YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

One Last Thing 2018 720p WEB-DL {CM}.mp4

611.86 MB 720p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Infernal Affairs III
6.9

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ ) File Size__(1.5GB) / (950MB) Quality__1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__01:58:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Nyi Yair Naing Encoded by Naing Aung Latt

6.9 2003 118 mins
Infernal Affairs III
Mary Kom
7

အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က လက်ဝှေ့ရုံထဲရန်ဖြစ်ရင်းနဲ့ ရောက်သွားပြီး အဲဒီလက်ဝှေ့ရုံမှာ စတင်သင်ကြားပါတော့တယ်။ လက်ရဲဇက်ရဲနဲ့ စိတ်၀င်စားမှုပြင်းထန်တဲ့ မေရီဟာ အဲဒီလက် ဝှေ့ရုံရဲ့ ထင်ရှားတဲ့ လက်ဝှေ့သမားအဖြစ်သာမက ပြည်နယ်တိုင်း ပြိုင်ပွဲတွေအထိပါ တဖြည်းဖြည်း တက်လာတယ်။ ဒီကြားထဲမှာ သူ့မိသားစုကလည်း အဆင်ပြေလှတဲ့မိသားစုမဟုတ်တော့ တစ်ခါတလေ မြေ၀ိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ၀င်ထိုးတဲ့အထိ မေရီက မိုက်ရူးရဲဆန်တတ်သေးတယ်။ လက်ဝှေ့ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအသွားအလာအတိုင်း မေရီပြိုင်ပွဲတွေ၀င်ပြိုင်တယ်။ နိုင်ငံအဆင့် အိုလံပစ်အဆင့်အထိ အဆင့်ဆင့်တက်ပြိုင်။ နိုင်သွားတယ်။ ဒီသဘောပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားရဲ့ အလှည့်အပြောင်းကတော့ တက် လမ်းရှိတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျပြီးနောက်မှာ သူ့ ဘ၀ရဲ့ အောင်မြင်မှုတွေအားလုံး ရေစုန်မျောရမလို ဖြစ်သွားတယ်။ ကံကောင်းတာက မေရီ့မှာ ချစ်စ ရာကောင်းတဲ့ အမြွှာကလေး နှစ် ယောက်အပြင် မေရီရဲ့ လက်ဝှေ့ အားကစားနဲ့ ပတ်သက်ရင် ကိုယ် ကျိုးစွန့်ချစ်တတ်တဲ့ သူယောက်ျားက သူ့တက်လမ်းတွေကို ပြန်ဖွင့် ပေးခဲ့တယ်။ ကြားထဲမှာတော့ စိတ်ဓာတ်ကျစရာတွေ ခါးဆက် ပြတ်သွားတဲ့ လက်ဝှေ့သမားတစ် ယောက်ရဲ့ အခက်အခဲတွေတော့ တစ်ပုံကြီးနဲ့ပေါ့။ ဒီဇာတ်လမ်းက ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ဒီကားထဲမှာပြောစရာက အိန္ဒိယ နာမည်ကြီးမင်းသမီး Priyanka Chopra ပရီယန်ကာချိုပရာဖြစ်ပါတယ်။ ဒီလို လက်ဝှေ့သမား တစ်ယောက်ရဲ့ သဏ္ဌာန်ကို သရုပ်ဖော်နိုင်တဲ့ ဒီမင်းသမီးကတော့ အထင်ကြီးစရာပါပဲ။ နောက်ထပ် ဒီဇာတ်ကားရဲ့စိတ်၀င်စားစရာတစ်ခုက ဇာတ်ကောင်ရဲ့ မူလဇာတိက မိုရေးမြို့က ဖြစ်တာကြောင့် ချင်းလူမျိုးတွေနဲ့ ရုပ်သွင်ပြင်သာမက နေထိုင်ပုံတွေကပါ ကိုယ့်တိုင်းရင်းသားတွေ ချင်းလူမျိုးတွေကို ကြည့်ရသလားထင်ရပါတယ်။ Review Crd File size…(2.5 GB)/(1.2 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….02:01:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Horror
7 2014 122 mins
Mary Kom
Robin Hood
6.4

ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ် ပြုကြတဲ့ကားလေးလာပါပြီ။ Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီး တွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာ ဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။ အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြား နော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက် အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူ မယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ် နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန် လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခု ဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး.. File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Adventure • Fantasy
6.4 2010 140 mins
Robin Hood
Tiger Cage II
6.5

ဒီဇာတ်ကားကတော့ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်ဂျက်မဇာတ်ကား In The Line of Duty ဇာတ်ကားတွေလိုပါပဲ... လူဆိုးဂိုဏ်းတွေနဲ့ ဟောင်ကောင်စုံထောက်ရဲတွေကြားက စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ Tiger Cage ရဲ့အဆက် Tiger Cage 2 ဖြစ်ပါတယ်... မင်းသား Donnie Yen ကို ငယ်ငယ်က ဂျစ်ကန်ကန်ပုံနဲ့မြင်ရမှာပါ။ မင်းသမီး Rosamund Kwan ကတော့ ချစ်စရာကောင်းလွန်းလို့ မှတ်မိနေမှာပါ...အဲ့ဒီခေတ်အခါက ဂျက်လီ ဂျက်ကီချန်း စတီဖင်ချောင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ ဇာတ်ကားတွေရိုက်ခဲ့ဖူးပါတယ်။ဟောင်ကောင်ဂျက်မ Cynthia Khan တို့ David Wu တို့လဲပါဝင်ထားပါတယ်။ IMDb Rating(7.0) ထိ ရရှိထားပြီး အချစ်အကြမ်းစွန့်စားခန်းတွေနဲ့ ရီလဲရီရတာမို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါဘူး။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Comedy
6.5 1990 96 mins
Tiger Cage II
Shepherd
5.2

Horror/Drama / Mystery မိဘထက် ဇနီးသည်ကို ပိုချစ်ခဲ့တဲ့ ခင်ပွန်းကောင်းလေး အဲရစ်၊ တခြားကောင်နဲ့ ဖောက်ပြန် ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို လောလော လတ်လတ်မြေမြုပ်ခဲ့တဲ့ အဲရစ်၊ ခြေရာဖျောက်ဖို့ ကြိုးစားရင်း လှေမောင်း သမားအမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်ပေးမှုကြောင့် လူသူမရှိတဲ့ စကော့တလန်ကျွန်းတစ်ခုမှာ သိုးထိန်းလာလုပ်နေတဲ့ မစ္စတာဘလက် (အဲရစ်)။ တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ ပိုပြီးစဉ်းစားမိ ပိုပြီးတွေးမိတတ်ကြသလို သိုးထိန်းကြီးမစ္စတာအဲရစ်ဘလက်ဟာလည်း အထီးကျန်ကျွန်းမှာ ဘက်စ်တာဆိုတဲ့ ခွေးလေးနဲ့ အလုပ်တွေလုပ်နေရင်း ဇနီးသည်ရဲ့ အဖြစ်အပျက်အကြောင်းကို ပိုပြီး စဉ်းစားမိနေခဲ့တယ်။ ဒါပေမယ့် ဒီလိုအတွေးတွေကနေ တွေးမိရုံကနေ အဆင့်တက်ပြီး ပုံမှန်မဟုတ်တဲ့ အမြင်အာရုံ အကြားအာရုံတွေဖြစ်ပေါ်လာရာက ထင်ယောင်မှားမှုတွေ လွှမ်းမိုး သွားတဲ့အခါ . မစ္စတာအဲရစ်ဘလက်တစ်ယောက် သူ့ရဲ့ ရူးနှမ်းသလိုဖြစ်မှုတွေကို ဘယ်လိုထိန်းချုပ်သွားမလဲ။ လက်ခံထားတဲ့အရာနဲ့ အမှန်တရားက ထပ်တူကျရဲ့လား။ ဘယ်ဟာကို အမှန်တရားလို့ လက်ခံပြီး ရွေးချယ်လိုက်မလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရမှာပါ။ ဒီကားမှာ မစ္စတာအဲရစ်ဘလက်ရဲ့ အသံတိတ်အော်ဟစ်မှုတွေကြောင့် ကြည့်နေတဲ့သူပါ မွန်းကြပ်လာလောက်အောင်ထိလည်း ဇာတ်လမ်းကဆွဲဆောင်နိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်) File Size - (1.34 GB) / (635 MB) / (412 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 43mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Drama, Mystery Translator – Jerrica Encoder – SWM

Drama
5.2 2021 103 mins
Shepherd
She’s The One
6.3

She is the one (2013) IMdb Rating (6.3) ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. “ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။ “ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/58 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(2.6 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Ingyin San

Drama • History • Thriller • War
6.3 2013 110 mins
She’s The One
iNumber Number: Jozi Gold
5.5

iNumber Number: Jozi Gold(2023) ******************************** အာဖရိက နယ်မြို့လေးမှာ လူမိုက်ဂိုဏ်းစတားအဖွဲ့တွေက လုယက်သတ်ဖြတ်နေကြပါတယ်။ ရဲ အရာရှိတွေဖြစ်တဲ့ ရှူးစ်နဲ့ ချီလီဟာ လူမိုက်တွေကိုဖမ်းပေးပေမယ့် သက်သေမခိုင်တာရယ် လာဘ်ပေးမှုတွေကြောင့် ပြန်လွတ်နေပါတယ်။ သူတို့ သက်သေအခိုင်အမာရှာပြီး ဖမ်းပေးတဲ့ဟိုင်အီးနားလူသား လူဆိုးတစ်ယောက်ဟာ သက်သေမရှိဘူးပြီးပြန်လွှတ်ခံရဖို့ရှိနေပါတယ်၊ ဒီလူဆိုးကိုဖမ်းတဲ့နေရာမှာ အပျက်အစီးတွေနဲ့ချွတ်ချော်မှုတွေကြောင့် ရှူးစ်နဲ့ ချီလီကိုဌာနရဲ့ အောက်ဆုံးကအဖွဲ့နဲ့အလုပ်လုပ်ဖို့ အမိန့်ချလိုက်တယ်။ ဒါဆိုချီလီကမကျေနပ်ဘဲ ဗြောင်းဆန်အောင်လုပ်ဖို့ကြိုးစားပါတော့တယ်…. File Size :(2.02GB)& (996MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:53:00 Genre : Action , Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama
5.5 2023 113 mins
iNumber Number: Jozi Gold
All You Need Is Death
5.2

“အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ” အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။ သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ……? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ……..? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ဇာတ်ကားအမျိုးအစားကတော့ Horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.45 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2023 97 mins
All You Need Is Death
Yaariyan 2
5.3

Yaariyan 2 (2023) “အချစ်များ လွှမ်းခြုံ၍” မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါ လာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ “အမေ့နို့ဖိုး” ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ် အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ် သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို… တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2024
Yaariyan 2
L’immensità

ဒီဇာတ်ကားကတော့ ၁၉၇၀ခုနှစ်လောက်မှာဇာတ်အိမ်တည်ထားပြီး ကလာယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်ပြီးကြမ်းတမ်းစွာပြောဆိုပြုမှုတတ်တဲ့ယောကျာ်းနဲ့ စိတ်ဆင်းရဲစွာပေါင်းသင်းနေရတာပါ။ သူ့ဖက်က ကွာရှင်းဖို့ကြိုးစားပေမယ့်လဲ မအောင်မြင်တာကြောင့်အောင့်အီးသည်းခံပြီး ဆက်လက်ပေါင်းဖက်နေရတာပေါ့။ ဒီလိုမျိုး မိဘတွေကအမြဲတမ်း အ‌ဆင်မပြေဖြစ်နေတော့ ကလေးတွေအပေါ်ကိုပါတဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတော့တာပါပဲ။ ကလေးသုံးယောက်ရှိတာကိုမှ အခံစားရဆုံးကတော့ သိတတ်နားလည်တဲ့အရွယ်ရောက်နေတဲ့ သမီးအကြီးဆုံး အန်ဒရီရာပါ။ မိဘတွေနဲ့ပတ်သက်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့အန်ဒရီရာဟာ စိတ်ထွက်ပေါက်အနေနဲ့ ယောကျာ်းလေးလိုဝတ်၊ယောကျာ်းလေးလိုပြောပြီး၊ ယောကျာ်းလေးလို‌ပဲနေပါတော့တယ်။ ဒီလို‌နဲ့တစ်နေ့မှာတော့ ဆာရာဆိုတဲ့ကောင်မလေးနဲ့တွေ့မိပြီး သူငယ်ချင်းအဖြစ်ကနေ တစ်ဖြည်းဖြည်းသံယောဇဉ်ပိုလာကာ ဘာတွေဆက်ဖြစ်မလဲဆို‌တာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…(1.4 GB)/(886 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2023
L’immensità
The Vanishing of Sidney Hall
6.8

The Vanishing of Sidney Hall (2017) IMDb Rating (6.8) The Perks of Being a Wallflower ရဲ့မင်းသားချော Logan Lerman ,မင်းသမီးချော Elle Fanning , Margaret Qualley စတဲ့တက်သစ်စတွေကို ဝါရင့်တွေဖြစ်တဲ့ Kyle Chandler , Michelle Monaghan တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး Rating ကောင်းကောင်း ဝေဖန်မှုကောင်းကောင်းရရှိခဲ့တဲ့ Drama/Mystery/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘဝကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး အောင်မြင်တဲ့စာရေးဆရာဖြစ်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။ Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊ သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘဝမှာဘာတွေဖြစ်ပျက်ခဲ့လဲ၊ Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ ဘယ်လိုမြုပ်ကွက်တွေ ရှိနေမလဲဆိုတာကိုတော့ Mystery ရသအပြည့်နဲ့ရှာဖွေကြရမှာပါ။

Drama • Thriller • Action
6.8 2017 117 mins
The Vanishing of Sidney Hall
Beyond the Wasteland M
5.9

Beyond the Wasteland (2023) IMDb Rating (5.9) လက်မှာ M ဆိုတဲ့ အမှတ်အသားရှိတဲ့ Marko လိုအမည်ရတဲ့ ကလေးလေးက အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲ သူ့အဖေနဲ့ တောအုပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့အဖေက အပြင်မှာ လူဆိုးတွေရှိတယ် အန္တရာယ်များတယ်လို သင်ပေးခဲ့ပြီး အမြဲတမ်း အသက်ရှင်သန်ရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ Marko သူတိုနေတဲ့တောအုပ်ထဲမှာ သူနဲ့ရွယ်တူ Miko ဆိုတဲ့ ကလေးတစ်ယောက်နဲ့ သူ့အမေတစ်ယောက်ကို တွေ့ခဲ့ပြီး Miko နဲ့ သူငယ်ချင်းဖွဲခဲ့တယ်။ နောက်တော့ ​Marko က သူ့အဖေက Miko ရဲ့အမေကို သတ်ခဲ့ပါတယ်လို အထင်မှားပြီး သူ့အဖေကို လူဆိုးလိုထင်သွားခဲ့တယ်။ Marko ရဲ့ အဖေက သူသတ်ခဲ့တာမဟုတ်ကြောင်း Miko ရဲ့အမေကို ကယ်ဖိုကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြပြီးရုတ်တရက် သူ့ရဲ့ဒဏ်ရာကြောင့် ထူးဆန်းတဲ့အမူအရာပြောင်းသွားပြီး သူ “လူဆိုး” အဖြစ်ပြောင်းမသွားခင် Marko ကို ထွက်ပြေးခိုင်းခဲ့တယ်။ တကယ်တော့ Marko အဖေပြောခဲ့တဲ့ “လူဆိုး” တွေဆိုတာ ဗိုင်းရပ်ကူးစက်ပြီး ပြောင်းလဲသွားတဲ့ ဇွန်ဘီတွေဖြစ်ပြီး.. ငယ်ရွယ်တဲ့ ကလေးသာသာရှိသေးတဲ့ Marko တစ်ယောက် သူ့ရဲ့ရုပ်ပြပုံပြင်ထဲကလို “နတ်သမီး” ရှာဖို ထွက်သွားခဲ့တဲ့ခရီးမှာ “လူဆိုး” တွေကို ဘယ်လိုရှောင်မလဲဆိုတာ ထိတ်လန့်ဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (870 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Drama,Horror,Science Fiction Duration….01:39:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Crime • Thriller
5.9 2023 96 mins
Beyond the Wasteland M
Universal Language Une langue universelle
6.9

Universal Language (2024) IMDb Rating (6.9) / Rotten Tomatoes (95%) ဒါရိုက်တာ Matthew Rankin ရိုက်ကူးထားတဲ့ အတွေးအခေါ်ပိုင်းရုပ်ရှင်တစ်ခုပါပဲ ။ စစချင်းမှာ ကလေးတွေကို ငေါက်ငမ်းနေတဲ့ကျောင်းဆရာ၊ ဆရာက စိတ်တိုနေပါတယ်ဆိုမှ အတန်းနောက်ကျတဲ့အပြင် အကြောက်အလန့်မရှိပဲ အတွေးတွေကိုထုတ်ဖော်ပြတဲ့ ကလေးလေးတစ်ယောက်ကြား အပြန်အလှန်ပြောဆိုပုံနဲ့ စထားပြီး ဒီရုပ်ရှင်မှာ ဘ၀သုံးခုကိုပုံဖော်ပေးသွားတယ် ။ လမ်းမှာမြင်တဲ့ကြက်ဆင်ကြီးက သူ့မျက်မှန်ကို ယူသွားလို့ သင်ပုန်းပေါ်ကစာကို မဖတ်နိုင်တော့ပါဘူးဆိုတဲ့ကလေးကို ဆရာက စိတ်ဆိုးပြီး တစ်တန်းလုံးကို မောင်းထုတ်လိုက်တော့ အတန်းဖော်ကောင်မလေးက သူရှာပေးမယ်ပြောတယ် ။ ရေခဲပြင်ကြီးအောက်မှာခဲနေတဲ့ ငွေ ၅၀၀ ကိုယူပြီး သူ့သူငယ်ချင်းအတွက် မျက်မှန်အသစ်ပေးလိုက်ရင် ဆရာက ပြန်လက်ခံမယ်ပေါ့ ။ ဒါပေမဲ့ ရေခဲနေပါတယ်ဆိုမှ ကလေးမလေးနှစ်ယောက်သား ဘယ်လိုများယူကြမှာလဲ? ပြီးတော့ ပန်းဆိုင်လာပြီး ပန်းဖိုးမရှိတဲ့လူတစ်ဦး ။ အလုပ်ထွက်ခဲ့ပြီး မိခင်ကိုလာတွေ့တယ်တဲ့ ။ အမေကိုဆက်ပေမဲ့ မသိတဲ့လူက ဖုန်းကိုင်လာတာ အဲ့လူကရော ဘယ်သူဖြစ်မလဲ ။ ပြီးတော့ ၀င်နာပတ်ဆိုတဲ့မြို့ကြီးတစ်ဝိုက်ကို ပျင်းရိနေပြီဖြစ်တဲ့လူတစ်စုကို လိုက်လံပြသနေတဲ့တိုးရစ်ဂိုက်တစ်ဦး ။ သူတို့သုံးဦးမှာ ဘာတွေဆက်စပ်နေမလဲဆိုတာကို ဘ၀ကို မတူတဲ့အမြင်ဘက်ကကြည့်ပြီး ရိုက်ကူးထားခြင်းပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mp4 Genre…. Comedy, Drama Duration…. 01:29:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

6.9 2024 89 mins
Universal Language Une langue universelle