YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Parasyte Part 1 2014 - 720p Bluray [RMC].mp4

782 MB 720p video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Onoda: 10,000 Nights in the Jungle
7.1

IMDb - 7.3/10 Rotten Tomatoes - 100% 4 Wins and 19 Nominations ၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ " ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။ အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့ အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ "အိုနိုဒ"တို့လို့ ဆိုပေမဲ့ တကယ်တမ်း လေးယောက်ပဲကျန်တာပါ။ မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။ သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေ နောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းရိုက်ပြထားပါ။ အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။ ၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။ Ref - Wikipedia and The Guardian အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Adventure, War Quality….WEB-DL 1080p and 720p and 480P File size…2.36GB and 1.19GB and 334MB Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Comedy • Crime • Thriller
7.1 2021 167 mins
Onoda: 10,000 Nights in the Jungle
How It Ends
5.3

ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Netflix ကတင်ဆက်ပေးလိုက်တဲ့ Sci-Fi ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ How it ends (2018)ပါ။ ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။ နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့.... ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။ သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။ အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်... အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား? ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ? မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (860 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr 53min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEBRip.XviD.AC3-FGT Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Family
5.3 2018 113 mins
How It Ends
Three Wishes for Cinderella
5.9

Three Wishes for Cinderella (2022) ========================= IMDb Rating – 5.9/10 စင်ဒရဲလားလို့ပြောလိုက်ရင် အများစုကသိရှိပြီးသားဇာတ်လမ်းလေးပဲ မဟုတ်လား၊ ဒါကတော့ အကုန်လုံးသိထားပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်နဲ့သိပ်မတူတဲ့ စင်ဒရဲလားပုံပြင် နော်ဝေးဗားရှင်းလေးလေးပါပဲ။ ဒီထဲမှာတော့ စင်ဒရဲလားလေးက နုဖတ်နေတာမဟုတ်ဘဲ မြင်းစီးမြားပစ် တလွှားလွှားနဲ့ပါပဲ။ နောက်ပြီး နတ်သမီးမေမေထက် နောက်ဆုံးမှာ ကိုယ့် ကိုယ့်ကိုယ်သာ အားကိုးရာဆိုတာမျိုးနဲ့ ပုံစံတစ်မျိုးပြသထားသလို၊ ကယ် တင်ရှင်မင်းသားလေးလည်း မလိုတဲ့ဗားရှင်းမို့ အရသာတမျိုးလေးနဲ့ ကြည့် လိုက်ကြရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)

Drama • History • War
5.9 2022 89 mins
Three Wishes for Cinderella
The Wedding Veil Inspiration
7

ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အခု ရုပ်ရှင်က The Wedding Veil ၆ကားထဲက တစ်ကားပါ။ ဒါပေမယ့် ၆ကားလုံးကြည့်ဖူးစရာမလိုပါဘူး ဒီတစ်ခုနဲ့ပဲ ပထမဆုံး စကြည့်လို့ ရပါတယ်။ Castတွေအနေနဲ့လည်း Carlo Marks၊ Paolo Bernardini၊ Autumn Reeserနဲ့ Kacey Rohlတို့လို့ cast အကောင်းစားတွေနဲ့ ပွဲထွက်ထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်း စလိုက်ရအောင်ဗျာ။ Wedding Veil ( မင်္ဂလာခြုံပုဝါ ) မှာ စွမ်းအား တစ်ခု ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘယ်လိုစွမ်းအားလဲဆိုတော့ ခြုံပုဝါကို ပိုင်ဆိုင်ထားတဲ့ သူက အချစ်စစ်နဲ့ ရှာတွေ့မှာဖြစ်ပါတယ်။ အမ်မာက တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို သင်ကြားပြသနေတဲ့ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ အမ်မာ့မှာ လီလီလို့ ခေါ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အမ်မာက ဌာနမှူး ရာထူးကို လိုချင်နေပြီး သူ့ရဲ့ ရှေ့က ဌာနမှူး အနားယူမှာကို စောင့်ရင်း အလုပ်ကို ဇွဲမလျှော့ဘဲ အားတင်းရင်း ဆက်လက်လုပ်ကိုင်နေတာပါ။ အမ်မာရဲ့ ခင်ပွန်းကတော့ အီတလီက ဆွေကြီးမျိုးကြီးဖြစ်တဲ့ စတက်ဖန်နိုအိမ်တော်က အီတလီသားလေး ပါအိုလို ဖြစ်ပါတယ်။ ပါအိုလိုမှာ မာတေအိုလို့ ခေါ်တဲ့ ညီတစ်ယောက် ရှိပါတယ်။ အမ်မာနဲ့ ပါအိုလိုတို့ အီတလီမှာ ခြုံပုဝါကြောင့် ဖူးစာဆုံပြီး ချီကာဂိုမှာ စတက်ဖန်နိုအိမ်တော်ရဲ့စီးပွားရေး တိုးချဲ့ဖို့ ပါအိုလိုက မင်္ဂလာပွဲဝတ်စုံဆိုင်ဖွင့်ပါတော့တယ်။ ဖွင့်ပွဲညမှာ ခြုံပုဝါအကြောင်း အမ်မာပြောပြနေတဲ့ ဗီဒီယိုက ပေါက်သွားတဲ့အခါမှာတော့ ဆိုင်က ပိုပြီးတော့ လူဝင်လာပါတော့တယ်။ ဒါပေမယ့် အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ ပါအိုလိုရဲ့အဖေဖြစ်သူက နာမကျန်းဖြစ်လို့ အီတလီကို ပြန်သွားရပါတော့တယ်။ ချီကာဂိုမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမ်မာ တစ်ယောက် သူ့ရဲ့ career နဲ့ ခင်ပွန်းဖြစ်သူအလုပ်နဲ့ ဒုက္ခများပါတော့တယ်။ ပါအိုလိုက စီးပွားရေးကို ဦးစီးဖို့ အမ်မာ့ကို အီတလီကို လိုက်စေချင်တာပါ။ သူ(မ)အလုပ်ရဲ့ဖိအားနဲ့ ခင်ပွန်းဖြစ်သူရဲ့ လိုအင်ဆန္ဒနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ထပ်တူမကျနေတဲ့အခါမှာတော့ ပိုပြီးတော့ အဆင်မပြေဖြစ်လာပါတယ်။ အမ်မာ တစ်ယောက် ဒီလိုဖိအားတွေကို ဘယ်လိုကျော်သွားမလဲ၊ သူ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်က ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းရုံသာ မကပါဘူး၊ main charactersအပြင် side charactersတွေရဲ့ chemistry ကပါ တကယ်ကို ထိမိနေတာပါ။ Plot twist များများစားစားတော့ မပါပေမယ့် တကယ်ကိုကြည့်ပျော်တဲ့ ရုပ်ရှင်လေးပါ။ ရုပ်ရှင်ကိုကြည့်ပြီးသွားရင်တော့ ဘာသာပြန်သူလို မင်္ဂလာဆောင်ချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Drama
7 2023 84 mins
The Wedding Veil Inspiration
Anyone But You
6.6

Anyone But You (2023) ~ IMDb – 6.6/10, RT – 52%, Meta – 52% ~ ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ညှို့ဓာတ်ကို ဖန်တီးသွားခဲ့တယ်။ တမင်ကို ဆစ်ဒနီကိုပဲ ရိုက်ပြထားသလားမှတ်ရအောင်လည်း သေသေချာချာကို တစ်နေရာမလွတ်ရအောင် သုံးသွားခဲ့တာပါပဲ။ တခြားမင်းသမီးတွေကိုလည်း ဒီလိုသုံးထားသေးပေမဲ့ သူ့ကိုတော့ အပြည့်အဝသုံးသွားခဲ့တယ်ပြောရပါမယ်။ ဒီတစ်ချက်နဲ့တင် ဒီရုပ်ရှင်က တော်တော်ကြည့်လို့တန်နေတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ဆို ပိုမှန်ပါလိမ့်မယ်။ ရှိတ်စပီးယားရဲ့ Much Ado About Nothing ကို ကျောရိုးယူပြီး ခေတ်သစ်မှာ ရိုက်ထားတဲ့ Rom-Com ဖြစ်ပြီး ဇာတ်ကတော့ ဘယ်လိုမှမတည့်တဲ့ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အမြဲသတ်နေရတဲ့လူနှစ်ယောက် အမုန်းကနေ အချစ်ဖြစ်သွားတဲ့ဇာတ်ပါပဲ။ ဒီလိုဇာတ်မျိုးတွေ တော်တော်များနေပြီဆိုပေမဲ့ ဒီဇာတ်ကတော့ ဟိုကနည်းနည်းဖြတ်လိုက် ဒီကနည်းနည်းကပ်လိုက် အချစ်နဲ့ပတ်သက်တဲ့ လှတပတတွေအကုန်ထည့်ထားတာမို့ ကောင်းတော့ကောင်းရှာပါတယ်။ When Harry Met Sally… ထဲက အဆုံးဒိုင်နဲ့ခပ်ဆင်ဆင်ဒိုင်တွေကိုတောင် ယူသုံးထားပါသေးတယ်။ ဩစတေးလျရဲ့ လှပတဲ့ဆစ်ဒနီမြို့မှာ တည်ထားတာမို့ ဆစ်ဒနီရဲ့ အလှအပတွေကို… ဆစ်ဒနီရဲ့အလှအပတွေကို မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ မင်းသားကတော့ Top Gun: Maverick ထဲက Glen Powell ပေါ့။ အဲဒါတွေ ထားပါ။ ထပ်ပြောချင်တာကတော့ ဆစ်ဒနီရဲ့ အလှအပတွေကို တဝကြီးရှုစားရမယ်ဆိုတာပါပဲ။ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာသိပ်လှပါတယ်။ ပြီးတော့ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာလည်း သိပ်လှပါတယ်။ Anyone but You ဟာ ဆစ်ဒနီတို့ရဲ့ အလှအပတွေကို တဝကြီးခံစားကြရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5.4GB, 2.35GB, 1.2GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 43Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 2023
Anyone But You
A Difficult Year
6.2

အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အဲလ်ဘတ်နဲ့ဘရူနိုဆိုတဲ့ ကလိမ်ကျတတ်တဲ့လူလိမ်နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံမိရာကနေခင်မင်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့လှုံ့ဆော်တဲ့တက်ကြွလှုပ်သူများအဖွဲ့ရဲ့ ဟောပြောဆွေးနွေးပွဲမှာ မုန့်နဲ့ဘီယာတွေအခမဲ့တိုက်ကျွေးတယ်ဆိုလို့ တက်ရောက်ရာကနေ ထိုအဖွဲ့ထဲသို့ ဘုမသိဘမသိနဲ့အဖွဲ့ဝင်ဖြစ်လာပါတယ် အဲ့အဖွဲ့မှာတက်ကြွလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ သူတို့အတွက် ကိုယ်ကျိုးစီးပွားအမြတ်ထွက်အောင်ခိုးပြီးလုပ်လေ့ရှိပါတယ် ဒါပေမဲ့ အဲလ်ဘတ်တစ်ယောက် အဲ့အဖွဲ့ရဲ့ဦးဆောင်သူ”ဗယ်လန်တိုင်း”ဆိုတဲ့ကောင်မလေးကိုချစ်မိသွားတဲ့အခါမှာ……….. ဗယ်လန်တိုင်းကရော အဲလ်ဘတ်က တက်ကြွလှုပ်ရှားမှုတွေမှာ တကယ်စိတ်ပါလို့မဟုတ်ဘဲ အကျိုးစီးပွားအတွက် ပါဝင်ခဲ့တာဆိုတာကိုသိသွားမလား…….. File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.2 2023
A Difficult Year
The Thin Red Line
7.6

The Thin Red Line (1998) IMDb Rating (7.6) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်….. ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်… ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ….ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်… ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရန်သူက မိမိကို ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရတာကို အနိဌာရုံတွေအဖြစ်မြင်တွေ့ကြရမှာပါ…. The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ…. အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးနဲ့ ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ….ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ တစ်ဖက်နဲ့တစ်ဖက်ရန်သူတွေလိုတိုက်နေပေမယ့် ဘာအတွက်တိုက်နေကြတာလဲဆိုတဲ့ ဝိဝါဒတွေနဲ့ တင်ဆက်ပုံရော ဇာတ်ကြောင်းရော သရုပ်ဆောင်တွေရော လုံးဝကို ဂန္တဝင်ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Megumi မှ တင်ဆက်ထားပါတယ်။)

TV Movie • Romance • Drama
7.6 1998 171 mins
The Thin Red Line
Road Trip
6

Road Trip (2024) ခရီးလေးတစ်ခေါက် ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် မိုးအေးအေးလေးနဲ့ ငယ်ဘဝကိုတစ်ခါလောက် ပြန်တွေးမိမယ့် ဖိလစ်ပိုင် လူငယ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခေါက် ထွက်မယ်လို့ လူတိုင်းစဥ်းစားဖူးကြပါတယ်။ တချို့ကျတော့လည်း သူငယ်ချင်းတွေစုံစုံညီညီနဲ့ ဆန္ဒတွေ ပြည့်ပြီးခရီးတွေ ထွက်ဖြစ်ကြတယ်။ တချို့ကျတော့လည်း အသက်ကြီးတဲ့ထိ ခရီးမထွက်ဖြစ်ဘဲ ပါးစပ်အရသာခံရင်း ပြီးဆုံးသွားရတယ်။ ဆိုဖီယာ၊ မာရီကာ၊ ဂျီဂျီနဲ့ချီကီတို့ သူငယ်ချင်းလေးယောက်ကတော့ ဒုတိယအမျိုးအစားပေါ့။ ပူလက်တောင်ကို ခရီးထွက်ကြမယ်ဆိုတဲ့ ငယ်ဘဝဆန္ဒလေးကို အသက်၄၇နှစ်ကြာမှ အကောင်အထည်ဖော်ကြရတယ်။ ဒီတစ်ခါတော့ ဆယ်ကျော်သက်ဘဝလို အရာရာလွတ်လွတ်လပ်လပ် မဟုတ်တော့ဘူး။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ရောယှက်လာခဲ့ပြီ။ ငယ်ရွယ်ချိန်တုန်းကာသူတို့တွေဟာ ငယ်တုန်းကအတိုင်း ရှိနေကြသေးရဲ့လား။ ဘာတွေပြောင်းလဲသွားမလဲ။ မတည့်အတူနေ လေးယောက် ခရီးထွက်မယ့်အစီအစဥ် အောင်မြင်ပါ့မလား။ ငယ်ရွယ်စဥ်မှာ လုပ်ခဲ့တဲ့အမှားတွေ၊ အမှတ်တရတွေ၊ အထင်လွဲတာတွေ၊ ရန်ဖြစ်ကြတာတွေကို ပြန်ပြီးတွေးတောကြရင်း ဒီခရီးလေးမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီကားလေးမှာစောင့်ကြည့်ပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်)

6 2024
Road Trip
The Rookie

IMDb – 6.9 ————————————————— “အိမ်မက်ကိုဘယ်တော့မှလက်မလျော့ဖို့သက်သေပြခဲ့တဲ့ အသက်(၃၅)နှစ်မှ Baseballကစားသမားဖြစ်လာခဲ့တဲ့ Jimmy Morris” Professional Baseballကစားသမားဖြစ်ဖို့ရူးသွပ်တဲ့Jim Morrisကသူ့ဘဝတလျှောက်တမြို့ပြီးတမြို့ပြောင်းရွေ့လာရာကနေ နောက်ဆုံးTexasမြို့မှာအခြေချနေထိုင်ဖို့ဖြစ်လာခဲ့တယ်။ Texasမြို့မှာတော့ ဘောလုံးအားကစားကိုသာအဓိကအားပေးခဲ့တဲ့မြို့ဖြစ်ပြီး baseballကိုတော့လူစိတ်ဝင်စားမှုမရှိသလောက်နည်းတယ်။ ဒီလိုနဲ့အကြောင်းအမျိုးမျိုးကြောင့် သူ့အိမ်မက်ကိုလက်လျော့ခဲ့လိုက်ရတယ်။ ဒီလိုပဲဖြတ်သန်းလာရင်း အိမ်ထောင်ကျကလေးမွေးပြီးအထက်တန်းကျောင်းမှာသိပ္ပံဆရာတဖြစ်လဲ baseballနည်းပြအဖြစ်နဲ့ပဲနေထိုင်လာခဲ့ရင်းကနေ ဘဝတစစ်ချိုးဖြစ်တဲ့ သူ့ရဲ့အိမ်မက်ကိုအကောင်ထည်ဖော်နိုင်ဖို့အခွင့်အရေးရခဲ့တယ်။ အသက်(၃၅)နှစ်မှအငယ်တန်းအနေနဲ့ကစားရမှာဖြစ်တဲ့အတွက် မိသားစုကလည်းအားမပေးတဲ့အပြင် စားဝတ်နေရေးစတဲ့ကိစ္စအဝဝနဲ့ ကြုံလာရတဲ့အခက်အခဲများစွာကိုဘယ်လိုဖြေရှင်းပြီးအောင်မြင်အောင်ကြိုးစားခဲ့တဲ့အကြောင်းဖြစ်ပါတယ် ကြာချိန်ကတော့၂နာရီခန့်ဖြစ်ပြီး Motiရစေတာမျိုးဖြစ်တဲ့အတွက် အချိန်ပေးရတာနဲ့တန်တဲ့ဇာတ်ကားမျိုးပါ Review & Translate – La Min Khin File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by La Min Khin

0 2002
The Rookie
Blind Waters
5.5

2024 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony C. Ferrante ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ Thriller ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ မျက်နှာသစ်မင်းသားမင်းသမီးတွေပြောလို့ရမဲ့ Meghan Carrasquillo , Noam Sigler နဲ့ Francisco Angelini တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Valentina နဲ့ Weston တို့စုံတွဲဟာ ကမ်းခြေမြို့တစ်ခုမှာ အပန်းဖြေ ခရီးထွက်ကြရင်း Weston မှာလှေမောင်းလိုင်စင်ရှိတဲ့အတွက် လှေတစ်စီးငှားပြီး scuba diving လုပ်ကြဖို့ ပြင်ဆင်ထားကြပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူတို့သွားမဲ့နေ့ရဲ့ ညနေပိုင်းမှာ မုန်တိုင်းဝင်ဖို့ရှိနေတဲ့ အတွက် စောစောပြန်လာရမဲ့အပြင် ငါးမန်းမလာတာဆယ့်ငါးနှစ်မျှ ရှိနေပြီ ဖြစ်တဲ့ ဆိပ်ကမ်းမှာ သူတို့သွားကြချိန်မှ ငါးမန်းတစ်ကောင်ပေါ်လာပါတော့တယ်……. File size…1.93GB / 1.13GB Quality…Blu-Ray 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Mystery
5.5 2024
Blind Waters
I Stand Alone
7.3

I Stand Alone (1998) ~ IMDb – 7.3/10, Rotten Tomatoes – 88% ~ ပြင်သစ်စကားပြော Psychological Drama ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Gaspar Noé ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပြီး တော်တော်လေးကို မွန်းကြပ်စရာ မသတီစရာ ထိတ်လန့်စရာဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ သားသတ်သမားတစ်ယောက် အမေပစ်သမီးလေးကို တစ်ကိုယ်တည်း ပျိုးထောင်နေရင်း သမီးကို အနိုင်ကျင့်တယ်လို့ အထင်မှားပြီး လူတစ်ယောက်ကို သတ်မိလို့ ထောင်ကျသွားပါတယ်။ ထောင်ကထွက်လာတော့ သမီးဆီ ပြန်မသွားဘဲ တခြားတစ်နေရာက မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အဲဒီမိန်းမကိုယ်ဝန်ရတော့ မိန်းမရဲ့ဇာတိကို လိုက်သွားပြီး ယောက္ခမရဲ့အိမ်မှာနေတာကနေ ဇာတ်ကားစထားပါတယ်။ အဲဒီကနေ သားသတ်သမားရဲ့ စိတ်အတွင်းပိုင်းက အမှောင်အတွေးတွေ ကြောက်စရာအတွေးတွေ မကျေနပ်မှုတွေကို စိတ်ကူးတွေအတိုင်း မပြုမပြင် ပွင့်ပွင့်လင်းလင်း သူကိုယ်တိုင်ပြောပြနေတဲ့ပုံစံနဲ့ ချပြသွားမှာပါ။ အတွေးတွေဆိုတာ ရောက်ချင်တာကို အမြန်ဆုံးရောက်ပြီး အတိုင်းအဆမရှိ သွားနိုင်တယ်မဟုတ်လား။ လောကကြီးထဲဝင်မဆန့်ဖြစ်ပြီး လူ့အဖွဲ့အစည်းကို မုန်းတီးနေတဲ့ လူတစ်ယောက်ရဲ့စိတ်ရဲ့ စိတ်က ဘယ်လောက်ထိ မှောင်မိုက်နက်ရှိုင်းတဲ့ နေရာထိရောက်သွားနိုင်မလဲ စဉ်းစားသာကြည့်လိုက်ပါတော့။ စကားလုံးတွေမှာ ကိုယ်ကျင့်တရား၊ တရားမျှတမှု၊ လူတွေ၊ အသိုင်းအဝိုင်း အဲဒီစကားလုံးတွေကို တွင်တွင်သုံးထားပြီး ဒီစကားလုံးတွေကို တစ်ကိုယ်ကောင်းဆန်ဆန် သူ့စိတ်တိုင်းကျ တစ်ဖက်သတ်တွေးပြီး ဝေဖန်ထားတာတွေက စိတ်ကသိကအောက်ဖြစ်နိုင်လောက်ပေမဲ့ တချို့အတွေးတွေက ပွင့်လင်းလွန်းတော့ ကြောက်စရာကောင်းနေပါလိမ့်မယ်။ Drama ဆိုပေမဲ့လည်း ပြသွားတာက အရမ်းကို ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဇာတ်ကားရဲ့ နောက်ဆုံးပိုင်းမှာလည်း သူ့ရဲ့အတွေးတွေကို လွန်လာတယ်လို့ ထင်လောက်စရာအပိုင်းတွေရောက်တဲ့အချိန်ကျ ခင်ဗျားစိတ်က ဒီဇာတ်ကားကို ဆက်မကြည့်နိုင်တော့ဘူးလို့ထင်လာရင် ရပ်ပစ်လိုက်ဖို့ သတိပေးချက်တက်လာပါလိမ့်မယ်။ အဲဒါက အပိုမဟုတ်ပါဘူး။ တကယ်ကို စိတ်ကို ညစ်ညူးထိခိုက်စရာတွေ ကြုံလာနိုင်လို့ သေချာပြီဆိုမှ ဆက်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ ဒါရိုက်တာက ခင်ဗျား Gaspar Noé ရုပ်ရှင်ဆိုတာ ကြည့်ဖူးသွားပြီဆိုတဲ့ အောင်လက်မှတ်တစ်ခု ပေးပါလိမ့်မယ်။ ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်တတ်ပြီး ၉၃ မိနစ်စာ စိတ်ညစ်ညူးဖွယ်လှပတဲ့ အခိုက်အတန့်လေးကို ခံစားချင်တယ်ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 710MB Quality – BluRay 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.3 1998 89 mins
I Stand Alone
Rumours

G7 လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင် 7 ယောက်ဟာ နှစ်ပတ်လည်ညီလာခံတစ်ခုမှာ Global Crisis တစ်ခုအတွက် ယာယီထုတ်ပြန်ချက် ထုတ်ဖို့ရာ ဆွေးနွေးဖို့ ရောက်ရှိလာကြတယ်။ ပြီးနောက်မှတော့ သူတို့‌ခေါင်းထဲမှာ အဲဒီပြဿနာကို ဖြေရှင်းဖို့ကလွဲလို့ အကြောင်းအရာ ပေါင်းစုံ အကုန်‌ရောက်ကြတယ်။ ပုဂ္ဂိုလ်ရေးကိစ္စကိုပဲ စိတ်ဝင်စားသူက စိတ်ဝင်စား စသဖြင်ပေါ့။ နောက်တော့ အမှောင်ကျသွားချိန်မှာ ခြံကြီးထဲမှာ သူတို့ ၇ ယောက်သာ ကျန်ခဲ့ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ကြောက်စရာကိစ္စတွေပါ ထဖြစ်လာချိန်မှာ မြူဆိုင်းနေတဲ့ တောထဲကနေတစ်ဆင့် အပြင်ကို ရောက်အောင် ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက ကမ္ဘာ့အကျပ်အတည်းဖြစ်နေချိန် ကိုယ်ကိစ္စကိုယ်ပဲ အာရုံစိုက်တဲ့ နိုင်ငံရေးသမားတွေကို ပါးပါးလေးနဲ့ ပညာပြထားတဲ့ Dark Comedy အမျိုးအစားပါ။ ၇၇ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး critics တွေဆီက positive review တွေ ရရှိထားတဲ့ ဉာဏ်မီမှ ကြည့်လို့ နားလည်မဲ့ ဇာတ်လမ်းမျိုးလို့ သိရပါတယ်။ ဘာသာပြန်ကတော့ အဲဒီအုပ်စုထဲ မပါပါ File size…(1.4 GB)/(975 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy

0 2024
Rumours
Happy Monday(s)
6.2

“အေ့ဒ်” ဆိုတဲ့​တက္ကသိုလ်​ကျောင်းသား​လေးတစ်​ယောက်ဟာရည်မှန်းချက်မယ်မယ်ရရမရှိတဲ့အပြင်စာ​မေးပွဲခဏခဏကျလွန်းလို့ တက္ကသိုလ် ၈ နှစ်တက်တာ​တောင်အခုထိ​ကျောင်းမပြီး​သေးပါဘူး ။ဒါ့အပြင် အတန်းထဲမှာနာမည်ကြီးပြီးစာလည်းအရမ်း​တော်တဲ့ “ဆိုင်မိုင်” ဆိုတဲ့​ကောင်မ​လေးကိုတိတ်တခိုးသ​ဘောကျရင်း “ဆိုင်မိုင်” လိုအပ်သမျှကို​ဘေးကအရိပ်တကြည့်ကြည့်​ဖြည့်ဆည်း​ပေး​နေခဲ့တာပါ။ “ဆိုင်မိုင်” ​ကျောင်းပြီးရင်နိုင်ငံခြားမှာ​ကျောင်းဆက်တက်ဖိုပလန်ရှိတာ​ကြောင့် ပညာသင်ဆုရဖို့အပြင်းအထန်ကြိုးစား​ခဲ့​ပေမဲ့ ကံမ​ကောင်းချင်​တော့ အမှတ်ကထင်ထားသ​လောက်ထွက်မလာခဲ့ပါဘူး ။ စာ​မေးပွဲရလာဒ်မထွက်ခင် ” ​အေ့ဒ် ” ဟာ “ဆိုင်မိုင်” အမှတ်​တွေ​ကောင်းဖိုနဲ့သူ့ကိုပြန်ချစ်လာနိုင်ဖို့ဆု​တောင်းယတြာတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယတြာ​အောင်မြင်ဖို့အရက်​သေစာနဲ့မူးယစ်​ဆေးဝါးကို​ရှောင်ရှားရမှာဖြစ်​ပေမဲ့ ကံဆိုး​ချင်​တော့ စာ​မေးပွဲရလာဒ်ထွက်ပြီးတဲ့အထိ ဆု​တောင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒီ​တော့​ “အေ့ဒ်” လည်းအရက်​တွေ​အလွန်အကျွံသောက်ပြီးမူးသွားပါ​တော့တယ် ။ ယတြာအစွမ်း​ကြောင့် “​အေ့ဒ်” တစ်​ယောက်ထပ်ခါတလဲလဲ ” ဧပြီလ ၁ ရက်​နေ့ တနင်္လာ​နေ့ ” ကိုပဲပြန်ပြန်နိုးထလာပါ​တော့တယ်။ ဒီ​တော့ ” ​​အေ့ဒ် ” ဟာရလာတဲ့အခွင့်အ​ရေးကိုအသုံးချပြီး သူဆု​တောင်း​တွေပြည့်လာဖို့အတွက် “ဧပြီလ ၁ရက်​နေ့၊ တနင်္လာ​နေ့” မှာဘယ်လို​တွေကျင်လည်ဖြတ်သန်းမလဲဆိုတာကို ” HAPPY MONDAY(S) ” ဆိုတဲ့movie ​လေးမှာကြည့်ရှုလို့ရပါပြီ​နော် File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:08:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Htet & Alyn

Action • Thriller
6.2 1900 128 mins
Happy Monday(s)