YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Petta [2019] (MM Sub).mp4

1.3 GB 720p video/mp4 1202 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holes
6.8

CM ပရိသတ်တွေအတွက် 2003 တုန်းက ထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့ မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာ သူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။ တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေ သူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက် ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကို အပို့ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲ ရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့ အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။ စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့ လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီး ငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီး ဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့ တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးက ပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။ လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်း ဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စ တန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရော လွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊ သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊ အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File size…  2.7 GB /  1.11 GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 2h Genre .....  Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated by TMMT

Drama
6.8 2003 117 mins
Holes
Cyber Hell: Exposing an Internet Horror
7.2

IMDb - 6.5/10 ဒီDocumentaryဟာ ၂၀၁၉ ​တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံး ဆိုက်ဘာပြစ်မှု​တွေထဲက၂ခုအ​ကြောင်း ဖြစ်ရပ်မှန်​တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်၊ IT​ခေတ် ဖြစ်တာနဲ့အညီ နည်းပညာနဲ့ ကျွမ်းဝင်သူ​တွေ များသလို ဒီနည်းပညာကိုသုံးပြီး မသိနားမလည်သူ​တွေအ​ပေါ် ကျူးလွန်လာတဲ့ဆိုက်ဘာပြစ်မှု​တွေက တစ်​နေ့တခြား များလာသလို နည်းလမ်း​တွေလည်း ပိုစုံလာပါတယ်၊ ဒီ Documentary မှာဆိုရင်​ နည်းပညာကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စီးပွားရှာသွားသူ​တွေအ​ကြောင်း မြင်​တွေ့ရမှာပါ။ ဘယ်လိုပုံစံမျိုး​ ကျူးလွန်သွားမလဲဆိုတာ အညွှန်းထဲရေးတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးအ​ဆင်​ပြေပါတယ်၊ ​ ဒီ​​နေ့​ခေတ်မှာ လူတိုင်းကြုံ​တွေ့​နေရတဲ့ အခက်အခဲတစ်ခုကိုပဲချနင်းပြီး ငွေသန်းချီ ရှာသွားခဲ့ကြတာတွေ၊ သူတို့ရဲ့​ကျော့ကွင်းထဲ သက်​ဆင်းသွားတဲ့ မိန်းမပျို​တွေ ဘယ်​လောက်ထိ ထိခိုက်နစ်နာခဲ့ရလဲ ဆိုတာ​တွေကို မြင်​တွေ့ရမှာပါ၊ နစ်နာသူ မိန်းက​လေး​တွေထဲမှာ အသက်မပြည့်​သေးသူ​တွေပါ ပါဝင်​နေတာက အ​တော်ကို ဆိုးပါတယ်၊ မြန်မာနိုင်ငံမှာလည်း လိင်ထိပါး​စော်ကားမှုအဖြစ်အပျက်​တွေ မကြာခဏဆိုသလို မြင်​တွေ့​နေရချိန် ဒီ Docuကို ကြည့်ပြီး ​ရှောင်သင့်၊ ဆောင်သင့်တာ​တွေ သိသွားနိုင်ဖို့ ​မျှော်လင့်ပါတယ်၊ ဘယ်သူ​တွေ ကြည့်သင့်လဲဆိုရင်​တော့ ကျား၊ မ မဟူ ဘယ်သူမဆို ကြည့်သင့်ပါတယ်၊ လိင်မုဆိုး​တွေ ဘနဖူးသိုက်တူးသူ​တွေက ကျား၊ မ ​ရွေးနေမှာ မဟုတ်လို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Documentary Quality….1080p | 720p| 480p File size…1.4GB | 546MB | 275MB Format…mp4 Duration…. 1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

7.2 2022 105 mins
Cyber Hell: Exposing an Internet Horror
Nightride
6.2

Crime,Thriller IMDb - 5.7/10 ဒီဇာတ်ကားက အတော်တော့ ထူးဆန်းတယ်။ တစ်ကားလုံးရဲ့ 80 % လောက်ကို ကားတစ်စီးထဲမှာပဲ one-shot သဘောမျိုးရိုက်ပြထားတာဖြစ်ပါတယ်။ ဘတ်ဂျ်ဟာ ၇ နှစ်တာ မူးယစ်အရောင်းအဝယ်လုပ်ပြီးနောက် နောက်ဆုံးတစ်ကြိမ်အနေနဲ့ ညတစ်ညမှာ ယူကရိန်းသားတွေနဲ့ ခွင်အချီကြီးတစ်ကြိမ်လုပ်မယ် ဆိုပြီး ကားပေါ်တက်ခဲ့ပါတယ် သူ့ရဲ့ နောက်ဆုံးတစ်ကြိမ်မှာပဲ ရဲတွေကလိုက်လာလို့ အပေးအယူကို သူ့ရဲ့လက်အောက်ငယ်သားတွေကိုပဲ ဖုန်းဆက်ပြီး ညွှန်ကြားလုပ်ခိုင်းရာကနေ တလွဲတွေအကုန်ဖြစ်လာကို ရိုက်ပြထားတာပါ။ ကျွန်တော် စကြည့်တုန်းကလည်း တစ်ကားထဲမှာ ဇာတ်လိုက်ကဖုန်းခေါ်နေလို့ အရမ်းပျင်းဖို့ကောင်းမယ်လို့ထင်ခဲ့ဖူးပေမယ့် တကယ်ကြည့်တော့ One-shot ရိုက်ထားတဲ့ပုံစံအတိုင်း အချိန်နဲ့တပြေးညီဆက်တိုက်ဖြစ်ပျက်နေတာကို ပြသွားတာဖြစ်ပြီး ဖုန်း Call တွေကနေ ဇာတ်ကားအတက်အကျကို ဆွဲခေါ်သွားတာဖြစ်ပါတယ် ။ ဘက်ဂျ်ရဲ့ နောက်ဆုံးအကြိမ် Drug Deal လုပ်တာ အောင်မြင်သွားမလား.... အခက်အခဲတွေကြားကနေ ဘယ်လို ပြန်အဖတ်ဆယ်သွားမလဲဆိုတာကိုတော့ ဒီ Nightride ဆိုတဲ့ဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.4GB and 710MB and 294MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder .....August

Action • Adventure • Animation • War
6.2 2022 97 mins
Nightride
The Great Seduction
6.5

လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေး တစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်း ချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီး ထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက် ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲ အသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက် အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာ ဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက် လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန် ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည် လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးက လိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့က ခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ ဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေး တစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 95 mins
The Great Seduction
Silver and the Book of Dreams
5.4

ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီး Amazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အ​မေဖြစ်သူ ​နောက်အိမ်​ထောင်ပြုမှာမို့ လန်ဒန်ကို​ ပြောင်း​ရွှေ့လာတဲ့ လစ်ဗ်နဲ့ မီယာ ညီအစ်မနှစ်​ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်​တွေကို ထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ လစ်ဗ်တစ်​ယောက် အိပ်မက်ထဲမှာ သူ့ပ​ထွေးဘက်က သားဖြစ်တဲ့ ဂ​ရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့က တခြားသူ​တွေရဲ့အိပ်မက်​ထဲမှာ လျှောက်သွားနိုင်တဲ့ Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီ စာအုပ်​ကြောင့် သူတို့​တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်း​တွေ ရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီး စာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်​ရောက်မှု တစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်​တွေကို အပြင်​လောကမှာ အ​ကောင်အထည်​ဖော်ရင်း အပြန်အလှန်အ​နေနဲ့ သူတို့ရဲ့အဆိုးဆုံး အိပ်မက်​တွေပါ လက်​တွေ့ဖြစ်လာတာပါ။ ​အဖွဲ့သား​တွေထဲမှာ ကောင်းတဲ့အိပ်မက်​ရော ဆိုးဝါးတဲ့အိပ်မက်​ပါ တကယ်ဖြစ်လာတဲ့​နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာ ပျက်​အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီး​တွေ ရှိ​နေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ။ File size…1.38GB / 611MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Comedy
5.4 2023 92 mins
Silver and the Book of Dreams
This Is 40
6.2

This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေ ကောင်း လေဆိုတာကို မြင်ဖူးကြမှာပါ တစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစ ဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်း ထို့အတူ ပိထ် ဆိုတဲ့ Paul Rudd က သီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီး ခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့ တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။ တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။ သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာ ဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။ သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ ကပ်သီးကပ်သပ် ဖြစ်နေပါရော။ ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့ အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင် အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ပျောက်နေပြီး ၇ နှစ်မှ တစ်ခါပေါ်လာတတ်တဲ့ အဖေရှိ ပါတယ်။ အဲ့တာအပြင် အပျိုဖော်ဝင်စ သွေးသားပြောင်းလို့ ဒေါသ အမြဲတမ်းထွက်နေတဲ့ သမီးရယ်နဲ့ သူ့ညီမလေးရယ် ဘဝက ကကြိုးစုံနေပါတယ်။ ပိထ်ရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံရမလို ဖြစ်နေပြီး အိမ်ရဲ့အကြွေးတွေကိုလည်း မဆပ်နိုင် တစ်ဖက်က အဖေဆီလည်း မိန်းမ မသိအောင် ခိုးထောက်ပံ့ရင်း ဗျာများ နေပါတယ်။ ကောင်းမွန်တဲ့ ဘဝဆီကို လျှောက်လှမ်းကြမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ သူတို့လင်မယား နှစ်ဦးဆီ ပြဿနာတွေ ချည်မျှင်တန်းသလို တစ်သီ ချင်းဝင်လာပါတယ်။ ပြဿနာတွေ ‌ကို ရင်ဆိုင်ရင်း ရှည်ကြာတဲ့ အိမ်ထောင်သက်ကို ဘယ်လိုကိုင်တွယ်ကြပုံကို ငိုတစ်လှည့် ရယ်တစ်လှည့် ဟာသနှောရင်း တွေ့မြင်ရမှာပါ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ ပရိသတ်တိုင်း မျက်နှာမစိမ်းတဲ့ Ant-Man မင်းသား Paul Rudd က ပိထ်နေရာက ပါဝင် သရုပ်ဆောင်ထားပြီး Lesile Mann ၊ Maude Apatow ၊ Iris Apatow ဒါရိုက်တာရဲ့ မိန်းမ ၊ သမီးကြီး ၊ သမီးငယ် သုံးယောက်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတာကို တွေ့ရမှာပါ။ Euphoria ဖန်တွေ အနေနဲ့လည်း Lexi လေးရဲ့ ငယ်စဉ်တည်းက မခေတဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခွင့် ရကြမှာပါ။ ရှေ့တစ်ကား Knocked up မှာတုန်းကလည်း အောင်မြင်ခဲ့တဲ့ Director Judd Apatow ရဲ့ နောက်ဆက်တွဲ အောင်မြင်တဲ့ဇာတ်ကား ဆိုလည်း မမှားပါဘူး။ John Lithgow ၊ Melissa McCarthy ၊ Jason Segel တို့လည်းပါဝင်ထားပြီး ဂီတ ဘုရင် Billie Joe Armstrong ပါ ပါဝင်ထားတဲ့ သရုပ်ဆောင်မြိုင် ဇာတ်လမ်းပိုင်တဲ့ကားပါပဲ။ ဂေါင်းကြီးတို့အနေနဲ့ ဘောနပ်စ်ကတော့ Megan Fox ရဲ့ ရင်ဖိုစရာ အခန်းတွေ လှိုင်လှိုင်နဲ့မို့ ဘာမှမ ပြောတော့ဘဲ ဇာတ်လမ်းကိုသာ ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 14m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.2 2012
This Is 40
Hanukkah on Rye
7.3

Hanukkah on rye (2022) ================== IMDb rating – 7.3/10 ဒီဇာတ်ကားကို‌ Hallmark channel ရဲ့ 2022 ခုနှစ်ထွက် အကောင်းဆုံး Chanukah film လို့သတ်မှတ်ထားကြပါတယ် ဒီဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…. Hanukkah ရာသီရောက်ပြီဆိုတာနဲ့ Jewish deli ဆိုင်ဖြစ်တဲ့ Jake တို့ဆိုင်က လက်မလည်အောင်ရောင်းချရပါတယ်။ တစ် ဖက်မှာလည်း molly တို့ဆိုင်ကလည်း ထိုနည်းတူပါပဲ။ ဒီဆိုင် 2 ဆိုင်ရဲ့ အဓိကကွာခြားက တစ်ဆိုင်က ရှေးရိုးဆွဲပုံစံအတိုင်း ကျင့်သုံးပြီး နောက်တစ်ဆိုင်ကတော့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတာပါ။ တစ်နေ့မှာတော့ Jake တစ်ယောက် ဆိုင်ခွဲတိုးချဲ့ဖို့ဆိုပြီး Molly တို့ ဆိုင်ဖွင့်ထားတဲ့နေရာအနီးမှာ လာရောက်ဖွင့်ဖို့လုပ်ရင်း Molly နဲ့ကံကြမ္မာဖန်လာခဲ့ပါတယ်။ Hanukkah ပွဲတော်လေးက Jake နဲ့ Molly တို့ရဲ့ ဖူးစာဖက်ကိုရှာတွေ့စေမလား…စီးပွားပြိုင်ဘက်မိသား စုကြားမှာ နှစ်ယောက်သား အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဒီဇာတ် လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.7 GB) / (623 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Family Translator…….June Encoder……….SWM

Crime • Drama
7.3 2022
Hanukkah on Rye
I Wish
7.3

I Wish ( 2011 ) ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံး‌တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့‌ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးနေတဲ့အရာတွေအဖြစ် ကူးပြောင်းသွားခြင်းပါပဲ။ မထင်မှတ်ဘဲ ရုပ်ရှင်တွေက ရုပ်ရှင်ထက်ပိုသွားခြင်းတွေပေါ့။ I Wishကို အခြေတည်ထားတာက မီးတောင်ရှင်ရှိနေတဲ့ မြို့လေးတစ်မြို့မှာပေါ့။ အဲဒီမြို့ကလေးအိမ်တွေကို မီးတောင်ပြာတွေက အမြဲကျတတ်တယ်။ အိမ်တွေလည်း ပြာမှုန်တွေ ထူလို့ပေါ့။ အဲဒီမြို့လေးက အိမ်လေးတစ်အိမ်မှာ အိမ်ထောင်ကွဲပြီး မိဘအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့သားလေးရှိတယ်။ သူ့အဘိုးအဘွားတွေလည်း ရှိတယ်။ သူ့အဘိုးအဘွားတွေကတော့ ကျည်ဆန်ရထားတွေနဲ့ အပြေးမြန်တဲ့ ခေတ်ကို ဝင်ဆံ့မီအောင် ကြိုးစားနေရသလို သူတို့သမီးကလည်း အလျဉ်မီဖို့ခက်တဲ့ခေတ်တစ်ခေတ်ကို အလျဉ်မီအောင် ကြိုးစားနေရတယ်။ သူ့သားလေးကတော့ ဒီမီးတောင်ကြီးပေါက်ကွဲသွားပြီး လူတွေနေလို့မရတော့ရင် မြို့ကြီးကို ပြန်ပြောင်းပြီး သူ့အဖေနဲ့ကျန်ခဲ့တဲ့ သူ့ညီလေးနဲ့ သူ့အမေနဲ့သူ မိသားစုလေးယောက် ပြန်ဆုံနိုင်မှာပဲလို့ ကလေးဆန်ဆန် စိတ်ကူးယဉ်နေတယ်။ ဒီလိုနဲ့ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံတမ်းစကားလေးကို လက်တွေ့လုပ်ကြည့်ဖို့ သူနဲ့သူ့ သူငယ်ချင်းတစ်အုပ်အတူတူကြံကြတယ်။ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာကို သွားပြီး ဆုတောင်းဖို့လုပ်ကြတယ်။ ဒီရုပ်ရှင်လေးက အဲဒီအကြောင်းပေါ့။ ကလေးသရုပ်ဆောင်တွေအဓိက သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးပြီးတဲ့အထိ Koreedaဟာ ဇာတ်ညွှန်းကိုမစခဲ့သေးဘဲ ကလေးသရုပ်ဆောင်တွေရွေးပြီးမှပဲ ကလေးတွေဆီက အိုင်ဒီယာတွေပါယူပြီး ဇာတ်ညွှန်းကို စခဲ့တယ်။ ဒီကလေးသရုပ်ဆောင်တွေထဲ Kanna Hashimotoကတော့ နာမည်ကျော်လာခဲ့တယ်။ တခြားသရုပ်ဆောင်တွေကတော့ ဂျပန်ရဲ့ နာမည်ကျော် ခေတ်ဟောင်းမင်းသားကြီး မင်းသမီးကြီးတွေဖြစ်တဲ့ Kirin Kikiနဲ့ Isao Hashizumeတို့အပြင် ဂျပန်စီနီမာရဲ့ ထိပ်တန်းသရုပ်ဆောင်၅ယောက်လောက်စာရင်းလုပ်ရင်တောင် ထိပ်ဆုံး၃နေရာလောက်မှာရှိနေမယ့် Hiroshi Abeနဲ့ သရုပ်ဆောင်နဲ့ရော အလှနဲ့ရော အသေသတ်နိုင်တဲ့ မမMasami Nagasawaတို့တွေပါပဲ။ သူတို့နှစ်ယောက်ကတော့ ဧည့်သည်သရုပ်ဆောင်ဆန်ဆန်ပါထားတာပါ။ ဒီလူတွေဟာ Koreedaနဲ့ တွဲရိုက်နေကျလူတွေပါပဲ။ ကလေးသရုပ်ဆောင်တွေချည်း သုံးထားပေမဲ့ လူကြီးတွေကလည်း အကြမ်းဆုံးတွေချည်းသုံးထားတာပါ။ ဒီရုပ်ရှင်ထဲ ထူးထူးခြားခြားလှနေတာလေးက ဒီနေ့တော့ သာယာတဲ့နေ့ဖြစ်မှာပဲလို့ ဒီရုပ်ရှင်ထဲက လူတွေကမပြောကြဘူး။ ဒီနေ့တော့ မီးတောင်ပြာတွေ သိပ်မကျလောက်ဘူးလို့ပဲ ပြောကြတယ်။ ဒီရုပ်ရှင်ဟာ မီးတောင်ပြာတွေ ထူထူထဲထဲကျတဲ့နေ့တွေအကြောင်း မီးတောင်ပြာတွေ ပါးပါးလျလျကျတဲ့နေ့တွေအကြောင်းပါပဲ။ မီးတောင်ပြာတွေမကျမယ့်နေ့တို့တွေတော့ မရှိဘူးပေါ့။ ပါးပါးလျလျလောက်ကျရင်ကိုပဲ အဲဒီဘဝတွေ လှနေခဲ့ခြင်း အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.3 2011
I Wish
A Moment to Remember

A Moment to Remember (2004) ********************************* အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလို ဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။ အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။ မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိ ကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။ အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းက‌ပေါ့။ တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။ မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလို ကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့ စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ချီးကျူးဖို့ကောင်းပါတယ်။ နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇာတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ ….. File size…1.91GB / 760MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 8m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2004 117 mins
A Moment to Remember
Jade Dynasty
6

စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ… ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း…. မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား… အရသာပဲပေါ့နေမလား… ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား… ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့…

6 2019 101 mins
Jade Dynasty
3391 Kilometers
4.2

3391 Kilometers (2024) အထီးကျန်ဆန်ပြီး အပေါင်းအသင်းမရှိတဲ့ တူရကီကကောင်မလေးတစ်ယောက်နဲ့ ပြင်သစ်က နယ်မြို့လေးတစ်မြို့မှာ ကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ဇာတ်လမ်း။ သူတို့ကြားထဲမှာ ဝေးနေကြရတဲ့အကွာအဝေးက ၃၃၉၁ကီလိုမီတာအတိ။ တစ်ယောက်နဲ့တစ်ယောက် ရုပ်မမြင် အသံမကြားခင်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြ။ စကားတွေအပြန်အလှန်ပြောရင်း ခင်မင်ရင်းနှီးမှုထက် တဆင့်တက်ဖို့ ကောင်လေးဘက်ကကြိုးစားချိန်မှာ အကွာအဝေးတွေခြားနားလွန်းတဲ့အတွက် ကောင်မလေးဘက်ကငြင်းဆန်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ရင်ထဲကခံစားချက်ကိုမလွန်ဆန်နိုင်တဲ့အတွက် LDRSဆိုတဲ့ ခရီးတစ်ခုကို နှစ်ယောက်တူလျှောက်လှမ်းကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…(1.6 GB) / (690 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:49:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by V

Drama • History • War
4.2 2024
3391 Kilometers
War Blade

Director Nicholas Winter ရဲ့ 2024 စစ်ကားအသစ်လေးပါ။ အခြားစစ်ကားတွေလို စစ်တိုက်တာတွေ စစ်ပွဲအသုံးအဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့်မပြထားပဲ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ကြောင်းက ကျစ်ကျစ်လစ်လစ်လေးရှိပါတယ်။ ဇာတ်ကြောင်းကတော့ ဘန့်စ်‌ဆိုတဲ့အေးဂျင့်တစ်ယောက် နာဇီကတုတ်ကျင်းတစ်ခုကနေ ပြင်သစ်တော်လှန်ရေးသမားတစ်ယောက်ကို ကယ်တင်ရမယ့်တာ၀န်ပေးခံရတော့ သူဘယ်လိုကယ်တင်မလဲဆိုတာလေးပါပဲ။ ရိုးရိုးလေးပေမယ့် ဇာတ်ကောင်တွေက ပြန့်ကားမနေပဲ စစ်ကားကြိုက်တဲ့သူတွေရော စစ်တိုက်နေတာချည်းပဲ မကြည့်ချင်တဲ့သူတွေရောအတွက်ရော အပျင်းပြေကြည့်ပျော်ပါတယ်။ File size…(1.5 GB)/(918 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bambi

0 2024
War Blade
Baiyunzhai Strange Tales
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ပိုင်ယွင်မြို့ဆိုတဲ့ အေးချမ်းတဲ့ မြို့ငယ်လေးတစ်မြို့မှာ လူတချို့ အဆက်မပြတ် ထူးဆန်းစွာ သေဆုံးသွားကြပါတယ်။ အရင်ဆုံး လျိုမာကျီက ရေခပ်ရင် သေသွားခဲ့ပြီး သူ့နာရေးက အပြန် ဝက်သတ်သမားဟာ မိသားစုဝင်တွေကို ဝက်သတ်သလို သတ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာ လျိုယွင်ကျိုင်းဆိုတဲ့ နာရေးပစ္စည်းဆိုင်က ဆိုင်ရှင် အခေါင်းဘုရင်က မကောင်းဆိုးဝါး ဝင်ပူးသလိုဖြစ်ပြီး ရပ်သူရွာသားတွေက ကြောက်လန့်ကြတဲ့အတွက် သူတို့ကို မြို့အပြင်ကို နှင်ထုတ်ခဲ့ပါတယ်။ နောက်ဆုံး တုန်းဖန်းအရက်ဆိုင်က ဆိုင်ရှင် တုန်းဖန်းရှော့ဟာ ထူးဆန်းစွာနဲ့ အရူးတစ်ယောက်လို နေ့ညမနားတမ်း အရက်သောက် အသားစားနေခဲ့ပါတယ်။ ဒီအဖြစ်တွေကြောင့် ခရီးထွက်လာတဲ့ ဆရာကြီးမာစန်းရဲကို ဖြေရှင်းပေးဖို့အကူအညီတောင်းလာခဲ့ပါတယ်။ လောကမှာ တကယ်ပဲ တစ္ဆေသရဲဆိုတာ ရှိသလား…… မြို့ထဲက ထူးဆန်းတဲ့ အဖြစ်တွေက သရဲလုပ်တာလား လူလုပ်တာလား…… မာစန်းရဲကရော ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2025
Baiyunzhai Strange Tales
The Ferris Wheel in Memory
5.6

ဇာတ်လမ်းက စာရေးဆရာမကျိုးအန်းအန်းဟာ သူ့မိသားစုကို အခြေခံပြီးရေးထားတဲ့ ဝတ္ထုကို ပြဇာတ်ပုံစံ ပြောင်းတဲ့အချိန်က စပါတယ်။ သူငယ်ချင်းဖြစ်သူ ချန်ရော့ယန်၊ လူငယ်ဓာတ်ပုံဆရာ လင်ယိတို့နဲ့အတူ အိပ်မက်နောက်လိုက်နေချိန်မှ ာ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုက ပေါ်ထွက်လာပါတယ်။ ကျိုးအန်းအန်းနဲ့ သူ့ကိုမွေးစားထားတဲ့ ဒေါ်လေးတို့ကြားမှာ ပဋိပက္ခတွေ အဆက်မပြတ်ပေါ်ထွက်လာပြီးနောက် သူ့ရဲ့ အတိတ်က မှတ်ဉာဏ်တွေကို မရမက ပြန်ရှာဖို့ အကြောင်းဖန်လာပါတယ်။ အတိတ်ကအမှန်တရားတွေက တစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်လာပြီး သူကလည်း သူကိုယ်တိုင် ရေးထားတဲ့ အိပ်မက်ကမ္ဘာထဲမှာ ပိတ်မိနေတာကို သတိထားမိခဲ့ပါတယ်။ ဒီလိုအိမ်မက်ထဲကနေ သူမ ဘယ်လိုရုန်းထွက်မလဲ

Horror • Comedy
5.6 2025
The Ferris Wheel in Memory
Biography of the Mutants 6
5.8

Biography of the mutants ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းဖြစ်ပါတယ်။ဇာတ်သိမ်းမှာတော့ဘယ်လိုတွေ ပွဲကြမ်းကြမလဲကြည့်လိုက်ရအောင်နော်……အရင် ငါးကားလုံးလဲ CM မှာတင်ဆက်ထားပီးပါပြီ >> Biography of the Mutants – Channel Myanmar ဒီအပိုင်းမှာတော့ ပိုင်ဂူကျီရဲ့လမ်းပြမှုနဲ့ ကျန်းလျိုအာတို့အဖွဲ့ဟာ မိစ္ဆာမြို့ကိုရောက်လာကြပါတယ်။ ဒါပေမယ့် မသိလိုက်တဲ့အချိန်မှာပဲ ကျားလုံလော်ဖန်တီးထားတဲ့ အတုအယောင်ကမ္ဘာထဲမှာပိတ်မိသွားပြီးတော့ အကြိမ်ကြိမ်သေကြရပါတယ်။ ကျန်းလျိုအာလေးက သူ့ရဲ့ရှေ့မှာ သူချစ်တဲ့သူတွေအကြိမ်ကြိမ်သေနေတာကို မမြင်ရက်တော့တဲ့အဆုံး ကျားလုံလော်ကို သူတစ်ယောက်ထဲရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဖန်ဂူနှလုံးပိုင်ရှင် ကိုရင်လေးနဲ့ လျန်ရှခေါင်းဆောင် ကျားလုံလော်တို့ ထိပ်တိုက်ရင်ဆိုင်ကြတော့မှာပဲဖြစ်ပါတယ်။

5.8 2017
Biography of the Mutants 6