YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Pennyworth.2022.S03EP3.WEBRip720p(CM).mp4

301.33 MB 720p video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sanctum
6

CMပရိတ်သတ်ကြီးကိုဒီတခါမိတ်ဆက်ပေးချင်တာကတော့ ဖြစ်ရပ်မှန်ကိုအ‌ခြေခံထားတဲ့ဇာတ်လမ်းတခုနဲ့ပါ။ ဖရန့်ခ် မက်ဂွိုင်းယားဆိုတာက ကမ္ဘာမှာ အလေးစားရဆုံးဂူတွင်း ရေငုပ်သမားတယောက်ပါ။သူ့ရဲ့သားဖြစ်သူ ဂျော့ရှ်နဲ့အတူတူ အက်ဆာလာလိုဏ်ဂူကြီးရဲ့ ဂူစနစ်တွေ မြစ်တွေကိုလေ့လာဖို့ ရောက်ရှိနေခဲ့တာပါ။ ကတောက်ကဆဖြစ်နေတဲ့သားအဖနှစ်ယောက် ရဲ့ဆက်ဆံရေးကြား ကံဆိုးမှုတခုကတော့တနေ့မှာရောက်ရှိလာခဲ့ပါတယ်။ မုန်တိုင်းကြောင့်မြေပြင်ကနေ မီတာ၂၀၀၀အောက်မှာဖြစ်တဲ့အခြေစိုက် စခန်းမှာပိတ်မိဖို့ဖြစ်လာခဲ့တဲ့အချိန်မှာတော့အသက်ရှင်သန်နိုင်ရေး အတွက်ကြိုးစားလာရ‌ပါတော့တယ်။ မုန်တိုင်းကြောင့်ဂူထဲကိုအလုံး အရင်းနဲ့ဆင်းလာတဲ့ရေတွေကြားမှာ အရှင်လက်လက် ရေနစ်မသေရဖို့ ဖရန့်ခ်တို့အဖွဲ့တွေ မြေပြင်ပေါ်ကိုပြန်ရောက်နိုင်အောင်ဘယ်လို ကြိုးစားကြမလဲ။ သူတို့ရဲ့မျှော်လင့်ချက်တခုတည်းဖြစ်တဲ့ပင်လယ်ဆီကို ရောက်နိုင်ဖို့အတားအဆီးတွေအခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ အဆုံးမှာသူတို့တွေဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်တမမနဲ့ခံစား ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…2.41GB /1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Drama
6 2011 108 mins
Sanctum
Phony
3.5

ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။ ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။ ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။ သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ 'မိသားစုသာ အရေးကြီးဆုံးပါ' လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ 'တွယ်ငြိရာသာ ဆုံးရှုံးမှာ' လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။ မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။ ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။ ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။ P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။ File size…(1.81GB)  / (`1005MB) / (645MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Adventure • Family • Fantasy
3.5 2022 92 mins
Phony
Deep Sea
7.8

မွေးနေ့မှာ ပင်လယ်ကြီးကို ဆုတောင်းရင် ပင်လယ်နတ်လေးက ထွက်လာပြီး ဆုတောင်းတွေကို ဖြည့်ပေးလိမ့်မယ်တဲ့...... စိမ်းရှို့ဆိုတဲ့ ကလေးမလေးဟာ အမေထွက်သွားပြီးနောက် မိဘမေတ္တာကို ငတ်နေသူလေးတစ်ယောက်ပေါ့။ အတူတူရှိနေတဲ့ အဖေက ဂရုမစိုက်ပေးတဲ့အတွက် ထွက်သွားတဲ့ အမေ့ဆီက မေတ္တာကို တမ်းတနေသူလေးတစ်ယောက်ပေါ့။ တစ်နေ့မှာ သူတို့ မိသားစု ၄ ယောက် ပင်လယ်ထဲကို ခရီးထွက်ကြတဲ့အခါ စိမ်းရှို့ဟာ အမေ့ရဲ့ သီချင်းသံကို ကြားခဲ့ရတယ်။ ထိုသီချင်းသံနောက်ကနေ အမေကိုလိုက်ရှာတုန်းမှာ စိမ်းရှို့တစ်ယောက် ပင်လယ်ထဲကျသွားပြီး ပင်လယ်အောက်က လျှို့ဝှက်ကမ္ဘာထဲကို ရောက်သွားပါတယ်။ စိမ်းရှို့လေးတစ်ယောက် ပင်လယ်အောက်က ကမ္ဘာကြီးထဲမှာ ဘယ်လို ထူးခြားဆန်းကြယ်မှုတွေကို မြင်တွေ့ရမလဲ...... သူမရဲ့ အမေကိုရော ရှာတွေ့နိုင်ပါ့မလား ...... ဆိုတာကို ကာတွန်းဇာတ်လမ်းလေးရဲ့ လှပတဲ့ သရုပ်ဖော်မှုတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Animation , Fantasy , Adventure Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • War
7.8 2023 105 mins
Deep Sea
Sweetwater
6.1

အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာ ခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကို နယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။ သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့ အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာက ဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်း သတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။ အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကို ဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန် လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။ မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာ ပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာက ဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ် ဘုန်းတော်ကြီးနေရာမှာ Harry Potter ထဲက မယ်ဖွိုင်းအဖေ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Jason Isaacs တို့ သရုပ်ဆောင်ထားပေးကြတာပါ။

Comedy • Romance
6.1 2013 96 mins
Sweetwater
Rebel
7.5

Rebel (2022) ~ IMDb – 7.5/10, Rotten Tomatoes – 93% ~ 2013 နဲ့ 2016 အတွင်း ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေပေါ်အခြေခံထားတဲ့ ကြေကွဲဖွယ် ရုပ်ရှင်တစ်ကားပါ။ ကာမယ်ဟာ ညီလေး နာဆင်၊ မိခင် လေလာတို့နဲ့ ဘယ်ဂျီယံမှာနေပြီး ကာမယ်က ရက်ပါလူဆိုး ဆေးမှုတွေဖြစ်တဲ့အတွက် မိခင်နဲ့ အဆင်မပြေပါဘူး။ တစ်ခါမှ ဒီကိစ္စတွေနဲ့ပဲ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး သူ ကောင်းတာလုပ်တာသက်သေပြဖို့ ဆီးရီးယားကို ထွက်သွားခဲ့ပါတယ်။ အစက စစ်ကြောင့်နစ်နာသူတွေကို ကူညီဖို့လာတာပေမဲ့ ရောက်တဲ့အချိန်မှာ စစ်ထဲ အတင်းအကြပ် အသွင်းခံရပါတယ်။ ဆီးရီးယားက ပုန်ကန်သူအကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အယူမှားတွေ မိန်းကလေးတွေကို ကျွန်ပြုတာတွေ အမှန်တိုင်းသိလာပြီး ထွက်ပြေးဖို့ကြံခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပြန်မိသွားတဲ့အခါ… ကျန်ခဲ့တဲ့ ညီလေး နာဆင်ကလည်း စစ်သားစုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားပြီး သူတို့ ဝါဒဖြန့်တာ၊ Brainwash တာတွေ နားယောင်ပြီး သူ့အကိုကောင်းတာလုပ်နေတာလို့ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ အကိုဖြစ်သူနဲ့တွေ့ရမယ်လို့ ဆွယ်တာကို ယုံပြီး ဆီးရီးယားကို လိုက်လာတဲ့အခါ… သားငယ်လေးအတွက် အရူးမီးဝိုင်းပြီး အသက်စွန့် လိုက်ခေါ်တဲ့ မိခင်နဲ့ ညီအကိုနှစ်ယောက်ကြားက ကံကြမ္မာဆိုး ဘယ်လိုအဆုံးသတ်မလဲဆိုတာ… ရင်နင့်စရာကောင်းပြီး ဆီးရီးယားစစ်မြေပြင်က ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်‌တွေအကြောင်း ဗဟုသုတရစေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 980MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 15Min Genre – Action, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

7.5 2022
Rebel
Sarasin Bridge of Love 2216

ဆာရာဆမ်တံတားမှ အချစ်တော်ပုံ (2023) ဂုဏ်အလွှာ ပကာပနတွေကြားမှာ အချစ်ဆိုတဲ့အရာက ဘယ်လောက်ထိအရေးပါမလဲ? အားလုံးရော ချစ်ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းနိုင်ကြရဲ့လား? ဒီဇာတ်လမ်းလေးထဲမှာလည်း အလွှာပကာသနခြားတဲ့သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာပါ အဖေကိုအရမ်းကြောက်ပြီး ချောမောစာတော်တဲ့ ပညာရေးကောလိပ်ကျောင်းသူလေးအူး ဖူးခက်ပညာရေးကောလိပ်တက်တဲ့ ကျောင်းသူလေးအူးဟာ ဖူးခက်ကနေ ဆာရာဆမ်ကို လိုင်းကားစီးပြီးအမြဲကျောင်းသွားရပါတယ် ငယ်ငယ်ထဲက မိဘစွန့်ပစ်ခံရပြီး အပျိုကြီးသောဆီမှာ မွေးစားခံလိုက်ရတဲ့ဒမ် ဒမ်ရဲ့အမေတံငါသည်ဟာ ဒမ်ကိုမွေးပြီးလိုင်းကားပေါ်စွန့်ပစ်ထားခဲ့ရာကနေ အပျိုကြီးကမွေးစားခဲ့တာပါ မွေးစားသားပေမဲ့ ဒမ်ဟာသူ့အမေသောကိုအရမ်းချစ်ပြီး အလုပ်မျိုးစုံလုပ်ရှာကျွေးသူတင်ယောက်ပါ အမေကိုချစ်တဲ့အချစ်အပြင် ဒမ်မှာနောက်ထပ်ချစ်ရတဲ့လူတစ်ယောက်ရှိပါသေးတယ် အဲ့ဒါကတော့ အူးပါ ငယ်ငယ်ထဲက မတွေ့ခဲ့ကြရတော့တဲ့အူးနဲ့ဒမ် ဘယ်လိုပြန်ဆုံကြမလဲ? သူတို့ခံစားချက်တွေအတိုင်း ချစ်ခွင့်ရကြမလား? ဘယ်လိုတွေကြုံတွေ့ကြမလဲ?ဆိုတာ ဇာတ်လမ်းလေးသာကြည့်ကြည့်ပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.9GB| 796MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kong Hou Encoder ….. Aaron

0 2023
Sarasin Bridge of Love 2216
Kannur Squad
8.1

Kannur Squad(2023) “ကန်နူးရ်တပ်ဖွဲ့” IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။ သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.1 2023
Kannur Squad
It’s a Wonderful Knife

ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး ​တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုည​​ပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ”ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ် ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ File size…(1.2 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Drama • Fantasy
0 2023
It’s a Wonderful Knife
Punch
7.3

တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား‌ လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့ Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုက ခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ် အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက် ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင် ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူက ဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီ တောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင် အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့ အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါ အလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲ မသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက် အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကို အောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu

Science Fiction • Adventure • Drama
7.3 2011 110 mins
Punch
Marmalade
6.1

ဒီဇာတ်လမ်းလေးက အချစ်အတွက်ဆို ဘဏ်ဓားပြလည်း တိုက်မယ်၊ ထောင်လည်းဖောက်မယ်ဆိုတဲ့ နုံနုံအအ ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဘာရွန်ဟာ လည်လည် ဝယ်ဝယ်မရှိတဲ့လူရိုးလေးဖြစ်ပြီး ရောဂါသည်အမေကြီးကို ပြုစုနေရသူပါ..။ ငွေရေးကြေးရေးက သိပ်မပြေလည်လို့ မိခင်ကြီးရဲ့ဆေးဖိုး အတွက် ရုန်းရင်းကန်ရင်း တစ်နေ့မှာအလုပ်ဖြုတ်ခံလိုက်ရပါတယ်…။ အဲ့ဒီနေ့မှာပဲ မာမလိတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံပြီး အချစ်ရဲ့ ကြိုးဆွဲရာကတဲ့ရုပ်သေးဖြစ်ခဲ့ရပါတော့တယ်…။ ဒီကောင်မလေးရဲ့ စေခိုင်းမှုကြောင့် နုံအအနဲ့ ချစ်မျက်ကန်း တစ်ယောက်ဖြစ်တဲ့ ဘာရွန်တစ်‌ယောက် ဘဏ်ဓားပြဘယ်လိုတိုက်မလဲ ထောင်ဘယ်လိုဖောက်မလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာပါ….။ File size…1.63GB / 769MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy • Mystery • Romance • Thriller
6.1 2023 99 mins
Marmalade
There Was a Father
7.6

There Was a Father (1942) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်‌တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။ အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 630MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance
7.6 1942 93 mins
There Was a Father
Shri Swapankumarer Badami Hyenar Kobole
5.8

Shri Swapankumarer Badami Hyenar Kobole (2024) ==================================== ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။ စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ… စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ …. အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား…. ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ File size_(1.4GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:26:00 Genre_Action, Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Char Ou

Horror • Thriller
5.8 2024
Shri Swapankumarer Badami Hyenar Kobole
The Myth 2 : A Legend

ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီး ဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။ လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့….။

Drama • Horror • Mystery
0 2024
The Myth 2 : A Legend
The Miranda Brothers
6.2

The Miranda Brothers 2024 ကြမ္မာ Imdb 6.6 နိုင်ငံကျော်ဘောလုံးသမားဖြစ်လာချင်တဲ့ ဂျူလီယိုနဲ့ ရီဂါလို အမေနဲ့ပဲကြီးပြင်းလာရပြီး ဘောလုံးကိုဝါသနာပါကြတဲ့ ညီအစ်ကို၂ယောက်ပေါ့ ဒါပေမဲ့အရင်းတွေမဟုတ်ကြပါဘူး ဂျူလီယိုလေးကိုကလမ်းဘေးကကောက်ယူမွေးစားခဲ့ပြီး သားအရင်းလိုပြုစုပျိုးထောင်ပေးခဲ့တာပါ ‌သူတို့ဒေသမှာက ဘောလုံးအစား ခရစ်ကတ်က ပိုနာမည်ကြီးပါတယ် ဒီတော့ခရစ်ကတ်ကစားသူတွေက ဘောလုံးဘက်ကသူတို့ကို အမြဲအထင်သေးတဲ့စကားတွေပဲပြောတတ်ကြပါသေးတယ် တစ်နေ့တော့ သူတို့၂ယောက်ကစားတာကို ဂိုအာရဲ့နာမည်အကြီးဆုံးကစားသမားကတွေ့သွားပြီး သူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းလာတော့ ဒီညီကို၂ယောက်အတွက်တော့ ကောင်းကင်ဆီတက်ဖို့ လှေကားဖြစ်လာခဲ့တာပေါ့ ဒါပေမဲ့လည်း ဒီလိုအောင်မြင်မှုရဲ့နောက်မှာပေးဆပ်မှုရှိစမြဲမို့ သူတို့အောင်မြင်မလား ဘာတွေပေးဆပ်ရမယ်ဆိုတာကိုတော့။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်)

6.2 2024 100 mins
The Miranda Brothers
Chasing the Wind Rüzgara Birak
6.3

Chasing the Wind (2025) IMDb Rating (6.3) နက်ဖလစ်က ထုတ်တဲ့ တူရကီ ရိုမန့်ကားပါ။ ဇာတ်လမ်းကတော့ ကုမ္ပဏီတစ်ခုရဲ့စီးအီးအိုမလေးက ကုမ္ပဏီကိုဒေဝါလီမခံရအောင်တားဖို့ ကုမ္ပဏီကိုတစ်ခါမှရောက်မလာဖူးတဲ့ ကုမ္ပဏီရှယ်ယာရှင် သူဌေးသားဆီကနေ ကမ်းခြေနားက ကုမ္ပဏီပိုင်မြေကွက်တွေကိုရောင်းဖို့ သဘောတူညီချက်ယူဖို့ ကြိုးစားရင်း သူဌေးသားနေနေတဲ့ ကမ်းခြေဆီကို ရောက်လာရင်း ကမ်းခြေကြီးနဲ့ သဘာဝတရားတွေကို ချစ်တဲ့သူဌေးသားဆီကနေ ဓာတ်တွေကူးဆက်ပြီး ကမ်းခြေကြီးကိုရောသူဌေးသားကိုရောချစ်မိသွားတဲ့ဇာတ်ပေါ့။ ဘာမှတော့များများစားစားမျှော်လင့်စရာမရှိပေမဲ့ ကြည့်ပျော်ရှုပျော်ရှိပြီး တူရကီမင်းသမီးလှလှလေးရဲ့ ကမ်းခြေက အလှတရားတွေ Sex scene တွေနဲ့ဆိုတော့ မင်းသမီးကြည့်ရတာ တော်တော်တန်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:36:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Thriller • Drama
6.3 2025 96 mins
Chasing the Wind Rüzgara Birak