YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Percy Jackson - Sea Of Monsters [2013] (MM Sub).mp4

901.49 MB N/A video/mp4 7110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Firestarter
6

Firestarter (1984) King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။ အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။ သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ကောင်မလေးတစ်ယောက်မွေးလာပါတယ်။ စိတ်စွမ်းအားရှင် အဖေနဲ့အမေကမွေးလာတဲ့ ဒီကောင်မလေးက စိတ်ရှိသလိုတွေ့တဲ့အရာဝတ္ထုတိုင်းကို မီးတိုက်နိုင်တဲ့အစွမ်းရှိနေပါတယ်။ နျူကလီးယားဗုံးတစ်လုံးလို စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးမကို The Shop က စမ်းသပ်လေ့လာဖို့အတွက် ခေါ်ချင်ပေမဲ့ မိဘတွေကတော့ မထည့်ချင်ပါဘူး။ အဲဒီလိုနဲ့ The Shop ဖက်က အတင်းအကြပ် လုယူဖို့ကြိုးစားတဲ့အချိန်မှာ ကလေးအမေက သေသွားပြီး ကလေးနဲ့ကလေးအဖေနဲ့က ထွက်ပြေးရပါတော့တယ်။ နောက်တော့ ကလေးကို The Shop အဖွဲ့က ပြန်မိသွားပြီး စမ်းသပ်မှုတွေလုပ်ပါတော့တယ်။ လမ်းလျှောက်နေတဲ့ နျူကလီးယားဗုံးလေးကို စိတ်ဆိုးအောင် လုပ်မိသွားတဲ့အချိန်မှာတော့… Box Office နဲ့ တွက်မယ်ဆိုရင် 2022 ကားထက် ဒီဇာတ်ကားကတောင် ပိုအောင်မြင်တယ်လို့ ပြောလို့ရပါသေးတယ်။ ဒါပေမဲ့ ခုခေတ် အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ Effect တွေနဲ့ သရုပ်ဆောင်ပုံတွေ ကွာနေတော့ တစ်မျိုးဖြစ်နေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Drew Barrymore နဲ့ တူတူမီးမွှေးလိုက်ကြပါစို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 890MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 54Min Genre – Action, Horror, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6 1984
Firestarter
The Salvation
6.7

classic westernကားကောင်းကောင်းကြည့်ချင်တယ်… actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်.. ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကို ကြည့်ဖြစ်အောင်ကြည့်ပါဗျာ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းပါတယ်…။ Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကို ဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်း အားဖြည့်ပါဝင်ထားပါတယ်…။ မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲ လူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါ‌သေးတယ်…။ စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ…။ ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ… သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ…။ ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ…။ File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.7 2014
The Salvation
Night of the Missing

Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာ ရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကို အပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။ စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီး တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာ တစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။ မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့ တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့် သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။ သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့် စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူက သူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။ မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာ သဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကို သည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့ နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။ တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား.. သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား.. ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား.. တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ.. နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ.. စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့ တိုတိုတုတ်တုတ်နဲ့ Horror အမျိုးအစား ရုပ်ရှင်ကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…888MB / 370MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

0 2023
Night of the Missing
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
Fancy Dance
7.1

Killlers of the flower moon နဲ့ အကယ်ဒမီ ဆန်ကာတင်ခဲ့တဲ့ လီလီဂလက်စတုန်းရဲ့ ရုပ်ရှင်ပါ။ ဒရာမာ အမျိုးအစားဖြစ်ပြီး ပျောက်နေတဲ့ ညီမဖြစ်သူကို လိုက်ရှာတဲ့ ဌာနေ အင်ဒီယန်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ စုံထောက်ကားစတိုင်မျိုးနဲ့ တစိမ့်စိမ့်ခံစားရမဲ့ ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း **************** ဂျက်ဇ်ဟာ ဆေးရောင်း၊ အလစ်သုတ် တာတွေ လက်ယဉ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲညီမ တာဝီ ပျောက်ဆုံးနေတာ ၂ ပတ်ရှိပြီမို့ နေရာအနှံ့မှာလိုက်ရှာ နေတာပါ။ တာဝီရဲ့ သမီး သူ့တူမ ရိုကီကိုလည်း စောင့်ရှောက် ထားရပါတယ်။ သူ့ရဲ့ မှုခင်းရာဇဝတ်တွေကြောင့် ရိုကီကို ကလေးစောင့်ရှောက်ရေးဌာနက သူ့အဘိုးအဘွားတွေဆီ အတင်းပို့လိုက်ပါတယ်။ ဒါကို ဂျက်ဇ်က သွားခေါ်ထုတ်လာပြီး သူ့ညီမကိုလိုက်ရှာဖို့ တူဝရီးနှစ်ယောက်ခရီးထွက်လာကြပါတယ်။ သူတို့နောက်ကေန ကလေးပြန်ပေးဆွဲမှုနဲ့ အက်ဖ်ဘီအိုင် တွေ ရဲတွေကပါလိုက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ File size…1.65GB / 750MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.1 2023 91 mins
Fancy Dance
Baadshaho
5.6

1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။ အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ် ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့် ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်ထဲကို ပြန်အပ်ရပါတယ်။ ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူး ဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့် ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်ယောက် ရောက်လာခဲ့ပါတော့တယ့် ” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ ” ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုး ဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ ပြန်အရယူခိုင်းခဲ့ပါတယ့် ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ် ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့် သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေးမယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့် ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ)

5.6 2017 136 mins
Baadshaho
Lonely Planet
6

ဒီတစ်ခါမှာတော့ မော်ရိုကို နိုင်ငံကို နောက်ခံထားထားတဲ့ မနဲ့မောင် ဇာတ်လမ်းချိုချိုလေး တစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက် ရပါတယ် ။ လောလောလတ်လတ်ကမှ ခင်ပွန်းဖြစ်သူနဲ့ ပြတ်စဲထားတဲ့ ကတ်သရင်းဟာ သူရေးနေတဲ့ စာအုပ်ကို အပြီးသတ်ဖို့အတွက် မော်ရိုကိုက စာရေးဆရာများ တွေ့ဆုံပွဲကို လာခဲ့ပါတယ် ။ ပထမဆုံး စာအုပ်မှာတင် နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ လူငယ်စာရေးဆရာမ လီလီကလည်း ချစ်သူဖြစ်တဲ့ အိုဝမ်ကိုပါ ဆွဲခေါ်ပြီး မော်ရိုကို ကို ရောက်လာခဲ့ပါတယ် ။ အေးအေးဆေးဆေး စာရေးချင်တဲ့ ကတ်သရင်း နဲ့ စာရေးဆရာတွေ ကြားထဲမှာ မနေတတ်မထိုင်တတ် အံဝင်ခွင်ကျမဖြစ်တဲ့ အိုဝမ် ။ လူတွေနဲ့ ဝေးရာကို ရှောင်ထွက်ရင်းကနေ သူတို့နှစ်ယောက်က ပိုရင်းနှီးလာတဲ့အခါ ။ လီလီနဲ့ အိုဝမ်ကြားထဲမှာ ဘယ်လို အဖုအထစ်တွေ ဖြစ်လာမလဲ ။ ကတ်သရင်းနဲ့ရော ဘယ်လို ဆက်ဖြစ်ကြမှာလဲ ။ မ နဲ့ မောင် ဇာတ်လမ်းလေးကို မော်ရိုကို နောက်ခံထားပြီး လှလှပပ ရှုစားရမှာဖြစ်တဲ့အတွက် နေသာတဲ့နေ့မျိုးမှာ အပျင်းပြေကြည့်ဖို့ ကွက်တိကျတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အကြံပေးလိုက်ရပါတယ် ။ File size…1.37GB / 736MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Animation • Family • Adventure • Drama • Comedy
6 2024
Lonely Planet
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
Un mondo a parte A World Apart
6.5

Un mondo a parte (2024) IMDb Rating (6.5) အီတလီမှ ဒါရိုက်တာ Riccardo Milani ၏ ရေးသားပြီး ဟာသနှင့် ဒရာမာ ပေါင်းစပ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်ကားက စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ အတွေးကောင်းကောင်း အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Un Mondo a Parte ၏ ဇာတ်လမ်းမှာ ဇာတ်ကောင်တွေက ပညာရေးလောကအတွင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အလှည့်အပြောင်းများနှင့် သူတို့ရဲ့ တာဝန်ယူစိတ်ကို ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်ကားက Nastro d’Argento Awards နှစ်ခု ဆုရထားပါတယ်။ ပထမတစ်ခု အကောင်းဆုံး ဟာသဇာတ်ကား ဆု ဖြစ်ပြီး၊ ဒုတိယတစ်ခုက ဟာသဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ရထားပါတယ်။ Riccardo Milani ၏ ပုံဖော်ရိုက်ကူးထားမှု့က စိတ်ကို ခွန်အားဖြစ်စေပါတယ်။ A World Apart က 2024 ရဲ့ ဟာသနှင့် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီးတော့, စိတ်ဝင်စားဖို့ကောင်းပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:49:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Drama
6.5 2024 113 mins
Un mondo a parte A World Apart
Snow Dogs

မိုင်ယာမီမှာ သွားအထူးကုလုပ်နေတဲ့ဒေါက်တာဘရွတ်စ်ရဲ့ဘ၀အလှည့်အပြောင်းက မထင်မှတ်ထားတဲ့သေတမ်းစာတစ်စာင်ကိုလက်ခံရရှိချိန်မှာစပါတယ်။ သေတမ်းစာက ဒေါက်တာဘရွတ်စ်ရဲ့အမေအရင်းစီကဖြစ်တာ‌ကြောင့် မွေးစားသားတစ်ယောက်ဆိုတာမထင်မှတ်ဘဲသိလိုက်ရတဲ့ ဒေါက်တာဘရွတ်စ်အနေနဲ့အမေရင်းရဲ့ရွာဆီကိုလိုက်သွားပြီး မိဘရင်း‌တွေရဲ့အ‌ကြာင်းစုံစမ်းဖို့ဖြစ်လာပါတယ်။ အမေအရင်းဖြစ်သူကဒေါက်တာဘရွတ်စ်အတွက် စွတ်ဖားမောင်းတဲ့ခွေးတစ်အုပ်ကိုချန်ထားပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ရွာတည်းသားဂျက်က ဒီခွေးတွေကိုအချောင်မဖို့ကြံနေတာကြောင့် ဒေါက်တာဘရွတ်စ်အနေနဲ့အမေရင်းဖြစ်သူရဲ့လမ်းစဉ်ကိုလိုက်ရဖို့ဖြစ်လာပါတော့တယ်။ ရုပ်ရှင်က family drama, comedyအမျိုးအစားဖြစ်တာကြောင့် မပျင်းရဘဲဇာတ်လမ်းတစ်လျှောက်စီမျောပြီး အတော်လေးကြည့်လို့ ကောင်းတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yanni ဖြစ်ပါတယ်) File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Family, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Yani

0 2002
Snow Dogs
Wallace & Gromit: The Curse of the Were-Rabbit
7.5

ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။ တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ ဝေါလေ့စ်နဲ့ဂရိုမစ်က သီးနှံဖျက် ယုန်တွေကိုလိုက်လံရှင်းလင်းရင်း ဒီယုန်တွေရဲ့ပြဿနာကို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို စမ်းသပ်ရင်း တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ File size… 1.6 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama • Comedy • Fantasy
7.5 2005 85 mins
Wallace & Gromit: The Curse of the Were-Rabbit
Haunted Heart
5.1

“အချစ်ကျူးတော့ရူး” ဆိုတဲ့စကားပုံကို သရုပ်ဖော်ပြသသွားတဲ့ လှပတဲ့ပန်းချီကားလေးတစ်ချပ်ကနေ အကျည်းတန်တဲ့မြင်ကွင်းတွေ အဖြစ်ပြောင်းလဲသွားရတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားနာမည်ကတော့ Haunted Heart ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိ ထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း အရင်ခေတ်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားချောတစ်လက်ဖြစ်တဲ့ Matt Dillon နဲ့ အက်ရှင် သည်းထိပ်ရင်ဖို ဒရာမာကျရာဇာတ်ရုံပီပြင်အောင်သရုပ်ဆောင် နိုင်တဲ့မင်းသမီး Aida Folch တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် Casting ပိုင်းကလည်းပြောနေစရာကိုလိုမှာမဟုတ်ပါဘူး။ ဒီဇာတ်လမ်းလေးရဲ့အစကတော့ အဲလက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက် အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ဂရိမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်က စားသောက်ဆိုင်မှာဧည့်ကြိုအနေနဲ့အလုပ်လျှောက်ဖို့လာရာကနေစတာပါပဲ။ ဖြစ်ချင်တော့ရောက်သွားတဲ့အခါမှာ သူ့အသိကရှိမနေတော့တဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် တစ်ပတ်လောက်တောင်နောက်ကျပြီး ရောက်လာခဲ့တယ်ဆိုတော့ ဧည့်ကြိုရာထူးကတော့သူ့အတွက်မဖြစ်နိုင် တော့ပါဘူး။ဒါပေမယ့်စားပွဲထိုးနေရာလွတ်သေးတဲ့အပြင် အဲလက်စ်မှာလည်း နောက်ပြန်လှည့်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်မက်စ်နဲ့ ညှိနှိုင်းပြီးပဲ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ကြာလာတော့ အဲလက်စ်နဲ့ မက်စ်တို့လည်းရင်းနှီးသွားပြီး အချစ်ကြိုးတွေသွယ်လာခဲ့ရာမှ ဘယ်သူက အချစ်ကြီးတတ်ပြီး အငြိုးကြီးတဲ့လူဖြစ်နေမလဲဆိုတာတွေကို စိတ်ဝင်စားစရာ ဒရာမာဇာတ်လမ်းလှလှလေးနဲ့ သည်းထိပ်ရင်ဖိုအနည်းငယ်ကိုပေါင်းစပ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.37GB) / (771MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 8m Genre ….. Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.1 2024 128 mins
Haunted Heart
Faceless

Faceless (2024) ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီး မာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာ ရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့ အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက် သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ …….. ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ ….. သူ့မှာ ဘာပလန်တွေရှိနေမလဲ …… ဆိုတာကို ကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~Yunni တို့ပဲ ဖြစ်ပါတယ်)

Romance • Drama
0 2024
Faceless
Chicken Curry Law
4.6

Chicken Curry Law 2019 (ကြက်သားဟင်းဥပဒေ) ယခုတစ်ခါမှာတော့ မင်းသမီးNatalia Janoszek, မင်းသားကြီး Ashutosh Rana နဲ့ Makrand Deshpandeတို ပါဝင်ထားတဲ့ မှုခင်းဒရာမာဇာတ်လမ်းကောင်း၊ ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ တစ်ရက် လမ်းမရဲ့အလယ်ခေါင်မှာ ကိုယ်တုံးလုံးနဲ့ နိုင်ငံခြားသူလေးတစ်ယောက် မေ့လဲနေတာကို မြင်တွေ့ခဲ့ကြရပြီးတော့ ရဲတွေလာရောက်စစ်ဆေးတဲ့အခါမှာတော့ မုဒိမ်းကျင့်စွန့်ပစ်သွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတော့တယ်။ နိုင်ငံခြားသူလေးရဲ့ အမှုမှာ အဓိကတရားခံကတော့ ဝန်ကြီးရဲ့သားနဲ့ တူဖြစ်သူတိုဖြစ်ကြပြီးတော့ အာဏာရှိသူတွေပီပီ ဒီအမှုကို ဖုံးကွယ်ဖိုအတွက် လုပ်ကြပါတော့တယ်။ ဒီအခါမှာ ဒီအမှုနဲ့ ဘာမှမဆိုင်ပေမဲ့ သူကိုယ်တိုင်လည်း ဒီလိုအမှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အခုအခါမှာ NGOထောင်ထားပြီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့ ဆတ်တယာဆိုတဲ့ကောင်မလေးဟာ နိုင်ငံခြားသူလေးကို ကူညီပေးဖို ဖြစ်လာပါတော့တယ်။ ဒီကိစ္စမှာ အထက်အာဏာပိုင်တွေ ပါဝင်တဲ့အတွက် ဒီအမှုကိုလိုက်ဖို ရှေ့နေငှားတဲ့အခါမှာ ဘယ်သူကမှ မလိုက်ချင်ကြတဲ့အဆုံးမှာတော့ ဆတ်တယာတစ်ယောက် မှန်ကန်ဖြောင့်မတ်ပြီးတော့ အမှန်တရားကို လိုလားတဲ့ ရှေ့နေကြီး ဆီတာပတ်တီ ရှူကလာဆိုသူထံ အပူကပ်ရပါတော့တယ်။ ဆီတာပတ်တီ ရှူကလာဟာ ယခုအခါမှာဆိုရင် ရှေ့နေအလုပ်ကို မလုပ်တော့ဘဲ လမ်းဘေးမှာ မုန့်ရောင်းနေပါတယ်။ ဒီလိုနဲ့ အမှန်တရားကို လိုလားတဲ့ ဆတ်တယာတစ်ယောက် အမှန်တရားကို ချစ်မြတ်နိုးတဲ့ရှေ့နေကြီး ဆီတာပတ်တီကို ဒီအမှုလိုက်ဖိုအတွက် ဘယ်လိုတွေ စည်းရုံးသွားမလဲ ……. ဆီတာပတ်တီ ရှူကလာကရော ဒီအမှုကို လိုက်ပေးမှာလား …….. နောက်ဆက်တွဲ ဇာတ်လမ်းကရော ဘယ်လိုတွေ ဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Cym~ KKKZ~ V~ ZweYan တိုပဲဖြစ်ပါတယ်)

Adventure • Animation • Family
4.6 2019 127 mins
Chicken Curry Law