YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Petra Naruemit (2023) (Ep14).mp4

762.69 MB N/A video/mp4 170 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up 3D
6.8

Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ် အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထား တာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့ နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲ ဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကို ဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမား မုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီး တော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYU ကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေ ပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်း သူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့ World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့ တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကို စည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။ တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာ တွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက် သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊ နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာ တွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။ File size…2.70GB / 1.55GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
6.8 2010 107 mins
Step Up 3D
Ishq-e-Nadaan
7

Ishq-e-Nadaan 2023 ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်... ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH

Action • Adventure • Drama • Family
7 2023
Ishq-e-Nadaan
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
The Lovebirds
6.1

Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့ Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani (ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့ အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့ Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲ ကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲ ပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆို ဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစ တောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။ အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။ လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စု ပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကို ကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ် ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစ ရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌ တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့ မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့ လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေ သူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။ သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။ သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရော ပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။ အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကို the lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။

Comedy • Family
6.1 2020 87 mins
The Lovebirds
Called to Duty

ဇာတ်လမ်း အကျဥ်းကတော့ အမေရိကန်အပေါ် ခြိမ်းခြောက်လာတဲ့ မြောက်ကီယန်နိုင်ငံ(မြောက်ကိုရီးယားမဟုတ်)ရဲ့ နျူလက်နက်တွေကို သွားရောက်ခြေမှုန်းမယ့် တိုက်လေယာဥ်တပ်စုအကြောင်းရိုက်ကူးထားတာပါ…။ ဒီတပ်စုကတော့ မယ်တောင်ပံလို့ခေါ်တဲ့ အမျိုးသမီးလေယာဥ်မှူးတွေပါဝင်ပြီး သူတို့က လေကြောင်းအလှပြပွဲအတွက် သရုပ်ပြပေးရတဲ့လေယာဥ်မယ်တွေပါ…။ တိုက်ပွဲဝင်တိုက်စစ်မှူးတွေတောင် မဟုတ်ပါဘူး…။သို့ပေမဲ့ မည်သို့ မည်ပုံ ကြောင့်မသိ….မယ်တောင်ပံတွေသာ ပဲ့အကိုင်နိုင်ဆုံး ဒီစစ်ဆင်ရေးအတွက် အသင့်တော်ဆုံးဆိုပြီး… မြောက်ကီယန်ကို တိုက်ခိုက်ဖို့ လေ့ကျင့်ပေးကြပါလေရော…။ လေ့ကျင့်နေရင်းနဲ့မှ မြောက်ကီယန်က နျူလက်နက်တွေနဲ့ တိုက်ခိုက်လာတော့… မယ်တောင်ပံတို့ကဟာ ဒီနျူလက်နက်တွေထုတ်လုပ်တဲ့စက်ရုံကို အမြစ်ဖြတ်ချေမှုန်းဖို့ တာဝန်ပေးခံရပါတော့တယ်…။ မစ်ရှင်ကိုအောင်မြင်အောင် မယ်တောင်ပံတို့ ဘယ်လိုအရဲ့စွန့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်မလဲဆိုတာ မြင်တွေ့ရမှာပါ…။ File size…1.3GB/ 551MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 40m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023 102 mins
Called to Duty
Hungry Hearts
6

Hungry Hearts (2014) ==================== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။ သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။ အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။ သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ ) File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June

Adventure • Action • Science Fiction • Thriller
6 2014 109 mins
Hungry Hearts
GomBurZa
7.9

GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်က သမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movie တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက် ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင် ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွား စပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာ ဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြား ဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေ ပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာ အရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာ ငြင်းစရာမရှိပါဘူး….. File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.9 2023
GomBurZa
Bad Boys
6.9

Bad Boys (1995) ================ IMDb Rating – 6.9/10 လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။ တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။ Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)

6.9 1995 119 mins
Bad Boys
A Killer in the House

လီယိုက ဆိုက်ကိုဖြစ်နေတဲ့ stalker တစ်ယောက်ပါ။ လူသတ်ဖို့လည်း လက်မရွံ့သလို စိတ်ရူးပေါက်တိုင်း လုပ်ချင်တာတွေ လျှောက်လုပ်နေတဲ့သူဆိုလည်း မမှားပါဘူး။ အဲဒီလို သူ့မျက်လုံးထဲ တခြားသူတွေနဲ့မတူအောင် အလှဆုံးမိန်းကလေးတစ်ယောက်အဖြစ် ဝင်လာသူကတော့ အေဗာပဲ ဖြစ်ပါတယ်။ အေဗာက မင်းသမီးဖြစ်ချင်လို့ လူရွေးပွဲတွေလိုက်ဖြေပြီး သရုပ်ဆောင်ဖြစ်ရဖို့ ကြိုးစားနေသူပါ။ သူက ရုပ်ရည်လေးကလည်းရှိသူမို့ အခန်းဖော်သူငယ်ချင်း အမြောက်ကောင်းမှုကြောင့် သူ့အနားကပ်လာတဲ့ ယောက်ျားလေးတွေနဲ့လည်း မကြာခဏ တွဲဖြစ်ပါတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ သူ့ဘဝထဲ ဆိုက်ကို stalker လီယိုက သူ့လမ်းမှာ ရှုပ်နေတဲ့လူတွေကို ရှင်းထုတ်ဖို့အကြံနဲ့ ဝင်ရောက်လာခဲ့ချိန်မှာတော့.. File size…(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Action • Thriller • TV Movie
0 2024
A Killer in the House
Heartbeat
6.4

Heartbeat (2011) ******************* ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့ကို ရင်နင့်အောင် ခံစားသွားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Kim Yunjin၊ Park Hae-Il၊ Park Ha-Youngတို့ဖြစ်ပြီး ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်အားဖြည့်ထားပါတယ် .. ဇာတ်လမ်းအကျဥ်း *************** ယွန်းဟီးက ခင်ပွန်းဆုံးသွားပြီးတဲ့နောက် တစ်ဦးတည်းသော သမီးလေးယယ်အွန်းကို ပြုစုပျိုးထောင်ရင်း ရှင်သန်နေသူပါ .. နောက်တော့ သမီးလေးယယ်အွန်းမှာ နှလုံးရောဂါရှိနေပြီးတော့ နှလုံးအစားထိုးမှ ရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန် ယွန်းဟီးတစ်ယောက် အင်မတန် စိတ်ထိခိုက်ခဲ့ရပါတယ် နှလုံးအစားထိုးဖို့ရာ နှလုံးအလှူရှင် လိုက်ရှာပေမဲ့လည်း ထင်သလောက် မလွယ်ကူလှပါဘူး .. အီဟီးဒိုကတော့ အလုပ်လည်း ရေရေရာရာမရှိတဲ့အပြင် အကြွေးတွေလည်း ပုံနေပြီး အမေ့ဆီကပဲ ငွေညှစ်နေတဲ့ လူတစ်ယောက်ပါ .. တစ်ရက်မှာတော့ အမေက ဆေးရုံတက်နေရပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းပါးနေပြီဆိုတာ သိလိုက်ရပါတယ် .. အသက်ရှင်ဖို့ရာ နည်းပါးနေတဲ့ အီဟီးဒိုအမေရဲ့နှလုံးနဲ့ သမီးဖြစ်သူ ခွဲစိတ်မှုလုပ်ဖို့အတွက် ငွေနဲ့နှလုံးနဲ့ လဲလှယ်ခဲ့ကြပါတယ် .. ဘယ်လောက်ပဲ မသိတတ်တဲ့သားဆိုးဖြစ်နေပါစေ အီဟီးဒိုကတော့ အမေ့နှလုံးကို ယူသွားဖို့ရာ တားဆီးပိတ်ပင်ပါတော့တယ် .. သမီးလေးကို ဆက်ပြီး အသက်ဆက်ရှင်စေချင်တဲ့ အမေတစ်ယောက်နဲ့ အမေဖြစ်သူက အသက်ရှင်ဖို့ အခြေအနေ နည်းပါးနေတယ်ဆိုရင်တောင် လက်မလွှတ်နိုင်တဲ့ သားဖြစ်သူတို့က ကိုယ်ချစ်ရတဲ့သူ အသက်ဆက်ရှင်အောင် ဘယ်လိုကြိုးစားသွားကြမလဲဆိုတာ ကြည့်ရှူပေးပါဦးနော် .. (အညွှန်းကို Kay Kay မှ ရေးသားပေးထားပါတယ်) File size…1.96GB / 826MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Kay Kay Encoded by AHtet

6.4 2011
Heartbeat
The Critic
6.2

လန်ဒန်မြိုက အထင်ကရသတင်းစာတိုက်ကြီးမှာ ပြဇာတ်ဝေဖန်ရေးမှူး အနေနဲ့ သုံးသပ်ချက်တွေရေးရတဲ့ ဂျင်မီ အက်စကင် ဒီလူက သူ့ရဲ့စံချိန် စံနှုန်းတွေနဲ့ မကိုက်ညီဘူးလိုယူဆတဲ့ ပြဇာတ်တွေ၊ သရုပ်ဆောင်တွေကိုဆို ပိုးစိုးပက်စက် ဝေဖန်ရေးသားတတ်တာကြောင့် လူသိများပါတယ်။ အဖေဖြစ်သူ ဆုံးပါးသွားလို သတင်းစာတိုက်ပိုင်ရှင်ဖြစ်လာတဲ့ ဒေးဗစ်ဘရွတ်ခ်က သူ့ကို ပျစ်ပျစ်နှစ်နှစ်ရေးသားတာတွေ လျှော့ဖိုပြောပေမဲ့လည်း အချည်းနှီးပါပဲ… သတင်းစာတိုက်ပိုင်ရှင် ပြောင်းသွားတာနဲ့အမျှ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘဝင်မကျဖြစ်နေတဲ့ ဂျင်မီ အက်စကင် တစ်ယောက် တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ချစ်သူလိုပါ ပြောရမယ့် တွမ် တန်နာနဲ့အတူ လိင်တူနှစ်သက်မှုနဲ့ ဖမ်းဆီးခံရပါ တော့တယ်။ နဂိုကတည်းက သတင်းစာတိုက်နာမည်ပျက်မှာကို မလိုလားတဲ့ ဒေးဗစ်ဘရွတ်ခ်က ရဲဖမ်းခံရတဲ့ ဂျင်မီကို အလုပ်နားခိုင်းလိုက်တဲ့အခါ… ဒါကိုမကျေနပ်တဲ့ ဂျင်မီတစ်ယောက် ဘယ်သူတွေကိုအသုံးချပြီး ဒေးဗစ်ဘရွတ်ခ်ကို လက်တုံပြန်ဖိုကြိုးစားမလဲ…… ဒီကြိုးစားမှုကနေ ဘယ်သူတွေနစ်နာပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာကို The Critic ရုပ်ရှင်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်……. File size… (1.06GB ) / (620MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.2 2023
The Critic
Amazon Bullseye
7

Amazon Bullseye (2024) *************************** Exterme Job မှ မင်းသားကြီး Ryu Seong-Ryong , Jin Sun-Kyu တို့နဲ့အတူ Go Kyoung-Pyo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် ဟာသကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂျိုဂျင်ဘုံး (Ryu Seung-Ryong) ကတော့ ‌မြားပစ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ကုမ္ပဏီတစ်ခုမှာ ‌ဝင်ရောက်လုပ်ကိုင်နေသူပါ။ အလုပ်ထဲမှာ ဂျင်ဘုံးရဲ့ စွမ်းဆောင်ရည်ကလည်း မကောင်းတော့ အထက်လူကြီး (Go Kyoung-Pyo) က အမေဇုန် ထာဂါအူရီနိုင်ငံရဲ့ ရွှေတွင်းတည်ဆောက်ပြုပြင်ခွင့် ပရောဂျက်ကို ရအောင် ယူလာဖို့ ဖိအားပေးပါတော့တယ်။ ထာဂါအူရီ ရွှေတွင်းတည်ဆောက်ပြုပြင်ခွင့်ကို ရနိုင်ဖို့အတွက် သတ်မှတ်ချက်ကတော့ ထာဂါအူရီရဲ့ ကိုယ်စားပြု မြားပစ်အသင်းကို ဆုတံဆိပ်ရအောင် လေ့ကျင့်‌သင်ကြားပေးဖို့ပါပဲ။ ကုမ္ပဏီကပေးတဲ့ ‌နောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်ပြီး အမေဇုန်တောကြီးဆီ ထွက်ခွာလာတဲ့ ဂျင်ဘုံးတစ်ယောက် ကံကောင်းထောက်မစွာပဲ ဘုရားပေးတဲ့ မြားပစ်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ထာဂါအူရီစစ်သည်တော် ၃ ဦးနဲ့ တွေ့လိုက်ရပါတယ်။ အဲဒီလိုနဲ့ ဂျင်ဘုံးလည်း ထာဂါအူရီစကားပြန် ပန်းရှစ် (Jin Sun-Kyu) နဲ့အတူ မြားပစ်စစ်သည်တော် ၃ ဦးကို ခေါ်ဆောင်ကာ ကိုးရီးယားမှာ ကျင်းပပြုလုပ်မဲ့ ကမ္ဘာ့မြားပစ်ချန်ပီယံပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ကိုးရီးယားဆီ ဦးတည်ခရီးနှင်လာတဲ့အခါမှာတော့…. မြားပစ်နည်းပြချုပ် ဂျိုဂျင်ဘုံး ဦးဆောင်လေ့ကျင့်ပေးတဲ့ ထာဂါအူရီမြားပစ်အသင်းက တကယ်ပဲ ဆုတံဆိပ်ဆွတ်ခူးသွားနိုင်မလား…။ ဘာသာစကားမတူညီကြတဲ့ နည်းပြချုပ်နဲ့ ကစားသမားတွေကြားမှ စကားပြန် အလွဲအချော်လေးတွေနဲ့အတူ ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 2.12GB / 930MB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 53m Genre ….. Adventure, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo, Stary, Treasure Htet & Miri

Action
7 2024 113 mins
Amazon Bullseye
The Paradise of Thorns

The Paradise Of Thorns (2024) ***************************** IMDb Rating (7.8) မင်းသားချော Jeff Satur နဲ့ နာမည်ကြီးမင်းသမီး Engfa Waraha တို့ပါဝင်ထားတဲ့ ထိုင်းနာမည်ကြီး GDH Production က ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာပါပြီ… မထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Thriller / Drama အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– တရားဝင် လက်မထပ်ရသေးတဲ့ ဆက်နဲ့ထုန်ခမ်ဆိုတဲ့ လိင်တူအတွဲလေးက နှစ်ကိုယ်တူ ဘဝစတင်ဖို့အတွက် ကြိုးစားပြီး အိမ်ဆောက် ခြံဝယ်နဲ့ ဒူးရင်းသီးစိုက်ပြီး ဒူးရင်းခြံစီးပွားရေးကို စလုပ်ခဲ့ကြပါတယ်… ဒါပေမဲ့ ဆက်ဆုံးပါးသွားချိန်မှာတော့ ဆက်ရဲ့မိသားစုတွေက သူတို့အတွဲ နှစ်ကိုယ်တူကြိုးစားရှာဖွေခဲ့ရတဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်လက်ထပ်ထားတာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ဝါးကြီးအုပ်ပါတော့တယ်… အသက်ရှင်ကျန်ခဲ့တဲ့ ထုန်ခမ်ကလည်း သူနဲ့ဆက်တို့ကြိုးစားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေပြန်ရဖို့ကြိုးစားရုန်းကန်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာမျိုးကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ်… File Size : 1.9GB / 830MB Quality : WEB-DL 1080p 5.1ch / 720p Genre : Thriller, Drama Duration : 2 hr. 11 min. Subtitle : Myanmar Subtitle (Hard Sub) Translated by Mary, Kim & Char Ou Encoded by Heather Oo

Comedy • Crime
0 2024 131 mins
The Paradise of Thorns
Into the Deep
5.5

နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfuss ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံ ရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကို လေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်း ဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကို ဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်း လိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက် ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့ တည့်တည့်တိုးပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကို ဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေး အထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေ အကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကို အသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.88GB) / (1.04GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Animation • Family • Comedy
5.5 2025 90 mins
Into the Deep
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers