YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Only.Murders.in.the.Building.S03E04.The.White.Room.1080p.HULU.WEB-DL.(CM).mp4

659.54 MB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Black Girl Missing
7.9

ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွား လို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒု ကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထား ပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူး ဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။ တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန် သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာ ပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ လော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွား ရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ် ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို ပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။ တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေး တစ်ယောက်လည်း ပျောက်နေပါတယ်။ ရဲတွေ စေတနာ့ဝန်ထမ်း တွေကလည်း အသည်းအသန်ရှာပေးကြပါတယ်။ သတင်းချန်နယ် တွေကလည်းဂျက်စီကာနဲ့ ပတ်သက်တဲ့ သတင်းတွေကို တစ်ချိန်လုံး တင်ဆက်နေကြပါတယ်။ ဒါပေမဲ့ လော်ရန်ပျောက်သွားတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒီတော့ ရှယ်ရယ်လ်နဲ့ သမီးငယ်မာလီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖို့ ကြိုးစားရပါတော့တယ်။ အဲတော့ ရှယ်ရယ်လ်နဲ့ မာလီ ပျောက်သွားတဲ့ လော်ရန်ကို ရှာတွေ့ပါ့မလား။ လော်ရန် ဘာလို့ ထွက်သွားတာလဲ။ သူတို့ခက်ခဲနေတုန်း ဘယ်သူတွေ ကူညီပေးမလဲ။ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် တရားမျှတမှု ရနိုင်မလားဆိုတာကို စောင့်ကြည့်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.5 GB) / (530 MB) / (350 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Phu Myat Thwe Encoder..........SWM

Drama • Music • Romance
7.9 2023 90 mins
Black Girl Missing
The Teacher's Diary
7.7

အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။ Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း Song ကိုအရမ်းတွေ့ချင်လာပြန်တယ်။ ရိုးရှင်းလွန်းတဲ့ဇာတ်ကြောင်းကိုမကြည့်ကြည့်ချင်လာအောင်ဆွဲဆောင်သွားတာက ဇာတ်ညွှန်းနဲ့ ဓါတ်ပုံပညာ(Cinematography)။အဓိကဇာတ်ကောင်နှစ်ယောက်ဟာအချိန်ကာလကွာခြားချက်ကြောင့်မတွေ့မဆုံနိုင်ကြပေမယ့် သူတို့ခံစားချက်နဲ့စိတ်စေတနာတွေကြောင့်သူတို့ကိုအမြန်ဆုံစေချင်တဲ့စိတ်ဖြစ်စေလာတဲ့အထိဇာတ်ညွှန်းဟာ smooth ဖြစ်လွန်းခဲ့တာ။ Cinematographer ရဲ့ဆရာကျမှုက ရေပေါ်ကျောင်းနဲ့အဲ့ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်တော့သွားကြည့်ချင်မိစိတ်ကိုဖြစ်စေပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ဆူဆူလောင်လောင်အသံတွေ၊ ကျောင်းဆရာပေါက်စလေးနှစ်ယောက်ရဲ့ကမောက်ကမနိုင်မှုတွေကိုအနောက်ကနေ တီးလုံးသံပါးပါးလေးနဲ့ပံ့ပိုးထားပါသေးတယ်။အနုပညာအရအောင်မြင်မှုအနေနဲ့ ထိုင်းအမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ အပေါ်ကချီးကျူးထားတဲ့ Cinematography နဲ့ နောက်ခံတေးဂီတဆုအပြင် Art Direction,Original song နဲ့ တည်းဖြတ်ဆုဆိုပြီး ၅ ဆုတောင်သိမ်းပိုက်ခဲ့တယ်။ သြဇာသီးမရောင်းတဲ့ဆရာ နဲ့ကျောင်းသားကြားက ၅၂၈ မေတ္တာကိုအခြေခံထားပြီး ကြည်နူးလို့မျက်ရည်ကျတဲ့ခံစားချက်ကိုသဘောကျရင်တော့ Teacher's Diary ဆိုတဲ့ထိုင်းကားလေးကိုကြည့်ပါ။ဒီဇာတ်ကားလေးမှာ ပညာရေးဆိုတာ အမှတ်တွေအဆင့်တွေဆိုတာထက်ကိုယ့်အနီးအနားကအရာတွေဆီကနေ သင်ယူလေ့လာကာ ကိုယ်နားလည်ခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာမျိုးကိုပါ ပါးပါးလေးပြသွားခဲ့တယ်။ အတိအကျပြောနိုင်တာက အချစ်နဲ့ဘဝအဓိပ္ပါယ်အချို့ကိုပုံဖော်ထားတဲ့ Teacher's Diary ကိုပထမအကြိမ် ကြည့်ပြီးသွားတဲ့အခါ သေချာပေါက်နောက်တစ်ခေါက်ထပ်ကြည့်ချင်စိတ်ဖြစ်လာမှာပါ...။ IMDB - 7.9 (ရုပ်ရှင်အညွှန်းကို Ko Aung Myo Naing FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်တင်ဆက်ထားသူကတော့ မယွန်းစန္ဒီ(Meoww Meoww)ဖြစ်ပါတယ်။) File size…(1.2 GB) / (900 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Meoww Meoww

Action • Crime • Drama • Thriller
7.7 2014 109 mins
The Teacher's Diary
Haita De Acțiune
5

Haita De Acțiune (2023) Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ဓားပြတိုက်တဲ့သူတွေကို ရအောင်ဖော်မယ်ဆိုပြီး မစ်ရှင်စပါတယ်။ သေချာပေါက် ရဲမှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သဘောမတူပါဘူး။ ဒန်ဇယ် တရားခံလို့ ထင်တဲ့သူက အထက်လွှတ်တော်အမတ်ရဲ့ သား ဖြစ်နေတဲ့အခါ… ဓားပြမှုကို ဆက်ပဲဖော်မလား… တခြားရဲတွေလိုပဲ မသိသလိုနေမလားဆိုတာကတော့…. ဒန်ဇယ်ရဲ့ Character ကို အလေးအနက်ကြီးမဟုတ်ဘဲ အူကြောင်ကြောင် ငတုံးလို လုပ်ထားတာမို့လို့ ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 740MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 39Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 99 mins
Haita De Acțiune
Once Upon a Studio

ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre…Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Once Upon a Studio
The Phantom Lover
6.6

The Phantom Lover (1995) ~ IMDb – 6.6/10, Rotten Tomatoes – 60% ~ လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The Phantom Loverရဲ့ ဒါရိုက်တာ Ronny Yu ဟာ ဟီးရိုးပြီးရင် ဂျက်လီရဲ့ ဒုတိယအကောင်းဆုံးကားလို့ ပုဂ္ဂလိက အမြင်အရ ကျွန်တော်သတ်မှတ်ထားတဲ့ Fearless ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်သလို ကမ္ဘာသိ အများကြိုက်ကြတဲ့ Freddy vs. Jason ကို ရိုက်ခဲ့တဲ့သူလည်း ဟုတ်တယ်။ နောက် ဒီကားမှာ လတ်စလီချောင်အပြင် ကျွန်တော်သဘောကျတာက ဂျက်ကလင်းဝူ။ ဂျက်ကလင်းဝူဟာ A Moment of Romance ထဲ အချစ်ကလွဲ ဘာမှမမြင်တဲ့ ချစ်စရာကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အတုမရှိအောင် ပြောင်မြောက်ခဲ့သလို ဒီရုပ်ရှင်ထဲက အချစ်ကို ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့တဲ့ဇာတ်ကောင်နေရာမှာလည်း အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါရိုက်တာဘက်ကလိုနေရင်တောင် သရုပ်ဆောင်တွေ မျက်နှာထောက်ပြီး ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်လို့ပြောရမှာပဲ။ ဟောင်ကောင်ပရိသတ်တွေတော့ ကျွန်တော့်လိုပဲ လတ်စလီချောင်နဲ့ ဂျက်ကလင်းဝူနဲ့တင် သဘောကျကြမှာပဲ။ The Phantom of the Opera ကို မှီးထားတယ်ဆိုပေမဲ့လည်း ဒီရုပ်ရှင်ထဲက ကာရိုက်တာကတော့ တကယ်ရှိခဲ့တဲ့ တရုတ်အော်ပရာသမား ထန်ချောင်ကိုလည်း မှီငြမ်းထားသေးတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကိုသုံးပြီးလည်း ဇာတ်ကို ပိုကြွအောင်လုပ်ထားသေးတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ဝန်းကျင် တရုတ်ပြည်က နာမည်ကျော် အော်ပရာသမားတစ်ယောက်ရယ် သူချစ်တဲ့ မြို့မျက်နှာဖုံးသူဌေးသမီးရယ်။ တားမြစ်ထားတဲ့အချစ်ကို ဖန်တီးမိတဲ့သူတို့၂ယောက်ကို ခွဲကြမယ့်သူတွေရယ်ကြားက ဇာတ်ပေါ့။ ကြမ္မာဆိုးတွေ ဝိုင်းရံခြင်းခံရတဲ့ ချစ်ခြင်းတစ်ခုအကြောင်းဆိုလည်း မမှားဘူး။ ထူးတာကတော့ ဒါရိုက်တာက အတိတ်နဲ့ လက်ရှိမှာ လက်ရှိကို မှုန်မှုန်မှိုင်းမှိုင်းပြပြီး အတိတ်ကိုကြည်ကြည်လင်လင်ပြသွားတယ်။ မြင်နေကျစတိုင်တော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ပစ္စုပ္ပန်က မှုန်မှိုင်းနေပြီး လှပခဲ့တဲ့ အချိန်တွေက အတိတ်မှာပဲကျန်နေတာဆိုတော့ ဒီလိုပဲဖြစ်သင့်တယ်လို့ ပြောရမှာပဲ။ ဘာနေနေပါ ဂျက်ကလင်းကို ချစ်မိဖူးတဲ့လူတွေ၊ ဟောင်ကောင် ဂန္ထဝင်တစ်ပါးဖြစ်တဲ့ လတ်စလီချောင်ရဲ့ ကြွင်းရစ်တဲ့ ဖန်တီးမှုတွေကို ချစ်တဲ့လူတွေအတွက် ဒီကားဟာ အရမ်းကြီးမကောင်းတောင် ကောင်းနေပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ Theme song ကိုလည်း လတ်စလီချောင်ကိုယ်တိုင်သီဆိုခဲ့ပြီး သူ့အယ်လ်ဘမ်မှာ ပြန်ထည့်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း လတ်စလီကို လွမ်းဆွတ်တဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားပဲပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 865MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 40Min Genre – Drama, Music, Romace Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 1995
The Phantom Lover
Basic Instinct [18+]
7

Basic Instinct (1992) IMDb Rating (7.0) ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်…ခင်ဗျားတို့လဲပါပါလိမ့်မယ်…မပူပါနဲ့…တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။ အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။ အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီး Sharon Stone နဲ့ Jeanne Tripplehorn တို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်သေးတော့ ကြည့်ဖူးပြီးသားလူတွေလည်း ပြန်ကြည့်သင့်ကြောင်း ညွှန်းလိုက်ပါတယ်။ ရှရွန်စတုန်းကလဲ တကယ့်အဟော့ဆုံးအချိန်ဗျာ…ရိုက်ထားတာကလဲ အကုန်ရှင်းရှင်းလင်းလင်း…ဇာတ်လမ်းကလဲ ရမ္မက်တွေနဲ့ပြစ်မှုတွေအကြောင်းဆိုတော့ ဘာမှဖြတ်တောက်ထားခြင်းမရှိတဲ့ Unrated Version ကိုမှ ကာလာအစုံနဲ့အလန်းဆုံးကြည့်ရှုရမယ့် 4K HDR Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိသားစုနဲ့တော့ကြည့်ရှုလို့မရပါခင်ဗျာ။ 4K ဖိုင်ကို HDR Version နဲ့တင်ဆက်ထားတာကြောင့် မိမိကြည့်ရှုမယ့် Player မှာ HDR Setting တွေ On ထားပြီးကြည့်ရှုမှသာ ကာလာစုံမြင်ရမှာဖြစ်ပြီး 1080p/720p ကတော့ ရိုးရိုးတမ်းတမ်းကြည့်ရှုလို့ရပါတယ်။

Horror • Mystery
7 1992
Basic Instinct [18+]
[18+] Serbidoras

[18+] Serbidoras (2024)================ဒွန်နာ၊ရီနာနဲ့လီဇယ်တို့ဟာ နယ်မြို့လေးကနေ မနီလာမှာလာအလုပ်လုပ်နေကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ပြီးလက်ရှိမှာတော့ မိဘတွေကိုထောက်ပံ့ရင်းနဲ့ပဲကိုယ့်ဘ၀တိုးတက်ဖို့အလှည့်မပေးနိုင်ဖြစ်နေခဲ့ကြပါတယ်။သူတို့ရနေတဲ့ လစာနဲ့လည်းလိုအပ်ချက်တွေအလျင်မမှီတဲ့အတွက် လူချမ်းသာရည်းစားတွေကိုယ်စီထားပြီး အဲ့ဒီရည်းစားတွေရဲ့အကူအညီကိုလည်းတစ်ဖက်ကယူနေကြရပါတယ်။ကံဆိုးစွာပဲ သူတို့ရည်းစားတွေအားလုံးက အိမ်ထောင်သည်တွေဖြစ်ပြီး အဲ့ဒီလူတွေရဲ့ဇနီးတွေက သူတို့ဇာတ်လမ်းကိုသိသွားကြတဲ့အချိန်မှာတော့..။Chloe Jenna၊ Denise Esteban၊ Aila Cruz ဆိုတဲ့ Vivamax ထိပ်တန်းမင်းသမီးသုံးယောက်ဦးဆောင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(650MB)/(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2024 48 mins
[18+] Serbidoras
[21+] Monamour
5.3

အီတလီဘိုးတော်ကြီး Tinto Brass ရဲ့ ဖလင်တွေ ဘယ်လိုစတိုင်လဲဆိုတာ သိကြမှာပါ။ ခုလဲ သူ့ဖလင်တွေထဲက တခုဖြစ်တဲ့ Monamour (2006) ဇာတ်ကားကို Dark Side Production ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်၊။ ရှေးလူကြီးတချို့ပြောကြတာရှိတယ်မလား အိမ်ထောင်ရေးဆိုတာ အိပ်ယာပေါ်မှာ မသာယာနိုင်ရင် အပြင်မှာလဲ အဆင်မပြေနိုင်ပါဘူးတဲ့… ဒီဇာတ်ကားထဲက ယောင်္ကျားဖြစ်သူက အလုပ်နဲ့ လူမှုရေးတွေမှာသာ အားဖြည့်နေပြီး အိမ်က အိပ်ယာပေါ်မှာတော့ ကျရှုံးသူ တစ်ဦးဖြစ်နေပါတယ်… ဒီလိုနဲ့ ကြိမ်ဖန်တွေများလာတော့ ဇနီးသည်နဲ့ ပြသနာတွေဖြစ်လာပါတော့တယ်။ အချစ်နဲ့ ကာမ တက်မက်မှုတွေက ရောထွေးနေတတ်ပြီးတော့ တကယ်မချစ်လဲ တက်မက်မှုနောက်လိုက်ရင်း လမ်းမှားရောက်သွားတတ်ကြပါတယ်။ ဒီတော့ မိမိကြင်ဖက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားရမှာက ယောက်ကျားဖြစ်သူရော မိန်းမဖြစ်သူရော တာဝန်ရှိကြတာမျိုးဆိုတာကို ဆရာကြီး Tinto Brass က အီတလီစတိုင်နဲ့ ရိုက်ကူးထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) File Size : (2.7 GB) & (1.6 GB) Quality : BluRay Extended 1080p HEVC & 720p Running Time : 02:39:00 Format : mkv/mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Aba Sayar Encoded by RGB

Horror • Science Fiction • Comedy
5.3 2006 104 mins
[21+] Monamour
Against the Tide
6.9

Against the Tide (2023) “ဒီရေကို ဆန်၍” ဒီတစ်ခါမှာ နိုင်ငံတကာဆုတချို့ရထားတဲ့ အိန္ဒိယမှတ်တမ်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရာကတ်ရှ်နဲ့ ဂါနေ့ရှ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်လုံးက တိုင်းရင်းသားငါးဖမ်းသမားတွေဖြစ်ပြီး မိဘဘိုးဘွားလက်ဆင့်ကမ်းလာတဲ့ ငါးဖမ်းပညာကို မြတ်နိုးကြသူတွေပါ အချိန်အခါတွေ ပြောင်းလဲလာတော့ ငါးတွေအရင်လိုမရတော့ဘဲ ရှားပါးမှုတွေ တခြားအခက်အခဲတွေ ရင်ဆိုင်လာရပါတယ် ဒါပေမဲ့ တခြားအလုပ်ကိုမရွေးချယ်ချင်တဲ့ သူတို့တွေ ဘယ်လိုရင်ဆိုင်ကြမလဲ မိသားစုဝမ်းရေးအတွက် ပင်လယ်ပြင်မှာ အခက်အခဲတွေကို ဘယ်လိုအံတုကြမလဲဆိုတာ ကြည့်ရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Eaindra ~ ToMo ~ Yunni တို့မှ ဖြစ်ပါတယ်

6.9 2023
Against the Tide
Start Up Never Give Up

Startup Never Give Up (2024) လွဲလွဲ‌လေးပဲကောင်းပါတယ် ရယ်မောပြုံးပျော်ပြီး အပန်းဖြေနိုင်ဖို အင်ဒိုနီးရှားဟာသကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒွန်နီဆိုတဲ့ကောင်လေးက အလုပ်ထုတ်ခံရလိုက် ပြန်လျှောက်လိုက်နဲ့ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ပြီး သံသရာလည်နေသူတစ်ဦးပါ။ သူ့မှာရာဖီဆိုတဲ့ ကျောင်းတက်နေဆဲ ညီငယ်လေးတစ်ယောက်ရှိပါတယ်။ ရာဖီကပဲ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်နဲ့ ကျောင်းတစ်ဖက်၊ စာတစ်ဖက် အလုပ်ရှုပ်နေရပါတယ်။ အခုလည်း သူလက်ရှိလုပ်နေတဲ့ မိတ္တူကူးတဲ့အလုပ်က အထုတ်ခံလာရပြန်ပါပြီ။ မိတ္တူကူးနေရင်း စက်ပျက်သွားတော့ သူဌေးကသူ့ကိုအလုပ်ထုတ်လိုက်တာပါ။ ဒွန်နီမှာ ဒေဝီလိုခေါ်တဲ့ သူငယ်ချင်းချောချောလှလှ ကောင်မလေးတစ်‌ယောက်ရှိပါတယ်။ သူ့ကိုမုန့်တွေလာပို၊ သူ့ညီငယ်လေးကိုထိန်းကျောင်းပေးနေသူလေးပေါ့။ သူတိုအိမ်ရဲ့အိမ်စရိတ်တွေ‌၊ မီတာခ‌အကြွေးတွေပေးဖို ဒွန်နီက အလုပ်တစ်ခုလျှောက်ရပါတော့တယ်။ သူ့ရဲ့လုံခြုံရေး၊ ဝိတ်တာ၊ ရုံးစာရေး၊ ဒရိုင်ဘာ အကုန်လုပ်ဖူးတဲ့အတွေ့အကြုံနဲ့ မန်နေဂျာရာထူးကို ခန့်လိမ့်မယ်ထင်ပေမဲ့ ဒီတစ်ခါလည်းလွဲသွားပြန်ပါတယ်။ ဒီလိုနဲ့ခေါင်းငိုက်စိုက်ချ ပြန်လာ‌တုန်း သူ့ကို အနောက်က အတင်းလိုက်အော်ခေါ်ပြီး အလုပ်တန်းခန့်ပါတော့တယ်။ အကြောင်းရင်းကတော့ သူဟာသူတိုသူဌေးမိန်းမရဲ့ မောင်လေးဖြစ်နေလို အထက်ကသူ့ကို အလုပ်ခန့်ခိုင်းခြင်းရယ်ပါ။ သူကတော့ဒါကိုမသိဘဲ ပျော်ရွှင်စွာ အလုပ်ဝင်ပါတော့တယ်။ ဒွန်နီတစ်ယောက် ဒီအလုပ်မှာရော ဘယ်လောက်မြဲမလဲ၊ အလွဲတွေလုပ်ပြီးပဲ ထပ်အလုပ်ထုတ်ခံရဦးမလား၊ နောက်ဘာအလုပ်ထပ်ရှာရပါဦးမလဲ၊ သူ့ညီလေးနဲ့ သူတိုအိမ်စရိတ်ကိုရော သူဆက်ထောက်ပံ့နိုင်ပါ့မလား၊ ဒေဝီနဲ့သူတိုရဲ့ဆက်ဆံရေးကရော ဘယ်လိုလဲဆိုတာ ရယ်မောကြည့်ရှုရင်း ဆက်လက်အဖြေရှာကြည့်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ်။ File size… 1.6 GB / 763 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team

Comedy • Fantasy
0 2024
Start Up Never Give Up
Kinda Pregnant
5.5

စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းက သူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင် မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေး တည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ် မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာ လင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့ သားဦးလေးကို ကိုယ်ဝန်စလွယ်ထားရပါတယ်။ လင်နီ လိုချင်၊ဖြစ်‌ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်း ကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေ ဖြစ်ပြီး သူလိုချင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာ ဟန်ဆောင်‌နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီး ကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေ အလိမ်အညာ ထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကို ဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။ R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ ခုတင်ပေါ်က ဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသ ကားလေးကြည့်ဖို့ရှာနေသူများကတော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို‌ ဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size… (1.70 GB) / (752 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Drama
5.5 2025 97 mins
Kinda Pregnant
Date Movie
2.8

Date Movie (2006) IMDb Rating (2.8) / Rotten Tomatoes (7%) Spoof/Parody တွေလှိုင်လှိုင်ခေတ်စားခဲ့တဲ့ ၂၀၀၀ ခုနှစ်ကျော်ကာလများက ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီးနောင်တော်ကြီးတွေဖြစ်တဲ့ Scary Movies, Not another Teen movies တို့လယ်ဗယ်ကိုမရောက်ပေမယ့်လည်းဖျော်ဖြေမှုပေးနိုင်ဆဲဇာတ်ကားတစ်ကားပါ။ ဒီကားကတော့နာမည်ကျော် Rom/com တွေကို spoof လုပ်ထားတာဖြစ်ပြီးတော့My big fat greek wedding,Meet the Parents,Hitch,When Harry Met Sally,Sweet Home Alabama အစရှိတဲ့ဇာတ်ကားတွေပါဝင်ပါတယ်။ ဒီဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီခေတ်ကာလ Pop culture ကိုတီးမိခေါက်မိရှိမယ်ဆိုရင် ဇာတ်ကားထဲကဟာသတွေကပိုပြီးရုပ်လုံးကြွ ရယ်ရပါလိမ့်မယ်။ Cheesy ဖြစ်တဲ့ဖောက်ကွက်တွေပါဝင်သလို တစ်ချို့ဟာသတွေကျတော့လည်း တကယ်ထိရောက်ပါတယ်။ တစ်ခုရှိတာက Woke Mindset ခေတ်မစားခင်ကာလကထွက်ခဲ့တဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဘာကိုမှ အထာမထားပဲ Shaming တွေ descriminationsတွေလည်း လှိုင်လှိုင်ပါဝင်နေတာမို့စိတ်လျှော့ပြီးကြည့်ကြဖို့အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.6 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Romance Duration…. 01:24:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

Romance • Drama
2.8 2006 83 mins
Date Movie