YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Over.Drive.2018.1080p.BluRay.CM.mp4

2.15 GB 1080p video/mp4 201 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Minute You Wake Up Dead
5.6

"မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသ‌ဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။ လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။ မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan Freeman ကလည်း ရဲမှူး Thurmond အနေနဲ့ပါ၀င်ထားတာမို့လို့ ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama
5.6 2022 90 mins
The Minute You Wake Up Dead
The Tragedy of Macbeth
7

မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ယောကျာ်းကောင်းမဟုတ်ဘူး) ဆိုပြီး သုံးခဲ့တာမျိုး၊ Harry Potter မှာ "Double, double, toil and trouble, something wicked this way comes" ဆိုတဲ့ ဂါထာကို ပြန်သုံးတာမျိုး၊ Beauty and The Beast ထဲမှာ "screw their courage in the sticking place." ဆိုတာမျိုး၊ Birdman ရုပ်ရှင်ထဲမှာပြောသွားတဲ့ "Tomorrow and tomorrow and tomorrow" ဆိုတာမျိုး စသဖြင့် အများကြီးပါပဲ။ စကားလုံးလှပမှုတွေအပြင် ဇာတ်လမ်းကလည်း စံတင်လောက်အောင် ရသမြောက်ပါတယ်။ ပြဇာတ်စာသားအားလုံးမပါဘဲ ချုံ့ထားတာမို့ စိတ်ဝင်စားရင်တော့ ပြဇာတ်မူရင်းကို ရှာဖတ်ကြည့်လိုက်ပါ။ ဒီရုပ်ရှင်ထက် ပိုလှတာတွေ့ပါလိမ်မယ်။ ဇာတ်လမ်းအကျဉ်း စကော့တလန်နိုင်ငံရဲ့ ဂလမ်းစ်နယ်စား မက်က်ဘက်သ်ဟာ အင်အားကြီးလှတဲ့ ရန်သူတွေကို ရဲရဲရင့်ရင့်အနိုင်ယူခဲ့ပြီး သူ့မိတ်ဆွေဘန်ကိုနဲ့အတူ အပြန်လမ်းမှာ စုန်းမသုံးယောက်နဲ့ တွေ့ခဲ့ပါတယ်။ စုန်းမတွေက မက်က်ဘက်သ်ကို ဂလမ်းနယ်စားရာထူးအပြင် ကော်ဒေါ်နယ်စားရာထူးကိုပါ ရရုံမက ဘုရင်ဖြစ်လာလိမ့်မယ့်လို့ ဟောပြောသွားခဲ့တယ်။ သူ့သူငယ်ချင်း ဘန်ကိုကိုတော့ ဘုရင်မဖြစ်နိုင်ပေမဲ့ ဘန်ကိုရဲ့သားသမီးတွေဟာ ဘုရင်ဖြစ်လာလိမ့်မယ်လို ဟောပြောခဲ့ပါတယ်။ ဒီဟောကိန်းကြောင့် မက်က်ဘက်သ်တစ်ယောက်စိတ်ရိုင်းတွေဝင်လာပြီး မလုပ်သင့်တာတွေကို လုပ်မိလာပါတော့တယ်။ ရှိတ်စပီးယားရဲ့စကားအတိုင်း Bad deeds force you to commit more bad deeds (ဒုစရိုက်လုပ်ရပ်တွေဟာ နောက်ထပ်ဒုစရိုက်လုပ်ရပ်တွေ ထပ်လုပ်မိစေတယ်) ဆိုသလို မက်က်ဘက်သ်တစ်ယောက် မိုက်တွင်းအနက်ကြီး နက်လာတဲ့အခါ.... File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Crime • Drama • Mystery
7 2021 105 mins
The Tragedy of Macbeth
The Harder They Fall
6.7

ရုပ်ရှင် နာမည်ကတော့ the harder they fall ပါ။ အပြည့်အစုံဆိုရင်တော့ the bigger they are, the harder they fall ပေါ့။ အကောင်ကြီးလေလေ အကျနာလေလေ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ပိုပိုင်ဆိုင်တဲ့သူတွေက ပိုပြီးဆုံးရှုံးတတ်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ ကောင်းဘွိုင်ဇာတ်လမ်းပါပဲ။ ဒါကိုမှ လူမည်းတွေအများစုနဲ့ အဓိက ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ သူတို့တကယ်ရှိခဲ့ကြပါတယ်လို့ ဇာတ်လမ်းအစမှာ စာတန်းထိုးထားခဲ့ပါတယ်။ ကောင်းဘွိုင်ရုပ်ရှင်အများစုဟာ လူဖြူကြီးစိုးတာကြောင့် လူမည်းတွေချည်းပဲ တမင်ရိုက်ကူးခဲ့ပုံပါပဲ။ ဒါပေမဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က ဂန္ဓဝင်တော့မဟုတ်ပေမဲ့ ဖျော်ဖြေရေးအနေနဲ့တော့ တာဝန်ကျေပါတယ်။ ပစ်ခတ်ခန်းတွေလှတယ် ကြမ်းတမ်းတယ်။ ဇာတ်လမ်းကတော့ သိပ်မထူးခြားလှပါဘူး။ သရုပ်ဆောင်တွေကတော့ ဆရာကြီးတွေ ခေါ်သုံးထားတာပါ။ Idris Alba, Regina King တို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူးဖက်ဘက် ဆိုတဲ့ နာမည်ကျော်လူဆိုးကြီးသတ်ခဲ့တဲ့ လူတွေထဲက လင်မယားနှစ်ယောက်ရဲ့ သားလေး နသန်နီရယ် လက်ဗ် က သူ့ကိုလက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းပါပဲ။ နသန်နီရယ် မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိပြီး ရူးဖက်စ်မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိတယ်။ နှစ်ဖွဲ့လုံးမှာ ဖိုက်တာကြီးတွေပါတယ်။ အားပြိုင်ကြ အပြန်အလှန်သတ်ကြတယ်ပေါ့။ ကောင်းဘွိုင်ကားတွေနဲ့ အက်ရှင်ကားတွေ ကြိုက်သူတွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 2hrs 10min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Western Source : 1080p.WebRip Translator – Mr.Anderson Encoder – SWM

Crime • Thriller
6.7 2021 139 mins
The Harder They Fall
Don't Breathe 2
7.2

Don't breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။ ဒီကားမှာတော့ပိုကြမ်းတယ်လို့ပြောလို့ရတယ်။ အရင်က အိမ်ကိုဖောက်တဲ့သူခိုးလေးတွေကိုတွယ်တာ... အခုကမူးယစ်ဆေးနဲ့ ကိုယ်အင်္ဂါကုန်ကူးတဲ့လူတွေကိုတွယ်မှာပါ။ Don't breath ဆိုတဲ့အတိုင်း အသက်ရှူဖို့တောင် မနားနိုင်အောင် ကြမ်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Don't breath(2016)ရဲ့အဖြစ်အပျက်ဖြစ်ပြီး ၈ နှစ်အကြာကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ မျက်မမြင်အဘိုးကြီးက ကလေးမလေးတစ်ယောက်နဲ့နှစ်ယောက်တည်း သီးသန့်နေပြီး ကလေးမလေးကို မိမိကိုယ်ကိုခုခံကာကွယ် အသက်ရှင်နိုင်ဖို့ သင်ခန်းစာတွေပို့ချထားပါတယ်။ တစ်နေ့ ကလေးမလေးကို မြို့ထဲအလည်အပတ်လွှတ်လိုက်တဲ့အချိန် ဂေါက်တောက်တောက်လူနဲ့တွေ့ပြီး အဲဒီလူနဲ့အပေါင်းအပါတွေက ကလေးမလေးနောက်ကလိုက်လာရာက မျက်မမြင်ဘိုးတော်နဲ့ တွေ့ကြတဲ့အခါ... မျက်မမြင်ထင်ပြီး လျှော့တွက်ကြမယ့်ကောင်တွေနဲ့ မျက်စိသာမမြင်ပေမယ့် အသတ်အပုတ်ရှယ်ကြမ်းတဲ့ ဘိုးတော်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။ Horror, Thriller ဇာတ်ကားလို့ သတ်မှတ်ထားပေမဲ့ Action ဖက်ကိုပိုပြီးသွားပါတယ်။ ဇာတ်လမ်းကလည်းသွက်တယ်။ သတိပြန်ပေးရဦးမယ် အသက်ရှူဖို့မမေ့ပါနဲ့ဦး။ File size…(1.7 GB) / (980 MB) / (500MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by d3m0n Lynn

Crime • Sci-Fi & Fantasy
7.2 2021 98 mins
Don't Breathe 2
Life of the Party
6.2

Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ သူရှေ့ဆက်ရမဲ့လမ်းကို ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ လျှောက်လှမ်းခဲ့တယ်။ သူမပြီးသေးတဲ့ ကျောင်းကိုပြန်တတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့သမီးနဲ့အမေ တစ်ကျောင်းထဲမှာ အတူတူပြန်တက်ဖြစ်သွားတာပေါ့။ သမီးသူငယ်ချင်းတစ်သိုက်နဲ့မိခင်ဖြစ်တဲ့ဒီယာနာက ပေါင်းမိသွားပြီး ကျောင်းမှာအတူသွားအတူလာရင်း သမီးနဲ့ပါတီအတူတူတက်တဲ့အမေဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ဘဝရဲ့ခရီးကို ကောလိပ်ကျောင်းကနေ ပြန်စပြီးတော့ ပျော်ရွှင်မှု လွတ်လပ်မှုတွေနဲ့ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်ကားလုံးဟာသရွှန်းပြီး ရိုက်ကူးထားတာဖြစ်လို့ အပျင်းပြေပြီး စိတ်ရွှင်လန်းစေမဲ့ ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ။ File size…(850 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yazar Htun

6.2 2018 105 mins
Life of the Party
Amar Es Madurar / To Love Is To Grow

Amar Es Madurar / To Love is to Grow (2023) ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။ တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။ War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆို ကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါ ပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲ ကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။ သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်. Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 691MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Amar Es Madurar / To Love Is To Grow
Dhoomam
5.6

Dhoomam (2023) “မှတ်ဉာဏ် မီးခိုးငွေ့များ” အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ… CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါ အာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ် အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ စတွေ့ခဲ့တဲ့ ရိုမန့်ဆန်ဆန် ဇာတ်လမ်းနဲ့အတူ အလုပ်မရှိပဲ မြို့တက်လာရာကနေ ဆစ်ဒူဆိုတဲ့ လူနဲ့ဆုံပြီး စီးကရက် ကုမ္ပဏီရဲ့ မားကတ်တင်း ရာထူးကြီးတစ်ခု မထင်မှတ်ပဲ ကမ်းလှမ်းခံရပုံကို ဖော်ပြထားပါတယ် ဇာတ်လမ်းအစမှာ အသေခံဗုံးခွဲသမားတစ်ယောက်ကို စစ်ကြောရေးတစ်ခုက မေးမြန်းနေပြီး အကြမ်းဖက်သမားက ဆေးလိပ်သောက်ခွင့်တောင်းပါတယ်… ဒါပေမယ့် ဗုံးကို အကြမ်းဖက်သမားရဲ့ လည်ချောင်းမှာထည့်ထားတာ ဖြစ်ပြီး ဆေးလိပ် သောက်တာနဲ့ ဗုံးပေါက်သွားအောင် လုပ်ထားတာပါ ဒီ ဗုံးကိစ္စနဲ့ရော ပင်မဇာတ်လမ်းနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

5.6 2023 143 mins
Dhoomam
Neon City
5.3

Neon City (1991) ============= ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-Fi, Action, Post-Apocalyptic ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Mad Max လို ရုပ်ရှင်မျိုး ကြိုက်နှစ်သက်တယ်ဆိုရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ လုံးဝကြီး တူတယ်လို့ မဟုတ်ပေမယ့် post-apocalyptic vibe တော့ အပြည့်အဝရ မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အိုဇုန်းလွှာကြီးပျက်စီးပြီး ကမ္ဘာကြီးမှာ ရာသီ ဥတုတွေ ဖောက်ပြန် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူသားတွေ အကြပ်အ တည်းတွေကြားမှာ ရှင်သန်ရပါတော့တယ်။ ဟယ်ရီဟာ နယ်စပ်မှာ လှုပ်ရှား တဲ့ ရိန်းဂျားဟောင်း ကြေးစားမုဆိုးတစ်ယောက်ပါ။ တစ်နေ့မှာ ရီနိုဆိုတဲ့ ကြယ်နီအမှတ်အသား ရိုက်နှိပ်ခံထားရတဲ့ တရားခံပြေးတစ်ယောက်ကို ဖမ်း မိလိုက်ပါတယ်။ ဒါနဲ့ဂျယ်ရီကိုမြို့ ရိန်းဂျားစခန်းမှာ သွားအပ်ပြီး ဆုကြေးထုတ် ပါတော့တယ်။ ဒါပေမယ့် အဲတရားခံပြေးဟာ ဂျယ်ရီကိုမြို့ စီရင်ပိုင်ခွင့်ထက် ကျော်လွန်နေတာမို့ နီယွန်မြို့ကို ပို့လိုက်ဖို့ ရိန်းဂျားခေါင်းဆောင်ကပြောပါတယ်။ အဲလိုနဲ့ ဂျယ်ရီကိုမြို့ကနေ နီယွန်မြို့ကို သွားမယ့် ပို့ဆောင်ရေးယာဉ်တန်းနဲ့ လိုက် ဖို့ဖြစ်သွားပါတယ်။ ကားပေါ်မှာ အကြောင်းပြချက်ကိုယ်စီနဲ့ နီယွန်မြို့ကို လိုက်ပါ မယ့် ခရီးသည်တွေလည်း ပါနေခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ စကင်ဆိုတဲ့ လူသတ် ဓားပြတွေ တိုက်ခိုက်တာကို ခံရပါတယ်။ ဟယ်ရီတို့ခရီးသွားတစ်သိုက် ဆိုးရွားတဲ့ ရာသီဥတုတွေ၊ ဓားပြတွေရဲ့ ရန်ကို ကျော်လွှားပြီး နီယွန်မြို့ကြီးကို ရောက်မလားဆို တာတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(2.05 GB) / (1.02 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Sci-Fi Translator…….Leonard Lin Encoder……….SWM

5.3 1991
Neon City
Face to Face
7.6

ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်း အထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင် ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်က နေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘော မတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာက အိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့ အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့ မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေ စျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင် နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေ အခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲ ယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့ အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယား နှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက် မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေ ရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။ လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေး ကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်း ပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီ တစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင် ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.31GB / 659MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw lay

7.6 2023
Face to Face
LaRoy, Texas

LaRoy, Texas [2024] (IMDb 6.4/10, RT 100%) ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်… တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်… ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်… ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်… ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်… စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်… သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ပါဝင်ပက်သက်လာတဲ့အပြင် အတွေ့အကြုံနုတဲ့ ရေးတစ်ယောက် သူ့ဇနီးဓာတ်ပုံကို အခင်းဖြစ်နေရာမှာ ကျကျန်ခဲ့တာကြောင့် သူ့ဇနီးလည်း သံသယရှိသူစာရင်းထဲ ဝင်လာပါတော့တယ်.. .ဒီလိုအရှုပ်အထွေးတွေကြားမှာ အကွက်မြင်တဲ့ စကစ်က ရေးကိုလည်း ကူညီရင်း သူလည်း ရဲတံဆိပ်ရနိုင်ရေးအတွက် ဝင်ရောကူညီပါတော့တယ်… ဇာတ်လမ်းလေးက အင်မတန်ကြည့်ကောင်းတာမို့ ပရိတ်သက်တို့ကိုယ်တိုင် ဘာဆက်ဖြစ်မလဲ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Crime, Comedy, Thriller Quality…. 1080p | 720p File size… 1.3GB | 551MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2024
LaRoy, Texas
The Hateful Eight
7.8

The Hateful Eight (2015) IMDb Rating (7.8) / Rotten Tomatoes (75%) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards, Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေ ရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာ ထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကို အခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ် ( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ် အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။ အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။ အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။ အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ကြာမြင့်ချိန် ၃ နာရီနီးပါးရှိပြီး ရုပ်ရှင်အရသာခံကြည့်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။

7.8 2015
The Hateful Eight
One True Thing
6.9

ဒါကတော့ Family အမျိုးစားလေးဖြစ်ပါတယ် အယ်လန်က နယူးယော့ခ်မြို့သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ ဆောင်းပါးရေးတဲ့သူတစ်ယောက်ပေါ့ တစ်ရက်တော့သူ့သူငယ်ချင်းဖြစ်သူနဲ့အတူ အိမ်ပြန်လာခဲ့တယ် သူ့မှာအမုန်းဆုံးတစ်ချက်ရှိတယ် အဲ့ဒါသူ့အမေလိုရှင်သန်တဲ့ပုံစံပဲ သူမကတစ်နေကုန်အိမ်မှာပဲ ဝေယျဝေစွတွေလုပ်ရတာအရမ်းမုန်းခဲ့တယ် သို့ပေမဲ့သူနယူးယော့ခ်ကိုမပြန်ခင် သူ့အမေမှာ ကင်ဆာရောဂါဖြစ်ခဲ့တယ် အဲ့တော့အဖေဖြစ်သူဂျော့ဂျ်ဟာသူ့ကိုအိမ်မှာပါလာပြီး အမေကိုပြုစုပေးဖို့ပြောတယ် အဲ့လိုနဲ့အယ်လန်လည်းသူမလုပ်ချင်မနေချင်တဲ့နေထိုင်ရတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမှာမလဲ ဖခင်နဲ့လည်းအဆင်မပြေဖြစ်လာတဲ့အခါမှာ ဒီဇာတ်လမ်းလေးကပေးမယ့်ရသကဘာလဲ စောင့်မျှာ်ကြည့်ရှူပေးကြပါဦး File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:07:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

Thriller • Action • Horror • Science Fiction • Adventure
6.9 1998 127 mins
One True Thing
Sex Tape
5.1

Sex Tape (2014) မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့ လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်… ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး အဲ့ဒီ စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ရယ်ကာမောကာကြည့်ကြရမှာပါ။ (R Rated ဇာတ်ကားမလို့ မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေလောက်ပါဘူး။)

5.1 2014 94 mins
Sex Tape
The 5-Year Christmas Party

2024 ‌Octoberနှောင်းပိုင်းမှာထွက်ရှိခဲ့ပြီး Holiday, Romance Genres အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The 5 Year Christmas Party လေးကတော့ တက္ကသိုလ်တက်နေတဲ့လူငယ်နှစ်ဦးရဲ့ School Life ကိုအသားပေး‌ဖော်ပြတာမဟုတ်ပဲ ခရစ္စမတ်ကာလ ၅ခုမှာ သူတို့ဘယ်လိုတွေဖြတ်သန်းလဲဆိုတဲ့ Holiday POV ကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ပြဇာတ်ဘာသာရပ်ကို သင်ယူနေကြတဲ့ Alice နဲ့ Max တို့ Christmas Party တစ်ခုမှာ ဆုံကြပုံနဲ့ အစပျိုးထားပါတယ်။ ရည်မှန်းချက်ကြီးလွန်းတဲ့ကောင်မလေး Alice ဟာ သူ့အမေလုပ်ငန်းဆုံးရှုံးသွားတဲ့အခါ အိမ်ငှားခ၊ ကျောင်းလခတွေအတွက် အလုပ်ရှာရပါတော့တယ်။ တစ်ချိန်တည်းမှာတော့ Max ဆိုတဲ့ကောင်လေးက သရုပ်ဆောင်လုပ်ဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရင်း ကြိုးစားနေချိန်ပါ။ Alice က Max ရဲ့အစ်မ Pam ရဲ့Catering Serviceမှာ သူငယ်ချင်း Daniel အကူအညီနဲ့ အလုပ်ရခဲ့ပြီး Max ကတော့ Audition တွေလုပ်ရင်း ရုပ်ရှင်ရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်။ ခရစ္စမတ်မှာ သူတို့တွေ့ဆုံဖြစ်ကြကာ ခံစားချက်ကို ဝန်ခံခဲ့ပေမယ့် သူငယ်ချင်းအဖြစ်ဆက်နေရင်းက တစ်နှစ်နဲ့တစ်နှစ်‌ပိုပြီး သံယောဇဉ်တွယ်လာကြတဲ့ သူတို့ဟာ ဘွဲ့ရပြီးနောက် ရည်မှန်းချက်တွေအ‌ကောင်အထည်ဖော်ဖို့တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ခံစားချက်တွေ ထိန်းသိမ်းနေရင်း Alice နဲ့ Max တို့နှစ်ဦးသား အဆင့်တက်ပြီး ချစ်သူတွေဖြစ်သွားနိုင်မလား၊ သူငယ်ချင်းတွေအနေနဲ့ပဲ အခင်အမင်မပျက်နေသွားကြမလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကား‌လေးပဲဖြစ်ပါတယ် File size…(1.5 GB)/(873 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Viven

Comedy
0 2024
The 5-Year Christmas Party
All the Lost Ones
4.3

All the Lost Ones (2024) 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ အသစ်စက်စက် စစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေတွေက ဆိုးဝါးလာပြီး အစိုးရသတ်မှတ်ထားတဲ့ အရေးယူမှုတွေကြောင့် လူတွေဟာ စစ်ပွဲဆိုတဲ့အရာနဲ့ ကြုံတွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ နီရာရယ်၊ သူ့အစ်မ ပန်နီရယ် သူ့ကောင်လေး အီသန်တို့ဟာလဲ စစ်သွေးကြွခေါင်းဆောင်က သူတို့ကို EE တွေထင်ပြီး နောက်က လိုက်နေကြတာ‌ကြောင့် သူ့ဆီကနေ ပုန်းနေကြရပါတယ်။ ပုန်းနေရင်းနဲ့ အစာရေဆာမလောက်ငှတော့တဲ့အခါ မြိုပြင်ထွက်ပြီး ရသမျှကို ရှာကြရပါတယ်၊ အဲ့ဒီအချိန်မှာ စစ်သွေးကြွတွေနဲ့ပဲ တွေ့မလား တခြားဘယ်သူတွေနဲ့ ဆုံရဦးမှာလဲ၊ လက်နက်ကိုင်ပြီး ထင်တိုင်းကြဲနေ‌တဲ့သူတွေက အောက်ကနေ လွတ်မြောက်သွားမှာလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.5 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama, Sci-Fi, Thriller Duration….01:46:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

Drama
4.3 2024 106 mins
All the Lost Ones