YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

perfect.blue.1997.remastered.1080p.CM.mp4

1.73 GB N/A video/mp4 4192 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Devil All the Time
7.2

ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre :   Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Littleneo

Action • Adventure • Drama • Thriller
7.2 2020 138 mins
The Devil All the Time
Guns Akimbo
6.4

ညစ်ပတ်ပြီး ကြမ်းတမ်းတဲ့ ဟာသ အက်ရှင် အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး။ ကောင်းတာတော့ အတော်ကောင်းပါတယ်။ ဟယ်ရီပေါ်တာ မင်းသားက ဒီလိုကားတွေနဲ့ အတော်အကျိုးပေးပုံပါပဲ။ ဒီကားမှာတော့ မိုင်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်ပေါ့။ မိုင်လ်ဟာ ကုမ္ပဏီတစ်ခုမှာ ကွန်ပြူတာလေး တစ်လုံးနဲ့ အလုပ်လုပ်ရတဲ့ ကောင်လေး၊ လက်တွေ့ဘဝမှာဘယ်သူမှ အထင်မကြီးသလို၊ ဘာမှလည်း အရာမရောက်တဲ့ ကောင်လေးပါ။ ဒီလိုလူတွေရဲ့ ထုံးစံအတိုင်း အင်တာနက်ပေါ်မှာ ထရိုးလိုလို ဂိလိုလိုနဲ့ ဖောင်းထုပြီး ဖင်နာရှာရင်း ပျော်နေရတဲ့ သူပေါ့။ ဒါပေမယ့် သူဖောင်းထုတာ လူမှားသွားပါတယ်။ လူတွေကိုဖမ်းပြီး လူသတ်ပွဲတွေလုပ်ခိုင်းရင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ ကောင်တွေကို သွားပြီး ဖောင်းထုမိတာပါပဲ။ ဟိုက တည်နေရာကိုရှာပြီး အိမ်အထိ လာရိုက်တဲ့ အခါမှ ခြေသလုံးဖက်တောင်းပန်ပေမယ့် မမှီတော့ပါဘူး။ ရလာဒ်ကတော့ လူသတ်ကစားပွဲထဲကို အသွင်းခံရပြီး၊ အတော်ဆုံး ကစားသမားနဲ့ အသက်လု ချရဖို့ ဖြစ်လာတော့တာပါပဲ။ ဒီလိုသောက်ပေါနဲ့ တကယ့် လူသတ်သမားအကြမ်းစားတို့ ပြေးကြလွှားကြ တိုက်ကြရင်း အဲဒီပွဲက အင်တာနက်မှာလူကြည့်အများဆုံးဖြစ်လာပြီး သူလည်း တစ်ရက်ထဲနဲ့ နာမည်ကျော်လာပါတော့တယ်။ ဒီလောက်ဆို ဆက်ကြည့်ချင်မယ်ထင်ပါတယ်၊ ဆက်မပြောပြတော့ဘူးနော်။ စကားလုံးရော ရိုက်ချက်တွေရော ကြမ်းလို့ အိမ်မှာ မိသားစုနဲ့ ကြည့်လို့မသင့်တာ သတိပေးပါရစေ။ File Size : ( 916 MB , 334 MB ) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Action , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama • Fantasy
6.4 2020 95 mins
Guns Akimbo
Drive All Night
6

Drive All Night (2022) မရဏတရား… လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့… အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု… ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား… သွားမလား… ထိုင်နေမလား… ထနေမလား… ဒါလုပ်မလား… ဟိုဟာလုပ်မလား… လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ… ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး… တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size – 710MB, 330MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6 2022
Drive All Night
Arlington Road

Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ “မိုက်ကယ်ဖာရာဒေး”နဲ့ “အော်လစ်ဗာလန်း”ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ “မိုက်ကယ်ဖာရာဒေး”ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်း​များစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre…Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 1999
Arlington Road
Strangeness (or) La Stranezza
6.9

Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10 ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ ကြားထဲမှာ ဒီနှစ်ယောက်ရဲ့ ပြဇာတ်အဖွဲ့ကလူတွေရဲ့ ဘဝအကြောင်းကို ဟာသလေးတွေနဲ့ရောပြီး ပြဇာတ်တိုက် အခက်အခဲ လွဲချော်ပုံတွေ တင် ဆက်ထားတယ်။ ဒီနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာလေးတွေကိုလည်း ပြသပေးထားတယ်။ သူတို့ ပွဲဦးထွက်အောင်မြင်မလား ဆရာကြီးကရော ဘယ်လိုနေရာက ပါဝင်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ပုံစံကတော့ ဆရာကြီးလူဝီဂျီရဲ့ နာမည်ကြီးပြဇာတ်ဖြစ်တဲ့ Six Characters In Search Of an Author ဆိုတာ ဒီနှစ်ယောက်ကြောင့် Inspire ရတဲ့စတိုင်မျိုးနဲ့ ရိုက်ထားတာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.3 GB) / (534 MB) / (337 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thura Aung Encoder……….SWM

6.9 2022
Strangeness (or) La Stranezza
Apocalypto
7.8

Apocalypto (2006) IMDb Rating (7.8 ) / Rotten Tomatoes (65%) လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ…. မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။ မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ ဒီကားဟာ ငယ်ငယ်က အသည်းစွဲကား ဖြစ်ပြီးတော့ အခုချိန်ထိကြည့်လည်း မရိုးသေးတဲ့ ဇာတ်ကားပါ။ Mel Gibson ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါရိုက်တာ Mel Gibson ဟာ မာယာ Maya ခေတ် က လူမျိုးတွေအကြောင်းကို ရိုက်ချင်တဲ့အတွက် မာယာဘာသာစကားတွေကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒီရုပ်ရှင်တစ်ခုလုံးက Maya ဘာသာစကားတွေနဲ့ပဲ ပြောထားတာပါ။ ရုပ်ရှင်သရုပ်ဆောင် တော်တော်များများကိုလည်း မာယာဘာသာစကားကို သင်ယူစေခဲ့ပြီးမှ ရိုက်ကူးစေခဲ့ပါသတဲ့။ ဒီရုပ်ရှင်ရိုက်ကူးဖို့ ပထမတော့ Costa Rica ဗင်နီဇွဲလား နိုင်ငံတွေမှာ သွားရိုက်ဖို့ စိတ်ကူးပေမယ့် တောနက်တာကြောင့် မက္ကစီကိုမှာသာ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ လူသစ်တွေတွေကိုသာ ထည့်သုံးပြီး ရိုက်ခဲ့ပါတယ်။ Main Cast တော်တော်များများဟာ မက္ကဆီကန် မျိုးနွယ်စပ်တွေ အများစုဖြစ်ကြပါတယ်။ Jaguar Paw နေရာမှာ သရုပ်ဆောင်တဲ့ Rudy Youngblood ဟာ အမေရိကန်ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ မိတ်ကပ်ပညာရှင်အများအပြားခေါ်သုံးခဲ့ရပြီး scene တစ်ခုရိုက်ဖို့ မိတ်ကပ်အတွက် ၆ နာရီလောက် အချိန်ယူပြင်ခဲ့ရပါသတဲ့။ Make up အတွက် Oscar စာရင်းဝင်ခဲ့ပါသေးတယ်။ ဒါရိုက်တာ Mel Gibson ဟာ ဒီကားအတွက် Maya ခေတ် မာယာထုံးတမ်းစဉ်ယဉ်ကျေုးမှုတွေ သိတဲ့ ပါမောက္ခတစ်ယောက်ကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ ဒါရိုက်တာ Mel Gibson နဲ့ Farhad Safinia ကဇာတ်ညွန်းရေးပြီး ရိုက်ခဲ့တာပါ။ ဘတ်ဂျက် သန်း ၄၀ သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၂၀ ပြန်ရခဲ့တဲ့ထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သမားတွေရဲ့ ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…. အခါတစ်ပါး မာယာနိုင်ငံတော်ကြီးမှာ သဘာဝလွန် သဘောတရားတွေကြီးစိုးနေတာကြောင့် နတ်ဆရာလို နေဆရာလို ဆရာကြီးဆိုသူတွေက မိုးခေါင်တိုင်း အသီးအနှံမဖြစ်တိုင်း အားတိုင်းယားတိုင်း မမြင်ရတဲ့မိုးနတ်မင်းကို ပူဇော်ပသတယ်ဆိုပြီး မျိုးနွယ်တူ အားနည်းသူ တောထဲကမျိုးနွယ်စုတွေကိုဖမ်းခေါ်ပြီး အရှင်လတ်လတ် နှလုံးထုတ် ခေါင်းဖြတ်ခြင်းအလုပ်ကို စိတ်တိုင်းကျလုပ်နေပါတော့တယ်။ ဒီလိုနဲ့ ဖမ်းလာတဲ့ အထဲကမှ Jaguar Paw ကတော့ ဇာတ်လမ်းအရ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီး ယစ်ပူဇော်ခံရခါနီးမှာ မိုးအုံ့လာလို့ ကံကောင်းပြီး ယစ်စင်ပေါ်ကနေပြန်ဆင်းလာရပါတယ်။ ဒါပေမယ့် လူသတ်ရတာကို ထမင်းစားရေသောက်လိုဖြစ်နေတဲ့ အရိုင်းအစိုင်းခေတ်ကြီးမှာ သူတို့ကို ဒီတိုင်းပြန်လွှတ်ပါ့မလား…. ရေတွင်းထဲမှာ ကိုယ်ဝန်ကြီးနဲ့ပုန်းကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ကလေးကရော မိုးတွင်းကြီးမှာ လွတ်မြောက်နိုင်ပါ့မလား… အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ အယူမှားတွေနဲ့ပြည့်နှက်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စောင်နေကြတဲ့ သူတို့ဘဝတွေက ဘယ်လောက်ထိရှင်သန်နိုင်ပါ့မလဲဆိုတာ…။ (ရုပ်ရှင်က R-Rated သတ်မှတ်ထားပြီး အသတ်အဖြတ်တွေက ကြမ်းတာကိုတော့ သတိပြုရပါမယ်။) ရုပ်ရှင်အညွှန်းအတွက် အင်တာနက်စာမျက်နှာပေါ်က အချက်အလက်တချို့ကို ကူးယူဖော်ပြထားပါသည်။

7.8 2006
Apocalypto
Primbon
5.3

Primbon (2023) ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေး သဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကို သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ် Genre….. Drama, Horror Quality…. 1080p | 720p File size… 874MB | 476MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Robin Encoder ….. Aaron

Drama • History
5.3 2023
Primbon
The Paramedic Who Stalked Me
5

The Paramedic Who Stalked Me (2023) ============================= ကလိုဝီဆိုတဲ့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူ ကောင်မလေးဟာ မိဘတွေ ကွဲပြဲနေတဲ့ကိစ္စရော မိခင်က အမြဲတမ်း နားပူနားဆာလုပ် တင်းကြပ်နေတာရောကြောင့် သူငယ်ချင်းဖြစ်သူ ချစ်သူဖြစ်သူ ဘရိုက်စ်တို့နဲ့ ညသန်းခေါင် ခိုးထွက်ပြီး လည်ပတ်ကြရာမှာ တစ်ဖက်က အရက်မူးပြီး ကားမောင်းလာတဲ့ လူတစ်ယောက်ရဲ့ ထရပ်ကားနဲ့ တိုက်မိ ကြပါတယ်။ မောင်းတဲ့လူသေကာ ကျန်တဲ့လူတွေ ဒဏ်ရာ ရခဲ့ကြပါတယ်ပေါ့။ ဒီအချိန်မှာ ကလိုဝီကို လာကယ်ပေးတဲ့ ဆေးဖက်အကူ မတ် ဆိုတဲ့လူဟာ ဘာကြောင့်ရယ်မသိ ကလိုဝီကို စွဲလမ်းသွားပါ တော့တယ်။ သူ စွဲလမ်းသွားတာဟာ ရိုမန်တစ်ဆန်ဆန် ဖြစ် မနေပဲ ချောင်းမြောင်းနေတာမျိုး ဖြစ်နေတဲ့အခါ၊ အစကတော့ ကလိုဝီအနေနဲ့ မိခင်က ဒီယောက်ျားဟာ မရိုးဘူးပြောတာကို နားမထောင်ခဲ့ပေမဲ့ ခုချိန်မှာတော့ သူကိုယ်တိုင်လည်း သံသယ ရှိလာပြီး ဘာလို့ စွဲလမ်းနေရသလဲ ဘာတွေဆက်ဖြစ်မယ်ဆို တာကို ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Thura Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thura Aung, Khant Sett Naing တို့ ဖြစ်ပါတယ်) File Size……….(1.45 GB) / (542 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Thura Aung, Khant Sett Naing Encoder……….SWM

Comedy • Romance
5 2023
The Paramedic Who Stalked Me
Cursed

Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ် အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ…ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်… Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

0 2005
Cursed
The Mask
6.9

1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ ” From Zero To Hero… ” File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Ye Khant Min

6.9 1994
The Mask
Do the World Darts 6
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။ အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ…… အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ……. အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။

5.8 2007
Do the World Darts 6
[18+] Kaskasero
5

မစ်ဂ်ဟာဖခင်ရဲ့ဝပ်ရှော့မှာအကူလုပ်အားပေးနေတဲ့ မက္ကင်းနစ်ပေါက်စလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူတိုဆီမှာကားလာပြင်တဲ့ ကပ်စတမ်မာ မိန်းမလှလေးတစ်ယောက်ကတစ်ဆင့် တရားမဝင် ကားမောင်းပြိုင်တဲ့လောကထဲရောက်သွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူကတော့ အတိတ်ဖြစ်ရပ်ဆိုးတွေကြောင့် ဒီလောက ကိုစိတ်နာနေတဲ့သူဖြစ်ပြီး မစ်ဂ်ကိုလည်း ဒါတွေနဲ့မပတ်သက်ဖိုတင်းတင်းကျပ်ကျပ်တားမြစ်ထားပြီးသားပါ။ တရားမဝင်မြေအောက်လောကဖြစ်တဲ့အတိုင်း ကြေးကြီးတဲ့လောင်းကြေးတွေ၊ မူးယစ်ဆေးဝါးတွေ ဂန်းစတားတွေနဲ့ မိန်းမလှလေးတွေ၊ ပြိုင်ကားလှလှတွေကြားက ဇာတ်ရှုပ်ပေါင်းစုံကိုရှုစားကြရမှာဖြစ်ပါတယ်။ ဝါရင့်မင်းသမီးနှစ်လက်ဖြစ်တဲ့ Christine Bermas နဲ့ Angela Morena တိုဦးဆောင်ထားပြီးတစ်ခြားသော Vivamax မင်းသမီးပေါင်းစုံကိုလည်း နေရာပေါင်းစုံပါဝင်အားဖြည့်ထားတာတွေ့မြင်ရမှာပါ။ File size_(2.3GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:00:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌‌alias

Thriller • Crime • Drama
5 2024
[18+] Kaskasero
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
Night, Birds Scream
6

Night, Birds Scream (2022) ************************** IMDb… 6.0 ညဆိုတာ feel ဖို့လို့ပြောကြတယ်… တကယ်လည်းညဆိုတာ အထီးကျန်ခြင်းဆိုတဲ့အရာကို အများဆုံးခံစားရတဲ့အချိန်တစ်ခုပါပဲ။ ဒီလိုနဲ့ တိတ်ဆိတ်အထီးကျန်တဲ့ ညတွေကို အတူဖြတ်သန်းရင်းနဲ့… ရှိနိချိက ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တဲ့ စာရေးဆရာပေမဲ့ စာရေးဆရာတို့ ထုံးစံအတိုင်း writer’s block ရနေပြီး နှစ်နဲ့ချီ ရပ်တန့်နေတဲ့သူတစ်ယောက်… ရည်းစားနဲ့ကလည်း လတ်လတ်လောလော လမ်းခွဲထားတာဆိုတော့ နေ့ရက်တိုင်းက အထီးကျန်ခြင်းကိုပဲ အဖော်ပြုနေရတဲ့သူပေါ့။ ဒီလို သူ့ရဲ့ဘဝထဲကို ယုကိုနဲ့ သူ့ရဲ့သားလေး အာကီရာကဝင်ရောက်လာတဲ့အခါ သူ့ရဲ့ဘဝလည်း ပြန်ပြီးစိုပြေလာတော့တာပေါ့။ ယုကိုကလည်း သူ့ရဲ့ယောက်ျားနဲ့ကွာရှင်းလာပြီး အထီးကျန်နေတဲ့သူတစ်ယောက်၊ အာကီရာလေးကလည်း အဖေကိုရုတ်တရက်ဆုံးရှုံးထားလို့ မှိုင်တွေနေတဲ့သူ၊ ဒီလိုကွက်လပ်ကိုယ်စီနဲ့ လူသုံးယောက် အတူနေကြရင်း သူတို့ကြားမှာ အမည်မသိခံစားချက်ကိုယ်စီ ပေါက်ဖွားလာချိန်မှာတော့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Mary ပဲ ဖြစ်ပါတယ်။) File Size : 1.92GB/ 890MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:55:16 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Tiff

6 2022 115 mins
Night, Birds Scream