YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Parallel World E14 720p WEB-DL CM.mp4

306.51 MB N/A video/mp4 65 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Matching Jack
6.4

Matching Jack (2010) ================= IMDb Rating – 6.4/10 ဒီတစ်ခေါက်မှာတော့ imdb မှာ 6.4 ထိရရှိထားတဲ့ အင်္ဂလိပ်မိသားစု ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ သွေးကင်ဆာဆိုတဲ့ ရောဂါဟာ ခြင်ဆီအစားထိုး ကုသမှပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ခြင်ဆီအစားထိုးဖို့ ဆိုရင်တောင် ထပ်တူညီတဲ့ ခြင်ဆီရဖို့ မွေးချင်းညီအစ်ကို မောင်နှမကြားတောင် သုံးပုံတစ်ပုံပဲအခွင့်အရေးရှိပါတယ်။ ဒီဇာတ်လမ်းမှာ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ဖခင်နဲ့ သားကိုသခင် လင်ကိုဘုရားအသွင် ကိုးကွယ်ထားတဲ့ မိခင်တို့ရဲ့အချစ်ဆုံးသားလေး တစ်ယောက် သွေးကင်ဆာဖြစ်လာတဲ့အခါ၊ သားလေးရဲ့ခြင်ဆီနဲ့ထပ်တူညီတဲ့ ခြင်ဆီအလှူရှင်ရနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများကြိုးစားမှာလဲ သူတို့အိမ်ထောင်ရေးအဆင်မပြေမှုတွေကရော ကလေး အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ ကလေးရဲ့ ခြင်ဆီနဲ့ ကိုက်ညီတဲ့ ခြင်ဆီအလှူရှင်ကိုရော ရနိုင်မလားဆိုတာတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျော ခံစားလိုက်ပါဦး… ဒီဇာတ်လမ်းဟာရောဂါအသားပေးဆိုတာထက် မိဘမေတ္တာကို အဖက်ဖက်က ပုံဖော်ရိုက်ကူးထားပြီး ကလေးသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့် ရင်ထဲတော့ တစ်ခုခု ကျန်ခဲ့မယ်လို့ ညွှန်းပါရစေဗျာ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)

Drama • History
6.4 2010
Matching Jack
Stay Awake
6.8

Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။ သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.2 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Lwin

6.8 2022
Stay Awake
Apocalypse Evil

Apocalypse Evil ဆိုတဲ့ Horror,Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အယ်လီနာတို့ မိသားစုလေးက အဖေ အမေ သမီးတစ်ယောက်နဲ့ အရမ်းပျော်ရွှင်ရတဲ့ မိသားစုလေးဖြစ်ပြီး အပန်းဖြေခရီးတွေလည်း မကြာခဏအတူတူထွက်ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့မိသားစုကို ကံကြမ္မာဆိုးကြီးတစ်ခုက ဝင်ရောက်လာပြီး အဖေဖြစ်သူသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အမေဖြစ်သူ အယ်လီနာနဲ့ သမီးဖြစ်သူစီလီယာတို့ နှစ်ယောက်တည်း အကြွေးတွေဗလပွနဲ့ ကျန်ခဲ့ပါတော့တယ်။ဒါပေမယ့်လည်း အယ်လီနာက အလုပ်ကြိုးစားပြီး သမီးလေးမျက်နှာမငယ်အောင် ကြိုးစားပေးခဲ့ပါတယ်။တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ အတူအပြင်ထွက်ပြီးပျော်ပါးဖို့သမီးဆီမှာ ခွင့်တောင်းပြီး အယ်လီနာ အိမ်ကထွက်လာခဲ့ပါတယ်။စီလီယာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုမျိုး သမီးဖြစ်သူကပါ မတော်တဆဖြစ်ပြီး ဆုံးသွားပါတော့တယ်။အိမ်ပြန်ရောက်‌လို့ စီလီယာသေဆုံး နေတာကိုတွေ့လိုက်ရတဲ့အခါ သူ့ယောက်ျားရဲ့ အလုပ်ကလူသေတွေကို အသက် ပြန်သွင်းနိုင်တဲ့ နည်းလမ်းကိုသိသွားပြီး စီလီယာ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလိုအသက်ပြန်ရှင်အောင် လုပ်ပေးတဲ့နည်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့အခါမှာတော့ ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့လာရမလဲ ဆိုတာကိုတော့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့ဗျ။ File size…761MB / 359MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 9m Genre ….. Horror,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Fantasy
0 2023
Apocalypse Evil
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
One-Percenter
6.3

အက်ရှင်ကားဆိုအစစ်အမှန်တွေကိုသုံးပြီးချပြချင်တဲ့ဆန္ဒရှိနေတဲ့ အက်ရှင်မင်းသား တာခုမာတိုရှီရိုတစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်‌ကိုအကောင်အထည်ဖော်ဖို့အတွက်ကြိုးစားပုံစံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‌ တိုရှီရိုက အက်ရှင်ကား‌တွေမှာ ကြိုးတွေ ကွန်ပျူတာအထူးတည်းဖြတ်မှုတွေကိုသုံးတာကို သဘောမတွေ့တာနဲ့အညီ သူကိုယ်တိုင် အက်ရှင်လောကကိုပြောင်းလဲဖို့ကြိုးစားပါတော့တယ်။ သိုင်းနည်းနာတွေ ၁၀ နှစ်ကျော်သင်ယူပြီးတဲ့နောက်မှာ အာခီရာဆိုတဲ့ သူ့အပေါ်လေးစားအားကျတဲ့တပည့်လေးတစ်ယောက်နဲ့ဆုံဖြစ်သွားတယ်။ အဲမှာပဲ တိုရှီရိုဟာ အာခီရာနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အက်ရှင်ကားစစ်စစ်ကိုဖန်တီးဖို့အတွက် ဆရာတပည့်နှစ်ယောက် လူမနေတဲ့ကျွန်းကြီးပေါ်မှာ ရုပ်ရှင်ရိုက်ကူးဖို့သွားလိုက်တဲ့အခါမှာ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.3GB)/( 730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

Romance • Comedy
6.3 2023
One-Percenter
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb
8.3

ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ (ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Drama
8.3 1964
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb
Valley Girl

Valley Girl (2020) ****************** ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ… အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း… သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့… ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း… ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ… ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။ အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့… အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ … ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို…အယူအဆတွေမှာလည်း… ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ … အတော်ခက်တယ်ပြောရမှာပေါ့…ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…. File Size : 2.84GB / 1.33GB Quality : 1080p 5.1ch / 720p Duration : 01:42:00 Genre : Comedy ,Romance , Music Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Heather Oo

Adventure • Comedy • Drama
0 2020 102 mins
Valley Girl
Jigra
7

Jigra (2024) “သတ္တိခဲမလေး” IMDb 7.0 ဘောလိဝုဒ်ပရိသတ်တို့နှစ်ခြိုက်ကြတဲ့ မင်းသမီး Alia Bhatt ရဲ့ သည်းထိပ်ရင်ဖို အက်ရှင်ရုပ်ရှင်အသစ်ကို ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ဒီကားထဲမှာဆိုရင် မိန်းမက ခင်ပွန်းသည်ကိုကယ်တာမဟုတ်ဘဲ အစ်မက မောင်ဖြစ်သူကို သက်စွန့်ဆံဖျားကယ်မှာပဲဖြစ်ပါတယ် ဆပ်တရာက သူ့မောင်လေး အန်ကူကို အရိပ်တကြည့်ကြည့်စောင့်ရှောက်တဲ့ အစ်မကြီး ငယ်ငယ်က သူတို့မျက်စိရှေ့မှာတင် တိုက်ပေါ်က ခုန်ချသွားတဲ့အဖေကြောင့် တစ်ခုခုဆိုတိုင်း သူ့မောင်လေးအတွက် အစိုးရိမ်လွန်ကဲတယ် အန်ကူကလည်း ကြိုးစားတဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ပရောဂျက်တစ်ခုကို သူတို့ကိုစောင့်ရှောက်ထားတဲ့ ဦးလေးက သဘောကျတဲ့အတွက် အကောင်အထည်ဖော်ဖို့ နိုင်ငံရပ်ခြားကို အလုပ်ကိစ္စခရီးလွှတ်လိုက်တယ် ကံဆိုးချင်တော့ သူများနိုင်ငံမှာ မူးယစ်မှုနဲ့ အဖမ်းခံလိုက်ရတဲ့အန်ကူကို ကြီးလေးတဲ့ပြစ်ဒဏ်ချတော့မယ်ဆိုတာ သိလိုက်တဲ့အခါမှာ အစ်မတစ်ယောက်က သူ့မောင်ကို စွန့်စွန့်စားစား ဘယ်လိုကယ်ထုတ်သွားမှာလဲ ပရိသတ်တို့ဆက်လက်ကြည့်ရှုလိုက်ပါဦး

7 2024 155 mins
Jigra
Parthenope
6.8

Parthenope (2024) IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။ လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။ လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်း‌အဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ ကြည့်ပြီးပြီဆို‌ရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်း‌အများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ File size…(6.6 GB) / (1.7 GB) / (967 MB) Quality….Blu-Ray 4K HEVC / Webrip 1080p / 720p Format…mkv / mp4 Duration….02:00:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Drama • Thriller
6.8 2024
Parthenope
Aku Jati, Aku Asperger
7.8

Aku Jati, Aku Asperger (2024) IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger’s syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။ Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။ သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ချစ်သူအသစ်ရှာခရီးစဉ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (760 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:21:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Horror
7.8 2024 88 mins
Aku Jati, Aku Asperger
Ben-Hur Ben Hur
5.7

Ben-Hur (2016) Ben Hur ရောမခေတ် ဂျူးလိယက်ဆီဇာ ဂျေရုစလင်နဲ့ ဂျူး အာရပ် စတဲ့ဇာတ်ကောင်တွေကို အခြေပြုလို့ ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကို ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇဝင်ကားကြီးတွေရဲ့ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးထားပြီး Rating တွေ မကောင်းလှပေမယ့် သူ့ဟာနဲ့သူကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ လူသားတွေရဲ့ အတ္တ မာန အာဃာတ တွေကြောင့် ဒီကမ္ဘာကြီးပေါ်မှာ ဘုရားတွေပေါ်လာပြီး ကယ်တင်ခြင်းခံရတယ်လို့ ခံစားမိစေမှာပါ။

Drama • Crime
5.7 2016 125 mins
Ben-Hur Ben Hur
A Boy Who Went to Heaven
6.5

A Boy Who Went to Heaven (2005) *************************************** CM ပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy,Romance ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Cast တွေအနေနဲ့ Decision to leave, Eungyo, War of the arrows စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသားကြီး Park Hae Il နဲ့ Sky Castle ထဲက မင်းသမီးကြီး Yum Jung Ah တို့ အဓိကပါဝင်သရုပ်ဆာင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ******************* “ငါတို့ နယ်မို ကြီးလာရင် ဘာဖြစ်ချင်လဲ… အဆိုတော်လား ရုပ်ရှင်သရုပ်ဆောင်လား” “ကျွန်တော်ကတော့ Single Mother တစ်ယောက်နဲ့ လက်ထပ်ချင်တယ်” နယ်မြို့လေး တစ်မြို့က Single Mother တစ်ယောက်ရဲ့ သားဖြစ်သူ ၁၃နှစ်အရွယ် နယ်မို ဆိုတဲ့ကောင်လေးဟာ အမေဆုံးသွားပြီးနောက် သူ့အမေရဲ့ဆိုင်နေရာကို ဆိုးလ်ကနေပြောင်း‌‌လာတဲ့ Single Mother ဖြစ်သူ ဘူဂျာ ကို ချစ်မိပြီး တစ်နေ့ ဘူဂျာတို့ သားအမိနဲ့အတူ ရုပ်ရှင်သွားကြည့်ရင်း ရုပ်ရုပ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နယ်မို တစ်ယောက် သေဆုံးပြီး ကောင်းကင်ဘုံကို ရောက်သွားခဲ့တယ် အသက် ၉၃ နှစ်အထိ နေရမဲ့ နယ်မို ကို ၁၃ နှစ် အရွယ်မှာ မှားခေါ်ခဲ့မိတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တစ်ရက်ကို တစ်နှစ်အဖြစ်နဲ့ လူ့ပြည်မှာ ရက် ၈၀ ပြန်နေထိုင်ခွင့် ပေးခဲ့တယ်။ ဒီလိုနဲ့ လူ့ပြည် ပြန်ရောက်လာတဲ့ နယ်မို တစ်ယောက် သူချစ်ခဲ့ရတဲ့ ဘူဂျာတို့ သားအမိကို စောင့်ရှောက်ရင်း နေထိုင်ခဲ့ပေမဲ့ ရက် ၈၀ ပြည့်ရင် သေဆုံးရ‌တော့မဲ့ နယ်မိုရဲ့ အချစ်ဇာတ်လမ်းလေးက လှပနိုင်ပါ့မလား…ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ Hsu က ရေးသားထားပါတယ်) File Size – 2.57 GB/ 1.13 GB Quality – WEB-DL 1080p/ 720p Duration – 1h 54m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Hsu Encoded by – Treasure Htet

6.5 2005 114 mins
A Boy Who Went to Heaven
The 100 Year-Old Man Who Climbed Out the Window and Disappeared
7.1

The 100 Year-Old Man Who Climbed Out the Window and Disappeared (2013) Original title: Hundraåringen som klev ut genom fönstret och försvann IMDb Rating (7.0) / Rotten Tomatoes (68%) ကဲ…မိတ်ဆွေတို့ရေ….. ဒီတစ်ခေါက်ကတော့ အသက် ၁၀၀ ကျော် အဘိုးကြီးတစ်ယောက်ရဲ့ စွန့်စားခန်းလေးအကြောင်းကို ပြောပြသွားပါ့မယ်.. သူ့နာမည်က အယ်လန်ကာလ်ဆန် တဲ့….. ရုပ်ရှင်နာမည်အတိုင်းပဲ အသက်၁၀၀ကျော် အဘိုးကြီးတစ်ယောက် ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ကျော်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့ အကြောင်းပါ။ ကိုယ့်လူတို့ကတော့ တွေးနေကြမှာပဲ…”ဟ..ပြတင်းပေါက်က ကျော်ထွက်တာများ အဆန်းလုပ်လို့ကွာ” လို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ်..ကျွန်တော်တို့လို လူငယ်တွေအတွက်ကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက် ၁၀၀ ကျော်ဖြစ်တဲ့ အဘိုးအိုတစ်ယောက်အတွက်ကတော့ မဟာ့မဟာ စွန့်စားခန်းကြီးပါ။ ဟုတ်ကဲ့…အဲ့ထက်ဆန်းတာ ရှိပါသေးတယ်။ သူထွက်ပြေးတဲ့နေ့က သူ့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပါ။ သူ့မှာ အလွန်ကို စိတ်တွေလှောင်ပိတ်နေလို့ ထွက်ပြေးရတဲ့အထိ ဖြစ်သွားတာပါ။ သူဟာ Autism တစ်ယောက်ပါ။ သူ့ဘဝမှာ ဖောက်ခွဲရတာကလွဲလို့ ကျန်တာတွေ ခေါင်းထဲမဝင်ခဲ့သူတစ်ဦးပေါ့…. ဒီရုပ်ရှင်ဟာ ဆွီဒင် စာရေးဆရာ Jonas Jonasson ရဲ့ နိုင်ငံရေးနောက်ခံ ဟာသဝတ္ထုကြီးကို အသက်သွင်းထားတဲ့ ဆွီဒင်စကားပြော Dark Comedy ရုပ်ရှင်ကားဖြစ်ပါတယ်။ အယ်လန့်ကြောင့် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါသေးတယ်။ ရထားမဆိုက်တော့တဲ့ ဘူတာရုံမှာ စတည်းချနေတဲ့ ဘိုးတော်တစ်ယောက်၊ အမြဲတမ်း တလွဲတွေပဲ ကောက်ချက်ချနေတတ်တဲ့ စုံထောက်တစ်ယောက်၊ စော်ကြောင်ချင်တာနဲ့ ရှိသမျှပညာ ငါတတ် ဆိုတဲ့ တတ်ယောင်ကားတစ်ယောက်၊ မိန်းကလေးတန်မဲ့ ဇိုးဇိုးဇက်ဇက် လုပ်တတ်တဲ့ ချာတိတ်မတစ်ယောက်၊ ငကြောင်တွေချည်း ဖွဲ့ထားတဲ့ စက်ဘီးလမ်းသရဲဂိုဏ်းရယ်.. လူပေါင်းမှားမိတဲ့ အကောင်ကြီးတစ်ကောင်တို့— အသက် ၁၀၀ ကျော် ဘိုးတော်အယ်လန်နဲ့ ဆုံမိကြတဲ့ အခါမှာတော့…..။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကြီး အယ်လန့်ရဲ့ဘဝကို ပဲ့ကိုင်ပေးခဲ့တာက သူ့မိခင်ရဲ့ တစ်ခုတည်းသော အမှာစကားလေးပါ… “အသေချာဆုံးတစ်ခုကတော့.. အရာရာတိုင်းဟာ သူ့ဟာနဲ့သူ ရှိနေမှာပဲ… နောက်ပြီး သူတို့ဖြစ်ရမယ့်အတိုင်း ဖြစ်ကိုဖြစ်ကြမှာပဲ… ” နောက်တစ်ခု ရှိသေးတယ်…အယ်လန်ပြောပြတဲ့တစ်ခု.. “ကျုပ်ဘဝတစ်လျှောက်လုံး ကျုပ်နဲ့ ဆုံမိတဲ့သူမှန်သမျှ အော်သွားရတာချည်းပဲတဲ့”…… ကဲ..မိတ်ဆွေတို့လည်း အယ်လန်ကြီးနဲ့ တွေ့ပြီး အော်လိုက်ကြပါဦး..အဲလေ… ရယ်လိုက်ကြပါဦးလို့……

Horror • Adventure
7.1 2013 115 mins
The 100 Year-Old Man Who Climbed Out the Window and Disappeared
Oh Bhama Ayyo Rama
6.4

Oh Bhama Ayyo Rama (2025) “အနာဂတ်ကိုဖန်တီးတဲ့ချစ်ခြင်း” ဒီတစ်ခေါက်မှာ မိသားစု၊ဟာသ၊ရသ ပေးနိုင်တဲ့ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ဆောင်မင်းသား ရမ် သူ့အမေနှင့်နှစ်ယောက်တည်းနေထိုင်ကြပြီး အမေဖြစ်သူ အလုပ်အလွန်အကျွံလုပ်သောကြောင့် ရုတ်တရက်သေဆုံးခဲ့ရပါတယ် ။ သူ့အမေကိုသာ ဘဝတစ်ခုလုံးဟုမှတ်ယူထားသော ရမ်ရဲ့ဘဝ ရည်မှန်းချက်တွေပျက်စီးခဲ့ရပါတယ်။ နောက်မကြာခင်မှာ သူ့အမေဖြစ်စေချင်တဲ့ ရည်မှန်းချက်တွေနောက်လိုက်ရင်း ရုပ်ရှင်တွေကိုမုန်းတီးတဲ့ရမ်တစ်ယောက် ရုပ်ရှင်ရူးသွပ်သူဆတ်တယာဘာမာနဲ့တွေ့ဆုံခဲ့ပြီး ပျော်ရွှင်မှုတွေပြန်လည်စတင်ပေါ်ပေါက်လာပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ရမ်ရဲ့အတိတ်က အချစ်ရေးဒဏ်တွေ မိခင်ဆုံးရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ရမ် ကောင်းစွာမပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဒါတွေကို ရမ် ဆတ်တယာဘာမာနဲ့အတူ ဘယ်လိုတွေကျော်ဖြတ်ကြမလဲ။ ရုပ်ရှင်မုန်းတီးသူ ရမ်တစ်ယောက် သူ့အမေဖြစ်စေချင်တဲ့ အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ရော ဖြစ်လာနိုင်မလား။ အတိတ်ကဒဏ်ရာတွေကိုရော ရမ်ဘယ်လိုကုစားပြီး ပျော်ရွှင်စွာနေထိုင်သွားမလဲဆိုတာ ကြည့်ရှုပေးပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Crime • Drama • Thriller
6.4 2025
Oh Bhama Ayyo Rama