YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Paradox.2017.1080p.BluRay.(CM).mp4

1.84 GB 1080p video/mp4 143 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Waking Karma
2.7

ခါမာဆိုတဲ့ ကောင်မလေးဟာ သူ့မိခင်ဖြစ်သူဆန်နီနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်။ သူတို့သားအမိနှစ် ယောက်ဟာ တစ်စုံတစ်ယောက်လက်ကနေလွတ်အောင် ပုန်းရှောင်ပြီးနေနေရတာပါ။ ပုန်းနေတာလုံပြီထင်ခါမှ တစ်နေ့ကျတော့ သူတို့ကိုလိုက်ဖမ်းနေတဲ့သူဆီကနေ စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာ ပါတော့တယ်။ သူတို့ ဘာကြောင့် ထွက်ပြေးနေရတယ်၊ သူတို့ကိုဘယ်သူက ဘာလို့လိုက်ဖမ်းနေတယ်၊ နောက်ဆုံးမှာ သူတို့ တကယ်ရော လွတ်မြောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ One time watch အနေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.34 GB) / (451 MB) / (271 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Drama
2.7 2023 86 mins
Waking Karma
Alienoid
7.2

ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ် သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲ မင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲ အားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ - Reply 1988 ထဲက Ryu JunYeol - Our Blues ထဲက Kim Woo Bin - 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri နဲ့ - ဘတ်ချောအွန်းလို့ မြန်မာမှာ လူသိများတဲ့ မင်းသားကြီး So Ji Sub တို့ပါဝင်ထားလို့ အာရုံအစိုက်ခံရဆုံးဇာတ်လမ်းပါပဲ အညွှန်း ကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Sci-fi Quality…. 1080p | 720p | 480p File size…2.5GB | 1.3GB | 518MB Format… mp4 Duration…. 2h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Crime • Drama • Mystery
7.2 2022 143 mins
Alienoid
Enchanted
6.8

ဒီကားလေးကတော့ အရင်ကားတွေနဲ့မတူပဲကွဲထွက်အောင်ဖန်တီးထားတဲ့ကားလေးပဲဖြစ်ပါတယ်... ဇာတ်ကားအကြောင်းလေးကိုပြောပြရမယ်ဆိုရင် Animation ကမ္ဘာထဲကမင်းသမီးလေးဟာ သူမရဲ့ ကြင်ယာတော်မင်းသားလေးဆီနန််းတော်ဆီကိုလာတဲ့အချိန်မှာ မင်းသားလေးရဲ့ မိထွေးတော်စုန်းမကြီးကနေပြီးတော့ မင်းသားလေးဆီမရောက်အောင် လူ့ကမ္ဘာရှိရာရေတွင်းကြီးထဲကိုပစ်ချလိုက်ပါတယ်... အဲလိုလူကမ္ဘာရောက်သွားတဲ့ ကာတွန်းကမ္ဘာထဲကမင်းသမီးလေးဟာ အပြင်မှာနဲ့လက်တွေ့မှာဘယ်လိုတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးဟာ Animation အနေနဲ့ကော Movie အနေနဲ့ပါ နှစ်ဖက်အမြင်နဲ့ကြည့်လို့ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... နတ်သမီးပုံပြင်တွေနဲ့ စင်ဒရဲလားကားလေးတွေကိုကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမယ့်ကားလေးလည်းဖြစ်ပါတယ်.... Quality…..BluRay 720p Duration…..01:47:00 Format…Mp4 File Size…(771 MB , 389 MB) Translator......Ei Nge Encoder…..Moe Myint Lwin

Drama • History • War
6.8 2007 107 mins
Enchanted
Bugaw

Bugaw (2023) ဒလောရက်စ်ဟာ သူတို့ရွာမှာ ပြည့်တန်ဆာအဖြစ် အသက်မွေးပြီး သူ့အလုပ်တွေအတွက် ရက်ချိန်းတွေ၊ ဈေးနှုန်းတွေ၊ ဖောက်သည်တွေနဲ့ချိတ်ဆက်တာကနေ အလုပ်လုပ်မယ့်နေရာတွေကိုလိုက်ပို့တာအထိ သူ့ဖခင်ကတာဝန်ယူပါတယ်။ သူရော ဖခင်ဖြစ်သူရော နှစ်ဦးလုံးရဲ့ ရည်မှန်းချက်က အငယ်နှစ်ယောက်ဖြစ်တဲ့ အိုင်းဆက်စ်နဲ့ဂလိုရီယာတို့ကိုပညာတတ်ကြီးဖြစ်ပြီး ဒီဘဝကနေရုန်းထွက်နိုင်ဖို့ပါပဲ။ တစ်နေ့တော့ သူ မလိုက်လျောတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖောက်သည်တစ်ဦးနဲ့ အချင်းများရာကနေ သူတို့ဖခင်သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ့ဖခင်နေရာကို မောင်ငယ် အိုင်းဆက်စ်က တာဝန်ယူလာခဲ့ပြီး တစ်ဖြည်းဖြည်းသိလာရတာတွေကတော့ သူ့ဖခင်ဟာ သူတို့ဝင်ငွေတွေထဲက မနည်းလှတဲ့ ပမာဏတစ်ခုကို နယ်မြေရဲတစ်ယောက်ကိုအချိန်မှန်မှန်ဆက်ကြေးပေးနေခဲ့ရတယ်ဆိုတာပါ။ ငွေအင်အားလူအင်အား ဘာကိုမှမယှဉ်နိုင်တဲ့ မိဘမဲ့ မောင်နှမသုံးယောက်ဟာ ရဲတောင်းဆိုတဲ့အတိုင်း ဆက်လက်ငုံ့ခံ လိုက်နာနေခဲ့ပေမယ့် အဲ့ဒီရဲက တစ်ဖြည်းဖြည်းအတင့်ရဲလာတဲ့အခါမှာတော့... ဒီဘဝကနေ ဘယ်လိုနည်းနဲ့ အလွတ်ရုန်းကြမလဲဆိုတာကိုယ်တိုင်အဖြေရှာလိုက်ကြပါ။ ကြည့်လည်းကြည့်ကောင်းလှသလို မြင်နေတွေ့နေကျမဟုတ်တဲ့ မင်းသမီးအသစ်လေးတွေကိုလည်း ပွဲထုတ်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 690MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Horror • Thriller
0 2023 90 mins
Bugaw
Dragon Blade
5.9

Dragon Blade (2015) =============== IMDb Rating – 5.9/10 ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အား သက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ ထင်မှတ်ရတဲ့အထိပါပဲ။ တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာ ရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုး တတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ် ရပုံလည်း မြင်ရပါဦးမယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင် ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်း မကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ် ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေ ကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီး ချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက် ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်က သားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ် စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။ တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ် ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့ အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။ သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန် ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါ တယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင် နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲ အဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့ တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီ နောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက် လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ … Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ John Cusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကား ထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင် သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.53 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Fantasy Translator…….Arr Khun Winchester Encoder……….Zin Phyo Aung

Thriller • Mystery • TV Movie • Drama
5.9 2015 127 mins
Dragon Blade
Taxi 3
5.8

Taxi 3 (2003) IMdb Rating (5.8) / Rotten Tomatoes (51%) Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။ Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ… ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။ Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။ ၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်… ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။ (Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ )

Action • Crime • Thriller
5.8 2003
Taxi 3
Cherish & Ruelle
6

Cherish and Ruelle(2023) IMDb-6/10 လူငယ်စွန့်စားခန်းတွေကိုသဘောကျတဲ့ ပရိသတ်တို့အကြိုက်တွေ့စေမယ့် movieလေးတစ်ကားဖြစ်တဲ့ Cherish and Ruelleကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ teenage adventure ပီပီ Cherishနဲ့Ruelleဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကfriendshipနဲ့ ရွှတ်နောက်နောက်စွန့်စားခန်းလေးတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်း မိဘတွေကိုယ်တိုင်က မလိုလို့စွန့်ပစ်တာခံရတဲ့ချယ်ရစ်ရှ်အတွက်တော့ သူ့ကိုသမီးရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေရဲ့သူငယ်ချင်းတစ်ဖြစ်လည်း ဒေါ်လေးယူနာဟာ သူ့ရဲ့တစ်ယောက်တည်းသော မိသားစုဝင်ပါပဲ။ အ‌ဒေါ်တစ်ခု တူမတစ်ခုနဲ့ နေခဲ့ရတာဖြစ်ပေမဲ့ ဒေါ်လေးယူနာ မတော်တဆမဖြစ်ခင်အထိတော့ တော်တော်လေး ပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတာပေါ့။ ဒါပေမဲ့ ကံကြမ္မာက အလှည့်မသာလေတော့ အဒေါ်ဖြစ်သူရဲ့မတော်တဆမှုနဲ့အတူ သူတို့အိမ်လေးကို ဆုံးရှုံးလိုက်ရပါတော့တယ်။ အဒေါ်ရဲ့အိမ်ကလေးကို ပြန်ဝယ်ပေးဖို့ ကြိုးစားမယ်လို့ ချယ်ရစ်ရှ်တစ်ယောက် ဆုံးဖြတ်ထားပေမဲ့ သူရှာနိုင်တဲ့ငွေနဲ့ အိမ်တန်ဖိုးက အလှမ်းဝေးလွန်းနေတဲ့အခါ… ခိုးရတာကို စွန့်စားခန်းတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ရူရဲလ်ကလည်း ချယ်ရစ်ရှ်ကိုကူညီမယ်ဆိုပြီး အတူပူးပေါင်းကြံစည်လိုက်မှ psychopathအယ်လီယိုနဲ့ငြိတဲ့အခါမှာတော့ ချယ်ရစ်ရှ်နဲ့ရူရဲလ်တို့ ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~KKKZ~Deeတို့ပဲဖြစ်ပါတယ်)

6 2023
Cherish & Ruelle
Okka Kshanam
7

Okka Kshanam (2017) နှစ်ကြိမ်ဖြစ်တော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ရဲ့။ သုံးလေးကြိမ်မက အားလုံးတူညီနေတော့ တိုက်ဆိုင်မှုထက် ပိုသွားပြီ။ ဥပမာ ပြောရရင် လင်ကွန်း နဲ့ ကနေဒီ လိုပေါ့ နှစ်တစ်ရာပဲ ကွာပြီး အားလုံးတူနေတာမျိုး။ အဲ့လို တစ်ထပ်တည်းကျ တူနေတာမျိုးကို Parallel Life လို့ ခေါ်တယ်။ ဒီဇာတ်ကားလေးက လင်ကွန်းနဲ့ ကနေဒီတို့ ထပ်တူကျမှုကို ဥပမာယူပြီး ဇာတ်အိမ်တည်းထားတာဆိုတော့ တစ်ယောက်ဖြစ်တာ နောက်တစ်ယောက်ဖြစ်ရတော့မယ်။ ဇာတ်လမ်းထဲမှာ ဂျီဗာနဲ့ ဂျို တို့အတွဲရယ်၊ ဂျိုတို့ အိမ်ရှေ့က ရှီနီဗာ နဲ့ ဆွာတီတို့ အတွဲရယ်။ Parallel Life ကျတဲ့ အတွဲနှစ်တွဲပေါ့။ ရှီနီဗာနဲ့ ဆွာတီတို့ကို အိမ်ထောင်ရေး အဆင်မပြေသူများအဖြစ်ပုံဖော်ထားပြီး၊ သူတို့အတွဲ ဖြစ်ပျက်သမျှ ဂျီဗာနဲ့ ဂျို ဖြစ်လာတယ်။ Parallel life ဖြစ်နေတယ်ဆိုတာ သိရတော့ ဂျီဗာနဲ့ ဂျိုတို့အတွဲဟာ သူတို့ရဲ့အနာဂတ်အဖြစ် မြင်နေရတဲ့ ရှီနီဗာနဲ့ ဆွာတီတို့ ဘဝတွေကို ကြည့်ရင်း စိုးရိမ်ကြောက်ရွံ့လာခဲ့ပါတယ်။ ” သူတို့ရဲ့ပစ္စုပ္ပန်က မင်းတို့ရဲ့အနာဂတ်ပဲ ” တဲ့။ မထင်မှတ်ဘဲ ဆွာတီဟာ သေဆုံးခဲ့တယ်။ ဘယ်သူ သတ်တာလဲ? သေကြောင်းကြံတာလား? ဘာကြောင့် သတ်တာလဲ? ဘာကြောင့် ကြံတာလဲ? ဂျိုဟာ သူ့အနာဂတ်ဖြစ်တဲ့ ဆွာတီဆုံးတော့ သူလည်း သေရတော့မှာကို ကြောက်ရွံ့လာတယ်။ ဂျီဗာဟာ အဖြေစရှာပါတော့တယ်။ အဖြေသိမှ ဂျိုကို ကယ်နိုင်မှာ ဖြစ်သလို ကံကြမ္မာကို တားဆီးနိုင်ပါ့မလား? B57 ကားပါကင်ထဲက လူသတ်သမားလား? ခင်ပွန်းဖြစ်သူကပဲ သတ်ပစ်လိုက်တာလား? ဂျိုလည်း ဆွာတီလို ဖြစ်မလား? တားဆီးနိုင်မှာလား? ဖြစ်လာမလား? အဖြေရှာရင်းပဲ တခြားအမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဆေးရုံထဲက ကလေးငါးယောက်ကိစ္စပေါ့။ သူတို့ကံကြမ္မာက ဘာလို့ဒီလို ကံဆိုးခဲ့ရတာလဲ? ။ အစပိုင်းမှာတော့ အချစ်ဇာတ်လမ်းဖြစ်ပြီး အလယ်ကနေ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားလေးပါ။ အချစ်ဇာတ်လမ်း ကြိုက်တဲ့သူတွေရော၊ လျှို့ဝှက်သဲဖို ကြိုက်တဲ့သူတွေရော အကြိုက်တွေ့စေမယ့် ကားလေးပါလို့ ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

Comedy • Drama • Romance • Thriller
7 2017 140 mins
Okka Kshanam
Brighton Rock
5.7

ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့ ၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့ အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီး nomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင် ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံ လိုက်ရပါတယ်။ သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာ ကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိ ဖြစ်သွားတာပါ။ ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေ လက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာ ဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။ သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့ အခါမှာတော့…..။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.7 2010 111 mins
Brighton Rock
Pride
6.3

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ Pride, Determination, Resilience နဲ့ Philadephia Department of Recreation ကို ကိုယ်စားပြုတဲ့ Team PDR ရဲ့ ကြိုးစားအားထုတ်မှုတွေကို အပြည့်အဝမြင်တွေ့ရမှာဖြစ်ပါတယ်။ ” နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားသူတွေရဲ့ဆီမှာ ဂုဏ်သိက္ခာကတော့ အမြဲတမ်း ရှိနေမှာပါ” ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မယ့် စိတ်ခွန်အားဆေးကောင်း တစ်ခွက် ဖြစ်နိုင်စေဖို့အတွက် ဒီဇာတ်လမ်းကလေးကို CM ကနေ ပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက် ပေးလိုက်ပါတယ်။ File size… 1.3 GB / 852 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Family • Animation • Fantasy
6.3 2007 104 mins
Pride
Sardara and Sons
6.5

Sardara and Sons (2023) ဆာဒါရာနှင့်သားများ နေထိုင်တဲ့ပုံစံမတူ အတွေးအမြင်ချင်း မတူကြတဲ့ လူနှစ်ယောက်တောင် တစ်အိမ်တည်း ညှိပြီးနေဖို့ဆိုတာ မလွယ်လှပါဘူး။ ဒီတော့ မိသားစုနှစ်စုဆိုရင်တော့ အခက်အခဲတွေက ပြောဖွယ်ရာမရှိပေါ့။ အခုတင်ဆက်ပေးမှာကတော့ ကနေဒါရောက်သားတော်မောင်ဆီ သွားနေမယ့် ပန်ချာပီအဘိုးကြီးဆာဒါရာနဲ့ သူတို့မိသားစုတွေကြား အလွဲလေးတွေကို ရှုစားရမယ့် family dramaပါ။ သားကြီးကလည်း ကနေဒါနိုင်ငံသားဖြစ် သားငယ်ကလည်း ကနေဒါဗီဇာရပြီဖြစ်လို့ ပန်ချာပီအဘိုးကြီးဆာဒါရာတစ်ယောက် မိန်းမနဲ့ သားငယ်တို့လင်မယားနဲ့အတူ သားကြီးဒါလ်ဂျိရှိရာ ကနေဒါဆီ ရောက်ချလာပါတော့တယ်။ ခေတ်မီတဲ့ ကနေဒါနိုင်ငံမှာနေတဲ့ ချွေးမကြီးကတော့ တောကတက်လာတဲ့ အဘိုးကြီးလင်မယားကိုမကြည်ဖြူလှပေမဲ့အဘိုးကြီးရဲ့ တောကမြေကွက်ကို ရောင်းတဲ့ငွေကို မျက်စိကျပြီး ကြိတ်မှိတ်လက်ခံပေးထားပေမဲ့ တောစရိုက်ယောက္ခမတွေက သူ့မျက်စိထဲကန့်လန့်ခံနေတာပေါ့။ ဒါပေမဲ့ တစ်ယူသန်ဆာဒါရာတို့ကလည်း ကနေဒါနဲ့အညီ ပြောင်းလဲနေထိုင်တာမျိုးမလုပ်ဘဲ တောဓလေ့အတိုင်းပဲဆက်နေနေတော့ ကနေဒါက ဒါလ်ဂျိတို့မိသားစုနဲ့ အဆင်မပြေဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.5 2023
Sardara and Sons
Room 6 At Midnight
5.8

စိတ္တဇဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ လူ ၅ ယောက်ထိုင်နေကြပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်လို့ ထင်ရတဲ့ ချန်ဝေနဲ့ ရွှီမင်၊ စိတ်ကစဉ့်ကလျားဖြစ်နေပုံပေါက်တဲ့ ရန်ကျင့်နဲ့ ရန်ချန် ပြီးတော့ လုံခြုံရေးအစ်ကိုကြီးတစ်ယောက်…… ချန်ဝေနဲ့ ရွှီမင်က ရန်ကျင့်နဲ့ ရန်ချန်တို့ တိုက်ပျက်ကြီးမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သိရဖို့ သီးသန့်အင်တာဗျူးရအောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကျင့်နဲ့ ရန်ချန်တို့ ပြောတဲ့ အကြောင်းအရာက နှစ်မျိုး ကွဲနေပါတယ်။ အဲဒီမှာ ရွှီမင်က သူတို့နှစ်ယောက်လုံး ပြောတာ မဟုတ်ဘူးဆိုပြီး နောက်ထပ်ဇာတ်လမ်းတစ်မျိုးကို ထုတ်ပြောခဲ့ပါတယ်။ သူတို့ပြောတဲ့ ဇာတ်လမ်းမှာ ဘယ်တစ်ခုက အစစ်အမှန်ဖြစ်မလဲ…… တိုက်ပျက်ကြီးထဲက အဖြစ်အပျက်တွေကရော တကယ်ဖြစ်ခဲ့တာလား…… နောက်ဆုံးမှာ ဘယ်သူက တကယ့်အစစ် စိတ်ကျန်းမာရေးကုသမှုတွေ ခံယူဖို့ လိုအပ်နေသလဲ…… ဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်အဖြေထုတ်လိုက်ရအောင်နော်။ သရဲကားမဟုတ်တဲ့ သဲထိတ်ရင်ဖိုကားလေးဖြစ်လို့ သတ္တိခဲတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။

5.8 2024
Room 6 At Midnight
Enjoy Yourself
6

ဒီနေ့မှာတော့ ဇာတ်ကားဆန်းဆန်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဖန်ပြွန်သန္ဓေသားဆိုတာကို ကြားဖူးမှာပါ…မျိုးအောင်ပြီးသား ဖန်ပြွန်သန္ဓေသားကို ဆေးရုံရဲ့ ပိုးသတ်အအေးခန်းထဲမှာ သိမ်းထားတဲ့အချိန်မှာပဲ… သန္ဓေသားပိုင်ရှင်လင်မယားက ယာဉ်မတော်တဆဖြစ်သွားပြီး… ယောက်ျားကသေ မိန်းမက ကုတင်ပေါ်မှာ ကိုမာဝင်သွားတယ်ဆိုရင်…. ဆေးရုံကလည်း သတ်မှတ်သက်တမ်း ၃ နှစ်ပြည့်တာနဲ့ သန္ဓေသားကို ဖျက်စီးမှာတဲ့…. ယောက်ျားလေးရှင်ဖက်က ပိုင်သင့်လား… မိန်းကလေးရှင်ဖက်က ပိုင်သင့်လား… တွေးကြည့်ရင် အဖြေအမျိုးမျိုးထွက်လာတယ်မလား… ဒီစဉ်းစားစရာကိစ္စက ဒီဇာတ်လမ်းလေးကို ဖန်တီးပေးလိုက်ပါပဲ… နှစ်ဖက်မိဘ ညှိနှိုင်းမရတော့လည်း တရားရုံးရင်ဆိုင်ဖို့အထိဖြစ်ခဲ့တာပေါ့… တိုက်ဆိုင်စွာနဲ့ပဲ… ဒီသန္ဓေသားကို တာဝန်ယူ ဖန်တီးပေးခဲ့တဲ့ ဆရာဝန်မနဲ့ ဒီအမှုကို တိုင်ကြားတဲ့ အမျိုးသားရှင်ဖက်က မိဘနှစ်ပါးရဲ့ ရှေ့နေက ၁၀ နှစ်တာ အိမ်ထောင်သက်တမ်းကိုမထောက် ကွာရှင်းဖို့ ကြိုးစားနေတဲ့ လင်မယားတွေတဲ့… ကဲ… ဇာတ်လမ်းအဆုံးမှာ ဒီသန္ဓေသားကို ဘယ်သူပိုင်မှာလဲ… ၁၀ နှစ်တာ အိမ်ထောက်သက်တမ်းကို မငဲ့ကွက်ဘဲ ကွာရှင်းဖို့ထိ စိတ်ပြတ်သားစေခဲ့တဲ့ အကြောင်းအရင်းကရောဘာလဲ… စိတ်ဝင်စားတယ်ဆို CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

6 2024
Enjoy Yourself
247°F

survivalဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုး ကြိုက်နှစ်သက် သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ဖန်တီးသူတွေ နေထိုင်ခဲ့တဲ့ ဂျော်ဂျီယာမှာ တကယ်ဖြစ်ခဲ့လိုပါပဲ။ ဂျန်နာ၊ ရီနေ၊ အီရန်နဲ့ မိုက်ကယ်တို့ သူငယ်ချင်းတစ်စုဟာ အားလပ်ရက်မှာ အပန်းဖြေကြဖို့အတွက် အီရန်ရဲ့ ဦးလေးဖြစ်သူ ဝိတ်ဒ်ရဲ့ သစ်လုံး အိမ်လေးကို ငှားရမ်းခဲ့ကြပါတယ်။ ပွဲတော်ညတစ်ညမှာတော့ သူငယ်ချင်းတစ်ဖွဲ့ ပျော်မြူးနေကြရာကနေ အိမ်ထဲမှာရှိတဲ့ ချွေးထုတ် ခန်းထဲမှာ ပိတ်မိသွားကြပါတော့တယ်။ အစကတော့ အချင်းချင်း စနောက်နေတယ်လို့ ထင်ရာကနေ အခြေအနေအမှန်ကို နားလည် သွားကြတဲ့အခါမှာတော့ အပူချိန်ကိုအံတုပြီး အသက်လုရတဲ့အဖြစ်ကို ကြည့်ရှုရမှာပါ။ ဖြည်းဖြည်းချင်းတက်လာတဲ့ အပူရှိန်ကို ကြံ့ကြံ့ခံရင်း သူတို့သူငယ်ချင်းတွေ ဘယ်လိုထွက်ပေါက်ရှာကြမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ။ ကျဉ်းမြောင်းတဲ့နေရာတစ်ခုမှာ ပိတ်မိပြီး အသက်လု ထွက်လမ်းရှာရတဲ့ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် ကွက်တိဖြစ်မယ့် ဇာတ်လမ်းလေးပါပဲ။ R ratedဖြစ်တာကြောင့် ရိုင်းပြတဲ့ စကားအသုံးအနှုန်းတွေပါဝင်တာကိုတော့ အသိပေးလိုပါတယ်ဗျ။ File size… 815MB Quality…WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

0 2011 88 mins
247°F