YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Parallel World E05 1080p WEB-DL CM.mp4

588.99 MB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Yin Yang Crossover Man

CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာ ထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။ ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။ လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့ အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။ ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကို လိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ...... ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား...... ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

Crime • Drama
0 2023 81 mins
The Yin Yang Crossover Man
[18+] Suki
3

အက်ဘာဆိုတာ အဖော်အချွတ်ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖော်ချွတ်ကချေသည်မလေးတစ်ယောက်။ တစ်ချိန်က သူ့အရင် လျှမ်းလျှမ်းတောက်ခဲ့ဖူးတဲ့ မာဂါ ဆိုတဲ့စီနီယာတစ်ယောက်ရှိပေမယ့် လှလွန်းတဲ့ အက်ဘာရောက်လာချိန်မှာ မာဂါကျဆုံးချိန်ရောက်လာခဲ့တယ်။ အက်ဘာက အမှုမထားပေမယ့် မာဂါကတော့ သူ့ကိုအသေအလဲလိုက်ပြိုင်တယ်။ အလုပ်ကိစ္စတင်မက အက်ဘာကြွေနေတဲ့ ဂေးဘားတစ်ခုက အဖော်အချွတ်ကောင်လေး ဖြစ်တဲ့ အဒန်ကိုပါ မရမက အတင်းလိုက်ကပ်တယ်။ ဒီလိုနဲ့ အဒန်ဘက်က အက်ဘာကိုမေတ္တာတုန့်ပြန်ပြီးတော့ အတူတူနေဖို့ဆုံးဖြတ်ချက်လိုက်ချိန်မှာ ရိုးရှင်းတဲ့သူတို့ဘဝတွေထဲ အချစ် အလွမ်းတွေ၊ ဝန်တိုမနာလိုမှုတွေနဲ့ မုန်တိုင်းထန်ဂယက်ထဖို့ဖြစ်လာပါတော့တယ်။ ခန္ဓာကိုယ်ကို ရင်းနှီးလုပ်ကိုင်နေတဲ့သူအချင်းချင်း သံယောဇဉ်တွယ်ငြိ ချစ်မိသွားတယ်ဆိုတာ ငြိတွယ်ခံရသူရော ငြိတွယ်သူအတွက်ပါ နှစ်ဖက်လုံးအတွက် ကောင်းစရာမရှိနိုင်လို့ပါပဲ။ ညပျော်လေးတွေနဲ့ သူတို့ဘဝကိုနောက်ခံထားတဲ့အတွက် အဖော်အချွတ်နဲ့လိင်ဆက်ဆံခန်းတွေတစ်ကားလုံးနီးပါးမနားတမ်းပါဝင်ပါတယ်။ Pamasahe တစ်ကားတည်းနဲ့ ပရိသတ်ရင်ထဲကိုရောက်လာတဲ့ Azi Acosta ကို Stripper တစ်ယောက်အနေနဲ့ တစ်ဝကြီးရှုမြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 980MB Quality - 1080p, 720p Format - mp4 Duration - 1H 51Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Crime • Romance
3 2023
[18+] Suki
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
Naane Varuvean
6.6

6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ... အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ် နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ... သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.... ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို ဒါနုရှ်ပရိတ်သတ်ကြီးက ရင်တမမနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦး... File size…1.5GB / 700MB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HayMan & Poe & OeliuJ

Comedy
6.6 2022 122 mins
Naane Varuvean
The Kingdom
6.7

IMDb Rating -  7.0/10 Rating ကောင်းကောင်း Cast ကောင်းကောင်းတွေပါ၀င်တဲ့ ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ Jamie Foxx, Jennifer Garner,Jason Bateman တို့ ဦးဆောင် ပါ၀င်ထားပြီး 1996 က ဆော်ဒီအာရေဗီယဗုံးခွဲမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။ ဆော်ဒီဆိုတာ ရေနံလောင်စာနဲ့ ချမ်းသာ လာတဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံဖြစ်ပြီး အနောက်ကမ္ဘာက အမေရိကန်တို့အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာပါတယ်။ ပထမဆုံး အာရပ်- အမေရိကန် ရေနံကုမ္ပဏိကို တည်ထောင်ခဲ့ပြီး အမေရိကန်က လုပ်သားမိသားစုတွေလည်း ဆော်ဒီကိုပြောင်းလာကြ ပါတယ်။ သူတို့နေထိုင်ဖို့အတွက်သီးခြားရပ်ကွက်လေးတစ်ခုဖန်တီးခဲ့ပြီး အဲ့ဒီကနေ ပြဿနာတွေစဖြစ်လာပါတယ် ။ ဆော်ဒီဘုရင့်နိုင်ငံရေးမှာ အနောက် ကမ္ဘာရဲ့ကြိုးကိုင်မှုကိုမကြိုက်တဲ့ ဝါဟာဘီမူဆလင်တွေဟာ အစွန်းရောက်စစ်သွေးကြွတွေပေါ်လာခဲ့ပြီး အဲ့ထဲမှာမှ အိုစမာဘင်လာဒင် တို့လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီလိုတင်းမာမှုအကြားက အမေရိကန်ရပ်၀န်းကို ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး အက်ဖီအိုင်အေးဂျင့် ဖလာရီတို့ဦးဆောင်တဲ့အဖွဲ့က ဆော်ဒီကို လာရောက်ဖြေရှင်းတဲ့ ဇာတ်လမ်းကောင်း မှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.0 GB) / (627 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Thriller Translator.......Thiha Yan Naing Encoder..........SWM

Action • Crime • Drama
6.7 2007 110 mins
The Kingdom
Laruan
5

ကမီးလ်ဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူဟာထက်မြက်တဲ့မိန်းမဖြစ်ကြောင်း ဖေစ့်ဘုတ်ပေါ်မှာ ပုံတွေတင်စာတွေမရေးဘဲ ယောက်ျားနှစ်ယောက်ကို နဖားကြိုးထိုးထားပြီးတော့ လက်တွေ့သက်သေပြသူဖြစ်ပါတယ်။ ကမီးလ်အလုပ်က အိမ်တွင်းအလှဆင်လုပ်ငန်းဖြစ်ပြီးတော့ လုပ်ငန်းမှာ သူ့ငယ်ချစ်ဦးဂျော့ဖ်ကိုလက်ထောက်အဖြစ်ခန့်ထားသလို၊ သူ့ထက်အသက်နှစ်ဆကြီးတဲ့ နာမည်ကျော်ပန်းချီဆရာကြီးတစ်ယောက်ကို ရအောင်ယူထားပြီး အဲဒီပန်းချီတွေကို လုပ်ငန်းထဲမှာထည့်ရောင်းပြီး အသုံးချတတ်ပါတယ်။ ဒီလိုပဲ အားလပ်ရက်တွေမှာ ဂျော့ဖ်ကို ကောင်မလေးတစ်ယောက်ယောက်နဲ့အတူ အိမ်ကိုလာခိုင်းပြီးတော့ ခင်ပွန်းနဲ့ဂျော့ဖ်ခေါ်လာတဲ့ ကောင်မလေးတို့ကိုပစ်ထားပြီး အလုပ်ခန်းထဲမှာ နှစ်ဦးသားကြိတ်ပုန်းတွယ်လေ့ရှိပါတယ်။ စကားနည်းပြီး လူတွေနဲ့အဆက်အဆံသိပ်မရှိတဲ့ သူ့ခင်ပွန်းသည်အဘိုးကြီးဟာ ဒါတွေကိုရိပ်မိသလို မရိပ်မိသလိုအနေအထားပေမယ့် ဘာမှပြောလေ့မရှိပါဘူး။ အစစအရာရာအဆင်ပြေနေတဲ့ ကမီးလ်အတွက်အခြေအနေတွေဟာ ဂျော့ဖ်ခေါ်လာတဲ့ ပန်းချီကျောင်းသူ မိန်းမလှလေး သီယာရောက်အလာမှာတော့ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဘယ်သူနဲ့မှစကားပြောလေ့မရှိတဲ့ ပန်းချီဆရာအဘိုးကြီးဟာ ဒီကောင်မလေးကိုတော့ အရောတဝင်ပြုံးရယ်လာသလိုမျိုး ငယ်ချစ်ဦးဂျော့ဖ်ကိုယ်တိုင်ပါ သူ့ကိုလျစ်လျူရှုပစ်ပယ်လာ၊ ကောင်မလေးအပေါ်ဂရုစိုက်မှုတွေပုံကျလာချိန်မှာတော့ ထက်မြက်တဲ့ ကမီးလ်တစ်ယောက် မောဟမီးတွေတောက်လောင်ပြီး သူ့ဘဝထဲကယောက်ျားနှစ်ယောက်နဲ့ ဒီမိန်းကလေးကိုခွဲထုတ်ပစ်ဖို့ဆင်ကြံကြံရပါတော့တယ်။ မျက်နှာသစ်မဟုတ်ပေမယ့် ကားရိုက်ကြဲတဲ့ အသစ်ကလေးနှစ်ဦးဖြစ်တဲ့ Franki Russell ကို ကမီးလ်အဖြစ်၊ Ava Mendez ကို ညိုပြာညက် ပန်းချီကျောင်းသူလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama
5 2022 86 mins
Laruan
My Girlfriend is a Serial Killer
5.7

အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ... (အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ဇာတ်ကားကို Nay Lin Thar မှ ပြန်ဆိုပေးထားပါတယ်) Size - 1.6GB, 773MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y

Comedy • Romance • TV Movie
5.7 2019 103 mins
My Girlfriend is a Serial Killer
The New Toy
6

The New Toy (2022) ================ IMDb Rating – 6.0/10 ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားရမှာပါ။ ငွေရှိပေမယ့် နွေးထွေးမှုမရှိ ပျော်စရာမရှိတဲ့ သူဌေးသားအဖတို့နဲ့ ငွေမရှိပေမယ့် ဘဝကို ရိုးရှင်းစွာဖြတ်သန်းကြတဲ့လူတစ်ယောက် အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်သွားအောင် ဘယ်လိုအရာ တွေကို ဘယ်လိုညှိယူကြမလဲဆိုတဲ့ ငွေနဲ့ ပျော်ရွှင်မှုအကြောင်း ပညာပေးထားတဲ့ကားလေးပါပဲ၊ သားအဖတွေကြားက ဖြစ်တတ်တဲ့ လွဲမှားနေမှုလေးတွေကိုလည်း ပါးပါးလေးပုတ်ပြထားပါတယ်။ ဟာသကားဆိုပေမယ့် အတင်းရယ်ရအောင် ကလိထိုးလုပ်ကွက်တွေနဲ့ မဟုတ်ပဲ ခပ်ငေါ့ငေါ့ ခပ်ထေ့ထေ့ ဒိုင်ယာလော့ခ်လေးတွေ သဘာဝကျတဲ့ ရယ်မောစရာအလွဲလေးတွေနဲ့ ပုံဖော်ထားလို့ ခက်ခဲပင်ပန်းနေတဲ့အချိန် တစ်ခဏတာ ဘဝအမောပြေသွားစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 52Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Encoder……….SWM

6 2022 111 mins
The New Toy
Yunxi: Poison Valley Bride
5.7

အဆိပ်တောင်ကြားမှသတို့သမီး အဆိပ်မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ပစ္စည်းဖြစ်တဲ့ နှစ်ထောင်ချီ ကုမုဒြာကြာပန်းက သရဲတောင်ကြားမှာပေါ်ထွက်လာခဲ့ပါတယ် ။ ကုမုဒြာကြာပန်းက အဆိပ်ထောင်ချီ‌ဖြေပေးနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင်ကို မအိုဘဲ လှပတဲ့ရုပ်ရည်ကိုထိန်းသိမ်းပေးပြီးအသက်လည်းရှည်စေနိုင်တယ် ။ အဲလို့ မြင့်မြတ်တဲ့ပစ္စည်းကိုရဖို့အတွက် နိုင်ငံနေရာအနှံ့အပြားက သူရဲကောင်းတွေက သရဲတောင်ကြားကိုလာရောက်ယှဉ်ပြိုင်ပြီး အလုအယက်ဝယ်ယူကြတော့တာပေါ့ ။ ကြာပန်းကိုပြသတဲ့ညမှာပဲ ရုပ်ဆိုးဆိုးအဘွားအိုတစ်ယောက်ရောက်လာပြီး အဲ့ဈေးတန်းမှာရှိနေကြတဲ့ လူတွေအကုန်လုံးနဲ့တိုက်ခိုက်ကြတော့တယ် ။ ထိုအဘွားအိုထွက်သွားပြီးတဲ့နောက် အိမ်ရှေ့စံရဲ့ညီတော် ထန်စုန့်ကလည်းအဲ့နေရာကနေ အသက်လုပြီးပြေးလာခဲ့တယ် ။ ဒါပေမဲ့ သူ့မှာအဆိပ်ကမိလာခဲ့ပြီးပါပြီ။ ကံကောင်းထောက်မစွာနဲ့ အိမ်ရှေ့စံရဲ့အိမ်တော်မှာ မိဖုရားခေါင်ကြီးကချီးမြှင့်ထားတဲ့မင်္ဂလာပွဲကြောင့်ရောက်ရှိနေတဲ့ အဆိပ်မျိုးနွယ်ရဲ့ပါရမီရှင် ဟန်ယွင်ရှီးကရောက်ရှိနေတာကြောင့် ထန်စုန့်ရဲ့အဆိပ်ကိုဖြေနိုင်လိုက်တယ် ။ နောက်တော့ ထန်စုန့်ရဲ့သတင်းစကားအရ သရဲတောင်ကြားသခင်နဲ့သရဲတောင်ကြားရဲ့ မူမမှန်ဖြစ်မှု့တွေ ၊ မသင်္ကာစရာတွေကို ရှာဖွေဖို့အတွက် သရဲတောင်ကြားဆီ သုံးယောက်သားခရီးနှင်ခဲ့ပါတော့တယ် ။ သရဲတောင်ကြားမှာဘာတွေကြုံတွေ့ရမလဲ ၊ ဘယ်လိုအခက်အခဲတွေက သူတို့ကိုစောင့်ကြိုနေမလဲ ? မိဖုရားခေါင်ကြီးကြောင့်လက်ထပ်လိုက်ရပြီး မချစ်ခင်ကြတဲ့ အိမ်ရှေ့စံနဲ့ဟန်ယွင်ရှီးကရော ဒီခရီးမှာဘယ်လိုချစ်ကြိုက်သွားကြမလဲဆိုတာကို ရင်တမမနဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါအုံး ပရိတ်သတ်ကြီး ~

5.7 2019
Yunxi: Poison Valley Bride
Freedomland
5.2

Freedomland (2006) ================ လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်…. ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(2.21 GB) / (977 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….Jo Jo Va Encoder……….SWM

Horror • Thriller
5.2 2006 113 mins
Freedomland
A Chinese Ghost Story 2
7

A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်.. စုစုပေါင်းသုံးကားတိတိရှိပြီး ဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ် နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေး နင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကို ကူးသွားပြီးတဲ့နောက်မှာတော့ နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်.. အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ နင့်ချိုင်ချန်တစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ

7 1990 104 mins
A Chinese Ghost Story 2
[18+] Original Sin: Sex

**************************** ဂယောင်းဟွမ်နဲ့ အွန်းဆော့တိုဟာ နွေရာသီပိတ်ရက်မှာ သူများတွေလို အလည်အပတ်သွားဖို ပိုက်ဆံမတတ်နိုင်တဲ့အတွက် ဂယောင်းဆော့ အချိန်ပိုင်းအလုပ်ရှာလိုရထားတဲ့ ဟိုတယ်လေးမှာပဲ အလုပ်လည်းလုပ်ရင်း အပန်းလည်းဖြေမယ်ဆိုပြီး ခရီးထွက်လာပါတယ် ဒါပေမဲ့ ကံအကြောင်းမလှစွာပဲ အွန်းဆော့က အဲဒီဟိုတယ်ရဲ့ သူဌေးဆီမှာ မုဒိမ်းကျင့်ခံလိုက်ရပါတယ် အကြောင်းစုံကို ဂယောင်းဟွမ်သိသွားတဲ့အခါ ဂယောင်းဟွမ်တစ်ယောက် စိတ်လိုက်မာန်ပါနဲ့ ဟိုတယ်သူဌေးကို သတ်မိသွားပါတော့တယ် နောက်တစ်နေ့မှာပဲ အဲဒီဟိုတယ်ကို ဓာတ်ပုံဆရာတစ်ယောက်နဲ့ ရုရှားမော်ဒယ်‌မလေး အီရီရာတို ဓာတ်ပုံရိုက်ကူးရေးလုပ်ဖို ရောက်လာကြပါတယ် ရုရှားမလေးက ဟိုတယ်သူဌေးရဲ့အလောင်းကို မြင်သွားတဲ့အခါမှာတော့… File Size 988MB Quality : WEB-DL 720p Format…mp4 Duration…01:27:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2016
[18+] Original Sin: Sex
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy