတ်မထားတဲ့ အန္တရာယ်‌နဲ့ကြုံတွေ့လာရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Dead Sea
Peeping Tom
7.6

Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 41Min Genre – Slasher Horror, Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

War • Drama
7.6 1960 101 mins
Peeping Tom
From Up on Poppy Hill
7.4

အဖေဖြစ်သူ စစ်ပွဲအတွင်းမှာဆုံးသွားပြီး အမေဖြစ်သူက အဝေးမှာရောက်နေတဲ့အတွက် Umiတို့မောင်နှမတွေက အဘွားအိမ်မှာ အတူနေရင်း Umi က “အစ်မကြီး အမိအရာ”ဆိုတဲ့စကားအတိုင်း ညီမငယ်လေးနဲ့ မောင်ငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရင်း ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီ‌လိုနဲ့ တစ်နေ့ ကျောင်းကန်တင်းမှာ Shun ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အမှတ်မတင် တွေ့ဆုံပြီးနောက် ရင်ခုန်တတ်လာပါတော့တယ်။ Shun တို့သူငယ်ချင်းအဖွဲ့က ကျောင်းရဲ့အသင်းတိုက်အဆောက်အဦး ဖြိုချမခံရဖို့အရေး အစွမ်းကုန်ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ရက် Umi ရဲ့ညီမလေးကိုအကြောင်းပြုပြီး Shun နဲ့ Umi တို့ ခင်မင်သွားကြပါတော့တယ်။ ဒီလိုနဲ့ Shunတို့ရဲ့ အသင်းတိုက်အဆောက်အဦးကြီး ဖြိုချမခံရဖို့အတွက် Umi ကူညီပေးတာတွေ… Shun နဲ့နှစ်ယောက်ကြားက ပြဿနာတွေကို ရင့်ကျက်စွာ ဖြေရှင်းပုံတွေကို လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါစို့ File Size : 1.3 GB, 637 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Animation, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

7.4 2011 91 mins
From Up on Poppy Hill
Paddington in Peru
6.8

Paddington in Peru (2024) IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံ‌လေး Paddington ကို သိကြမှာပါ။ ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်း ပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။ အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။ အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size… (6.4 GB) / (2.2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Comedy, Family, Mystery Duration….01:46:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vader

Horror • Thriller
6.8 2024 106 mins
Paddington in Peru
The Monster Il mostro
7.4

The Monster (1994) Il mostro IMDb Rating (7.3) Life Is Beautiful (1997) နဲ့နာမည်ကျော်ခဲ့တဲ့ အီတလီ မင်းသားကြီး Roberto Benigni နဲ့ မင်းသမီး Nicoletta Braschi တို့ရဲ့ နာမည်ကျော်ဟာသကားဖြစ်ပြီး စတင်ရုံတင်ချိန်ကတည်းက သုံးပတ်ဆက်တိုက် နံပါတ်တစ်ဖြစ်ခဲ့တဲ့အပြင် ပြည်တွင်းမှာ သမိုင်းတစ်လျှောက်ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တာမလို့ Life Is Beautiful လိုပဲ သူတို့နှစ်ယောက်ရဲ့နောက်ထပ်စုံတွဲဇာတ်ကားကောင်းတစ်ကားလို့ ဆိုရမှာပါ။ ဇာတ်လမ်းကတော့.. လောရစ်စ်က ကုန်တိုက်ကြီးတစ်ခုအတွက် လူရုပ်တွေနေရာချသယ်ပို့ရတဲ့အချိန်ပိုင်းအလုပ်တစ်ခုလုပ်ပြီးတော့ လက်ထောက်မန်နေဂျာရာထူးရဖို့အတွက် တရုတ်စာလည်းသင်နေပါတယ်။ လက်ရှိမှာတော့ ဘိုင်ကျနေတဲ့အတွက် သူ့အိမ်ခန်းငှားခမပေးနိုင်တာကြာပြီဖြစ်သလို မြို့မှာလည်း တစ်ခြား ကြွေးရှင်တွေမနည်းတဲ့အတွက် အမြဲတမ်းရှောင်ပုန်းနေရတတ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မြို့မှာ အလွန်ကြောက်စရာကောင်းပြီး မိန်းမတွေကိုမှရွေးသတ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်သောင်းကျန်းနေပြီး ရဲတွေ စုံထောက်တွေခေါင်းခဲနေရတဲ့အနေအထားပါ။ နဂိုကတည်းက အူကြောင်ကြောင် တလွဲတချော်တွေနဲ့လောရစ်စ်ဟာ အကြွေးရှင်တွေကိုပါ ရှောင်နေရတဲ့အတွက် ပုံမှန်ထက်ပိုထူးခြားနေတဲ့အချက်က သူ့ကိုရဲတွေရဲ့စက်ကွင်းထဲရောက်သွားစေပြီး ကွင်းဆက်လူသတ်သမားဟာ သူပဲလို့တစ်ထစ်ချ ယူဆခံလိုက်ရပါတော့တယ်။ အဲ့ဒါကြောင့်ပဲ ရဲတပ်ဖွဲ့က ရဲမေလှလှလေးတစ်ယောက်ကို သူ့အခန်းထဲထိ သူလျှိုအဖြစ်လွှတ်ပြီး အနီးကပ်စုံစမ်းခိုင်းတဲ့အခါမှာတော့ လောရစ်စ်နဲ့ရဲမေလေးနဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့ ရဲမှူးတွေ၊ ဆရာဝန်တွေကြားက အလွဲလွဲအချော်ချော်အမှားတွေနဲ့ တစ်ကားလုံးခွီနေရမယ့်ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Family
7.4 1994 112 mins
The Monster Il mostro
Uppu Kappurambu
5.6

Uppu Kappurambu (2025) “သင်္ချိုင်းနေရာ” လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတို့ရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။ အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တို့တင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။ သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလို့မရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို့ အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Comedy • Romance • Drama
5.6 2025 136 mins
Uppu Kappurambu