YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

One High School Heroes (2025) E04 720p WEB-DL [RMC].mp4

348.61 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mummy: Tomb of the Dragon Emperor
5.5

ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Adventure • Animation • Comedy • Family
5.5 2008 112 mins
The Mummy: Tomb of the Dragon Emperor
Yaanai
7.7

IMDb 6.7 Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါ လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့ သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ် မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့ အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက မိသားစုကိုဘယ်လိုကယ်တင်မလဲ ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့ ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ် File size…3.42GB / 1.6GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Su Mon Aung  & Yunni &  Honeyey & Kevin & Kham Mon & Sora

Action • Thriller
7.7 2022 156 mins
Yaanai
Good Luck Jerry
5.4

Drama / Crime IMDb - 6.4 / 10 Disney+Hoster ကထွက်ရှိလာပြီး အမှုအခင်းနဲ့ပတ်သက်တဲ့ ကားကိုမှ ဒရမ်မာဆန်ဆန်လေး ကြည့်ချင်ရင် ဒီကားကို ကြည့်သင့်ပါတယ် ဂျယ်ရီဟာ အဖေမရှိတော့တဲ့ မိသားစုတစ်ခုက အစ်မကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းသူ ညီမလေး တစ်ယောက်လည်း ရှိပါတယ် အဆင်သိပ်မပြေတဲ့ မိသားစုထဲ ဂြိုလ်ဆိုးဝင်လာတာကတော့ သူ့အမေမှာ အဆုတ်ကင်ဆာ ရှိနေတာပါပဲ အဲဒီလိုနဲ့ သူ့အမေကို ဆေးကုပေးဖို့အတွက် ဘိန်းအရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုထဲ ပစ္စည်းပို့ပေးရတဲ့အလုပ် ဝင်လုပ်ခဲ့ပါတော့တယ် အဲဒီလိုနဲ့ပဲ သူ့ရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါ့မလား အဲဒီအဖွဲ့အစည်းကို ခြေရာခံနေတဲ့ ရဲတွေကလည်း ရှိတော့ သူ့အနေနဲ့ ဘာဆက်ဖြစ်မလဲ သူ့အမေကိုရော ဆေးကုပေးနိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…2GB / 1GB Quality…1080p DNSP WEB DL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Yunni & Sora & Lai Laii

5.4 2022 118 mins
Good Luck Jerry
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
j-hope IN THE BOX
5

“J-Hope in the Box” (2023) Yo! ARMY တို့ အချိန်အတော်ကြာ စောင့်နေခဲ့ကြတဲ့ BTS အဖွဲ့ဝင် J-Hope ရဲ့ Documentary Film “J-Hope in the Box” လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ J-Hope ရဲ့ Chapter – 2 အစဖြစ်တဲ့ “Jack In the Box” အယ်လ်ဘမ်ခရီးစဉ်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ “ဒီအယ်လ်ဘမ်က ကျွန်တော့်အနုပညာအဆင့်ကို တစ်ဆင့်မြှင့်ပေးနိုင်လိမ့်မယ်” လို့ ပြောခဲ့တဲ့ မြင်နေကျ နားထောင်ဖူးနေကျ ပုံစံမဟုတ်တဲ့ ဒီ”Jack In the Box” က သီချင်းတွေရဲ့ ဖြစ်တည်မှုအစ၊ ပဲ့ကိုင်ရှင် J-Hope က Mainstream မဟုတ်တဲ့ ဒီလိုသီချင်းမျိုးတွေကို ဘယ်လိုအတွေးမျိုး၊ ခံစားချက်မျိုးနဲ့ ရဲတင်းစွာ ဖန်တီးခဲ့လဲဆိုတာကို ချဉ်းကပ်ကြည့်ရှုခွင့်ရမှာပါပဲ။ “Jack In the Box” အယ်လ်ဘမ်နောက်ကွယ်က ဖြစ်စဉ်တွေအပြင် အားလုံးစိတ်ဝင်တစား မျှော်လင့်ခဲ့ကြတဲ့ J-Hope ရဲ့ အိမ်အပြန်ခရီး၊ Listening partyနဲ့ ဝက်ဝက်ကွဲခဲ့တဲ့ Lollapalooza ဖျော်ဖြေမှုရဲ့ နောက်ကွယ်ပိတ်ကားကိုပါ ကြည့်ခွင့်ရဦးမှာမို့ J-Hope ရဲ့ ပထမဆုံးတစ်ကိုယ်တော် ခရီးစဉ်အတွင်းက ပင်ပန်းမှု၊ ပျော်ရွှင်မှုတွေကို အတူတူ လိုက်ပါခံစားနိုင်မှာဖြစ်ပြီး၊ လက်မလွှတ်သင့်တဲ့ Documentary တစ်ခုဆိုတာ ငြင်းဖွယ်မရှိပါပဲ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာက​တော့ Su Myat နဲ့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Documentary, Music Quality…. 1080p | 720p | 480p File size… 1.7GB | 829MB | 412MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat and ThantSin Encoder ….. August

5 2023
j-hope IN THE BOX
Blow Out
7.4

Blow Out (1981) ~ IMDb – 7.4/10, Rotten Tomatoes – 87% ~ ၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း သိလာရတဲ့အခါ၊ ကောင်မလေးနဲ့ မြို့တော်၀န်ကြားကဆက်ဆံရေးတွေနဲ့ ကိစ္စတွေက ရှုပ်ထွေးလာတဲ့ကြားထဲမှာမှ ဂျက်တစ်ယောက် အဖြစ်မှန်ပေါ်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တောထဲ ဆွဲသွင်းမိပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 805MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 48Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.4 1981 108 mins
Blow Out
The Forbidden Door
6.6

IMDB – 6.6 ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ nomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။ စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလို ကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေက negative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။ တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက် ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ် ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။ အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်း လာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက် နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်လည်းရှိတယ်။ သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီက ရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊ တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်း မြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်…. File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.6 2009 115 mins
The Forbidden Door
Tejas
6.2

Tejas (2023) ထူးချွန်သူ IMDb – 6.2/10 ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။ တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။ သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.2 2023
Tejas
Love Letter
7.9

Love Letter ( 1995 ) Directed by Shunji Iwai ရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက အာရှရုပ်ရှင်ဂရုတစ်ခုမှာ ဖတ်ခဲ့ဖူးတာက ” ရှန်းဂျီအီဝေရဲ့ ရုပ်ရှင်တွေက ကမ္ဘာပေါ် နိဗ္ဗာန်ကို ပစ်ချပြလိုက်သလို ရုပ်ရှင်တွေပဲ”တဲ့။ နှစ်တွေကြာလာလေ အီဝေကိုပိုသိလာလေ ကျွန်တော့် ဒီစကားကို ပိုထောက်ခံမိလာလေပဲ။ အီဝေ့ရုပ်ရှင်တွေက လှပတာတစ်ခုသက်သက်ကြောင့်နဲ့တော့ ဒီလိုပြောတာမဟုတ်ဘူး။ အီဝေ့ရုပ်ရှင်အများစုမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို ဖြတ်သန်းရတတ်တယ်။ တစ်ချို့ကားတွေဆို အဲဒီဝမ်းနည်းစရာအခိုက်အတန့်ကို ဖြတ်သန်းတဲ့ အခိုက်အတန့်အကြောင်းကိုပဲ ရိုက်ပြထားတာ။ မရှိတော့တဲ့ ကိုယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ရဲ့ ကိုယ်မသိခဲ့ ရာဇဝင်ကို ပြန်လည်တူးဖော်ရတာမျိုးပေါ့။ အီဝေ့ရုပ်ရှင်တွေဟာ ဒီအခိုက်အတန့်တွေကို ဖြတ်သန်းပြီး အဆုံးမှာ ကမ္ဘာကြီးဟာ လှပနေပါသေးတယ်လို့ ကျွန်တော်တို့ကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ တစ်စုံတရာမရှိတော့ရင်တောင် ကျန်ခဲ့သေးတဲ့ အမှတ်တရတွေက ကျွန်တော်တို့ရှင်သန်မှုတွေကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ အကြောင်းတရားတွေကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ အီဝေ့ရုပ်ရှင်တွေဟာ ကမ္ဘာပေါ်မှာ နိဗ္ဗာန် တည်ရှိနေသေးကြောင်း, အဲဒီနိဗ္ဗာန်ဟာ ကျွန်တော်တို့ရဲ့ချစ်ခဲ့ခြင်းတွေ အမှတ်ရနေခြင်းတွေဖြစ်ကြောင်း သက်သေပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ အီဝေဟာ ကမ္ဘာပေါ်ကို နိဗ္ဗာန်ပစ်ချလိုက်တာထက် ကမ္ဘာအစစ်ထဲက နိဗ္ဗာန်ကို မြင်သာလာအောင် ပြပေးခဲ့တယ်ဆို ပိုမှန်လိမ့်မယ်။ File size… 1.9 GB / 899 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

7.9 1995
Love Letter
Bully

Bully (2001) IMDb: 6.9/10 Rotten Tomatoes: 54% Genre: Biography, Crime, Drama Bully ရုပ်ရှင်ဟာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တုန်းက ဖလော်ရီဒါမှာဖြစ်ခဲ့တဲ့ ဘော်ဘီကန့်တ်ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်အသတ်ခံရတဲ့အမှုကို အ‌ခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဖော်အချွတ်များပါပြီး စကားပြောတွေလည်းရိုင်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ ဇာတ်ညွှန်း ခင်ဗျားတို့လူတစ်ယောက်ကိုမုန်းလွန်းလို့ သတ်ပစ်ချင်လောက်တဲ့အထိဖြစ်ဖူးလား။ ဒါပေမယ့်စိတ်အေးတဲ့အချိန်ခင်ဗျားပြန်တွေးကြည့်လိုက်ရင် သတ်မယ်သာပြောတာ အစီအစဉ်မရှိ၊ သတ်ပြီးဘယ်လိုလုပ်မှာလဲဆိုတဲ့ အရံအတွေးမရှိ၊ လူသတ်ရတာဟာမလွယ်တဲ့အလုပ်ဆိုတာကိုသိလာပါလိမ့်မယ်။ ခုဒီအဖြစ်အပျက်မှာလည်းအဲလိုပဲဖြစ်ပါတယ်။ ဘော်ဘီဆိုတဲ့ကောင်လေးဟာရိုင်းစိုင်းပြီးအတော်လေးကို မောက်မာပါတယ်။ အထူးသဖြင့်ငယ်သူငယ်ချင်း မာတီကို အရမ်းအနိုင်ကျင့်ပါတယ်။ လက်ပါတယ်၊ လူကြားထဲအရှက်ခွဲတယ်။ ဘော်ဘီဟာအရမ်းကိုဆိုးပါတယ်။ သူ့ကြောင့်နစ်နာခဲ့တဲ့လူတွေလည်းများနေပါပြီ။ အဲဒါကိုမကျေနပ်တဲ့ ဘော်ဘီရဲ့ကောင်မလေး လီဆာ ဟာ ဘော်ဘီကိုသတ်ရအောင်ဆိုပြီး ပြောလာပါတယ်။ နှစ်ယောက်ထဲနဲ့လုပ်လို့မရဘူးဆိုတာကိုသိတော့ ဘော်ဘီမုဒိန်းကျင့်တာကိုခံဖူးတဲ့ အယ်လီကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့အဆက်အသွယ်တွေနဲ့အုပ်စုကတောင့်လာပါတယ်။ ဘော်ဘီကိုသူတို့ဘယ်လိုများဆက်ကိုင်တွယ်မှာလဲ။ ဖြစ်ရပ်မှန်ဇာတ်လမ်းမလို့ကြည့်နေရင်း စိတ်မသက်မသာဖြစ်ရသလို၊ သံဝေဂလည်းရစေမှာသေချာပါတယ်။ File size… 2.4 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Biography, Crime, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

0 2001
Bully
Taylor Swift: The World Tour – Live (2015)
8.8

Taylor Swift: The 1989 World Tour – Live (2015) =================================== IMDb Rating – 8.8/10 1989 ဟာဆိုရင်တော့ ဆုပေါင်းများစွာကို သိမ်းပိုက်ခဲ့တဲ့ album တစ်ခု ဖြစ်သလို Taylor Swift ရဲ့ အကောင်းဆုံး Pop Album လို့တောင် ပြောလို့ရပါတယ်။ ဒီ Album ဟာ ဝက်ဝက်ကွဲ အောင် မြင်ခဲ့သလို World Tour ဟာလည်း သိပ်ကို ခမ်းနားခဲ့ပါတယ်။ ပွဲမှာလည်း အနုပညာရှင်များစွာကို Guest အနေနဲ့ ဖိတ်ကြားပြီး ပရိသတ်ကို အတူ ဖျော်ဖြေခဲ့ပါတယ်။ ဒီ Documentary/Music Film မှာတော့ Taylor ရဲ့ opinion တွေကိုလည်း အင်တာဗျုးတစ်ခုအနေနဲ့ ထည့်သွင်းဖော်ပြထား ပါတယ်။ လူအများကြားမှာ ရေပန်းစားခဲ့တဲ့ Clean Speech ဟာ လည်း 1989 Tour က highlight တစ်ခုပါပဲ။ ဒါကြောင့်မလို့ Swiftie တို့ အလွမ်းသယ်ဖို့ 1989 World Tour ကို Speech Only Translation နဲ့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(6.4 GB) / (3.2 GB) Quality…………WEB-DL 1080p / 720p Duration………2Hr 12Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Concert, Documentary, Music Translator…….Act Molemy Encoder……….SWM

8.8 1989 132 mins
Taylor Swift: The World Tour – Live (2015)
Let’s Start a Cult

ဒီရုပ်ရှင်က နာမည်အတိုင်းပဲ cult တစ်ခုထောင်ဖို့ ကြိုးစားကြတဲ့ လူနှစ်ယောက်အကြောင်းကို ဟာသတွေနဲ့ ရောယှက်ပြီး ရိုက်ကူးထားတာပါ။ William က The Cosmic Dynasty ဆိုတဲ့ cult ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Chip ကတော့ cult ထဲက ဘယ်သူမှ သဘောမကျတဲ့ အပယ်ခံ ဖက်တီးလေးတစ်ယောက်ပေါ့။ သူတို့ cultက နောက်ဆုံးမှာ ဘုံဘဝကူးပြောင်းခြင်းဆိုပြီး မိမိကိုယ်ကို အဆုံးစီရင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း William က သူတို့အားလုံး ဘုံမကူးပြောင်းခင် Chip ကို တိပ်ခွေတစ်ခွေပေးပြီး စာတိုက်ပုံးကို သွားပို့ခိုင်းပါတယ်။ ဘာလုပ်လုပ် တလွဲဖြစ်လာတဲ့ Chip က တိပ်ခွေမပို့ရသေးခင် စာအိတ်ပျက်စီးသွားတဲ့အတွက် ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းအားလုံးသေနေကြပြီးဆိုတော့ သူ့ပစ္စည်းတွေ အကုန်မီးရှို့ပြီး အိမ်ကိုပဲ ပြန်သွားခဲ့ပါတယ်။ အိမ်ကလူတွေနဲ့လည်း အဆင်မပြေပဲ တစ်နေ့ သတင်းထဲမှာ သူတို့ cult အကြောင်းပါလာခဲ့ပါတယ်။ သတင်းကနေ Williamတစ်ယောက် မသေသေးဘဲ ထွက်ပြေးနေမှန်း သိလိုက်ရပြီး လိုက်ရှာခဲ့ပါတယ်။ William နဲ့ တွေ့တဲ့အချိန်မှာ ဒေါသထွက်နေတဲ့ Chip ကို စိတ်ပြေအောင် သူဟာ Chip မပါဘဲ ဘုံမကူးပြောင်းနိုင်လို့ သူ့ကို သေရာကနေ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာလို့ လိမ်ခဲ့ပါတယ်။ အယုံလွယ်တဲ့ Chip က William ရဲ့ အလိမ်အညာတွေကို ယုံသွားပြီး ဒီတစ်ခါ အမှန်တကယ် cult တစ်ခု အတူတူ တည်ထောင်ကြဖို့ ပြောလာပါတယ်။ ဒီလိုနဲ့ သူတို့ cult ထဲ တစ်ယောက်စ နှစ်ယောက်စ ဝင်ရင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…(1.6 GB)/(936 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama • Romance
0 2024
Let’s Start a Cult
In His Mother’s Eyes
7.1

In His Mother’s Eyes (2024) IMDb Rating (7.1) အော်တစ်ဇင်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကမ္ဘာကိုတင်ဆက်ပြသထားတဲ့ ဖိလစ်ပိုင်ကားလေးပါ။ ကမ္ဘာဆိုတဲ့‌နေရာမှာ အော်တစ်ဇင်တစ်ယောက်ရဲ့ အမြင်ကနေ မြင်ရမယ့် ကမ္ဘာကို ပြထားတာတော့မဟုတ်ပါဘူး။ ဒီလိုကမ္ဘာကိုတော့ The Reason I Jumpလို ရုပ်ရှင်မျိုးမှာ လက်တွေ့ကျကျပြထားတယ်။ ဝူယောင်းဝူလို ဇာတ်လမ်းတွဲမျိုးမှာလည်းပြထားပေမဲ့ ဒီမှာကတော့ သူ့ဘေးပတ်ဝန်းကျင်က ဆက်ဆံမှုတွေကြား သူနေရတဲ့ ကမ္ဘာကို ဦးတည်ပါတယ်။ အော်တစ်ဇင်ဆိုပြီး နှိမ်ချင် ကြဉ်ချင်ကြတဲ့လူတွေ သနားသလိုနဲ့ အမြတ်ထုတ်ချင်နေတဲ့လူတွေနဲ့ ဆက်ဆံနေရတဲ့ကမ္ဘာကြီမှာ သူ့ဘက်ကရပ်တည်ပေးတဲ့ လူနည်းစုက ရပ်ကြည့်နေရတဲ့ အကြောင်းတွေ။ နောက် ရပ်မကြည့်ခဲ့တဲ့ သူ့အမေရဲ့ သူ့တုံ့ပြန်မှုနဲ့ သူ့ကမ္ဘာကလူတွေရဲ့ တုံ့ပြန်မှုတွေကို ပြထားတယ်။ ကောင်းကွက်ကတော့ ဒီလိုဘီအဆင့်အာရှရုပ်ရှင်တွေမှာ ကျွန်တော်တို့ကို လက်တွေ့ကျတဲ့ ဇာတ်သိမ်းခန်းတွေ ပေးတာရှားပါတယ်။ ကမ္ဘာနဲ့ငါ ပြန်ပေါင်းထုပ်ကျလေသတည်းနဲ့ ပျော်ရွှင်စွာဇာတ်သိမ်းခန်းတွေကို မြင်ရတာများပေမဲ့ ဒီရုပ်ရှင်ကတော့ အသိမ်းကိုတော့ လက်တွေ့ကျကျ သိမ်းပေးထားတယ်။ အော်တစ်ဇင် အနည်းနဲ့အများဖြစ်နေကြတဲ့ ကလေးတွေ ပမာဏတစ်ခုအထိရှိတဲ့ကိစ္စကို အဲဒီဘက်လိုင်းကို အားစိုက်နေတဲ့ အသိတစ်ယောက်ပြောဖူးတယ်။ သူတို့မြင်တဲ့ကမ္ဘာနဲ့ ကျွန်တော်တို့မြင်တဲ့ကမ္ဘာတော့ မတူကြပေမဲ့ ကျွန်တော်တို့ကမ္ဘာကို သူတို့နားလည်ဖို့ခက်နေရင် ကျွန်တော်တို့က သူတို့ကမ္ဘာကို နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ သူတို့ခံစားချက်ကို ထုတ်ပြဖို့က သူတို့အတွက်ခက်ခဲနေရင် သူတို့ခံစားချက်ကို ကျွန်တော်တို့က နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ ဘာလို့ဆို မမြင်နိုင်တဲ့အကြောင်းတရားတွေနဲ့ ဂြိုဟ်တွေ ကမ္ဘာတွေက အမြဲ တစ်ခုအတွက်တစ်ခု အမှီသဟဲဖြစ်နေတာပဲ မဟုတ်လား။ ဇာတ်လမ်းဇာတ်အိမ်က ခြောက်ပြစ်ကင်းနေတာကြီးတော့ မဟုတ်ပေမဲ့ သူတို့ကမ္ဘာကို ပိုနားလည်လာအောင် ကြည့်သင့်တဲ့ ရုပ်ရှင်လို့ပဲမြင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(6 GB) / (1.9 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:49:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.1 2024 115 mins
In His Mother’s Eyes
Veeraaraju (2025)

Veeraaraju 1991 (2025) ပင်လယ်ပြာကလဲ့စား နယ်လိုပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က တံငါရွာလေးအတွက်တော့ ပင်လယ်ပြာကြီးဟာ သဘာဝကပေးတဲ့ရွှေတွင်းပါပဲ။ ငါးတွေလှိုင်လှိုင်ပေါတဲ့ ဒီပင်လယ်ရွာလေးမှာ တစ်ရွာလုံး တံငါလုပ်ငန်းနဲ့ အသက်မွေးကြတာပေါ့။ ဒီရွာလေးမှာ တံငါသည်တွေကို အနိုင်ကျင့်နေတဲ့လူကတော့ ဒေဗာရာဂျူဆိုတဲ့သူ ဇာတ်မြင့်တဲ့သူဆိုပီပီ အပေါ်ဖားအောက်ဖိ လူတစ်သိုက်နဲ့ တံငါသည်ရွာသားတွေကို ညှင်းပန်းနေပြီး ဖိနှိပ်ပြီးတော့ သူ့ရဲ့သားဖြစ်သူကလည်း မိန်းမပျိုမြင်ရင် အပျိုအအိုမရှောင် ခြေတော်တင်ချင်တဲ့ ရေပေါ်ဆီပါ။ ဒါပေမဲ့ ဒီရွာလေးမှာ နောက်ထပ်ရာဂျူတစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဗယ်ရာရာဂျူပါပဲ။ သူကတော့ ဒေဗာရာဂျူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး + ရွာသားတွေကို အနိုင်ကျင့်သူတွေကို ကောင်းကောင်းပညာပြတတ်တဲ့ ယမကာလုလင် အမှန်တရားဘက်တော်သားလေးပေါ့။ ဒီလိုနဲ့တစ်နေ့ ဒေဗာရာဂျူရဲ့သားဖြစ်သူက ဗယ်ရာရာဂျူရဲ့ညီမ ဗယ်လီကို ဆွဲလားရမ်းလားလုပ်ရင်းကနေ ဗယ်ရာရာဂျူနဲ့ငြိပြီးတော့ နှုတ်ခမ်းမွေးရိတ်တာခံလိုက်ရပါတော့တယ်။ ဒါကတော့ နှုတ်ခမ်းမွေးဆိုတာ ‌ယောက်ျားမာန ယောက်ျားသိက္ခာလို့ မှတ်ယူထားတဲ့ ဒေဗာရာဂျူကို အကြီးအကျယ်ပေါက်ကွဲသွားစေတော့တာပါပဲ။ ဒီကနေစလိုက်တဲ့ ရာဂျူနှစ်ယောက် အားပြိုင်မှုက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Cym ~ KKKZ ~ Yunniတို့ပဲဖြစ်ပါတယ်)

Adventure • Drama • Fantasy • Animation
0 1991 120 mins
Veeraaraju (2025)