YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

only.murders.in.the.building.s02e10-End.1080p.CM.mp4

644.46 MB N/A video/mp4 361 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The People vs. Larry Flynt
7

တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ဖလန့်ရဲ့ ဘဝထဲက ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရတဲ့ ဆူကြုံအနိမ့်အမြင့်တွေ ၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ အရှုပ်အထွေးတွေ ၊ ကိုယ်တိုင်သွားရှာလာခဲ့တဲ့ပြဿနာတွေ အားလုံးကို ခံစားချက်ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ လယ်ရီဟာ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်ရင်းနဲ့ လူတွေရဲ့ လိင်စိတ်ကူးယဥ်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် တိုက်ခိုက်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီခေတ်အခါက လယ်ရီဖလန့်ဟာ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့ပြီး ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်သာ ယခုလက်ရှိကာလရဲ့ အပြာဝက်ဆိုဒ်တွေမှာ အပြာမင်းသားတွေ ဆန်တာကလော့ဒ်ဝတ်စုံကြီးနဲ့ တူနယ်တန့်နယ်နေတာမျိုးကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်နေတာပါ။ ဒီနိုင်ငံမှာသာ အထင်ကရနတ်မင်းတစ်ပါးရဲ့ ဝတ်စုံဝတ်ပြီး အပြာကားရိုက်မိရင် ရိုက်တဲ့ကောင်ဟာလည်း မစ္စတာ လယ်ရီဖလန့်လိုပဲ ၇ ညအိပ် ၈ ရက် ချားကီးမိပြီး ဂျေးအောင်းမှာပါ။ ဒီတော့ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ လွတ်လပ်စွာကြည့်ရှုခွင့် ရရှိရေး စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ မစ္စတာ လယ်ရီ ဖလန့်ရဲ့ ဘဝအကြောင်းကို စေ့စေ့ငုံငုံ ရိုက်ပြထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး။ File size…(2.63GB)  / (1.24GB) / (974MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Horror
7 1996 130 mins
The People vs. Larry Flynt
Werewolf by Night
7

မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း မာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် စွမ်းအားမျိုးစုံပေးနိုင်တာကြောင့်နာမည်ကြီး မုဆိုးတွေလည်း ကျောက်တုံးကို ပိုင်ဆိုင်ဖို့ အမဲလိုက်ပြိုင်ပွဲကို ရောက်လာကြပါတော့တယ်။ အဲဒီမှာပဲ သမန်းဝံပုလွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားလိုက်ရအောင်... File size…1 Gb / 400 Mb Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Thriller
7 2022 55 mins
Werewolf by Night
Big Trip 2: Special Delivery
6.5

Special Delivery ဆိုတဲ့ နာမည်နဲ့အတူ ဝက်ဝံကြီး မစ်မစ်နဲ့ ဉာဏ်ကြီးရှင် ယုန်လေး အော်စကာတို့ ပြန်လာပါပြီ Big Trip 1 မှာတုန်းက ဝက်ဝံကြီး မစ်မစ်တို့ဆီ မှားရောက်လာတဲ့ ပန်ဒါလေးကို သူ့အိမ်အရောက် ပို့ပေးခဲ့ပါတယ် Big Trip 2 မှာတော့ ဝက်ဝံကြီး မစ်မစ်တို့ဆီကို အမေရိက သစ်တောပြည်ထောင်စုရဲ့ရွေးကောက်ခံသမ္မတလောင်း ဝက်ဝံကြီး ဂရစ်ဇလီရဲ့ကလေး မှားယွင်းပြီး ရောက်လာပြန်ပါတယ် သားသမီးရှိသူပဲ သမ္မတလုပ်ခွင့်ရှိတဲ့ အမေရိက သစ်တောပြည်ထောင်စုရဲ့ ဥပဒေကြောင့် ရွေးကောက်ပွဲအမီ ဝက်ဝံပေါက်လေး ရောက်လာဖို့က ဝက်ဝံကြီး ဂရစ်ဇလီတို့အတွက် အရေးကြီးနေပါတယ် အဲဒီလိုနဲ့ မှားယွင်းပြီးရောက်လာတဲ့ ဝက်ဝံပေါက်လေးကို သူ့နေရပ်ဆီ အချိန်မီ ပို့ပေးဖို့ မစ်မစ်တို့ Big Trip 2 ခရီးစဉ်ကြီးကို စတင်ရပါတော့တယ် ဒီခရီးစဉ်မှာ ဝက်ဝံကြီး မစ်မစ်၊ ယုန်လေး အော်စကာတို့အပြင် Big Trip 1 က ပန်ဒါလေးနဲ့ ပို့ဆောင်ရေးငှက် ကားလ်တို့ပါ ပါဝင်တာကြောင့် ခရီးစဉ်တစ်လျှောက်လုံးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်ပျော်ပါးပါး ရှုစားရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 525MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Comedy • Drama • Thriller
6.5 2022 90 mins
Big Trip 2: Special Delivery
Rambo: Last Blood
6.5

ဒီကားကတော့ တိုက်ခိုက်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေ ရက်စက်တာမို့ R rated သတ်မှတ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရမ်ဘိုကြီးဟာဗီယက်နမ်စစ်ပွဲ၊ မြန်မာစစ်ပွဲတွေ နွှဲခဲ့အပြီးမှာ အိမ်ကိုပြန်လာပြီး မိတ်ဆွေဟောင်း အမျိုးသမီးနဲ့သူ့ရဲ့မြေးလေး ဂေဘရီရယ်တို့ရဲ့ အိမ်မှာ အတူနေနေပါတယ်။ တစ်ရက်မှာ ဆယ်ကျော်သက်လေး ဂေဘရီရယ်ဟာမက္ကဆီကို ကိုခိုးထွက်ပြီး သူ့ကိုစွန့်ပစ်သွားတဲ့ဖခင်ဖြစ်သူကို လိုက်ရှာပါတော့တယ်။ အဲဒီအချိန်မှာ သူပြန်မလာနိုင်ဘဲလူမှောင်ခို ပြည့်တန်ဆာဂိုဏ်းလက်ထဲပါသွားတဲ့အခါမှာ အဘိုးကြီး ရမ်ဘိုတစ်ယောက်စွန့်စားခန်းတွေ ထပ်ဖွင့်ရပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…

Drama • War & Politics
6.5 2019 89 mins
Rambo: Last Blood
Saving Face
7.4

Saving Face (2004) =============== IMDb Rating – 7.4/10 အက်ရှင်ခန်းတွေမပါပေမဲ့ အေးအေးလေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားပေးမဲ့ IMDb rating 7.4/10 နဲ့ Rotten Tomatoes 88% ထိရရှိထားတဲ့ တရုတ်ဒရာမာတစ်ကားကို CM ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ The Last Emperor ထဲက မိဘုရားWan Jung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joan Chen လည်းပါဝင်ထားပြီး ဒါရိုက်တာ Alice Wuရဲ့လက်ရာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဖလက်ရှင်းရပ်ကွက်က တရုတ်- အမေရိကန်လူမှုအသိုင်းအဝိုင်းကို အခြေတည်ပြီး အဲ့မှာနေတဲ့ တရုတ် မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ အဲ့ခေတ်တုန်းက အမေရိကန်မှာနေတဲ့ တရုတ်လူမျိုးတွေဟာ လူဖြူချွေးမ မလိုချင်ကြ သလို၊ တစ်ခုလပ်အမျိုးသမီးတွေကလည်း နောက်အိမ်ထောင်ထပ်မ ပြုကြဘူး။ သေချာပေါက် လိင်တူချစ်တာမျိုးကိုလည်း အားမပေးကြ ဘူးပေါ့။ ရှောင်ဝေဟာ အလားအလာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့အမေကတော့ ငယ်ငယ်က မိဘပေးစားတဲ့သူနဲ့ပဲ အိမ်ထောက်ကျပြီး တဲ့နောက် ခင်ပွန်းကွယ်လွန်သွားတော့ ၄၈နှစ်အရွယ်ထိ မုဆိုးမဘဝနဲ့ပဲ နေလာခဲ့တဲ့သူပေါ့။ ငယ်ငယ်တုန်းကလည်း မိဘအရိပ်အောက်၊ ယောက်ျား ရတော့လည်း ယောက်ျားအရိပ်အောက်၊ ယောက်ျားသေတော့လည်း မိဘ အရိပ်အောက်မှာပဲ တစ်ဘဝလုံးနေလာရတဲ့သူ့အမေ။ ရှောင်ဝေ့အဘိုးက တော့ သူ့သမီး အဲလိုဗိုင်းကောင်းကျောက်ဖိလိမ္မာတာကို ကျေနပ်နေပြီး သူ့သမီးဘဝက အပူအပင်မရှိဘူးလို့ ထင်နေတဲ့သူ။ တစ်နေ့ကျ ရှောင်ဝေ့ အမေဟာ ကိုယ်ဝန်ရှိလာခဲ့တယ်။ သူ့အမေက ကလေးအဖေကိုလည်း ထုတ်မပြောတော့ သူတို့အသိုင်းအဝိုင်းမှာ ပြောစရာတစ်ခုဖြစ်လာတော့ တာပေါ့။ ဒါ့အပြင် ရှောင်ဝေကလည်း သူ့လိုမိန်းကလေးတစ်ယောက်ကိုမှ ချစ်မိနေတဲ့အခါ…။ ထိုခေတ်ထိုအခါက လူမှုအသိုင်းအဝိုင်းကနေ ကွဲထွက်နေတဲ့ ရှောင်ဝေတို့ သားအမိရဲ့ဘဝကို ရှုထောင့်အစုံကနေ တင်ဆက်ထားပြီး လူ့စိတ်လူ့သဘာ ဝတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.64 GB) / (547 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Ngwe Zin Encoder……….SWM

Comedy
7.4 2004 97 mins
Saving Face
Axone
6.9

Axone (2019) “အာစွန်း” IMDb – 6.9/10 အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့…. သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Romance • Comedy • Drama • TV Movie
6.9 2019 96 mins
Axone
Lantrani
5.3

Lantrani (2024) (မြေနိမ့်ရာလှံစိုက်) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ… လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။ လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။ လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5.3 2024
Lantrani
unDEFILED
6.1

Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမား တစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေ စွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။ သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်း သိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေး တစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲ အေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါး လက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကို ကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။ လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့ လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလို လုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.82GB / 712MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 55m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri

Romance • Comedy
6.1 2024
unDEFILED
Come and See
8.4

Come and See ( 1985 ) IMDb Rating (8.4) / Rotten Tomatoes (90%) Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။ Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။ Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့‌ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

8.4 1985
Come and See
Luxembourg, Luxembourg

Luxembourg, Luxembourg (2023) ဥရောပရုပ်ရှင်တွေထဲကနေ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်တဲ့ ယူကရိန်းနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ IMDb rating 7.9, Rotten Tomatoes 83% ရရှိထားပါတယ်။ Drama ရုပ်ရှင် ကြိုက်နှစ်သက်သူဆိုရင်တော့ မိုးရွာတဲ့နေ့မှာ အိပ်ရာထဲကနေ အေးဆေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်မျိုးလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုလာနဲ့ ဗက်စ်ယာတို့ဟာ ယူကရိန်းက အမြွှာညီအစ်ကိုတွေပါ။ ဘာမှမရှိတဲ့မြို့လေးမှာ ရှင်သန်ကြီးပြင်းကြရင်း ဗက်စ်ယာကတော့ ရဲဝန်ထမ်းဖြစ်သွားပြီး ကိုလာကတော့ ဘတ်စ်ကားလည်း မောင်းသလို ကြုံရာအလုပ်တွေလုပ်သလို လူဆိုးလေးတစ်ယောက်ဖြစ်နေပါတယ် ။ တစ်နေ့မှာ ကိုလာ့ဆီကို သူ့အဖေ လူဇင်ဘတ်နိုင်ငံမှာ မတော်တမှုအကြီးကြီးဖြစ်ကြောင်း သေလုမျောပါးဖြစ်နေကြောင်း ယူကရိန်းကောင်စစ်ဝန်ရုံးမှ ဆက်သွယ်လာပါတယ်။ အဲဒါနဲ့ ကိုလာလည်း လူဇင်ဘတ်ကို သွားဖို့လုပ်ပါတယ် ဒါပေမယ့် အမေဖြစ်သူနဲ့ ဗက်စ်ယာတို့ကတော့ မသွားဖို့တားပါတယ်။ ကိုလာကတော့ သွားဖို့ အတင်းလုပ်ပါတော့တယ်…… အညွှန်းန့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.6GB | 739B Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2023
Luxembourg, Luxembourg
Riki-Oh: The Story of Ricky
7.1

Riki-Oh: The Story of Ricky (1991) IMDb Rating (7.1) / Rotten Tomatoes (90%) ဒီဇာတ်ကားက မင်းသား Louis Fan ရဲ့အကောင်းဆုံးအက်ရှင်ကားလို့ဆိုကြပြီး တကယ်လဲ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်ဖိုက်တာကားဖြစ်ပါတယ်။ Ricky Ho: The story of Ricky ဆိုတဲ့အတိုင်း ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂလိကတွေကိုလွှဲပေးထားပြီး ငွေရှင်အရင်းရှင်တွေခြယ်လှယ်တဲ့ခေတ်ပုံစံကို တင်ဆက်ထားပါတယ်။ အဲ့ဒီပုဂ္ဂလိကထောင်တစ်ခုကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလို အခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။ အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ ပြီးတော့ ထောင်ကလဲ ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ ရစ်ကီဟိုလိုမဟုတ်မခံနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….။ ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ။

Drama • Comedy
7.1 1991
Riki-Oh: The Story of Ricky
The Girl with the Needle
7.5

ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ Best International Feature Film ဆုအတွက် ဆန်ခါတင် စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက် ပေးလိုက်ချင်ပါတယ်။ 82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်း ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်း တစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ***************** ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စား အထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။ သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေ စာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲ ကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီး ယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။ လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲ စွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီး ကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီး မွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာ ကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။ အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီး အပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့ တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ဘာကြောင့် အော်စကာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်နေတာလဲဆိုတာကိုတော့ ကိုယ်တိုင် ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (7.07GB) / (2.04GB) / (953MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 3m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Adventure • Animation • Comedy • Family • Fantasy • Music
7.5 2024 123 mins
The Girl with the Needle