YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Our.Father.2022.1080p(CM).mp4

1.5 GB N/A video/mp4 811 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Secret Garden
6.4

~ IMDb - 5.6/10, Rotten Tomatoes - 67% ~ လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 39Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama • Romance
6.4 2020 99 mins
The Secret Garden
Asteroid City
6.7

ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီး ဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင် အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့ အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။ Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright, Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody, Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။ စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့ အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်မှာ အပိုင်း ၃ ပိုင်းပါဝင်တာကို သိထားရင်တော့ မျက်စိလည် သက်သာပါတယ်။ ပထမအပိုင်းက ပြဇာတ်ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးနေတဲ့ တင်ဆက်သူအနေနဲ့ ဇာတ်လမ်း၊ ဒုတိယက ပြဇာတ်ရဲ့နောက်ကွယ်က သရုပ်ဆောင်တွေ ပုံရိပ်တွေနဲ့ဇာတ်လမ်း၊ တတိယကတော့ ရုပ်ရှင်ရဲ့အချိန်အများစုကိုနေရာယူထားတဲ့ ပြဇာတ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက လှပေမဲ့ အဓိပ္ပါယ်ကတော့တစ်ခုမက ထွက်တဲ့ဇာတ်ကားမျိုးမို့ ကိုယ့်အတွေးနဲ့ကိုယ် ကြည့်ရမဲ့ ဇာတ်ကားပါပဲ။ File Size : (1.9GB) and (536MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:45:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Mr.Anderson Encoded by Phyo Pyae

Action • Crime • Drama
6.7 2023 105 mins
Asteroid City
Never Alone
6.3

Never Alone (2022) ဒီကားလေးကတော့ 2022 မှာထွက်ထားတဲ့ High School Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးက Covid စဖြစ်တဲ့ 2020 ကာလမှာ Based ထားပြီး ဒီ Covid ကာလကို ဆယ်ကျော်သက်လူငယ်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို သီချင်းကောင်းလေးတွေနဲ့ Musical ဆန်ဆန်လေး ထိထိမိမိရိုက်ကူးထားပါတယ်။ IMDbမှာလည်း 6.3/10 တောင်ရရှိထားပြီး ရုပ်ရှင်ဆု ၉ ဆု ရရှိထားပါတယ်။ ဇာတ်လမ်း​လေးကတော့ နိတ်ဆိုတဲ့ကောင်လေးက သူ့ရဲ့သူငယ်ချင်းအုပ်စုထဲက အေမီဆိုတဲ့ကောင်မလေးကို ကြိတ်သဘောကျနေပါတယ်။ တစ်နေ့မှာတော့ သွားဖွင့်ပြောလိုက်ပြီး အေမီကလည်း ကျောင်းပြန်ဖွင့်တဲ့နေ့ကျရင် အဖြေပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းပြန်ဖွင့်မယ့်နေ့ ကျောင်းရှေ့ရောက်ကာမှ Covid ပြဿနာတွေကြောင့် ကျောင်းကိုခေတ္တပိတ်ထားလိုက်ပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီကစလို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအပြင်ကို အခြားFriendship ကိစ္စတွေပါ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို သီချင်းကောင်းများစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama, Musical Quality…. 1080p | 720p | 480p File size… 1.3GB | 636MB | 321MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Comedy • Family
6.3 2022
Never Alone
Clinic

လီဆာက နိုက်ကလပ်တစ်ခုမှာ ဖော်ချွတ်အကမယ်အဖြစ်လုပ်ကိုင်တဲ့ Single mother ပါ။ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက တင်ကိတ်ရင်ကိတ်ဖြစ်အောင်ပြုပြင်တာကြောင့် တစ်ညတစ်ည ဧည့်သည်တွေဆီက ဘောက်ဆူးအများကြီးရပေမယ့် ဘာမှမပြုပြင်ထားတဲ့ လီဆာတစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနဲ့ မကိတ်တဲ့အတွက် တစ်ညတစ်ည တစ်ပဲခြောက်ပြားပဲရပါတယ်။ ဒါကြောင့် သားတစ်ယောက်နဲ့ရုန်းကန်နေရတဲ့သူမဟာ သူများတွေလို ဘောက်ဆူးတွေအများကြီးရပြီး ကိတ်ထလာအောင် တင်နှင့်ရင်ခွဲစိတ်ပြုပြင်ဖို့ ကျွမ်းကျင်ဆရာဝန်ဆီသွားခဲ့ပေမယ့် သူမမှာ သွေးမတိတ်တဲ့ရောဂါရှိတာကြောင့် ခွဲစိတ်ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ဆေးခန်းကပြန်အထွက်မှာ ဆေးခန်းက ဧည့်ကြိုကောင်မလေးတစ်ယောက်က ဒီဆေးခန်းထက် ဈေးထက်ဝက်သက်သာပြီး ခွဲစိတ်ပေးနိုင်တဲ့ဆေးခန်းရှိ ကြောင်း၊ စိတ်ပိုင်းဖြတ်ပြီးပါက ဆက်သွယ်ဖို့လိပ်စာကတ်ပေးလိုက်ပါတယ်။ မတရားကိတ်ချင်နေတဲ့လီဆာတစ်ယောက် ဒီကောင်မလေးပြောသလို နာမည်လည်းမရှိ ဈေးလည်းသက်သာလွန်းတဲ့ ဆေးခန်းကို သွားလိုက်တဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ခေါင်းကြီးတို့ပဲ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1 GB)/(478 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
Clinic
They Want Me Gone

ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ် ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Comedy • Drama
0 2022
They Want Me Gone
24 Frames
6.8

24 Frames (2017) ~ IMDb – 6.8/10, Rotten Tomatoes – 92% ~ Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး… ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး… နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။ တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်… အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ… တံတားဘောင်ပေါ်မှာက ငှက်ကလေး၂ကောင်… အဲဒီလိုအရာတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ ဒီရုပ်ရှင်က ကျွန်တော်မြင်ဖူးသမျှထဲတော့ တစ်ကားတည်းသော ဒီလိုရုပ်ရှင်ပဲ။ ပုဂ္ဂလိက အမြင်အရတော့ Abbas ဟာ ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ဒီဇာတ်လမ်းတွေကြားမှာပဲရှိတာမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိနေတဲ့အရာလို့ ပြောချင်ခဲ့တာလို့ပဲမြင်တယ်။ ယူသလိုပဲရပါတယ်။ ဒီနေရာမှာ ကျွန်တော်သတိရလိုက်မိတဲ့ ဂိုးဒတ်ရဲ့စကားတစ်ခွန်းတော့ ရှိတယ်။ ဓာတ်ပုံက ဘယ်တော့မှမမှားဘူး။ တစ်စက္ကန့်မှာ ဓာတ်ပုံ၂၄ပုံ (ဝါ) ၂၄ဖရိန်ရှိနေတဲ့ ရုပ်ရှင်ကလည်း ဘယ်တော့မှ မမှားဘူးတဲ့။ ဒါကြောင့်လည်း ဒီကားကို Abbas က ဒီနာမည်ပေးခဲ့သလားတော့မသိဘူးပေါ့။ ” Photography is truth. The cinema is truth twenty-four times per second. “ – Jean-Luc Godard (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 945MB Quality – BluRay 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.8 2017
24 Frames
Jatta Dolie Naa
6.1

Jatta Dolie Naa (2024)”ဓားသွားထက်က ပုံရိပ်” ===================================== ဆစ်ခ်လူမျိုးတွေရဲ့ ရိုးရာသိုင်းပညာကိုအခြေခံဇာတ်လမ်းဆင်ထားတဲ့ ပန်ချာပီစကားပြောရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆစ်ခ်တိုင်းပြည်ရဲ့ ခြောက်ယောက်မြောက်မင်းဆရာကြီးဖြစ်တဲ့ မီရီပီက ဂတ်ကာဆိုတဲ့ လက်နက်တစ်မျိုးကို ပြည်သူတွေအတွက်ဖန်တီးပေးခဲ့ပါတယ်။ နှစ်ကာလ ကြာလာတဲ့အခါ အဲဒီလက်နက်နဲ့ တိုက်ခိုက်ရတဲ့သိုင်းပညာဟာ ဆစ်ခ်ရိုးရာသိုင်းပညာဖြစ်လာခဲ့ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင် ဂျက်ကီချန်းရဲ့ The Myth ရုပ်ရှင်ထဲမှာ အိန္ဒိယရောက်တဲ့အချိန် ဥယျာဉ်ထဲမှာ ဂျက်ကီနဲ့ ဓားချင်းယှဉ်ခုတ်ခဲ့တဲ့ သိုင်းသမားရဲ့ ဒိုင်းကာနဲ့ဓား တွဲသုံးတဲ့သိုင်းပညာပေါ့။ အိန္ဒိယမှာ အဲဒီ ဆစ်ခ်ရိုးရာသိုင်းပညာကို နိုင်ငံအဆင့်ပြိုင်ပွဲထိကျင်းပတတ်ပြီး ဒီရုပ်ရှင်ထဲမှာလည်း အဲဒီ ဆစ်ခ်ရိုးရာ ဓားသိုင်းသမားဟောင်းနှစ်ယောက်ရဲ့ ပြိုင်ဆိုင်ပုံတွေ၊ လေလွင့်နေတဲ့လူငယ်လေးတစ်ယောက် အချစ်အတွက်နဲ့ တစ်ခါမှမကိုင်ဖူးတဲ့ဓားကိုကိုင်ပြီး ဓားသိုင်းဝင်ပြိုင်ဖို့ကြိုးပမ်းပုံတွေကို ဇာတ်လမ်းဆန်းဆန်းနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Horror • Drama
6.1 2024 136 mins
Jatta Dolie Naa
Whiteout
5.5

ဒီဇာတ်ကားလေးက ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Derek Barnes ရိုက်ကူးထားတဲ့ survival thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Douglas Nyback, Joel Labelle နဲ့ James McDougall တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရုရှားထောင်တစ်ခုကနေ အရဲစွန့်ထွက်ပြေးလာတဲ့ Kurt, Anthony နဲ့ Henry တို့ရဲ့ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထောင်ထဲကနေလွတ်လာတဲ့ သူတို့သုံးယောက်ဟာ ကြမ်းတမ်းတဲ့ တောနက်ကြီးကိုဖြတ်ပြီးတော့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ကာ အချင်းချင်း မသင့်မမြတ်ဖြစ်မှုတွေကို ကျော်ဖြတ်ရင်း အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ အကြမ်းခံနိုင်မှုတွေ၊ မဖြစ်နိုင်တဲ့ အခြေအနေမှာတောင် အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်ပုံတွေကို Thriller genre ပီပီ ကြည့်ရှုသူကို စိတ်လှုပ်ရှားမှု ရသ အပြည့်အဝရအောင် ရိုက်ကူးထားပါတယ်။ File size… (1.39GB) / (917MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Music
5.5 2024 90 mins
Whiteout
Chintu Ji
5.5

Chintu Ji (2009) “ချင်တူတို့ရွာ” IMDb – 5.5/10 ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာက အရင်ခေတ်အိန္ဒိယရဲ့ဂန္ဓဝင်မင်းသားကြီးလို့တင်စားကြတဲ့ ရာ့ဂျ်ကပူးရဲ့သားဖြစ်သူ၊ လက်ရှိနာမည်ကျော်ဘောလိ၀ုဒ်မင်းသား ရန်ဘီးကပူးရဲ့အဖေဖြစ်သူ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရီရှီကပူးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟာဒတ်ဘာဟီဒီဆိုတဲ့ လူမသိသူမသိ အေးချမ်းတဲ့ရွာငယ်လေးတစ်ခုရှိတယ်။ ရွာအစည်းအဝေးမှာ ဘေးနားကရွာက နာမည်ကျော်တွေထွက်တဲ့အတွက် တော်တော်များများသိကြပြီး သူတို့ရွာလေးကို ဘယ်သူမှမသိတဲ့အတွက် နာမည်ကျော်ဖို့ ဆွေးနွေးကြတာပေါ့။ ဒီမှာပဲ သားဖွားဆရာမအိုကြီးတစ်ယောက်ကထပြီး သူတို့ရွာကလည်း နာမည်ကျော်တစ်ယောက်ထွက်တယ်ဆိုတော့ ဘယ်သူလဲမေးကြတာပေါ့။ ဒီမှာပဲ ဓာတ်ပုံထုတ်ပြတဲ့အချိန် နာမည်ကျော်မင်းသား ရီရှီကပူးဖြစ်နေတာကြောင့် ရီရှီကပူးကို သူတို့ရွာဆီဖိတ်ခေါ်ဖို့ လုပ်ကြရော။ မင်းသားကလည်း နိုင်ငံရေးလောကထဲဝင်မဲ့အချိန်ဆိုတော့ မဲဆန္ဒရှင်တိုးဖို့အရေး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ရွာကလေးဆီကို ရောက်လာတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

Drama • Comedy • Romance
5.5 2009 115 mins
Chintu Ji
Home Sweet Home: Rebirth
5.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် သဘာဝလွန် Fantasy ဇာတ်ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဂျိတ် ဟာ ရဲတပ်ဖွဲ့ကနေ အနားယူပြီးနောက် သာမန် စီးပွားရေးသမားတစ်ယောက်ဖြစ်လာပြီး အားလပ်ရက်မှာ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးလေး ပရန်း၊ သမီးလေးဖြစ်သူ လူး တို့နဲ့ အတူ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဘန်ကောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုန်းကြီး တစ်ပါးနဲ့ ဆုံပြီး ဘုန်းကြီးက ဂျိတ်ရဲ့ အနာဂတ်မှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်မဲ့အကြောင်း ကြိုတင်နိမိတ်ဖတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးတော့ စျေးဝယ်စင်တာ အရောက်မှာတော့ သေနတ်ကိုင် အကြမ်းဖက်သမား တစ်ယောက်နဲ့ ဆုံပါတော့တယ်။ ဒီလိုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြားထဲမှာ ပြေးရင်းလွှားရင်း ပရလောက စည်းပေါက်သွားပြီး ပရလောကသားနတ်ဆိုးတွေပါ ကမ္ဘာပေါ်ကလူသားတွေကို ပူးကပ်သွားတဲ့အခါမှာတော့ …. ဂျိတ် တို့ မိသားစု ဘယ်လိုတွေကြုံတွေ့ရမလဲ…. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေခဲ့တာလဲ…. ဘုန်းကြီးဟောတဲ့ ဂျိတ်ရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ…. သည်းထိတ်ရင်ဖို တစ်ချက်မှ ပျင်းစရာမရှိအောင် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……… File size… (854MB) Quality… WEB-DL 720p Format…mkv / mp4 Duration….1h 33m Genre …..Action , Horror , Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2025
Home Sweet Home: Rebirth
The Cliche
7

တစ်ခါတလေမှာ လူ့ဘဝက ရုပ်ရှင်တွေထက်တောင် ရုပ်ရှင်ဆန်ပါသေးတယ်… ဇာတ်လမ်းတွဲတွေကို Happy Endingအနေနဲ့ မရိုက်ချင်တဲ့ တက်သစ်စဒါရိုက်တာလေး ချွတ်တစ်ယောက်………… သူ့ခံယူချက်က လက်တွေ့ဘဝမှာ ဘယ်တော့မှ ဇာတ်သိမ်းလှတယ်ဆိုတာမျိုး မရှိနိုင်လို့ပါ တစ်နေ့တော့ သူမရိုက်ချင်တဲ့ ဇာတ်သိမ်းကြီးနဲ့ ရိုမန့်ကားကို ရိုက်ဖို့ ဖြစ်လာခဲ့တာကြောင့် မမျှော်လင့်ဘဲ သူ့လက်တွေ့ဘဝကလည်း ဘယ်လို ဇာတ်သိမ်းမျိုးနဲ့ ဇာတ်သိမ်းသွားမလဲ ဆိုတာကို ရသမျိုးစုံပါတဲ့ The Cliche ရုပ်ရှင်ထဲမှာ ကြည့်လိုက်ရအောင်ပါ The Cliche ကားလေးဟာ Boy fanတွေ အများဆုံးကြိုက်ကြတဲ့ T-Pop Girl Group 4 eve က အဓိပါဝင်ထားတဲ့ ကားလေးဖြစ်တာမို့ CMနဲ့အတူ ကြည့်ရှုခံစားကြပါဦးရှင် File size…(1.2 GB)/(652 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:53:37 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Lei Wut Ye Tun

Drama • Action • History • War
7 2024 113 mins
The Cliche
María, ¡Me muero!
5.8

ဒီကားလေးက “Hypochondria” လို့ခေါ်တဲ့ ဘာရောဂါမရှိပဲ ကိုယ့်ကိုကိုယ်ရောဂါရှိတယ်ထင်ပြီး အလွန်အမင်းစိတ်ပူပန် တတ်တဲ့ရောဂါရှိသူ ( မြန်မာအခေါ် မာလျက်နာရောဂါ) ယောက်ျားဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ အိမ်ထောင်ရေးမှာ ယောက်ျားဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေ အလွန်အမင်းစိတ်ပူ ပန်တတ်မှူတွေကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေးအခက် အခဲအလွဲလေးတွေကို တင်ဆက်ပေးထားတဲ့ Comedy & Romance အမျိုးအစားမက္ကစီကို ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွင်း ရိုက်ချက်တွေ မပါပေမယ့် သူ့ဟာလေးနဲ့သူရယ်နေရတာမလို့ တခြားနာမည် ကြီးရုပ်ရှင်ကားတွေနဲ့တန်းတူ မက္ကစီကိုရုပ်ရှင်ရုံတွေမှာ မျက်နှာမငယ်ပဲ ပရိတ်သတ်အားပေးမှုကို ရရှ်ိခဲ့တဲ့ ရုံတင် ဇာတ်ကားလေးပါ အားနည်းချက်ဆိုလို့ Pacing နဲ့ Character Development နှေးတာကလွဲရင် ရယ်ရတာမို့ ကြည့်ရ တန်‌ပါတယ်… လူ့ဘဝတိုတိုလေးမှာ ပူပန်မှုတွေများ သောကတွေပွားမနေဘဲ အပြည့်အဝရှင်သန်ခြင်းကသာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ Message လေးနဲ့အတူ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်…. File size… (1.03GB) / (527MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy

5.8 2024 96 mins
María, ¡Me muero!
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish