YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Pam and Tommy E04 720p (CM).mp4

379.02 MB N/A video/mp4 710 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Silk
6.4

IMDb – 6.4 / Rotten Tomatoes 40 % ခင်ဗျားတို့တစ္ဆေသရဲတွေရှိတယ်ဆိုတာယုံလား အကယ်၍ရှိခဲ့တယ်ဆိုရင် ဘယ်လိုဘယ်ပုံဖြစ်မယ်ထင်လဲ ၂၀၀၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ Silk ဆိုတဲ့ထိုင်ဝမ်သိပ္ပံသရဲရုပ်ရှင်ဟာ ပရလောကကို ရှုထောင့်တစ်ခုကနေရိုက်ပြထားပါတယ်။ ကမ္ဘာ့ဆန့်ကျင်ဆွဲငင်အားကိုတီထွင်နိုင်ဖို့သုတေသနပြုနေတဲ့ ဂျပန်သိပ္ပံပညာရှင်ဟရှိမိုတို တစ်ယောက် မထင်မှတ်ထားဘဲ တစ္ဆေတစ်ကောင်ကိုဖမ်းမိခဲ့ရာက ဇာတ်လမ်းအစပြုပါတယ်။ဟရှိမိုတိုတီထွင်ထားတဲ့ မန်ဂျာတုံး(Manger Sponge)ဟာလျှပ်စစ်သံလိုက်လှိုင်းအလျားများစွာကိုဖမ်းယူနိုင်ပြီး ၃၁ဘုံမှ မမြင်အပ်သော ပြိတ္တာဘုံမှတစ္ဆေများကိုပါထိုးထွင်းမြင်နိုင်တယ်။ ဟရှိမိုတို၏အလိုအရတော့တစ္ဆေဆိုသည်မှာစွမ်းအင်ပုံစံတစ်မျိုးဖြစ်တယ်။ အမှုန်အမွှားအရွယ်အစားမန်ဂျာတုံးလေးများကိုစပရေးဖြန်း သလိုမျက်လုံးကိုဖြန်းလိုက်လျှင်သရဲတစ္ဆေများမြင်နိုင်သောတာတေ၏မျက်ကွင်းဆေးကဲ့သို့အလုပ်လုပ်ပါတယ်။ ဟရှိမိုတို၏အဖွဲ့သည်နိုင်ငံတကာမှသိပ္ပံပညာရှင်များဖြင့်ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပြီး ၄နှစ်အကြာ တစ္ဆေတစ်ကောင်အားဖမ်းမိသောအချိန်၌ သဘောထားကွဲလွဲမှုများဖြစ်ကြသည်။ ပရလောကကိုသိပ္ပံ၏ကျိုးကြောင်းဆက်သွယ်မှုအမြင်ဖြင့် လက်ခံရှုမြင်ကြည့်သော၊ ခေါင်းမာသော ဟရှိမိုတိုသည်အဆိုပါတစ္ဆေ၏အဆုံးမရှိသောစွမ်းအင်ရင်းမြစ်ကို ရှာချင်သည်။ အခြားအဖွဲ့ဝင်များမှာအဆိုပါသဘောထားကိုသိပ်လက်မခံချင်ကြပေ။ ဖမ်းမိထားသော တစ္ဆေ၏ နောက်ကြောင်းရာဇဝင်များကိုဖော်ထုတ်ရင်း အမှတ်မထင်သောအလှည့်ပြောင်းများ ဖြစ်ကာ အဖွဲ့ဝင်များ၏အသက်အန္တရာယ်များကိုပါ ထိပါးလာခဲ့တယ်။ဇာတ်ခုံကန့်လန့်ကာကို ဆွဲလှန်ကြည့်ရင်း မထင်မှတ်ထားသည်များကိုတွေ့ရှိ၊မရည်ရွယ်သည်များဖြစ်ပွားကာ၊ ဝှက်သယ်ဖက်မိုးမန့်များအား ခံစားနိုင်ကြပါစေခင်ဗျာ။ File size…1.43 GB / 569.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Horror , Mystery , Sif-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Mystery • Drama • Adventure
6.4 2006
Silk
The Poughkeepsie Tapes
6

Serial Killer Documentry တွေ True event တွေအခြေခံရိုက်ထားတဲ့ ရုပ်ရှင်တွေမှအသည်းစွဲတွေအတွက် 2007 ခုနှစ်ကထွက်ထားတဲ့ သက်ငယ်မုဒိန်းကောင်ကွင်းဆက်လူသတ်သမား အက်ဒ်ဝပ်ကာဗာရဲ့ သရုပ်မှန်မဖော်ပဲ လူသတ်ကျူးလွန်ပုံတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ကြည့်ရမှာပါ။ The Poughkeepsie Tapes လို့နာမည်ပေးထားတဲ့အကြောင်းက ဒီလူသတ်သမားက သူအမှုတစ်ခုကျူးလွန်တိုင်း ကျူးလွန်ရင်း ကင်မရာထောင်ပြီး ရိုက်ထားတာ တိတ်ခွေပေါင်း ၈၀၀ ကျော်ထိရှိလို့ပါ။ သူ့ကို တစ်မူထူးခြားစေတာက သူ့ရဲ့ဉာဏ်ရည်ပါ၊ တခြားကောင်တွေလို လိုက်ဖမ်းတာနဲ့မိ မဟုတ်ဘဲ၊ အာဏာပိုင်တွေ မစဉ်းစားနိုင်လောက်တဲ့ထိ လေးငါးကွက်လောက်ကျော်တွေးပြီး လက်ညှိုးလေးပေါ်တင်ပြီး ဆော့သွားနိုင်တာပါပဲ။ ဒါပေမဲ့လည်း လူယုတ်မာဟာ လူယုတ်မာဖြစ်တဲ့ အလျောက် ဉာဏ်ကောင်းလည်း ကျီးကန်းက ဒေါင်းဖြစ်မလာပါဘူး ။ ပထမဆုံးအမှုမှာ တင် ၈နှစ်အရွယ်ကလေးမလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့ရကနေစခဲ့ပါတယ် ၊ နောက်ပိုင်းတော့ ပိုဆိုး ပိုအကျည်းတန်၊အနိဌာရုံ ဆန်တဲ့လုပ်ရပ်တွေထပ်ကျုးလွန်ခဲ့ပါတယ် ၊ သူ့ရဲ့ရက်စက်မှုတွေကို သေချာ ပြထားတဲ့ ကားမို့လို့ အမှုအခင်းတွေကြိုက်တတ်တဲ့ဖန်ဆို ပိတ်နေတဲ့ တံခါးချပ်သေးလေးတစ်ခုပွင့်သွားသလို “အိုး ဒီလိုမျိုးလည်းရှိပါသေးလား”ဆိုတဲ့ feeling မျိုးလေးရစေမှာပါ နေ့ရက်တိုင်းက အရမ်းကိုလှပပြီး စိတ်ချမ်းသာစရာတွေအပြည့်နဲ့ဖြစ်နေရင် ဒီကားလေးသာကြည့်ကြည့်လိုက်ပါ ၊ တစ်နာရီ ကျော်စာလောက် စိတ်ပင်ပန်းပြီး ဘဝအမောတွေတိုးသွားလည်း မနည်းပါဘူး ။ File size…(3.3 GB)/(2.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre…Hrror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

6 2007
The Poughkeepsie Tapes
The Case of the Four Demon Coffins
5.8

ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တို့အတွက် သဲထိတ်ရင်ဖို မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ် ဝေးလံလှတဲ့ မြို့ငယ်လေးတစ်ခုမှာ ဖြစ်ပါတယ်။ မြို့က လူဆိုးထိန်း စန်းကိန်းနှင့် ချီးရှီတို့ဟာ အမိန့်အရ လူသတ်မှုတွေကို လိုက်လံစုံစမ်းရာ သံသယဖြစ်စရာ ကွင်းဆက် လူသတ်မှုကို စုံစမ်းမိသွားပါတယ်။ အမှုတွေမှ တစ်ဆင့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရန်ငြိုးဟောင်းတွေလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အမှုကို အဆင့်ဆင့် လိုက်လံစုံစမ်းနေပေမဲ့ အမှုတွေက ပိုပြီးတော့ ထူးဆန်းလာနေပါတယ်။ အမြဲတမ်းတည်ငြိမ်အေးချမ်းတဲ့ မြို့လေးမှာ အခုတော့ နတ်တွေ သရဲတွေနဲ့ ရှုပ်ထွေးနေတဲ့ အနံ့အသက်တွေနဲ့ ဖုံးလွမ်းနေပါတော့တယ်။ စန်းကိန်းတို့တစ်တွေ လူသတ်မှုရဲ့ တရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား…… တရားခံကရော ဘယ်လိုအကြောင်းကြောင့် လူသတ်နေရတာလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2023
The Case of the Four Demon Coffins
The Importance of Being Earnest
6.8

ဒီတစ်ခါမှာဝောာ့ 2002ခုနစ်က ထွက်ရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဂျက်ဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းက မွေးစားခံလိုက်ရတဲ့ လူတစ်ယောက်ဖြစ်ပြီး ဆယ်စလီလို့ခေါ်တဲ့သူကို အုပ်ထိန်းသူအနေနဲ့ ထိန်းကျောင်းပေးရသူလည်းဖြစ်ပါတယ်။ သူတို့ဟာ နယ်မှာ နေထိုင်ကြတဲ့သူတွေဖြစ်ပြီး ဂျက်ဟာ မြို့ပေါ်ကို သွားချင်တိုင်း သွားလို့ရအောင် သူ့မှာ အန်းနက်လို့ခေါ်တဲ့ ညီရှိပါတယ်ဆိုပြီး လုပ်ဇာတ်ခင်းထားပါတယ် သူဟာ မြို့ပေါ်မှာ အန်းနက် အနေနဲ့ ပျော်ပါးပြီး နယ်မှာတော့ ဂျက်ဆိုတဲ့ နာမည်နဲ့ ဘဝနှစ်ခုကို‌ နေနေခဲ့တာပါ ဒါကို သူ့သူငယ်ချင်း အလ်ဂျီက သိရှိသွားခဲ့ပြီး အကြွေးနွံ့နစ်နေသူမို့ အနေအစားချောင်အောင် အန်းနက်ဆိုတဲ့ နေရာကို ဝင်ယူကာ နယ်မှာသွားနေပါတော့တယ် ဒီလိုနဲ့ အန်းနက်ဆိုတဲ့ နာမည် တစ်လုံးနဲ့ သူတိူ့နှစ်ယောက် ချစ်သူတွေ ရတဲ့အခါ ဘာဆက်လုပ်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.8 2002
The Importance of Being Earnest
Night of the Demons
6.1

Night of the Demons (1988) ==================== IMDb Rating – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက Trilogy အလိုက် ထွက်ရှိခဲ့တဲ့ သရဲကားလေး တစ်ကား တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟောလိုဝင်းညလေးတစ် ညမှာ အတွဲနှစ်တွဲရယ်၊ သူငယ်ချင်း ၃ ယောက်ရယ်၊ နှာဘူးပြီး ပါလာ တဲ့ကောင်တစ်ကောင်ရယ်တို့က အူကြောင်ကြောင်မ ၂ ယောက်လုပ် တဲ့ ပါတီပွဲကို သွားကြရာကနေ ဇာတ်လမ်းစပါတယ်။ သူတို့ ပါတီဆိုတာ တခြားနေရာမဟုတ်ပဲ ရှေးခေတ်အဆက်ဆက်က တည်းက လူသေအလောင်းများကို အလှဆင် မြုပ်နှံသဂြိုလ်ပေးခဲ့တဲ့ ရှေးဟောင်းအိမ်ပျက်ကြီးတစ်ခု ဖြစ်ပြီး ဖုန်းဆိုးမြေတစ်ခုလို နေရာကြီး ပေါ့လေ။ အဲဒါကို အုပ်စုလိုက် မှန်တစ်ချပ်ကို အသုံးပြုပြီး သရဲခေါ်ကြ ရာကနေ မကောင်းဆိုးဝါး စွမ်းအင်တစ်ခုကို သွားနိုးလိုက်သလို ဖြစ်ပြီး ကြောက်မက်ဖွယ်အရာတွေ နိုးထလာတဲ့အခါမှာတော့….။ ၁၉၈၀ ကာ လကျော် သရဲကားတွေဆိုတော့ ကိုယ်လုံးတီးတချို့နဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့် ရှုရန်မသင့်တော်ဘူးဆိုတာကိုလည်း သတိပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.5 GB) / (539 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Horror Translator…….Thura Aung Encoder……….SWM

6.1 1988
Night of the Demons
Tiger House
5.1

ကဲ အခုတစ်ခါတော့ ပရိတ်သတ်ကြီး အတွက် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားလေးကတော့ မမျှော်လင့်ထားတဲ့ နေရာကိုရောက်သွားပြီးတော့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို သည်းထိတ်ရင်ဖိုအသားပေး ရိုက်ကူးထားတာဖြစ်ပါတယ် မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ ” အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ ” ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ တစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှ သူ့ရည်းစားနဲ့ မတွေ့ဘဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော….။

5.1 2015 80 mins
Tiger House
Secret Passion aka Taynoe vlechenie
5.3

Taynoe Vlechenie (2023) CM ပရိသတ်ကြီးအတွက် ရုရှားစကားပြော ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် Veta ဆိုတဲ့ ကောင်မလေးက တစ်ခုခုအသိအမှတ်ပြုခံရဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ် သရုပ်ဆောင်သင်တန်းမှာ ဆရာသဘောကျတဲ့လူ မဟုတ်ပေမယ့်လည်း ဇွဲတော့မလျှော့ပါဘူး ဘာကိုမှ အလေးအနက်မထားတဲ့လူတွေကြားမှာ အိပ်မက်တစ်ခုကို ယုံယုံကြည်ကြည်ဆက်မက်နေတဲ့သူ သူ့ဘဝအတွက် ပြဇာတ်ရုံက အိပ်မက်ပါပဲ တစ်နေ့မှာ ပိုလန်ကလာတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အမှတ်မထင် ခင်မင်ခဲ့ပြီး သူလိုချင်တာကို ပြောပြတဲ့အခါမှာတော့ … ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အဖော်အချွတ်အနည်းငယ် ပါတဲ့အကြောင်းတော့ ကြိုတင်သတိပေးပါရစေ အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပါ

Horror
5.3 2023
Secret Passion aka Taynoe vlechenie
Curse of the Sin Eater
5

ပိုက်ဆံတစ်ပြားမှမရှိဘဲ မွဲတေနေတဲ့အချိန်မှာ သူဌေးကြီးတစ်ယောက်က သူသေသွားတဲ့အချိန်မှာ သူ့အလောင်းပေါ်က စားစရာတွေကိုစားရင် တစ်သက်သုံးမကုန်တဲ့ပိုင်ဆိုင်မှုတွေအားလုံးပေးမယ်လို့ကမ်းလှမ်းလာရင် လက်ခံကြပါ့မလား။လက်ခံမယ်လို့ဖြေမဲ့လူတွေကများပေမဲ့ Spider Man ဇာတ်ကားထဲကစကားလုံးကိုငှားသုံးရမယ်ဆိုရင် ကြီးမားတဲ့စွမ်းအားတွေအတွက် ကြီးမားတဲ့တာဝန်တွေယူရပါလိမ့်မယ်။ အခုတင်ဆက်ပေးမဲ့ Curse Of The Sin Eater ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကြီးမားတဲ့စည်းစိမ်ဥစ္စာတွေအတွက် ဘယ်လိုမျိုးကြီးမားတဲ့တာဝန်တွေ ယူရမယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ရစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကမွဲတေနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူငယ်ချင်းအိမ်မှာကပ်နေနေ ရပါတယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာပေးခဲ့တော့ သူဌေးကြီးကကြီးမားတဲ့ ကမ်းလှမ်းမှုကြီးကိုကမ်းလှမ်းခဲ့ပြီး တော်တော်စဉ်းစားခဲ့ပြီးနောက်မှာတော့ လက်ခံ လိုက်ပါတော့တယ်။ဒီလိုနဲ့သူ့ဘ၀ကဆင်းရဲသားဘ၀ကနေ နေ့ချင်းညချင်းသူဌေးကြီး ဖြစ်သွားပြီးသုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်း နေချင်သလိုနေလို့ရလာပါတော့တယ်။ ဒါပေမယ့်အဲ့ဒါတွေကရေရှည်မခံပဲ ဇာတ်ကားနာမည်အတိုင်း သူကအပြစ်စားသုံးသူ တစ်ဦးဖြစ်သွားပြီးကျိန်စာသင့်သွားတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ် ကောင်းတဲ့ တာဝန်တွေကိုယူရမလဲဆိုတာကို ထိတ်လန့်စရာကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 779MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance
5 2024 89 mins
Curse of the Sin Eater
Sidelined: The QB and Me
6

Sidelined: The QB and Me (2024) IMDb Rating (6.0) ဒါရိုက်တာ Justin Wu ရိုက်ကူးတင်ဆက်ထားပြီး 2024 ခုနှစ်ထွက် အမေရိကန်ဆယ်ကျော်သက် Romance ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Dallas Bryan ဆိုတဲ့ ကောင်မလေးဟာ အကကျောင်းသူလေးဖြစ်ပြီး သူမရဲ့အိပ်မက်ဟာဆိုရင် သူ့အမေတက်ခဲ့တဲ့ CalArt တက္ကသိုလ်မှာ သင်ယူခွင့်ရဖို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ CalArt တက္ကသိုလ်မှာတက်ဖို့ ရည်မှန်းထားတဲ့ အထက်တန်းနောက်ဆုံးနှစ်မှ ကျောင်းပြောင်းလာတဲ့ အကကျောင်းသူကောင်မလေးနဲ့ အမေရိကန်ဘောလုံးကစားသမား Quarterback ကောင်လေးတို့ရဲ့ လူငယ်အချစ်ဇာတ်လမ်းကားလေးဖြစ်​ပြီး၊ နှလုံးသားရေးရာတင်မက မိဘ၊သူငယ်ချင်း၊မိသားစုကြားက ဆက်ဆံရေးတွေအကြောင်းပါ ဖော်ကျူးတင်ဆက်ထားတာမို့ ကြည့်ရှု့လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Kaung San ဖြစ်ပါတယ်။) File size…(1.3 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:39:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Kaung San

Comedy • Drama
6 2024
Sidelined: The QB and Me
The Path of Totality
5.8

Escape Room လို ဇာတ်ကားမျိုးတွေကို သဘောကျတဲ့ ပရိသတ်တွေကို Thriller ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ စိတ်ပိုင်းဆိုင်ရာ ပိတ်လှောင် ကျဉ်းကြပ်မှုနဲ့အတူ slow burning ဖြစ်တဲ့ ကားတစ်ကားမို့ ဖုန်းဒိုင်းအုံးဂွမ်း Thriller ကားမျိုးတော့ မဟုတ်တာကြောင့် အချို့ ပရိသတ်တွေ အတွက်က ပျင်းရိဖွယ် ကောင်းနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပြောရမယ်ဆိုရင် ဂရေဆင်လီဆိုတဲ့ ကိုးရီးယားနွယ်ဖွား အမေရိကန် လူမျိုးတစ်ယောက်ဟာ အချုပ်ခန်း တစ်ခန်းထဲမှာ သတိလစ်နေရာကနေ နိုးလာ ခဲ့ပါတယ်။ သူ့ကို ထိုင်ခုံနဲ့အတူ လက်ထိပ်ခတ်ထားပြီးတော့ အလုံပိတ် အခန်းထဲမှာ သံစားပွဲတစ်လုံး၊ နံရံကပ် ဒစ်ဂျယ်တယ် နာရီတစ်ခု အပြင် တခြားဘာမှ ရှိမနေပါဘူး။ ခဏအကြာမှာ နံရံပေါ်မှာ သူ့ကို ရိုက်ကူးနေတဲ့ ဝက်ဘ် ကင်မရာနဲ့ နံရံမြှုပ် ရုပ်မြင်သံကြား တီဗီတစ်လုံး ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီထဲက လူတစ်ဦးက သူ့ကိုယ်သူ ဒေါက်တာဆောင်းမွန်းလို့ မိတ်ဆက်ပြီးတော့ ဂရေဆင်လီဟာ နောက်ထပ် ၈ နာရီအကြာမှာ သေဆုံးရမယ် ဆိုတာကို ပြောလာပါတယ်။ ဂရေဆင်လီဟာ သူဘယ်ကို ရောက်နေတယ်ဆိုတာကို မမှတ်မိသလို သူလုပ်ခဲ့တာ ဘာတွေလဲ ဆိုတာလည်း မမှတ်မိတဲ့အပြင် သူ့လက်မှာ ဆေးထိုးအပ်ရာ တစ်ခု ရှိနေတာ သတိထားမိလိုက်ပါတယ်။ တီဗီထဲက ဒေါက်တာဆောင်းမွန်းဆိုသူနဲ့ အပြန်အလှန် ဆက်သွယ်မေးမြန်းနေရင်း ဂရေဆင်လီ တစ်ယောက် လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားအားထုတ်မလဲ။ လွတ်ရော လွတ်မြောက်နိုင်ပါ့မလား… ။ ဘယ်သူတွေက သူ့ကို ဘာရည်ရွယ်ချက်နဲ့ ဖမ်းချုပ် ထားခဲ့တာလဲ ဆိုတာကတော့….။ (စပွိုင်လာ ရီဗျူး- ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေ အပင်တွေနဲ့မတူ သီးသန့်ကမ္ဘာ မျိုးစိတ်က မှိုတွေဖြစ်ပါတယ်။ မှိုတွေမှာ ရေပေါ်ရေအောက်မရွေး ပတ်ဝန်းကျင်အခြေ အနေမျိုးစုံမှာ ရှင်သန်ပေါက်ပွားတဲ့ မျိုးစိတ်အမျိုးအစားတွေ အများကြီးပါ။ အဲဒီထဲမှာမှ သိပ္ပံပညာရှင်တွေကို အံ့ဩဘနန်း ဖြစ်စေတဲ့ မှိုတစ်မျိုးက အရပ်အခေါ် ဇွန်ဘီမှိုပါ။ ဒီမှိုဟာ သက်ရှိအင်းဆက်တွေကို ရွေးချယ်ကူးစက်ပြီး မျိုးစိတ်ပျံ့ပွားဖို့ အားထုတ်တဲ့ မှိုတစ်မျိုးမို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒီမှိုနဲ့ ပတ်သတ်ပြီး သိပ္ပံစာရေးဆရာတွေ ဒါရိုက်တာတွေဟာ လူသားကို ကူးစက်ခဲ့ရင် ဘယ်လိုနေမလဲ ဆိုပြီး စိတ်ကူးယဉ် ရေးဖွဲ့ရိုက်ကူးကြပါတယ်။ ဒီဇာတ်ကားကလည်း အဲဒီ Concept ကို ယူထားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ) ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Aoi ဖြစ်ပါတယ် ) File size… (612 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 23m Genre …..Thriler Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy
5.8 2024 83 mins
The Path of Totality
Midnight Sun
7.4

Midnight Sun (2025) ******************** IMDb… 7.4 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Song to the Sun ဆိုတဲ့ ဂျပန်ကားကို Remake ပြန်လည်ရိုက်ကူးထားတဲ့ Midnight Sun ဆိုတဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Castတွေအနေနဲ့ကတော့ Holy Night: Demon Hunter ဇာတ်ကားထဲက မင်းသမီး Jung Ji So နဲ့ Oh My Ghost Clients ထဲက မင်းသား Cha Hak Yeon တို့က အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- နေရောင်ခြည်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတဲ့ မီဆိုး (Jung Ji So) ဟာ အနုပညာမှာ ပါရမီပါတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ပြီး သူ့မှာ နှစ်ပေါင်းများစွာ ကြိတ်သဘောကျနေရတဲ့ မင်ဂျွန်း (Cha Hak Yeon) ဆိုတဲ့ ကောင်လေး တစ်ယောက် ရှိပါတယ်။ ကျန်းမာရေးမကောင်းတဲ့ မီဆိုးတစ်‌ယောက် မင်ဂျွန်းနဲ့ ရင်းနှီးခွင့်ရဖို့ အရဲစွန့်လိုက်တဲ့ အချိန်ကစပြီး သူတို့ နှစ်ဦးကြားမှာ သံယောဇဉ်တစ်ခု ဖြစ်တည်လာပါတော့တယ်။ တူညီမှုလေးတွေကနေ အစပြုပြီး လရောင်အောက်မှာပဲ တွေ့ဆုံခဲ့ကြရာကနေ မိတ်ဆွေထက်ပိုတဲ့ ခံစားချက်တွေ ပေါက်ဖွားလာတဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ ရေစက်က ဘယ်လိုဆက်ဖြစ်မလဲ… ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါပြီ။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။) File Size : 1.74GB/ 620MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:49:25 Genre : Music, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary & Hnin Wai Oo Encoded by Tiff

Drama • Crime
7.4 2025
Midnight Sun
Dance Your Life
5.8

ဒီနေ့မှာတော့ အကကို ဘဝလို့သတ်မှတ်ပြီး… ဘဝအတွက် အကကို ဆက်ကချင်နေတဲ့ ယွီရှင်းဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်… ဒီကားလေးမှာဆိုရင် မိဘနှစ်ပါးထဲမှာတောင် အမေက အသည်းအသန် ကန့်ကွက်ထားတဲ့အတွက် အဖေနဲ့ပေါင်းကြံပြီး ပေကျင်း တက္ကသိုလ်မှာ အကမေဂျာယူခဲ့ပေမယ့်… အမေစိတ်ပူသလိုမျိုး အလုပ်လက်မဲ့ဘဝမရောက်နိုင်ဘူးဆိုတာကို သက်သေပြနိုင်တော့မှာကို တွေးတွေးပြီး ပီတိတွေနဲ့ ဇာတိမြေကို ပြန်လာခဲ့တယ်… ဒါပေမယ့် အမေရဲ့ ” ဆက်မကရဘူး” ဆိုတဲ့ စကားတစ်ခွန်းက သူ့အိပ်မက်အားလုံးကို သဲထဲရေသွန်ဖြစ်စေခဲ့ချိန်မှာတော့… သူလည်း ဘဝမှာ ပထမဆုံးမိခင်ကိုဆန့်ကျင်ပြီး အိမ်ပေါ်က ဆင်းသွားခဲ့တာပေါ့… ကဲ သူ့အိပ်မက်ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်မှာလား… သူ့အမေတားသလိုပဲ တကယ် အကနဲ့ သက်မွေးပြုဖို့ဆိုတာ မဖြစ်သင့်တာလားဆိုတာတော့… ဇာတ်ကားလေးစောင့်ကြည့်လိုက်ကြနော်…

War • Adventure • Action
5.8 2025
Dance Your Life