YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Pennyworth.2019.S01EP10.BluRay1080P(CM).mp4

642.84 MB 1080p video/mp4 116 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Lights
6.2

ကျွန်တော်တို့တွေအသည်းစွဲ Peaky Blinders ရဲ့ Thomas Shelby မင်းသားဖြစ်တဲ့ Cillian Murphy... ဆယ်စုနှစ်တစ်ခုလောက်ချစ်ခဲ့ကြရတဲ့ မမ၊ နောက်ဆယ်စုနှစ်တွေမှာလည်း ဆက်ချစ်ရဦးမယ့် မမ Elizabeth Olsen... Avatar နဲ့ Aliens ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ရင့်ကျက်တည်ကြည်ခန့်ငြားနေဆဲ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ Sigourney Weaver... ၈၀ခုနှစ်တွေကတည်းကနေ ခုချိန်ထိ ဂန္ထဝင်တွင်နေဆဲ တွင်နေမယ့် အနှိုင်းမဲ့မင်းသားကြီး Robert De Niro... ခုလို Cast အလန်းကြီးတွေအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ Professor Dr. Margret Matheson ဟာ Psychologist တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ Physicist တစ်ယောက် ဖြစ်တဲ့ Tom Buckley နဲ့အတူ သဘာဝလွန်ဖြစ်ရပ်ဆိုတဲ့ အောက်လမ်း၊ အထက်လမ်း၊ မှော်ဆရာ၊ တန်ခိုးရှင် ဆိုပြီး မဟုတ်မမှန်လုပ်ကြံလိမ်ညာနေကြသူတွေကို ဖော်ထုတ်ကြပါတယ်။ သူတို့ဟာ အဲလိုဖော်ထုတ်လာကြရင်း ကမ္ဘာကျော် Psychic တစ်ဦးဖြစ်တဲ့ Simon Silver ဟာ အတုအယောင်လား အမှန်အကန်လားဆိုတာကို ‌သိအောင်ကြိုးစားကြရင်း ကြောက်စရာအမှန်တရားတွေ ဖော်ထုတ်မိပုံကို စိတ်ဝင်စားဖွယ်ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်။ အသက် 23 နှစ်အရွယ် မမ Elizabeth Olsen လေးရဲ့ ငယ်ရွယ်နုပျိုချိန်က အလှကို ရှူစားရမယ့်အပြင် တခြား သရုပ်ဆောင်ကြီးတွေကြောင့် ကြည့်ရ တန်ကိုတန်မယ့်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 910MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Drama • Thriller
6.2 2012 119 mins
Red Lights
Tales from the Occult
4

ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ​ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။ ❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ? ❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ သူ့နည်းတူ LIVE လွှင့်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဲဒီစူပါ မားကတ်ထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့တဲ့အခါ...။ မှောင်ရိပ်လွှမ်းနေတဲ့ စူပါမားကတ်ကြီးဟာ တကယ်တော့ ရက်စက်ဖွယ် ကြောက်မက်ဖွယ်ကောင်းတဲ့ လျို့ဝှက်ချက်တစ်ခု ရှိနေပါတယ် ။ အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်နေမလဲ ? ❏ လှေကားထစ်မှ စောင့်ဆိုင်းနေသူ ❏ အဆောက်အဦးကြီးတစ်ခုရဲ့ လှေကားထစ်များဆီက ရေကျသံများကြားရပြီး ရေနစ်သေထားသည်ဟု ထင်ရတဲ့ အလောင်းတစ်လောင်းရဲ့ လှုပ်ရှားသံတွေ...။ အဆောက်အဦးကြီးမှာနေထိုင်ကြတဲ့ သူတွေဟာ ဒီကိစ္စကိုဖြေရှင်းဖို့အရေး ကြိုးစားကြရင်း ဒီသေဆုံးသူဟာ အသတ်ခံရမှန်းသိရှိသွားခဲ့ရပါတော့တယ် ။ ဒီတော့ ဒီသေဆုံးသူဟာ သူ့ကို သတ်တဲ့သူကို လိုက်ပြီးလက်စားချေနေတာများလား ? တရားခံ လူသတ်သမားကရော ဘယ်သူ​များဖြစ်နေမလဲ ? ကဲအခုပဲ ဒီဇာတ်လမ်းသုံးခုရဲ့ နောက်ကွယ်က အမှန်တရားတွေကို လှည့်ကွက်ပေါင်းစုံကြားမှာ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Crime • Thriller
4 2022 111 mins
Tales from the Occult
Predestination
7.4

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။ အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။ အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။ ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ "ဇာတ်ဆရာစေစား ခိုင်းနွားလားသို့" ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ "ကြိုတင်စီမံ ကြမ္မာဖန်" လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။ Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် "ဂျွန်ဒိုး" က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။ အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 1.12GB, 505MB Quality - Bluray 1080p, 720p IMDb Rating - 7.5/10 Duration - 1hr 37mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Drama, SciFi Translated by Arr Khun Winchester Encoded by Y

Drama
7.4 2014 97 mins
Predestination
Flux Gourmet
5.5

Flux Gourmet (2022) * သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ * ~ IMDb - 5.9/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။ မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။ အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။ ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာ‌ကနေ စထားပါတယ်။ အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။ သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ ‌အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။ ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။ ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။ Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 495MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 51Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy
5.5 2022 112 mins
Flux Gourmet
Godless: The Eastfield Exorcism
8.8

Godless: The Eastfield Exorcism (2023) " အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် " ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ ၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်း‌သူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ ‌နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။ လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကို‌အခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။ ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။ ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 766MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
8.8 2023 92 mins
Godless: The Eastfield Exorcism
Fish Tank
7.3

Fish Tank (2009) ================ ဆယ်ကျော်သက်အရွယ်ကို လူတိုင်းဖြတ်ကျော်ခဲ့ကြဖူးမှာပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာ အမှားအများဆုံးအရွယ် နဲ့ အများဆုံးသင်ယူတဲ့အရွယ်လို့ပြောရရင် မှားမယ်လို့တော့မထင်ပါဘူး။ ကလေးစိတ်နဲ့လူကြီးစိတ် အကူးအပြောင်းမှာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ခဲ့ကြတတ်ပြီးတော့ အဲဒီအရွယ်မှာ ရူးရူးမူးမူးဖြစ်ခဲ့သမျှတွေဟာ အသက်ကြီးလာလို့ ပြန်တွေးမိတိုင်း ရယ်စရာအမှတ်တရအနေနဲ့ ဝိုးတဝါးပဲ ကျန်ရှိနေတတ်ပါတယ်။ ဆယ်ကျော်သက်ညီငယ်ညီမငယ်တို့ကို မှာချင်တာက ဘာတွေပဲကြုံလာကြုံလာ အရေးအကြီးဆုံးက စိတ်ကိုအလိုမလိုက်ပဲ အဖြစ်သင့်ဆုံးလမ်းကို သေချာစဉ်းစားပြီးတော့မှ လျှောက်ကြရင် နောင်တချိန်ပြန်လှည့်ကြည့်တိုင်းမှာ အရာအားလုံးက အဓိပ္ပါယ်ပြည့်၀နေမှာပါပဲ။ ဇာတ်ကားအကြောင်းပြောရရင် မီယာဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ အဖေမရှိတော့တာကြောင့် သူ့အမေရယ် ညီမလေးရယ်နဲ့အတူ နေထိုင်ပါတယ်။ မီယာဟာ ကျောင်းမှာလည်း အင်မတန်ဆိုးတာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးတော့ လေလွင့်နေခဲ့ပေမယ့် သူဟာ အကဝါသနာပါတာကြောင့် တိုက်ခန်းလေးတစ်ခန်းမှာ အကသွားကျင့်နေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့အမေက ရည်းစားအသစ် ကော်နာ ကို အိမ်ခေါ်လာတဲ့အခါမှာ မီယာရဲ့စိတ်က စတင်ပြီး တစ်စုံတစ်ရာဖြစ်လာပါတော့တယ်။ ကော်နာဟာ သူတို့မိသားစုကိုဂရုစိုက်ပြီး မီယာရဲ့ဝါသနာပါရာကိုလည်း ဆက်လျှောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်လုံး ကော်နာရဲ့ ဂရုစိုက်မှုတွေကြား မြှောပါသွားခဲ့ပြီး ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားဟာ IMDb(7.3) အထိရရှိထားပြီး တစ်ကားလုံးကို တစိမ့်စိမ့်နဲ့ အချိန်ကုန်မှန်းမသိအောင် ဆွဲခေါ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။

Animation • Drama • Romance
7.3 2009 123 mins
Fish Tank
Made for Each Other
6.7

Made for Each Other(2023) ************************* Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီး ထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်.. တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်…. သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ… အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ် တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီက အဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ် အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့….. File Size :(1.8GB) and (695MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:24:00 Genre : Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.7 2023 84 mins
Made for Each Other
The Conference
5.8

The Conference (2023) ရင်တသိမ့်သိမ့်တုန်ဖို့လည်းကောင်း ခွီလည်းခွီရမယ့် ဆွီဒင်စကားပြော ဟော်ရာဇာတ်ကားလေးပါ။ တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်မျိုးဖြစ်နေတဲ့ စည်ပင်အဖွဲ့ကလူတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်အောင် အဖွဲ့လိုက် အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့တွေ ပူးပေါင်းပြီး နောက်လုပ်ရမယ့် စီမံကိန်းကတော့ သူတို့ရဲ့ ရွာလေးမှာ ရှော့ပင်းမောလ်ဆောက်ဖို့ပါပဲ။ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ စီမံကိန်းက စရတော့မှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခရီးထွက်လာကြတာပါ။ ဒါပေမဲ့ ရှော့ပင်းမောလ်ဆောက်တဲ့ ကိစ္စမှာ မသမာမှုတွေ ရှိနေပြီး ဒီခရီးက လိမ်ဆင်ဖန်တီးဖို့အတွက် ထွက်တာကို သိလာရမှာပါ။ အဲဒီထက်ဆိုးတာက သူတို့ သွားတဲ့နေရာမှာ လူသတ်သမားတစ်ယောက်ရောက်နေတာပါပဲ။ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ သူတို့အုပ်စု လူသတ်သမားကို ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပြန်ပြီး တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 810MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 40Min Genre – Comedy, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance
5.8 2023 101 mins
The Conference
Saba Nayagan
8

Saba Nayagan 2023 (ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ) CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒါရိုက်ဝာာ စီအက်စ်ကာသီကာရန်ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို အနောက်တိုင်း rom com စတိုင် ပေါ့ပေါ့ပါးပါး ကျောင်းတွင်းအလွဲလေးတွေ ဟာသလေးတွေနဲ့တင်ဆက်ပေးထားတာမို့ ကိုယ့်ငယ်ဘဝကိုတောင် သတိရမိမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားရဲဖမ်းခံရတာက စပါတယ် မှောင်ရိပ်ခိုမှုနဲ့ ဆရာသမားကိုဆွဲစိလာဝာာ ပတ္တရောင်ကားပေါ်မှာ အူကြောင်ကျားနဲ့ပါလာတာပေါ့ အဲဒီမှာ တခြားတစ်ယောက်က သူအသည်းကွဲနေလို့ အရက်သောက်မိတာပါပြောလို့ ရဲတွေကသနားပြီး ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ‌ဇာတ်လိုက်‌ကျော်က သူ့အသည်းကွဲဇာတ်လမ်းတော့ အသာနေ ကျွန်တော့်ဇာတ်လမ်းလည်း နားသောတဆင်ကြည့်ပါဦးဆိုပြီး သူ့ရဲ့ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးကိုပြန်ပြောပြတဲ့အခါမှာ…. ပေါ့ပေါ့ပါးပါးနဲ့ စိတ်နှလုံးကြည်နူးစေဖို့ ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Saba Nayagan
Doomsday Meteor
5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၂၃ခုနှစ်က ထွက်ရှိထားတဲ့ Doomsday Meteor ဆိုတဲ့ သိပ္ပံ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက ကမ္ဘာကြီးကို ဉက္ကာပျံတစ်ခုနဲ့ ဝင်တိုက်မည့်. အရေးကို လူသားတွေကာကွယ်တားဆီးကြပုံကို ရိုက်ကူး တင်ဆက်ထားတာပါ.. ဒီဇာတ်ကားကို ဒါရိုက်တာ Noah Luke ကရိုက်ကူးပုံဖော်ထားပြီး မင်းသားPatrick Labyorteaux ,Joseph Michael Harris , Anthony Jensen , Karan Sagoo နဲ့ မင်းသမီး Caroline Williams ,Kennedy Porter , Eva Ceja စတဲ့ မင်းသား မင်းသမီးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ဒေါက်တာရစ်ခ်နဲ့ ဒေးဗစ်တို့ သူငယ်ချင်း နှစ်ယောက် အာကာသစူးစမ်းလေ့လာရေးဌာနမှာ အလုပ်ဆင်းပြီး အိမ်ပြန်ဖို့ပြင်နေချိန်မှာ ကမ္ဘာ့လေထုထဲကို ထူးဆန်းတဲ့အရာတွေ ဝင်လာတာကို တွေ့ရှိလိုက်ပါတယ် သေချာလေ့လာ ကြည့်လိုက်တဲ့အခါမှာတော့ မြို့လောက်အရွယ်အစားရှိတဲ့ ဉက္ကာပျံကြီးတစ်စင်းက ကမ္ဘာဂြိုလ်နဲ့ ဝင်တိုက်ဖို့ လာနေတာကို တွေ့ရှိလိုက်ရပါတယ် သေချာတွက်ချက်ကြည့်တဲ့အခါမှာ သူတို့မှာ အချိန် ၆ရက် ၉နာရီနဲ့ ၁၉မိနစ်ပဲ အချိန်ရှိပါတော့တယ် အဲ့ဒီနောက် ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတွေအားလုံးက အဆိုပါဉက္ကာပျံကြီးကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တားဆီးဖို့ ပြင်ဆင်ကြပါတော့တယ် နောက်ဆုံး ဘယ်လိုမှမအောင်မြင်တဲ့ အဆုံး ဒေးဗစ်တို့ အဖွဲ့သားတွေ ဉက္ကာပျံပေါ်ကို လူကိုယ်တိုင်ဆင်းသက်ပြီး လမ်းကြောင်းပြောင်းအောင် ဒုံးပျံတွေ တပ်ဆင်ဖို့ကြိုးစား ကြပါတော့တယ် အဲ့ဒီနောက်သူတို့တွေ ဉက္ကာပျံပေါ်ကို ဆင်းသက်ဖို့ကြိုးစားရာမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလဲ ဧဝရတ်တောင်ထက် သုံးဆလောက် လေးတဲ့ ဒီဉက္ကာပျံကြီးက ကမ္ဘာနဲ့ဝင်တိုက်ဖို့အချိန်တွေနီးကပ်လာတာနဲ့အမျှ ကမ္ဘာဂြိုလ်ဆီကို ဦးတည်နေရာကနေ လမ်းကြောင်း ပြောင်းသွားအောင် လုပ်ဆောင်နိုင်ပါ့လား အဆုံးမှာ အောင်မြင်အောင် လုပ်ဆောင် နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci &Action ဇာတ်ကားကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. File size…1.52GB / 730MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5 2023
Doomsday Meteor
Dead Line
6

Dead Line 2023 (မရဏစည်း) IMDb-8.2/10 အချိန်အတော်ကြာမှ ဘောစိမမဂျူလီနဲ့ သူ့ရဲ့ချစ်သူရောဘတ်တို့ နှစ်ယောက်တည်းအတူချစ်ခရီးထွက်လာကြတာပေါ့။ သူတို့ အဝေးပြေးလမ်းမမှာ ကားမောင်းလာရင်းနဲ့ ထူးထူးဆန်းဆန်း ကောင်မလေးငယ်ငယ်ချောချောတစ်ယောက် အဝေးပြေးလမ်းမှာ လမ်းလျှောက်နေတာတွေ့ပါသတဲ့။ ဒီအချိန်မှာတော့ ဟီးရိုးဝင်လုပ်ချင်တဲ့ ရောဘတ်က ကောင်မလေးကို တင်ခေါ်သွားဖို့ပြောပေမဲ့ သံသယများတဲ့ဂျူလီရဲ့ငြင်းဆန်မှုကြောင့် မတင်ခေါ်ဖြစ်လိုက်ပါဘူး။ ဒီလိုနဲ့ အပန်းဖြေအိမ်မှာနေဖို့ စားသောက်စရာတွေဝယ်ခြမ်းပြီးပြန်အထွက်မှာ လမ်းလျှောက်နေတဲ့ကောင်မလေးကို ထူးထူးဆန်းဆန်း ထပ်တွေ့ပြန်တော့ ဒီတစ်ကြိမ်မှာ ရောဘတ်ရဲ့တိုက်တွန်းမှုနဲ့ ဂျူလီတစ်ယောက် သံသယမေးခွန်းတွေနဲ့အတူ မိုနီကို ကားပေါ်တင်ခေါ်လာတာက သူတို့နှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျဖို့ လမ်းစဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)

Horror • Fantasy • Mystery
6 2023
Dead Line
Mind Body Spirit

2023 ကထွက်ရှိခဲ့တဲ့ horror ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းပုံစံက series လိုက်ရိုက်ကူးထားတဲ့ video တွေကို တစ်ပုဒ်ချင်းစီ ဖွင့်ပြထားသလိုဖြစ်နေတဲ့အတွက် ကြည့်ရတာ တခြားရုပ်ရှင်တွေနဲ့ မတူပဲကွဲထွက်နေမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အန်ညာက ယောဂအင်ဖလူရန်ဆာတစ်ယောက်ဖြစ်ချင်နေသူဖြစ်ပြီး အဘွားဖြစ်သူ အမွှေပေးခဲ့တဲ့ အိမ်ကြီးထဲမှာ တစ်ယောက်ထဲနေပြီး ယောဂကျင့်စဉ် video တွေရိုက်ကူးနေခဲ့သူပါ။ တနေ့မှာ video ရိုက်နေရင်း နံရံကို မတော်တဆတိုက်မိသွားပြီး လျို့ဝှက်ခန်းတစ်ခန်းကို တွေ့ခဲ့ပါတယ်။ အခန်းထဲမှာလည်း အဘွားဖြစ်သူရဲ့ ပစ္စည်းတွေအပြင် အန်ညာအတွက် လို့ရေးထားတဲ့ အဘွားဖြစ်သူရဲ့ ကျင့်စဉ်တွေ ‌‌ေရးမှတ်ထားတဲ့ ဂျာနယ်တစ်အုပ်ကိုတွေ့ခဲ့ပါတယ်။ ဂျာနယ်ထဲမှာပါတဲ့ “ပူးပေါင်းခြင်း” ဆိုတဲ့ ကျင့်စဉ်ကို တစ်လတိတိရိုက်ကူးဖို့ အကြံရခဲ့ပြီး အထဲမှာရေးထားတဲ့အတိုင်း စလုပ်တဲ့ ပထမနေ့ကတည်းက အန်ညာအဘွားရဲ့ အိမ်ကြီးမှာ ထူးဆန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ … File size…(1 GB)/(520 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kyawt Hay Thar

0 2023
Mind Body Spirit
[18+] Rapsa
6.3

Rapsa (2025) IMDb Rating (6.3) အယ်လာဟာ ကော်ဖီဆိုင်တစ်ခုရဲ့စားပွဲထိုးဝန်ထမ်းမလေးဖြစ်ပြီး ဆိုင်မှာလာလာထိုင်ပြီး သူ့ကိုငေးကြည့်တတ်တဲ့ ဖောက်သည်မမလှလှတစ်ယောက်ကိုသတိထားမိနေပါတယ်။ အဲ့ဒါကိုဆိုင်ရှင်အစ်မက မကြိုက်သလို အဲ့ဒီဖောက်သည်နဲ့မရောဖို့လည်း အယ်လာကို မှာလေ့ရှိပါတယ်။အဲ့ဒီမှာ အယ်လာ တစ်ဖြည်းဖြည်းရိပ်စားမိလာတာကတော့ သူ့ဆိုင်ရှင်အစ်မနဲ့ ဖောက်သည် မမလှလှကြားက ဆက်နွယ်မှု တစ်စုံတစ်ရာကိုပါပဲ။ အဲ့ဒီနောက်ပိုင်းမှာတော့ အယ်လာနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနို၊ ဆိုင်ရှင်အစ်မနဲ့ဖောက်သည်လှလှလေး ရီတာတို့ကြားမှာ ပတ်လည်ရိုက်နေတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (500 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:15:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Mystery • Thriller • Crime
6.3 2025 73 mins
[18+] Rapsa
Turn By Turns
5.6

အမြဲတမ်းကံကောင်းခြင်းရှိတယ်ဆိုတာကို ပရိသတ်ကြီးတို့ ယုံကြပါသလား။ ဒီရုပ်ရှင်လေးကတော့ အမြဲတမ်းကံဆိုးသူ ရှိလိုင်နဲ့ အမြဲတမ်းကံကောင်းသူ မာလိတို့ကြား ဖြစ်တဲ့ ဇာတ်လမ်းလေးကို ရယ်စရာမပြတ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အမြဲတမ်း ကံဆိုးခြင်းတွေပဲ ကြုံရတဲ့ ရှီလိုင်ဟာ အလုပ်ပြုတ် အိမ်ထောင်ကွဲပြီးနောက် ဘဝကြီးကို စိတ်ပျက်ပြီး တံတားပေါ်က ခုန်ချဖို့လုပ်ချိန်မှာ ဖြတ်သွားတဲ့ မာလိက ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ မာလိရဲ့ ကံကောင်းမှုတွေက ဆန်းကြယ်စွာနဲ့ ရှီလိုင်ဆီကို ရောက်လာခဲ့ပြီး ရှီလိုင်ရဲ့ ကံကောင်းမှုခရီးစဉ်က စတင်လာပါတော့တယ်။ သူတို့ ကံကောင်းမှုနောက်လိုက်တဲ့ ခရီးစဉ်တစ်လျှောက် အလွှဲတွေအပြည့်နဲ့ ဖြစ်နေတာမလို့ ဇာတ်လမ်းတစ်လျှောက်လုံး ရယ်စရာတွေ ပြည့်နေမှာ ဖြစ်ပါတယ်။ သူတို့ခရီးစဉ်ကို စပြီး ရယ်မောကြည့်ရှုလိုက်ရအောင်နော်။

Drama • Romance
5.6 2025
Turn By Turns
Exit
5.1

Exit (2024) ဒီဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား၁၃ ယောက်က ကာနီဗယ်လ် လိုခေါ်တဲ့ ပွဲလေးမှာ သူတိုရဲ့ စိတ်အပန်းဖြေဖို၊ စိတ်လှုပ်ရှားမှုတွေခံစားရဖို ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ဖိအားတွေကို မေ့လျောပစ်ဖို အဲ့ဒီပွဲကိုညပိုင်းမှာအတူတူသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတိုရဲ့ပျော်ရွှင်မှုဟာ ရုတ်တရက်ကြီးဆိုသလို အိမ်မက်ဆိုးအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ် အမည်မသိတဲ့လူတစ်ယောက်ကစီစဉ်ထားတဲ့သေမင်းဂိမ်းထဲမှာပိတ်မိကြသွားတာပါပဲ။ အဲ့ဒီဂိမ်းထဲမှာဆိုဖြင့် သူတိုအားလုံးရဲ့သတ္တိစမ်းသပ်တဲ့ဂိမ်းတွေ၊ စိတ်ပညာဆိုင်ရာပဟေဋ္ဌိတွေ နဲ့ ခြိမ်းခြောက်မှုတွေကြားကနေ ကိုယ့်အသက်ဆက်ရှင်နိုင်ဖို ဆုံးဖြတ်ချက်တွေပြုလုပ်ရပါမယ်။ ဆုံးဖြတ်ချက်တစ်ခုလွှသွားတာနဲ့ ကိုယ်ကိုတိုင် (သို) သူငယ်ချင်းတစ်ယောက်‌ယောက်က သေစေတဲ့အဖြစ်ကိုရောက်နိုင်ပါတယ်။ ကြောက်ရွံမှုတွေကြားက ကိုယ့်အသက်ရှင်နိုင်ဖို တစ်ကိုယ်ကောင်းဆန်တာတွေ ဂိမ်းပဟေဋ္ဌိတွေဘယ်လိုဖြေရှင်းနိုင်ကြမလဲ ဘယ်သူတွေကဒီဂီမ်းကိုအဆုံးထိ အသက်ရှင်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးရှင်. အညွှန်း နဲ့ ဘာသာပြန်ကတော့ CM Team ပဲ​​ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p WEB-Rip | 720p WEB-Rip File size… 1.13GB | 634MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM Team Encoder ….. Aaron

Action • Romance
5.1 2024
Exit