YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Orphan.Black.Echoes.S01E09.1080p.mp4

433.28 MB N/A video/mp4 82 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Antz
6.1

ဒီAntz animationဟာဆိုရင် Home, How to train you dragon, Kung Fu Panda,Abominable အစရှိတဲ့ animationကောင်းများစွာရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Director Tim Johnsonနဲ့ ကျွန်တော်တို့ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့ကြတဲ့ Madagascar trilogyတို့ရဲ့ ပဲ့ကိုင်ရှင် Director Eric Darnellတို့ ၂ယောက် လက်တွဲရိုက်ကူးထားတဲ့ animation ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလိုဒါရိုက်တာကောင်းတွေကိုမှ voice actor တွေအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ Sylvester Stallone နဲ့ Jennifer Lopezတို့က ပါဝင်သရုပ်ဆောင်ထားတော့ ​စကားဖောင်ဖွဲ့နေစရာတောင်မလိုဘဲ ကြည့်ကိုကြည့်သင့်တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇီ ဆိုတဲ့ပုရွက်ဆိတ်လေးက ကိုလိုနီထဲက တခြားပုရွက်ဆိတ်တွေနဲ့မတူဘဲ ကွာခြားတဲ့အတွေးအမြင်ရှိတဲ့ ပုရွက်ဆိတ်လေးပါ။ သူက အခုနေနေရတဲ့နေရာမှာမပျော်ဘဲ နေရာသစ်ကိုရှိမယ်လို့ယုံကြည်ရင်း သူနဲ့မကိုက်တဲ့နေရာအကြောင်းကို သူငယ်ချင်းတွေနဲ့ စကားပြောရင်း ညီးတွားနေတတ်သူပါ။ တစ်နေ့မှာ ဘယ်လာဆိုတဲ့ ပုရွက်ဆိတ်မင်းသမီးလေးနဲ့တွေ့ဆုံမိတဲ့အချိန်မှာတော့ သူ့ဘဝဟာ ပြောင်းလဲလို့လာပါတယ်။ မင်းသမီးလေးနဲ့ နီးစပ်နိုင်ဖို့ ဇီ တစ်ယောက်ဘယ်လိုတွေများကြိုးစားကြမလဲ ကြုံလာတဲ့ပြဿနာတွေကို သူရင်ဆိုင်နိုင်ပါ့မလား၊ သူချစ်ရတဲ့ မင်းသမီးလေးနဲ့ရော ဇီတစ်ယောက်နီးစပ်နိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ 90sတုန်းက Animationဆိုပင်မယ့် အခုအချိန်ထိ ကြည့်လို့ကောင်းနေပြီး plotတွေကလည်း ရုပ်ရှင်ကိုကြည့်လို့ကောင်းပါတယ်။ Rotten Tomatoesကလည်း92%ဖြစ်ပြီး ကျွန်တော်လည်းတော်တော်ကြိုက်ပါတယ်။ စိတ်ကို relaxဖြစ်စေပြီး ပျင်းအီမသွားစေတဲ့အတွက် ကြည့်သင့်တဲ့animationလေးတစ်ခုဖြစ်ကြောင်းတိုက်တွန်းအပ်ပါတယ် File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Thriller
6.1 1998 83 mins
Antz
Transfusion
6.1

ဒီဇာတ်ကားက Avatar မင်းသား Sam Worthingtonရဲ့ Action,Dramaဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ သူအ​နေနဲ့ ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်​ရေး စစ်သားဟောင်း ရိုင်ယန်လိုဂန်အဖြစ် ပါဝင်ထားပါတယ်။ ဇနီးဖြစ်သူ ယာဉ်တိုက်မှုနဲ့ဆုံးပါးသွားပြီး​​နောက် စစ်ထဲကထွက်ကာ မိတဆိုးသား​​လေးနဲ့အတူ ရရာအလုပ်လုပ်ရင်း ဇနီးသည် ဆုံးရှုံးခဲ့တဲ့ စိတ်ဒဏ်ရာနဲ့ စစ်အတွင်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ​တွေကို ကုစားဖို့ ကြိုးစားရင်း သားဖြစ်သူရဲ့​ရှေ့​​ရေးအတွက် ပိုက်ဆံပိုရှာဖို့ လိုအပ်လာတဲ့အခါ တပ်ထဲက အထက်အ​ရာရှိ​ဟောင်းနဲ့ပူး​ပေါင်းပြီး ဒုစရိုက်​လောကထဲကို ဝင်​ရောက်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ အညွှန်းကိုတော့ X က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ X နဲ့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 913MB | 504MB | 258MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... X and Rashida Encoder ..... August

Crime • Drama
6.1 2023 105 mins
Transfusion
Blind War
6.3

အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။ လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။ အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ... Marvel ရဲ့ မျက်မမြင်ဟီးရိုး Daredevil လောက်မစွမ်းပေမဲ့၊ Don't Breathe ကားထဲက မျက်မမြင် စစ်ပြန်ကြီးထက် ပိုကြမ်းပြထားပြီး သမီးဖြစ်သူကို လိုက်ကယ်တဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေးကို ကြည့်ရှုကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.5GB, 728MB & 444MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Crime, Action Translated by Moe Lay Encoded by Kinnov

Drama
6.3 2022 103 mins
Blind War
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
The Passion of the Christ
7.2

The Passion of the Christ (2004) ~ IMDb – 7.2/10, Rotten Tomatoes – 49% ~ ခရစ်တော်တို့ မယ်တော်မေရီတို့အကြောင်းဇာတ်ကားတွေ သမ္မာကျမ်းစာလာကားတွေကို ရိုက်ရတယ်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ပါပဲ။ လူပေါင်းမြောက်များစွာ လုပ်ခဲ့ကြပေမဲ့ နာမည်ကြီးဒါရိုက်တာကြီးတွေတောင် အောင်မြင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ပေါ့။ ဒီတစ်ခါ “The Passion of the Christ” ဆိုတဲ့ ဇာတ်ကားကိုတော့ Mel Gibson က ရိုက်ထားတယ်။ ဂစ်ဆင်ကိုတော်တော်များများ မင်းသားအနေနဲ့ ပိုသိကြမှာပါ။ ဒါပေမဲ့ သူလည်း သရုပ်ဆောင်သက်တမ်းမနည်းသလို ဒါရိုက်တာသက်တမ်းလည်း အတော်တော့ရှိနေပါပြီ။ Braveheart လို ဂန္ထဝင်တွင်တဲ့ကားတွေ၊ Hacksaw Ridge နဲ့ Apocalypto တို့လို တကယ့်ကားကောင်းတွေရိုက်ခဲ့သလို အခုရုပ်ရှင် The Passion of the Christ ကိုလည်း IMDB rating မှာ 7.2 ရထားတဲ့အပြင် ဆုပေါင်း ၃၀ ကျော် ဆွတ်ခူးထားနိုင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း တကယ်မခေတဲ့သူပါပဲ။ ခေါင်းစဉ်အတိုင်း ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲမှာတဲ့ “Jesus Christ” သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပေမဲ့ သခင်ယေရှုသက်တော်စဉ်ဖြစ်တဲ့ ဘဝတစ်ခုလုံးအကြောင်းရိုက်ပြထားတာပဲမဟုတ်ဘဲ “The Last Supper” လို့ နာမည်ကြီးတဲ့ နောက်ဆုံးညစာစားပွဲပြီး နောက်တစ်နေ့နံနက်အချိန် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် ကားစင်တင်သတ်မခံရခင် ၁၂ နာရီကာလကို အသေးစိတ်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခရစ်တော်အကြောင်းရိုက်တဲ့ကားတွေထဲကမှ ဒီကားကတော့ ထူးထူးခြားခြား အချိန်တိုလေးကို သုံးပြီး ရိုက်ကူးထားတာဖြစ်လို့ အန္တရာယ်ပိုကြီးမှာပေမဲ့ Mel Gibson ကတော့ ကောင်းကောင်းကြီး ပုံဖော်သွားခဲ့နိုင်တယ်ပဲ ပြောရပါမယ်။ ~ ဇာတ်လမ်းအကျဉ်း ~ သခင်ယေရှုဟာ သူရဲ့သာဝက ၁၂ ပါးနဲ့ ပွဲတော်စားပြီးတဲ့အချိန်မှာ နောက်တစ်နေ့မနက် အသတ်ခံရတော့မှာကိုသိတဲ့အတွက် ဂေသရှေမန်ဥယျာဉ်ထဲမှာ ခမည်းတော် အဘဘုရားဆီဆုတောင်းဖို့သွားခဲ့ပါတယ်။ ဆုတောင်းအပြီးမကြာခင်မှာပဲ ရောမရဲမက်တစ်သိုက်နဲ့အတူ သခင်ယေရှုကို ဖာရိရှဲလို့ခေါ်တဲ့ ထိုခေတ်အခါက ကျမ်းတတ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဆီ ငွေအသပြာ သုံးဆယ်နဲ့ရောင်းစားခဲ့တဲ့ သခင်ယေရှုရဲ့တပည့်တော် ၁၂ ပါးထဲမှ သခင်ယေရှုကိုသစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ဆိုတဲ့ တပည့်တော်လည်းပါပါတယ်။ ဒီလိုအကြောင်းဖန်လာတာကတော့ ဖာရိရှဲတို့က သခင်ယေရှုကို မှားယွင်းတဲ့ဩဝါဒဖြန့်သူ၊ မဟုတ်မမှန်ဘဲ ဘုရားသားလို့ မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်သူဖြစ်တယ်ဆိုပြီး ရဲမက်တွေကိုဖမ်းဆီးခိုင်းလိုက်လို့ပဲဖြစ်ပါတယ်။ ယေရုရှလင်(ဂျေရုဆလင်)မြို့ရဲ့ တရားစိုးမိုးမှုအောက်မှာရှိနေတဲ့ သခင်ယေရှုက နောက်ဆုံးမှာ ဘယ်လိုမျိုးကားစင်တင်သတ်ခံသွားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲက သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်သတ်ခံရပုံကို သမ္မာကျမ်းစာထဲကအတိုင်း တိကျသေသပ်အောင် ရိုက်ကူးထားနိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်တွေရဲ့ နာမည်ကြီးထုံးတမ်းစဉ်လာတွေဖြစ်ကြတဲ့ “ပွဲတော်စားခြင်း”၊ သခင်ယေရှုရဲ့ ငယ်ဘဝအကျဉ်း၊ ကျမ်းတတ်ပေမဲ့လည်း သမာသမတ်မကျတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲတွေရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လာမယ့် 2024~2025 မှာလည်း ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကောင်းကင်ပေါ်ပြန်မကြွခင်ကာလအကြောင်းဇာတ်ကားကို Mel Gibson ကပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – (8 GB)/ (2.7 GB)/(1.4 GB) Quality – BluRay 4K HEVC /1080p/ 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 7Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

7.2 2004 127 mins
The Passion of the Christ
Rise of the Footsoldier: Vengeance

ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှောင်ခိုလောကမှာ ဆေးအရောင်းအ၀ယ်အလုပ်လုပ်နေတဲ့ ပတ်ရဲ့မိတ်ဆွေဖြစ်သူဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ပတ်တိတ်ဟာ မိတ်ဆွေဖြစ်သူအတွက် လက်စားချေပေးဖို့ရာ ဒီလူသတ်မှုရဲ့ နောက်ကွယ်ကတရားခံကို လိုက်လံစုံစမ်းရင်းကနေ မှောင်ခိုလောကရဲ့ထုံးစံအတိုင်း ရဲတပ်ဖွဲ့တွေ ဂိုဏ်းတွေနဲ့ ဇာတ်ရှုပ်ရပါတော့တယ်။ ဇာတ်လမ်းအကြောင်းကို အများကြီးမပြောတော့ပါဘူး ဖိုက်တင်ပလေးတာတွေကတော့ ကြမ်းတယ်လို့ပြောလို့ရမယ့်အထဲမှာပါပါတယ်။ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက တော်တော်အဆင်ပြေတဲ့အထဲမှာပါတာမလို့ အက်ရှင်ကားကြမ်းကြမ်းကြည့်ချင်နေတဲ့သူတွေအတွက်ကတော့ သင့်တော်မှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.6 GB)/(861 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Rise of the Footsoldier: Vengeance
Tragic Hero
6.3

Tragic Hero (1987) ~ IMDb – 6.3/10, Rotten Tomatoes – 58% ~ ၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn’s Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn’s Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ အဆက်တွေ။ Rich and Famous နဲ့ Tragic Hero တို့တွေပေါ့။ Tragic Hero က လပိုင်းလောက်စောပြီး အရင်ထွက်ပေမဲ့ ဇာတ်အရဆို သူက ၂ပဲ။ တစ်နှစ်တည်းထွက်တာဆိုတော့ ဘာလို့ဒါကိုအရင်ထုတ်လိုက်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့သေချာတာက Tragic Hero ကြည့်ပြီးရင် Rich and Famous ကိုကြည့်ဖို့ မလိုလောက်တော့ဘူး။ Tragic Hero ကို ရိုက်ထားတာက တေလာဝေါင်။ Behind the Yellow Line ဒါရိုက်တာ။ ကောင်းတာတွေလည်းရိုက်တယ်။ မကောင်းတာတွေလည်းရိုက်တယ်။ အတော်ကြီးလည်းမဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ ဒီကားက သူ့ကောင်းတဲ့ ၃ ၄ ကားထဲဝင်တယ်။ သရုပ်ဆောင်တွေကတော့ ချောင်ယွန်ဖတ်နဲ့ အန်ဒီလောင်။ ညီအစ်ကိုစိတ်ဓာတ်တွေ သဘောထားကြီးတာတွေနဲ့ပတ်သက်ရင် ချောင်ယွန်ဖတ်က ခွဲပစ်လို့မရတဲ့ မင်းသားပဲ။ သူက အဲဒီလိုဇာတ်ရုပ်တွေနဲ့ တော်တော်လေးလိုက်ဖက်တယ်။ အန်ဒီလောင်ကတော့ ထုံးစံအတိုင်း အက်ရှင်ကားတွေထဲက အန်ဒီလောင်ပါပဲ။ ဝေါင်ကာဝေးနဲ့ရိုက်ရိုက် ဂျွန်နီတိုနဲ့ရိုက်ရိုက် ဘန်နီချန်းနဲ့ရိုက်ရိုက် ဒီလိုကားတွေဆို အန်ဒီလောင်က အန်ဒီလောင်လို့ပဲပြောရမယ့်အထိ အန်ဒီလောင်ပီသတဲ့ပုံအတိုင်းပါပဲ။ ဇာတ်ကတော့ ဟောင်ကောင်ဂိုဏ်းစတားလောကမှာ ထိပ်သီးဖြစ်ခဲ့တဲ့ ချောင်ယွန်ဖတ်မှာ လက်ရုံး၂ယောက်ရှိခဲ့တယ်။ အန်ဒီလောင်နဲ့ နောက်တစ်ကောင်ပေါ့။ သူတို့က ညီအစ်ကိုတွေ။ အဲဒီ၂ယောက်မှာ အန်ဒီလောင့်အစ်ကိုက ချောင်ယွန်ဖတ်ကို သစ္စာဖောက်သွားတယ်။ အင်အားလည်းကြီးလာတယ်။ စီးပွားရေးဘက်ပဲ အာရုံစိုက်နေတဲ့‌ ချောင်ယွန်ဖတ်အတွက်လန့်စရာဖြစ်လာတယ်။ ရှောင်လွှဲပေမယ့် ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးရဖို့ဖြစ်လာတယ်။ အဲဒီနောက် ပြန်တိုက်ခိုက်တဲ့အကြောင်းပေါ့။ ဒီလိုဇာတ်လမ်းတွေရဲ့ ပုံသေနည်းအတိုင်း မင်းသားခံရ ပြန်ထလာ ပြန်ချဆိုက်ပဲ။ Heroic Bloodshed ကားပီသစွာပဲ Battle Scene တွေက တော်တော်ကြမ်းကြမ်းပြထားတယ်။ ဂျွန်ဝူးကားတွေကြိုက်ရင် ကြည့်သင့်တယ်လို့ပဲပြောရမယ်။ အဲဒီပုံစံနဲ့ခပ်ဆင်ဆင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 840MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 37Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 1987
Tragic Hero
My Child Has My Doctor’s Face
5.7

My Child Has My Doctor’s Face (2024) ============================ ဂျက်ဆီကာနဲ့ ဒင်လန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုပဲ ချစ်ကြတဲ့လင်မယားတွေပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သုံးနှစ်ကျော်လောက် ကြိုးစားတာတောင် သားသမီးရတနာမထွန်း ကားဘဲ ဖြစ်နေရတာကြောင့် ဂျက်ဆီကာတစ်ယောက် ဒင်လန့်ကို ဖန်ပြွန်သန္ဓေသားနည်းကို စမ်းသပ်ကြည့်ဖို့ပြောလာခဲ့ပါတော့တယ်။ ဒင်လန်အနေနဲ့လည်း ဇနီးဖြစ်သူစိတ်ကျေနပ်စေဖို့အတွက် လက်ခံ သဘောတူခဲ့ပါတယ်။ နှစ်တွေအတန်ကြာလာပြီးတဲ့အခါမှာတော့ ဂျက်ဆီကာတို့မိသားစုလည်း ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ရလာတဲ့ သားဖြစ်သူဟင်နရီလေးကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်နေရတာပေါ့။ တစ်နေ့မှာတော့ ဟင်နရီရဲ့သွေးအုပ်စုအမျိုးအစားနဲ့ ဒင်လန်ရဲ့သွေး အမျိုးအစားက မိဘနှင့်သားသမီးတော်စပ်ဖို့ မဖြစ်နိုင်ကြောင်းကို ဂျက်ဆီကာတစ်ယောက် အမှတ်မထင်ထိလိုက်ရပါတော့တယ်။ ဒီလို နဲ့ပဲ ဂျက်ဆီကာလည်း ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဖြစ်ရပ် မျိုးဖြစ်လာရလဲဆိုတာ စတင်ရှာဖွေပါတော့တယ်။ သူနဲ့အတူ CM ပရိသတ်တွေလည်း လိုက်လံအဖြေရှာကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(560 MB) Quality…………WEB-DL 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Fiona Gillen Encoder……….SWM

5.7 2024 86 mins
My Child Has My Doctor’s Face
Blackwater Lane
5.5

မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင် နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာ‌တော့ သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးက Blackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက် ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့ အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန် တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေ ကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံး တာမျိုးတွေပါဖြစ်လာပါတယ်။ တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိ ‌ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်း လိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီး တစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါစေ။ File size…1.49GB / 623MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Fantasy • Action
5.5 2024 108 mins
Blackwater Lane
Double iSmart

Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်) ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ……. ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ ……. သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

0 2024
Double iSmart
Avenging Force
5.8

ဒီဇာတ်လမ်းဟာ 1986 ခုနှစ်မှာထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီးတော့ Rotten tomatoes 50% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဟန်တာဟာ မိဘတွေဆုံးပါးသွားတဲ့အခါကစပြီး ညီမလေးကိုစောင့်ရှောက်ဖို့ အေးဂျင့်အလုပ်ကနေထွက်လိုက်ပါ‌တယ်။ တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီအလည်သွားရင်း သူငယ်ချင်းရဲ့မိသားစုကိုလုပ်ကြံမှုနှင့် ကြုံတွေ့ပါတော့တယ်။ ထိုအခါ သူငယ်ချင်းကို အေးဂျင့်ဟောင်းဖြစ်တဲ့ဟန်တာက ဘယ်လိုကာကွယ်မလဲ၊ သူငယ်ချင်းအစစ်မှန်ဟာဘယ်လိုမျိုးလဲ ဆိုတာကို ရှုစားရမှာပါ။ 1986 ခန့်ထွက်ရှိခဲ့ပေမယ့် ယခုအချိန်ထိ ကြည့်ရှု၍ကောင်းနေဆဲ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်တဲ့ Channelmyanmar ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ File Size : 2.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 44min Format :Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : KK Encode by : Thit San Khant

Drama • Action • History
5.8 1986 104 mins
Avenging Force
The Story of Us

အခုဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကြမ်းတွေရဲ့မင်းသားကြီး Bruce Willisရဲ့ ၁၉၉၁က ထွက်လာတဲ့ Drama Romanceလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဘန်နဲ့ ကေတီတို့က အိမ်ထောက်သက်ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ သူတို့မှာ ဂျော့နဲ့အယ်ရင်လို့ခေါ်တဲ့ ကလေးနှစ်ယောက်လည်းရှိကြပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိူင်း အိမ်ထောင်သက်ကြာလာတာနဲ့ ရန်ဖြစ်တာတွေ၊ ကတောက်ကဆဖြစ်တာတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကပိုပြီး အေးစက်လာကြပါတော့တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ နှစ်ယောက်သာ ဝေးကွာသွားကြရင်း ကွာရှင်းဖို့အထိပါ ဖြစ်ကုန်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ရပ်တန့်လိုက်ဖို့ကတော့လွယ်ပေမဲ့ တည်ဆောက်ဖို့ကတော့ ခက်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပြီး အသက်သွင်းဖို့ကြိုးစားကြရပါတယ်။ ကံကြမ္မာနဲ့အချစ်တစ်ခုကြောင့် ပေါင်းဖက်လာကြတဲ့ လူနှစ်ယောက် သဘောမတူညီမှုတွေ၊ အခက်အခဲတွေကြားထဲမှာ အတူတူရှိနေမယ့်လူတစ်ယောက်ကို ရထားတာ ဘယ်လောက်တောင်ကံကောင်းလဲဆိုတာကို နားလည်သွားဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ်။ ပြသာနာတွေကြားကအိမ်ထောင်ရေးတစ်ခုမှ အချစ်ကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာကို ပြသထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ File size… (1.8 GB) / (905 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

0 1999
The Story of Us
What No One Knows

ဇာတ်လမ်းက ဆယ်ကျော်သက်အရွယ်ကတည်းက ရင်းနှီးခဲ့တဲ့ Oriyomi နဲ့ Ifelolu ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း ပါ။ Oriyomi က မိဘမဲ့ဖြစ်ပြီးတော့ အင်္ဂလန်ကနေ လာဂို့စ်ကို ပြန်လာနေထိုင်တဲ့သူ၊ Ifelolu ကတော့ အစ်ကိုဖြစ်သူ ဆုံးသွားပြီးနောက် တစ်ဦးတည်းသောသားဖြစ်လာတယ်။ သူတို့နှစ်ယောက်က လာဂို့စ်မှာ တွေ့ဆုံပြီး မတူညီတဲ့ ပင်ကိုယ်စရိုက်တွေရှိပေမယ့် ခိုင်မာတဲ့ သံယောဇဉ်တစ်ခု ဖြစ်လာတယ်။ အရွယ်ရောက်လာတော့ Mama ‘O’ Events ဆိုတဲ့ ပွဲစီစဉ်တဲ့ ကုမ္ပဏီတစ်ခုကို အတူတည်ထောင်ပြီး Oriyomi က မုန့်ဖုတ်တဲ့သူ၊ Ifelolu က ဓာတ်ပုံဆရာမအဖြစ် လုပ်ကိုင်ကြတယ်။ သူတို့ဘဝထဲမှာ အချစ်ရေးတွေ ဝင်လာတယ်။ Oriyomi က သူ့ရဲ့ ငယ်ချစ်ဦး Akin နဲ့ ပြန်ဆုံပြီး လက်ထပ်တယ်။ Ifelolu ကတော့ Akin ရဲ့ သူငယ်ချင်း Efe နဲ့ လက်ထပ်တယ်။ အရာအားလုံး အဆင်ပြေနေပုံရပေမယ့် သူတို့နှစ်ယောက် လျှို့ဝှက်ထားတဲ့ သဘောတူညီချက်တစ်ခုကြောင့် ဘဝတွေ ပြိုလဲလာတယ်။ ဒီလျှို့ဝှက်ချက်က သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို စမ်းသပ်ရုံတင်မကဘဲ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားတယ်။ ဒီဇာတ်ကားက စိတ်ခံစားချက်တွေ ယဉ်ကျေးမှု မိသားစုတန်ဖိုးတွေ နဲ့ လျှို့ဝှက်ချက်တွေကို ပြထားတယ်။ နိုင်ဂျီးရီးယားရဲ့ လှပတဲ့ နေရာတွေကို ပြသထားတာက ရုပ်ရှင်ကို ပိုမိုဆွဲဆောင်မှုရှိစေတယ်။ တေးဂီတတွေကလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်ပြီး စိတ်ခံစားချက်ကို ပိုမြှင့်တင်ပေးတယ်။ Cannes World Film Festival မှာ Best International Feature Film နဲ့ Best Acting Debut ဆုတွေ ရရှိခဲ့ပြီး Nollywood Week Film Festival (Paris) နဲ့ Cannes 7th Art Awards မှာလည်း ရွေးချယ်ခံရပါတယ်။ ရိုးရိုးဇာတ်လမ်းထက် စိတ်ခံစားချက်နဲ့ လှည့်ကွက်တွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးကြိုက်ရင် “What No One Knows” က ကြည့်သင့်ပါတယ်။ ဒါပေမယ့် အက်ရှင် ဒါမှမဟုတ် ပေါ့ပါးတဲ့ ဇာတ်ကွက်မျိုးမျှော်လင့်ထားရင်တော့ နည်းနည်းလေးလေးနက်တယ်လို့ ခံစားရနိုင်ပါတယ်နော်။ File size…(1.5 GB)/(766 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Horror
0 2024
What No One Knows