YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Oru Kodai Murder Mystery (2023) S01 EP04.1080p(CM).mp4

351.85 MB 1080p video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alive Drift
8

ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့... အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre..... Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action • Science Fiction • Thriller
8 2022 121 mins
Alive Drift
Signs
6.7

Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။ Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, မင်းသမီး Abigail Breslin တို့ရဲ့ ငယ်စဉ်ကတည်းကပါလာတဲ့ အနုပညာစွမ်းရည်ကို တွေ့ရမှာလည်းဖြစ်ပါတယ်။ သူ့ Rating ဟာ 6.7 ပဲရှိပေမဲ့ သူ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ဟာ 8.5 အထိပေးသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး 8 အောက်ပေးရင်ကို ရာဇ၀တ်မှုကျူးလွန်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ လူတိုင်းကြိုက်နိုင်မှာမဟုတ်ပေမဲ့ Horror သမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ကားကောင်းဖြစ်တဲ့ Underrated ဖြစ်တဲ့ Horror masterpiece ရုပ်ရှင်တစ်ကားလို့ ပြောရင်လည်းမမှားပါဘူး။ ရင်တသိမ့်သိမ့်တုန် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းလို့ သတ်မှတ်နိုင်သလို မိသားစုမေတ္တာဖွဲ့ ဇာတ်လမ်းလို့လည်း သတ်မှတ်လို့ရနိုင်လောက်ပါတယ်။ နာမည်က Sign (နိမိတ်၊ သင်္ကေတ) ဆိုတဲ့အတိုင်း ဇာတ်ကားတစ်ခုလုံးကို နိမိတ်ပုံလေးတွေနဲ့ ရင်တဖိုဖို ဖြစ်ရအောင်ဖန်တီးထားပြီး ဇာတ်ကားအစကနေအဆုံးထိ မထတမ်းကြည့်ချင်အောင် စိတ်အာရုံကိုဖမ်းစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဇနီးသည်ဆုံးပါးသွားလို့ စိတ်ဓာတ်ပျက်စီးပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ ဓမ္မဆရာတစ်ယောက် ကမ္ဘာကို ဂြိုလ်သားတွေ ကျူးကျော်လာချိန်မှာ မိသားစုကိုကာကွယ်ရင်း သူ့ရဲ့ယုံကြည်ရာကို ပြန်ပြီးရှာတွေ့သွားနိုင်ခဲ့တဲ့ အကြောင်းလေးပါပဲ။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံကောင်းကောင်း၊ ဒါရိုက်တာရဲ့ တင်ပြပုံ ပညာသားပါပါနဲ့ သိမ်သိမ်မွေ့မွေ့နဲ့ကို ကြောက်လန့်စေမယ့် Horror Masterpiece ကားတစ်ကား ရှာနေတယ်ဆိုရင်တော့ Signs ဟာ ရွေးချယ်မှုမှန်စေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.71GB, 727MB, 481MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 46Min Genre - Drama, Mystery, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
6.7 2002 106 mins
Signs
Atomic Blonde
6.4

IMDb - (6.7) /RottenTomatoes - 79% အကယ်ဒမီဆုရှင် မင်းသမီးချော Charlize Theron သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားပါ။ လျှို့ဝှက်အေးဂျင့်တစ်ယောက် ထူးဆန်းစွာ အသတ်ခံလိုက်ရတဲ့အတွက် အစိုးရအနေနဲ့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ MI6 အဆင့်ရှိ အေးဂျင့်တစ်ယောက်ကိုရွေးချယ်လိုက်တယ် သူကတော့ Charlize Theron...... သူမဟာ အမှုစုံစမ်းဖို့ ဘာလင်ကိုရောက်ရှိလာခဲ့တယ်.... တကယ်တော့ အေးဂျင့်သတ်ခံရမှုဟာ သူမ ထင်ထားတာထက် လျှို့ဝှက်နက်နဲနေပါတယ်... သူမ ရင်ဆိုင်ရတဲ့အဖွဲ့အစည်းက အင်အားကြီးသလို မထင်ထားတဲ့သူတွေလည်း ပါဝင်ပတ်သက်နေလေတော့ သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ .... အခက်အခဲတွေကြားက ရုန်းထွက်နိုင်မလားဆိုတာကိုတော့..... Charlize ရဲ့ အလန်းစားဖိုက်တင်ခန်းတွေပါကြည့်ရမဲ့အပြင် Professor X အဖြစ် လူသိများတဲ့ James McAvoy ရဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြည့်ရှူရမှာပါ။ R Rated ဇာတ်ကားဖြစ်လို့ အကြမ်းအရမ်းခန်းများများနဲ့ ကလေးသူငယ်တွေတော့ မကြည့်သင့်ပါဘူး။ File size…(4.8 GB)/(1.6 GB) /(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:54:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kuran Arkar

Action & Adventure • Drama • War & Politics
6.4 2017 115 mins
Atomic Blonde
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
Silver and the Book of Dreams
5.4

ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီး Amazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အ​မေဖြစ်သူ ​နောက်အိမ်​ထောင်ပြုမှာမို့ လန်ဒန်ကို​ ပြောင်း​ရွှေ့လာတဲ့ လစ်ဗ်နဲ့ မီယာ ညီအစ်မနှစ်​ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်​တွေကို ထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ လစ်ဗ်တစ်​ယောက် အိပ်မက်ထဲမှာ သူ့ပ​ထွေးဘက်က သားဖြစ်တဲ့ ဂ​ရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့က တခြားသူ​တွေရဲ့အိပ်မက်​ထဲမှာ လျှောက်သွားနိုင်တဲ့ Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီ စာအုပ်​ကြောင့် သူတို့​တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်း​တွေ ရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီး စာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်​ရောက်မှု တစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်​တွေကို အပြင်​လောကမှာ အ​ကောင်အထည်​ဖော်ရင်း အပြန်အလှန်အ​နေနဲ့ သူတို့ရဲ့အဆိုးဆုံး အိပ်မက်​တွေပါ လက်​တွေ့ဖြစ်လာတာပါ။ ​အဖွဲ့သား​တွေထဲမှာ ကောင်းတဲ့အိပ်မက်​ရော ဆိုးဝါးတဲ့အိပ်မက်​ပါ တကယ်ဖြစ်လာတဲ့​နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာ ပျက်​အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီး​တွေ ရှိ​နေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ။ File size…1.38GB / 611MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Comedy
5.4 2023 92 mins
Silver and the Book of Dreams
Adagio
6.7

ဇာတ်ကားကတော့ အီတလီ action crime thriller အမျိုးအစားလေးဖြစ်ပြီး အမှုမှန်သိအောင်ဇာတ်အိမ်အတိုင်း စီမျောကြည့်ရတဲ့ ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းလေးကိုပြောပြရင် ပါတီပွဲတစ်ခုမှာ မာနွယ်ဟာ ပွဲထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန် ဖုန်းနဲ့မှတ်တမ်းတင် ရိုက်ယူပြီး ရဲတပ်ဖွဲ့ကိုပြန်ပို့ပေးနေတာပါ…။ သို့ပေမဲ့ ရဲတွေဟာ ဒီပွဲထဲမှာ အခြားလျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားပြီး မာနွယ့်ကို နှစ်ကွက်တစ်ကွက်ရိုက်ပြီး ချောက်ချဖို့ကျန်တယ်ပေါ့။ ဒါကို မာနွယ်က သိသွားတော့ ရဲတွေလက်အောက်က လွတ်အောင်ပြေးရင်း အဖေဖြစ်သူရဲ့ မိတ်ဆွေတွေဆီ ရောက်သွားပါတယ်…။ ဇာတ်လမ်းကရှည်ချင်တော့ ဒီလူတွေဟာ အီတလီ လူဆိုးဂိုဏ်းသားတွေဖြစ်နေပါလေရော…. ဒီတော့ မာနွယ်တစ်ယောက် ရဲတွေလက်က လွတ်အောင်ပြေးနိုင်မလား၊ လူဆိုးဂိုဏ်းသားတွေလက်ထဲပဲ ရောက်သွားမလား… ဘယ်သူတွေက လူကောင်းလူဆိုးတွေဖြစ်နေမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါတော့ဗျာ….။ File size…1.54GB / 706MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.7 2023
Adagio
Desperado
7.1

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

7.1 1995
Desperado
The New King of Comedy
6.3

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီး အောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာ နှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင် အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒ ါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသား Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေ သူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်…မင်းသားကြီးစတီဗင်ချောင်ရဲ့ လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ် Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်

6.3 2019
The New King of Comedy
The Safari Duk dum dui

Duk dum dui (Aka) The Safari ဒီကားက ပေါက်ကရတွေချည်းရိုက်ထားတဲ့ ထိုင်းဟာသဇာတ်ကားပါ။ ထိုင်းကားဆိုပေမယ့် အာဖရိက ဆာဖာရီတောထဲ ရောက်သွားတဲ့ပုံနဲ့ ရိုက်ကူးထားတာမလို့ အာဖရိကလူမျိုးတွေရော တောတွင်းလူသားစ-ားလူရိုင်းတွေရော သရဲတွေရော ဘီလူးတွေရော လူပုလေးတွေရော မင်းသမီးလေးတွေရော ဘုန်းကြီးတွေရောနဲ့ တကယ့်ဗြုတ်ဇဗျင်းတောင်းဇာတ်ကားပါ။ ပိုက်ဆံရမယ်ဆိုလို့ အထူးအဆန်းလူသေမှုတွေဖြစ်နေတဲ့ ရွာကိုသွားစုံစမ်းကြမယ့် ဇာတ်လိုက်ကျော် ၄ ယောက်ဟာ ဇာတ်ကားစတာနဲ့ ကားပျက်သွားလို့ လမ်းဆင်းလျှောက်ကြရင်း ဘာမှန်းမသိတဲ့တောထဲရောက်သွားကြပြီး အထူးအဆန်းပေါင်းစုံနဲ့ တလွဲပေါင်းစုံကို ကြုံတွေ့ရပါတော့တယ်… တချိန်လုံးမရပ်မနား တလွဲတွေနဲ့ နင်းကန်ကြမ်းကြလို့ အခွီသက်သက်ကြိုက်တဲ့လူတွေတော့ကြိုက်ကြမှာပါ။ ဒီကားက ကြည်တောက်ရှင်း Quality တအားရှားတာမလို့ အတော်ကြည်တဲ့ Version ကို မနည်းရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။

Thriller
0 2003 102 mins
The Safari Duk dum dui
All About My Wife
6.6

All About My Wife (2012) ************************* IMDb….6.6 ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် မင်းသားကြီး Lee Sun Kyun ရဲ့ အိမ်ထောင်ရေး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားလေးမှာတော့ My Mister, Parasite တို့မှ မင်းသားကြီး Lee Sun Kyun, Moving, Miracle in Cell No.7 မှ မင်းသားကြီး Ryu Seung-ryong, Search: WWW မင်းသမီး Im Soo Jung နဲ့ Asian Prince လေး Lee Kwan Soo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်လေးဟာ 2012 Blue Dragon Film Award မှာ Best Actressနဲ့ Best Supporting Actor ဆု, KOFRA Film Award Ceremony မှာ Best Supporting Actor ဆုတို့ကို ဆွတ်ခူးရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ ဒူဟျွန်း (Lee Sun Kyun)ဟာ လှပပြီး စမတ်ကျပေမဲ့လည်း ပူညံပူညံလုပ်တတ်တဲ့ ဇနီး( Im Soo Jung )ကို စိတ်ကုန်ပြီး ဇနီးသည်ရဲ့ အဝေးမှာပဲ နေချင်သူပါ… ။ တစ်နေ့မှာတော့ သူတို့ရဲ့ အိမ်နီးနားချင်း ယောက်ျား( Ryu Seung ryoung)ဟာ မြာပွေပြီး မိန်းမတွေကို ဖြားယောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဆိုတာ သိလိုက်ရတဲ့ အခါမှာ .. သူ့ဇနီးကို ဖြားယောင်းခိုင်းပြီး ကွာရှင်းခွင့်ရဖို့ကြံစည်ပါတော့တယ်… တကယ်ပဲ သူကြံစည်ထားသလိုမျိုး ကွာရှင်းခွင့်ရသွားမှာလား .. ဇနီးဖြစ်သူရဲ့ တန်ဖိုးကိုရောနားလည်လာနိုင်ဦးမှာလားဆိုတာကိုတော့ Channel Myanmarနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော် .. ။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…2.02GB / 833MB Quality… BluRayL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi & Htoo Pyae Encoded by AHtet

Drama • Science Fiction • Mystery
6.6 2012 121 mins
All About My Wife
Lifeline
5.5

Lifeline (2025) ဒီဇာတ်လမ်း‌လေးကတော့ အသက်ကယ်ဆယ်ရေးဖုန်းလိုင်းမှာ လုပ်အားပေးဆင်းတဲ့ Steven ဆိုတဲ့သူတစ်ယောက်နဲ့ဇာတ်လမ်းစထားပါတယ်။ Steven ဟာ ငယ်ဘဝတုန်းက သူကိုယ်တိုင်သတ်သေချင်မိတဲ့အထိ အဖေရဲ့ ညဥ်းပန်းနှိပ်စက်ခံရတဲ့သူတစ်ယောက်ပါ။ အသက်ကယ်ဆယ်‌ရေးဖုန်းလိုင်းမှာ သူနဲ့နာမည်တူ ဖြစ်ရပ်တွေတူနေတဲ့သူတစ်ယောက်က မထင်မှတ်ပဲ သူ့ကိုယ်သူသတ်သေမယ်ဆိုပြီး ဖုန်း‌ခေါ်ဆိုလာတဲ့အခါ..ဘာကြောင့်အဲ့လိုတူနေရတာလဲ? Parallel universe ဆိုတာတကယ်လား? Steven ကဘယ်လိုနှစ်သိမ့်ဖြောင့်ဖြပေးမှာလဲ? အဆုံးသတ်မှာအတွေးပေါင်းများစွာ ချန်သွားပေးမယ့်ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Satt ဖြစ်ပါတယ်။) File size… (1.3 GB) / (680 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:20:53 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Satt

5.5 2025 80 mins
Lifeline
My Tutor Friend 2
6.5

My Tutor Friend 2 (2007) ***************************** ဒီတစ်ခါမှာတော့ အချစ်ဟာသဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရတာ သဘောကျတဲ့ ပရိသတ်ကြီးအတွက်် My Tutor Friend 2 ဆိုတဲ့ ရုပ်ရှင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ My Tutor Friend ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြော်ငြာခဲ့ပေမဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းအကြောင်းအရာအားလုံးဟာ ကွဲပြားနေပြီး ကျောရိုးဇာတ်လမ်းသာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ဂျွန်ကို ဆိုတဲ့ကောင်မလေးဟာ ဂျပန်ကနေ ကိုရီးယားကို ဘာသာစကားလေ့လာဖို့ exchange ကျောင်းသူအနေနဲ့ ရောက်လာခဲ့ပါတယ်။ ကိုရီးယားရောက်ရောက်ချင်း ရင်းနှီးဖော်ရွေပြီး ဟင်းချက်ကောင်းလွန်းတဲ့ တည်းခိုရိပ်သာပိုင်ရှင်က သေချာပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းပေးပြီး နေခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအခန်းပိုင်ရှင်က သူနဲ့လုံးဝ အဆင်မပြေ မနှစ်မြို့စရာကောင်းတဲ့ ဂျုံးမန်ရဲ့ အခန်းမှန်း သိသွားတဲ့အခါမှာ နေရာပြောင်းဖို့ စီစဉ်ပါတော့တယ်။ တည်းခိုရိပ်သာပိုင်ရှင်က ဂျွန်ကိုကို မပြောင်းသွားဖို့ တောင်းဆိုရင်း သူ့သားဖြစ်တဲ့ ဂျုံးမန်ကိုပါ ဂျွန်ကိုအတွက် ကိုရီးယားစာသင်ပေးဖို့ စေခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မျက်နှာမြင်လိုက်တာနဲ့ မတည့်ကြတဲ့ ဂျွန်ကိုနဲ့ ဂျုံးမန်တို့ နှစ်ယောက်ကြား ဘယ်လို ပြဿနာတွေ ဖြစ်ကြပြီး ဘယ်လိုအလွဲတွေ ကြုံရမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ VIP , Celebrity စတဲ့ ဇာတ်ကားတွေကနေ လူသိများခဲ့တဲ့ မင်းသမီး Lee Chung Ah နဲ့ My Man is Cupid, Bridal Mask စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါခဲ့တဲ့ မင်းသား Park Ki Woong က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.86 GB/ 899 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2h 7m Genre ….. Comedy, Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

6.5 2007 125 mins
My Tutor Friend 2