YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

ONE-PIECE-LITTLE-BUGGY-ADVENTURE-46-47.zip

869.09 MB N/A application/zip 530 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Damascus Time
5.4

၂၀၁၈မှာ ထွက်ရှိခဲ့ပြီး ဆု၃ဆုနဲ့ စကာတင် ၈နေရာအထိ ရခဲ့တဲ့ ပရိသတ်အကြိုက်တွေ့မယ့် အီရန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Sanction ရှိတဲ့နိုင်ငံဖြစ်တာကြောင့် Criticတွေ သိပ်အလေးပေးတာ မခံခဲ့ရပေမယ့် ပြည်တွင်းမှာတော့ အတော်လေးအောင်မြင်ခဲ့သလို အနုပညာတန်းလည်း မနိမ့်လှတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ၂၀၁၁ခုနှစ် ISISပြဿနာ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကာလကို ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ ISISတွေရဲ့ ကြီးစိုးမှုကြောင့် ဆီးရီးယားတစ်နိုင်ငံလုံး အကျပ်အတည်းကြုံတွေ့ကာ အကူအညီလိုအပ်နေချိန် အီရန်နိုင်ငံသားပိုင်းလော့ ၂ယောက်ဟာ Palmyra မြို့တွင်း ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူတွေကို လေယာဉ်ဖြင့် ကယ်ထုတ်ဖို့ အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ Palmyraမြို့တွင်းက ပျံထွက်လာချိန်အထိ အဆင်ပြေခဲ့ပေမယ့် ခရီးသည်တွေထဲမှာ မလိုလားအပ်တဲ့ဧည့်သည်တွေ ပါလာရာ... ဒီရုပ်ရှင်ဟာ အက်ရှင်ကားလို့ နာမည်တပ်ရပေမယ့် ဘာသာရေးဆိုင်ရာ အယူအဆတွေနဲ့ ယုံကြည်မှုတွေအကြောင်း အတော်လေးထည့်သွင်းထားသလို ကိုးကွယ်ရာခြင်းတူရင်တောင် ယုံကြည်မှုလွန်ကဲတဲ့ ပြဿနာက ဘယ်လောက်ထိ ဒုက္ခပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ ဘာသာရေးဆိုင်ရာ အသုံးတွေများပြီး မူရင်းအင်္ဂလိပ်စာဖိုင်မှာ လိုအပ်ချက်တချို့ ပါတာဖြစ်လို့ အတတ်နိုင်ဆုံး ဆီလျော်အောင်ပြန်ဆိုပေးထားလို့ တချို့သော လွဲမှားမှုများရှိခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.7GB | 931MB | 476MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... Brian

Drama • Romance
5.4 2018 115 mins
Damascus Time
Into the Deep

ဂျက်စ် ဆိုတဲ့ ကောင်မလေးက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူ တီရှပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ် ဂျက်စ်ဟာ ငယ်စဉ်က ကားမတော်တဆမှုတစ်ခုမှာ အ‌မေဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ မိတဆိုးတစ်ဦးဖြစ်ပြီး နှစ်တွေကြာခဲ့ပေမယ့် အတိတ်ကို ဖက်တွယ်ထားနေဆဲ ဖြစ်တဲ့သူတစ်ယောက်ပါ တစ်ရက်မှာတော့ သူတို့တီရှပ်ဆိုင်ဆီကို တိုးရစ် ကိုလူချောတစ်ဦး ရောက်လာလေတော့ သူတို့မြို့ငယ်လေးထဲမှာ မျက်နှာစိမ်းမများတာမို့ ဂျက်စ်တစ်ယောက် ဘန် ဆိုတဲ့ ကိုလူချောကောင်လေးကို မျက်စိကျသွားပြီး သူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့်ပါ ညပါတီပွဲကို ဖိတ်လိုက်ပါတယ် ပါတီပွဲမှာ ကဲကြရင်း အစောကတည်းက ကြွေနေတဲ့ ဂျက်စ်တစ်ယောက် ဘန်ရဲ့ အပျော်စီးလှေပေါ်မှာ တစ်ညတာကို ဖြတ်သန်းခဲ့ပါတော့တယ် ဒါပေမယ့် ကိုလူချော ဘန်ဟာ ဂျက်စ် ထင်ထားသလို လူရိုးလေးမဟုတ်ခဲ့ဘဲ လျှို့ဝှက်ချက်တွေရှိနေ‌တဲ့အခါမှာတော့ ကျားဘက်လိုက်ပြီးကြိုက်ခဲ့တဲ့ ဂျက်စ်တစ်ယောက်တော့ အပျော်စီးလှေပေါ်မှာ ဒုက္ခတွေတသီကြီး ကြုံရတော့မှာပါ File size…(1.39GB)/(742MB)/(472MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Animation • Comedy • Family • Fantasy
0 2022 91 mins
Into the Deep
The Twilight Saga: Breaking Dawn – Part 2
5.5

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

5.5 2012 115 mins
The Twilight Saga: Breaking Dawn – Part 2
Bhoothnath Returns
6.6

Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။ Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။ အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။ တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့… ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ… ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား… ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ… ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့… ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.6 2014
Bhoothnath Returns
Moscow Square (Moszkva Ter)
7.8

IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။ ၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့… ၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။ စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ဆိုးချင်တိုင်းဆိုးခဲ့ကြပေမဲ့ အချိန်တန်တော့လည်း အများနည်းတူ စာမေးပွဲကိုအောင်သွားချင်ကြသူချည်းပဲမဟုတ်ပါလား။ ဒီလိုအောင်ချင်တဲ့သူတွေထဲမှာ အချိုအချောင်နဲ့အောင်ဖို့နည်းလမ်းကို ဖင်ကုန်းဆုတောင်းနေကြတဲ့ ပတ်ယာတို့အုပ်စုလည်း အပါအ၀င်ပဲ။ ကံကောင်းချင်တော့ ၁၉၈၉ ဟန်ဂေရီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် ပတ်ယာတို့အုပ်စုဟာ နေရင်းထိုင်ရင်း ထီထပေါက်ပါတော့တယ်။ ၂၀၀၁ မှာရိုက်ခဲ့တယ်ဆိုပေမဲ့ ၁၉၈၉ ကာလနဲ့ တကယ်တူအောင် ရိုက်ကူးနိုင်ခဲ့တယ်။ သရုပ်ဆောင်တွေ၊ ဒိုင်ယာလော့‌တွေဟာ ကိုယ်တစ်ခါမှမကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၈၉ က စာမေးပွဲကြီးဖြေခါနီး နွေရာသီနေ့ရက်တွေကို ပြန်လည်ပတ်လို့ရအောင် ခေါ်ဆောင်ပေးသွားလိမ့်မယ်။ ဟန်ဂေရီရုပ်ရှင်ဖြစ်တာကြောင့်လည်း ဇာတ်ကောင်နာမည်တွေ၊ ဘာသာစကားတွေဟာ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထက် ပိုမိုကွဲထွက်နေဦးမှာပါ။ ဟန်‌ဂေရီရုပ်ရှင်သမိုင်းထဲမှာ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ညွှန်းဆိုကြတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီရုပ်ရှင်လေးနဲ့အတူ အထက်တန်းကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်တမ်းတလိုက်ကြပါဦးလို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01281:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Romance
7.8 2001 88 mins
Moscow Square (Moszkva Ter)
Body of Lies
7

IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။ (အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

7 2008
Body of Lies
Anak Titipan Setan
5

Anak Titipan Setan (2022) ========================== ဒီတစ်ခါမိတ်ဆက်​ပေးမှာက​တော့ ၂၀၂၂ မှာထွက်ရှိထားပြီး ဂျာရန်ပီနိုရန်နတ်ဆိုး (ခ) မြင်း​ခေါင်းနတ်ဆိုးအ​ကြောင်းကိုရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို အင်ဒိုနီးရှားကား​ခေး Anak Titipan Setan ဆိုတဲ့ကား​လေးနဲ့ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း မိခင်ဆာရီတစ်​ယောက် ဘာ​အ​ကြောင်းပြချက်မှမရှိပဲ သားဖြစ်သူ ဇီကာကို ဆုံးရှုံးသွားတဲ့အပြင် ​ယောကျာ်းဖြစ်သူကပါ သတ်​သေသွားတာ​ကြောင့် သူ့ဘဝကို စိတ်ကုန်​နေတုန်း ​ယောက္ခမဖြစ်သူ နတ်ဆိုးဂျာရန်ပီနိုရန်နဲ့ အ​ပေးအယူလုပ်ထားတာကို သိရှိသွားပါတယ် ​​မိမိဥစ္စာချမ်းသာဖို့အတွက် နတ်ဆိုးဆီ ၁၀နှစ်တစ်ခါ မိမိ​သွေးသားကို ယဇ်ပူ​ဇော်ဆက်သမယ်ဆိုတဲ့ ကတိနဲ့ သ​ဘောတူခဲ့တဲ့ ​ယောက္ခမအ​ကြောင်းကိုသိသွားပြီး​နောက် ဆာရီတစ်​ယောက် ​​ယဇ်ပူ​ဇော်ပသလို့မရ​အောင်​နှောင့်ယှက်ပါ​တော့တယ် ​ပေးခဲ့တဲ့ ကတိကိုမတည်တဲ့ ​ဆာ့ရီယောက္ခမ နတ်ဆိုးရဲ့ အသက်နှုတ်ခြင်းကိုခံရပြီး​နောက် အငယ်ဆုံးသမီးဖြစ်သူ ပူထရီ အိမ်ကိုပြန်​ရောက်လာပါ​တော့တယ် ပူထရီတစ်​ယောက် အိမ်ပြန်​ရောက်ပြီး​နောက် ဘယ်လိုဖ့စ်ရပ်​တွေဆက်ဖြစ်လဲ ဘယ်လိုသည်းထိတ်ရင်ဖို​ကြောက်မက်ဖွယ်ရာ​တွေကိုရင်ဆိုင်ရမလဲဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုမယ့်​ကား​​ကောင်း​လေးတစ်ကားဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထာသူကတော့ DB ပါ ) File size_(600MB) Quality_ 720p Format_mp4 Duration_01:48:00 Genre_ Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

5 2023
Anak Titipan Setan
Siapa Tutup Lampu?
6.2

Siapa Tutup Lampu? (2021) 2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ …. (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်) Genre…..Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Comedy • Thriller
6.2 2021
Siapa Tutup Lampu?
The Treacherous
6.1

The Treacherous (2015) IMDb Rating (6.1) / Rotten Tomatoes (62%) နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kingdom မှ Ju Ji-Hoon , Wonderful World မှ Kim Kang-Woo , The Glory မှ Lim Ji Yeon နဲ့ Dare To Love Me မှ Lee Yoo-Young တို အဓက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဟောင်းလေး< The Treacherous > ကို တင်ဆက်ပေးလိုက်ပါတယ်… ? 18+ ဇာတ်ဝင်ခန်းတွေ တော်တော်များများ ပါဝင်တာမလို့ အသက်ပြည့်ပြီးသူများသာ ကြည့်ကြဖို့ အကြံပြုပါရစေ – ဇာတ်လမ်းအကျဉ်း – ဘုရင်ယွန်းဆန်းက သူ့ရဲ့မိခင် မိဖုရားယွန်းကို မိဖုရားရာထူးကနေ ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီးနောက်မှာ အရူးတစ်ပိုင်းလို ဖြစ်သွားပါတော့တယ်.. ဒီသုတ်သင်ပွဲကို တမင်ဖြစ်မြှောက်အောင် နောက်ကွယ်ကနေ သွေးထိုးပေးနေသူကတော့ အမတ်အင်ဆုန်းဂျယ်တို့ သားအဖနှစ်ယောက်ဖြစ်ပါတယ်.. သူတို့နှစ်ယောက်ဟာ ဘုရင်အကြိုက်လိုက်ပြီး သူတို့ရှင်းလင်းလိုသူတွေကို တဖက်လှည့်နဲ့ ရှင်းလင်းဖို့ အကွက်ချစီစဉ်ခဲ့ကြတာပါ… နန်းတွင်းထဲမှာလဲ ဘုရင်က ကာမဂုဏ်အာရုံမှာပဲ ထွေပြားနေပြီး စိတ်ပါမမှန်တော့တာမလို့ အမတ်အင်ဆုန်းဂျယ်တို့သားအဖက ဘုရင့်အမိန့်ဆိုပြီး သူတို့လုပ်ချင်ရာကို လုပ်နေကြပါတော့တယ်။ ဘယ်လောက်ထိယုတ်မာကြလဲဆိုရင် ဘုရင်ယွန်းဆန်းကို ခစားပြုစုပေးဖို့ဆိုတဲ့ခေါင်းစဉ်တပ်ကာ တနိုင်ငံလုံးက မိန်းမပျိုတွေကို အတင်းအဓမ္မစုဆောင်းတဲ့ “မိန်းမလှစုဆောင်းရေးတပ်ဖွဲ့” ကို ဖွဲစည်းဖို့ဘုရင်ကိုနားချပါတော့တယ်။ ဘုရင်ကလဲ မူမမှန်တော့ စိတ်ကြိုက်သာချပါဆိုပြီး အဆိုပါတပ်ဖွဲ့ကို အမတ်အင်ဆုန်းဂျယ်ကို ဦးဆောင်စေခိုင်းလိုက်တဲ့အခါမှာတော့… အင်ဆုန်းဂျယ်တို့အကြိုက်တွေ့သွားပြီး သူတို့အိမ်နိမ့်စံဘဝမှာ နှိပ်ကွပ်ခဲ့တဲ့ အမတ်တွေ လူတွေအိမ်က မိန်းမပျိုတွေအကုန်လုံးကို အတင်းအဓမ္မနန်းတွင်းသို့စုဆောင်းပါတော့တယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အင်ဆုန်းဂျယ်တယောက် အကုန်လုံးကို ဒုက္ခပေးနေရင်းနဲ့ လှပတဲ့ သားသတ်သမလေး (Lim Ji-Yeon) ကို တွေ့သွားတဲ့အခါမှာတော့…. ချစ်ခြင်းနဲ့အာဏာကြားမှာ ဘယ်လိုတွေဗျာများသွားရမလဲဆိုတာ…..။ ဒီရုပ်ရှင်က ကိုရီးယားသမိုင်းထဲက ဖြစ်ရပ်မှန်တခုကိုအခြေပြုလို့ရိုက်ကူးထားတာဖြစ်ပါတယ်။

6.1 2015
The Treacherous
Saranjana: Supernatural City
5

ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက ကျတ်ရွာတို့ ပြိတ္တာဘုံတို့ အသူရကာယ်ဘုံတို့ဆိုတာ ဘာသာရေးအရ ကြားဖူးနားဝ ရှိကြမှာပါ။ ဒီလိုမျိုးပဲ လူတွေ မမြင်ရတဲ့ ဘုံလောကနဲ့ ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ အင်ဒို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆီသာဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ နာမည်ရနေတဲ့ အုပ်စုဖွဲ့ ဂီတဖျော်ဖြေရေး အဖွဲ့တစ်ခုမှာ ပင်တိုင်အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ဂီတအဖွဲ့တည်ထောင်ခဲ့တာ ဆိုပေမယ့် အဖွဲ့ထဲမှာ အငြင်းအခုံလေးတွေ စကားနာထိုးတာတွေကြောင့် စိတ်ညစ် နေရတဲ့အပြင် သူမရဲ့မိဘတွေကလည်း ငွေအတွက်ပဲ အဆက်အသွယ်လုပ်တာမို့ အထီးကျန်ပြီး မပျော်မရွှင် ဖြစ်နေရသူ ဖြစ်ပါတယ်။ သူတို့အဖွဲ့ ဖျော်ဖြေတဲ့ ကမ်းခြေမြို့ရဲ့ ဟိုတယ်မှာ ဖျော်ဖြေပွဲ အပြီး အခန်းမှာ နားနေတုန်း ပုံမှန်မဟုတ်ဘဲ အင်ဒိုရှေးရိုးရာ ဝတ်စုံဝတ်ထားတဲ့ သူတစ်ယောက်ကို ဆီသာ တွေ့လိုက်ရပါတယ်။ အဲဒီသူနောက်ကို လိုက်ရင်း သူမပါ ပျောက်ဆုံးသွားတဲ့အခါ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေဟာ အပူတပြင်း လိုက်ရှာပေမယ့် ဘယ်လိုမှ ပြန်မတွေ့ပါဘူး။ ဒီမြို့လေးမှာ ဒီလို ပျောက်ဆုံးမှုတွေ ဖြစ်လေ့ရှိတာ သိသွား ကြတဲ့အခါ သူငယ်ချင်းတစ်သိုက် ဘယ်လိုမျိုး ဆီသာကို လိုက်ရှာကြမလဲ။ သူတို့တွေ လိုက်လံရှာဖွေရင်း ဘယ်လိုအခက်အခဲ အတားဆီးတွေနဲ့ တွေ့ကြုံရမလဲ ဆိုတာကိုတော့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့…။ File size… (1.09GB) / (580MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Adventure , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 98 mins
Saranjana: Supernatural City
Star Trek: Section 31
6

Startrek Franchise ထဲက ကားကောင်းတစ်ကားထွက်လာပါတယ် မင်းသမီး မီချဲရို ဦးဆောင်ပါ၀င်ထားတဲ့ ဒီကားဟာ Star trekအကြောင်းကို သေချာနားမလည်လဲကြည့်လို့ရတဲ့အထဲမှာပါတယ် .. ဖက်ဒရေးရှင်းရဲ့ အသေခံကြေးစားအဖွဲ့လို့သတ်မှတ်လို့ရတဲ့ Section 31 အဖွဲ့ဟာ ဖက်ဒရေးရှင်း နယ်စပ်နားမှာရောက်နေတဲ့ အင်ပါယာသခင်မ ဖီလစ်ပါဂျော်ဂျာက်ုဖမ်းဆီးပြီး သူ့ဆီက စကြ၀ဠာဖျက်လက်နက်ကို အရယူဖို့ တာ၀န်ပေးလိုက်တယ် ဒါပေမယ့် ဒီအရာကိုစိတ်၀င်စားနေတာ သူတို့ချည်းမဟုတ်ဘဲ ဗော်ကန်နဲ့ တစ်ခြား ဂြိုလ်သားတွေနဲ့ပါထိပ်တိုက် ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့ Noo stop action ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (5.32GB) / (1.70GB) / (930MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing

Music • Drama • Romance
6 2025 96 mins
Star Trek: Section 31
Salve Maria
6.5

Salve Maria (2024) IMDb Rating (6.5) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဘာသာစကားပြော drama/thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMDB 6.5 ရထားပြီး ဆု ၁၀ ဆုလည်းရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မာရီယာဆိုတဲ့ အခုမှသားဦးမွေးထားတဲ့စာရေးဆရာမတစ်ယောက်ကိုဦးတည်ထားပါတယ်။ အခုမှသားဦးမွေးထားတဲ့မာရီယာဟာ postpartum depression လို့ခေါ်တဲ့မိခင်တွေခံစားရတဲ့စိတ်ကျရောဂါတစ်မျိုးကို တယောက်ထဲတိုက်ခိုက်နေသူဖြစ်ပါတယ်။ ကလေးကနို့စိုရင်ပြန်အန်တာကို ကလေးဆရာဝန်ကပုံမှန်ပဲလို့ပြောတာကို‌တောင် သူ့မှာစိုးရိမ်တကြီးဖြစ်နေရှာပါတယ်။ အိမ်တစ်ခုမှာပုံမှန်ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း မာရီယာဟာ အကြီးအကျယ်စိတ်ညစ်နေရှာပါတယ်။ ယောက်ျားဖြစ်သူ နီကိုကတော့ ဒါကိုမသိပဲ သူ့အလုပ်ပဲသူလုပ်နေခဲ့ပါတယ်။ မာရီယာကနီကို့ကို ခွင့်ယူဖို့၊သူနဲ့အတူတူကလေးကိုစောင့်ရှောက်ဖို့ပြောပေမဲ့လည်း နီကိုကခွင့်မယူပါဘူး။ ဒီ‌လိုနဲ့တနေ့ကျ ပြင်သစ်အမျိုးသမီးတစ်ယောက်က သူမရဲ့ဆယ်လသားအရွယ်အမွှာလေးတွေကို ရေနစ်သတ်တဲ့သတင်းကိုတွေ့လိုက်ရပါတယ်။ ထိုသတင်းဟာမာရီယာရဲ့ခေါင်းထဲမှာစွဲမြဲနေခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းဟာ မိခင်တစ်ယောက်ရဲ့ဘဝကိုဇာတ်နှေးနှေးနဲ့ရိုက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Akm ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:48:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Akm

6.5 2024 111 mins
Salve Maria
Sabrina
7.6

ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကို ငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။ (၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ “Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့ သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းက တစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။ အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့် ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက် စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။ သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။ စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။ နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။ File size… 3.4 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 53m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Family • Drama
7.6 1954 113 mins
Sabrina
The Jungle Book 2
5.3

The Jungle Book 2 (2003) 1967 မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ကာတွန်းကားရဲ့ အဆက်ဖြစ်ပြီး 2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်း 1 မှာတော့ တောတွင်းသားလေး မောဂလိဟာ ဝက်ဝံကြီး ဘလူး၊ ကျားသစ်နက် ဘက်ဂီယာတို့နဲ့အတူ လူသားတွေနေတဲ့ရွာနားရောက်သွားပြီး မြစ်ထဲမှာရေခပ်နေတဲ့ ရှန်တီဆိုတဲ့ကောင်မလေးနောက်ကိုလိုက်သွားရင်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုအပိုင်း 2 မှာတော့ မွေးကင်းစကတည်းက တောတွင်းမှာပဲကျင်လည်လာခဲ့တဲ့ မောဂလိတယောက် လူတွေကြားထဲမှာ စည်းကမ်း၊ အလုပ်တွေနဲ့ ‌နေရတဲ့ ဘဝကိုငြီးငွေ့လို့လာနေပါတယ်။ ဒီလိုညတညမှာ မောဂလိကို လက်စား‌ချေချင်နေတဲ့ ရန်သူတော်ဟောင်း ကျားကြီး ရှီယာခမ်းနဲ့ မောဂလိကို သူ့ရဲ့သားအရင်းလိုချစ်ရှာတဲ့ ဝက်ဝံကြီး ဘလူးတို့က မောဂလိတို့နေတဲ့ရွာထဲကို ရောက်လာခဲ့ကြပါတယ်။ ရွာထဲကိုကျားဝင်လာလို့ ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေချိန် မောဂလိလည်း ဘလူးနဲ့အတူ တောထဲပြန်ပါသွားခဲ့ပြီး မောဂလိတယောက် တောအုပ်ထဲနေရတဲ့ လွတ်လပ်တဲ့ ဘဝကို ရွေးချယ်မလား၊ သူနဲ့မျိုးနွယ်တူ လူသားတွေရှိတဲ့ လူသားရွာကိုပဲရွေးချယ်မလားဆိုတာကို ရှီယာခမ်းလက်ကလွတ်အောင်ကြိုးစားတဲ့ စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။ File size… 1.6 GB / 800MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by TMMT

Comedy
5.3 2003 72 mins
The Jungle Book 2
Ambi
5

Ambi (2025) “သပွတ်အူ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရှုရမဲ့ တမီလ်စကားပြော ဟာသ-ဒရာမာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းက အကြောင်းအရာတစ်ခုတည်းကို အသားပေးထားတာထက် လူမျိုးစုံ အဖြစ်ပျက်စုံကို ပေါင်းစပ်ထားပြီး နောက်ဆုံးမှာ ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ စစချင်းမှာ အိမ်ကမိန်းမပေးစားမှာကြောက်လို နိုင်ငံခြားပြေးဖိုကြံနေတဲ့ လူပျိုသိုးကြီး ဆွန်ဒါရမ်အကြောင်းပါ။ အိမ်မှာ သူ့အမေရယ် ညီမတွေရယ်က သူ့ကိုနိုင်ငံခြားပေးမထွက်ဘဲ မိန်းမပေးစားဖို ကြံနေလို အကြံအိုက်နေသူပေါ့။ ပြီးတော့ လာဘ်စားတဲ့အစိုးရရှေ့နေရဲ့ချစ်သူအိမ်ကို ၀င်ခိုးဖိုကြံတဲ့ သူခိုးနှစ်ယောက်… သူတိုအိမ်ထဲရောက်နေချိန်မှာ မထင်မှတ်ဘဲဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ပြီး ဗီဒီယိုသက်သေရိုက်ယူထားလိုက်မိပါတယ်။ လူသတ်မှုမဖြစ်ခင်က ရှေ့နေယူလာတဲ့ ‌ကုဋေချီတန်တဲ့မြွေကို သူတိုကယူပြေးဖို ကြံနေကြတာပါ။ နောက်တစ်ယောက်ကတော့ သူဌေးကြီးဖြစ်ချင်လွန်းလို ကမ္ဘာ့အချမ်းသာဆုံးစာရင်း၀င်တွေကို နေ့တိုင်းပူဇော်ဆုတောင်းနေတဲ့ ဗေဒင်ဆရာပါ…။ ဒီလိုနဲ့ လူပျိုသိုးကြီး မိန်းမရသွားမလား၊ သူ့မိသားစုနဲ့ ဘယ်လိုနှစ်ပါးသွားမလဲ ဆိုတာအပြင်၊ သူခိုးနှစ်ယောက်နဲ့မြွေရယ်၊ ဗေဒင်ဆရာရယ်… ဘာတွေဆက်ဖြစ်လာမလဲ… ဘာတွေဘယ်လိုဆက်စပ်နေမလဲဆိုတာ အရှုပ်တော်ပုံမျိုးစုံကို ရယ်ရယ်မောမော ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.5 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Comedy • Romance
5 2025
Ambi