YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

One Battle After Another (2025) 720p WEB-DL [RMC].mp4

1.58 GB N/A video/mp4 149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Paradise Now
7

"တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်" တဲ့။ ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။ အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။ Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ်နေခဲ့ရပြီး သူတို့ရဲ့မြေမှာ သူတို့ကိုယ်တိုင်ဟာ အကျဉ်းခံတွေလို ခံစားနေရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ချက်ကတော့ အညွှန်းထဲတောင် ဝှက်ထားဖို့မလိုပါဘူး။ ဒီကားထဲမှာ အဓိကကြည့်ရမှာက ဇာတ်လမ်းကိုထက် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးနေ့မှာ အတူရှိပေးကြတဲ့ သူတွေကိုပါ။ တကယ်တော့ အသေခံဖောက်ခွဲရေးသမားဆိုတာ လူသတ်သမားတွေပါပဲ။ ဒီလို အထိမခံတဲ့ကိစ္စကို ဒါရိုက်တာက သိမ်သိမ်မွေ့မွေ့ပဲ ပြသွားပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့သဘောလည်း သက်ရောက်ပါတယ်။ အော်စကာဆုအတွက် ပထမဆုံးတင်သွင်းခံရတဲ့ ပါလက်စတိုင်း ရုပ်ရှင်လည်း ဖြစ်သလို ရွှေကမ္ဘာလုံးဆုလည်း ရခဲ့ပါသေးတယ်။ ဒါ့အပြင်ကို ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်ကြီး ၃ခုထဲက တစ်ခုဖြစ်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ ဆု၃ဆုကိုလည်း ရရှိထားပါတယ်။ ဒီလောက်ဆို တခြားဆုတွေအကြောင်း ထုတ်မပြောတောင် လုံလောက်လှပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 31Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance • War
7 2005 90 mins
Paradise Now
Ram Setu
5.3

ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့ ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ် အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ် အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ် ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ် ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ ပြည်သူလူထုက လူအင်အားများပြီး အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.69GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora~ Poe ~ Yunni ~ OeliuJ

Fantasy
5.3 2022 149 mins
Ram Setu
Epic
6.5

2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka

Mystery • Romance • Thriller
6.5 2013 102 mins
Epic
Idol Recipe

ဒီတစ်ခါတော့ idol မူဗွီလေးပါ။ ဘယ်လာ ဆိုတဲ့ မကျော်ကြားသေးတဲ့ idol အဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ အေဂျင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကမောက်ကမတွေ ဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို အခက်အခဲတွေကို ဘယ်လာ အဖွဲ့ဝင်တွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ? စိန်ခေါ်မှုတွေကို အံတုနိုင်ပါ့မလား သူတို့ရည်မှန်းချက် အောင်မြင်မှုကို ရတဲ့ထိ ဆက်လှမ်းးနိုင်ပါ့မလား? အောင်မြင်ဖို့မပြောနဲ့ idol အဖွဲ့တစ်ဖွဲ့ဖြစ်လာဖို့ဆိုတာ ဘယ်လောက်တောင်မှ ခဲယဉ်းလဲ? ဒီလိုအခက်အခဲတွေကြားမှာမှ ဝေဖန်ခံရတဲ့အခါ idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလဲ ဆိုတာ ဒီဇာတ်ကားလေးကြည့်ပြီး လေ့လာခံစားကြရအောင်ပါ။ File Size          :  1.8GB, 860MB & 428MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 42mins Genre              : Comedy, Music Translated by  Song Song & Win Encoded by Kinnov

Action • Comedy
0 2022 102 mins
Idol Recipe
Ramaiya Vastavaiya
6.3

အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ် ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ဆိုနာနဲ့ဝေးရမှာဆိုးတဲ့အတွက်ကြောင့် ဆိုနာတို့အိမ်ကိုပဲ လိုက်လာခဲ့ပါတော့တယ် ရတ်ဒ်ဟူးဗီကရော သူဖူးဖူးမှုတ်ချစ်နေရတဲ့ ညီမလေးရဲ့ ချစ်သူကောင်လေး ရမ်ကို ဘယ်လိုတွေ စမ်းသပ်သွားမလဲ... အချစ်အတွက်သာဆို ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်မယ်လို့ ကြွေးကြော်ထားတဲ့ ရမ်တစ်ယောက် တကယ်တမ်း သူပြောတဲ့အတိုင်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…4.54 Gb / 1.84GB Quality…1080p TRUE WEBDL Hindi AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pwint & Lwin Htoo Aung

Comedy
6.3 2013 148 mins
Ramaiya Vastavaiya
[18+] Mahjong Nights
6.1

Evaဆိုတဲ့ ရုပ်ရှင်ကားနဲ့ dsဖန်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေးရဲ့ ဇာတ်လမ်းသစ်ပေါ့ဗျာ.... ဇာတ်လမ်းအကျဉ်းကတော့ အယ်လီဇာက မိခင်ဖြစ်သူရယ် ပထွေးရယ်နဲ့အတူ နေရတဲ့ ဟင်းချက်ဝါသနာရှင် အလှလေးပေါ့... ထုံးစံအတိုင်း ပထွေးက အယ်လီဇာရဲ့အလှတရားကို ခံစားမိချိန်မှာ ငယ်ငယ်တည်းက ကျွေးမွေးထားရတဲ့ ကျေးဇူးရှိပါတယ်ဆိုပြီး သူ့ပိုင်ပစ္စည်းလုပ်ချင်နေတာပေါ့... ဒီလိုနဲ့ တနေ့မှာတော့ အယ်လီဇာရဲ့မိခင်က ကိုဗစ်ကာလမှာ ကွဲကွာခဲ့တဲ့ အပေါင်းအသင်းတွေနဲ့ မာကျောက်ကစားဖို့ သူတို့အိမ်မှာ စုံကြရင်း... မထင်မှတ်ထားနဲ့ ဇာတ်ကွတ်တချို့နဲ့ အယ်လီဇာရဲ့အလှတရားကြောင့် ဒီကားဟာ dsဖန်တွေအတွက် ပြီးပြည့်စုံမယ့်ကားတခုလို့ ထင်မှတ်ပြီး တင်ဆက်ပေးလိုက်ပါတယ် File size…1.3Gb / 700Mb Quality…1080p / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by  X Cross

Action
6.1 2021 111 mins
[18+] Mahjong Nights
Mother’s Day
5.3

Mother’s Day (2023) ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ ခပ်ကြမ်းကြမ်း အက်ရှင်ကား​တွေကိုမှ ကြိုက်တဲ့သူ​တွေအတွက် Netflix မှာထွက်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ​နေတိုးအထူး​အေးဂျင့်​ဟောင်းတစ်ဦးဖြစ်တဲ့ နီနာတစ်​ယောက် နှစ်​ပေါင်းများစွာ တစ်​ယောက်တည်း ဇာတ်မြုပ်​နေရာက​နေ ရုတ်တရက် အ​​မေများ​နေ့မှာ သားဖြစ်သူ မက်စ် တစ်​ယောက် ရန်သူ​တွေရဲ့ အငြိုး​ကြောင့် ပြန်​​ပေးဆွဲခံလိုက်ရတဲ့အခါ သူ့ရဲ့ ​အေးဂျင့်တုန်းက စ​ကေး​တွေကို ဘယ်လိုထုတ်သုံးပြီး ပြန်ကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းများများနဲ့ ခပ်မိုက်မိုက် ကြမ်းကြမ်း​လေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​လေး တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 640MB Quality – 1080p, 720p Format – mp4 Duration – 1H 34Min Genre – Action, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.3 2023 94 mins
Mother’s Day
Disturbia
6.8

မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်း ထူးဆန်းတာတွေကြုံလာဖူးလား…. ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ဟာ စာသင်ခန်းထဲမှာဆရာကို လက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။ အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာ အိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။ သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲက သူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။ အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲ သတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးက လူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့ စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီး သူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာ တော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama, Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက် ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

6.8 2007 105 mins
Disturbia
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
Camp Pleasant Lake

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2024
Camp Pleasant Lake
Broken Trail
7.7

အမေရိကန် ကောင်းဘွိုင်ကားတွေကို သဘောကျတဲ့လူတွေအဖို့ ဒီကားလေးကလည်း အဆင်ပြေစေမှာသေချာပါတယ်။ ဒီဟာကတော့ တစ်ပိုင်းကို ၁ နာရီခွဲစာလောက်ရှိပြီး ၂ ပိုင်းပါဝင်တဲ့ မီနီစီးရီး ဒါမှမဟုတ်လည်း ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့လေ။ အဓိကဇာတ်ဆောင်အနေနဲ့ Spiderman ထဲက သဲလူသားဗီလိန်လုပ်တဲ့ မင်းသားကြီး Thomas Haden Church ရယ် နာမည်ကြီးကားတော်တော်များများမှာ ပါလေ့ရှိတဲ့ မင်းသားကြီး Robert Duvall တို့ပဲ ဖြစ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ Rubert Duvall ကြီး ဒီကားထဲ သရုပ်ဆောင်ပြသွားတာ တကယ်မိုက်လွန်းပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၉၈ အမေရိကန် ကောင်းဘွိုင်ခေတ်ကို ဇာတ်တည်ထားပြီး ဦးလေးဖြစ်သူ ကောင်းဘွိုင်ဟောင်းကြီး ပရန်တစ်စ်ရစ်တာဆိုတဲ့ ဘဲကြီးက သူ့ရဲ့တူဖြစ်သူ တွန်ဟတ်ခ်ကို လာရှာပြီး သူ့တူရဲ့အမေ သူ့အစ်မရဲ့ သေတမ်းစာအရ မြင်းတွေအုပ်လိုက်ကြီး ဝယ်ပြီး မိုင်တစ်ထောင်ကျော်တဲ့ခရီးကို ပြန်မောင်းနှင်သွားကြဖို့ လာခေါ်တာပါ။ ဒီလိုနဲ့ လမ်းမှာသွားနေတုန်း တယောသမားဖြစ်တဲ့ ဂစ်ပင်ကိုလည်း အဖော်အဖြစ် ခေါ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်ကနေ အမေရိကန်ကို ပြည်တန်ဆာအဖြစ် အရောင်းခံလိုက်ရတဲ့ တရုတ်မလေး ၅ ယောက်ကို လမ်းကြုံကယ်တင်မိရာကနေ ဒီအားနည်းတဲ့ တရုတ်မလေး ၅ ယောက်နဲ့ ကောင်းဘွိုင် ၃ ယောက်သား မိုင်တစ်ထောင်ခရီးကြမ်းကြီးကို စွန့်စွန့်စားစား ဘယ်လိုခေါ်ပြီး ခရီးဆုံးကို အရောက်လှမ်းကြမလဲဆိုတာ ဝေဝေဆာဆာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကောင်းဘွိုင်ကားဆိုတော့ မြင်းတွေ ရှုခင်းလှလှတွေ အင်ဒီယန်းလူမျိုးတွေ သေနတ်ကိုင်လူရမ်းကားတွေ စသဖြင့် ပေါင်းစုံပါဝင်ပြီး Rating ကလည်း 7.7 ရရှိထားတာမို့ မကောင်းမှာတော့ မပူစေရပါဘူးလို့ နိဂုံးချုပ်ရင်း ပြောလိုက်ပါရစေဗျာ။ File size…(4.2 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:04:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

7.7 2006
Broken Trail
Pitch Perfect 2
6.4

Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်များကို ပိတ်ပင်ခဲ့သောကြောင့် နာမည်ကောင်း ပြန်လည် ရရှိဖို့ရန်အတွက် ကမ္ဘာ့ Cappella ပြိုင်ပွဲတွင် အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရပါတော့တယ်။ Jesse J ၏ Flashlight သီချင်းကို အဓိကဇာတ်ဝင်တေး အဖြစ်ခံစားရမှာဖြစ်ပြီး အခြားနာမည်ကြီးသီချင်းများစွာ ကိုလည်း ပုံစံအသစ်ဖြင့် နားဆင်ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော လူငယ်ကျောင်းသားဘဝ၊ Teamworking၊ သူငယ်ချင်းချစ်ခြင်းမေတ္တာတို့ကို ဟာသနှောကာ ရူစားရမှာပဲဖြစ်ပါတယ်။

6.4 2015 115 mins
Pitch Perfect 2
The Riot Act

The Riot Act(2018) ********************* အခုမိတ်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ ၂၀၁၈ မှာထွက်ခဲ့တဲ့… အမေရိကန် thriller ဇာတ်ကားလေးဖြစ်တဲ့ The Riot Act ပါ။ ဒီထဲမှာတော့ ဒေါက်တာပက်ရိုးဆိုတဲ့ ဆရာဝန်ဟာ အော်ပရာဇာတ်ရုံတစ်ရုံကိုပိုင်တဲ့… မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးဟာ.. ဇာတ်ရုံမှာ ကနေကျ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ ဖခင်ဖြစ်သူဟာ သဘောမတူလို့ ခိုးပြေးမယ့်ညမှာပဲ မိသွားရာက လူသတ်မှု ဖြစ်သွားခဲ့ပါတယ်။ သမီးဖြစ်သူဟာ သူ့ချစ်သူကို ဆုံးရှုံးရတဲ့ အဲဒီညကတည်းက ထွက်ပြေးသွားခဲ့ပြီး ပြန်ပေါ်မလာခဲ့ပါဘူး။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ပဲ မြို့က လူတွေက သိထားကြပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ဒေါက်တာပက်ရိုးဟာ သူ့အော်ပရာဇာတ်ရုံကို ပြန်ဖွင့်ပါတယ်။ အဲဒီမှာ ကဖို့ ငှားလိုက်တဲ့ ဇာတ်အဖွဲ့မှာ ထူးခြားတာတွေ ရှိနေပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်သိမ်းထိလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်…. File Size : 1.18GB , 500MB Quality : 1080 , 720 Duration…01:41:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Heather OO

0 2018 101 mins
The Riot Act
The Secret Lair of the Tibetan Flower
5.8

ထူးခြားဆန်းပြားတဲ့အရပ်ကို မခေါ်သွားနိုင်ပေမယ့်… ထူးခြားဆန်းပြားတဲ့ ဇာတ်ကားကိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အလောင်းဖောက်တဲ့ ဇာတ်ကားတွေကို ကြည့်နေကြသူတိုင်းသိမှာပါ… ကျန်းမိသားစုက ထူးခြားတဲ့သွေးပိုင်ရှင်တွေ…. အဆိပ်မျိုး ၁ ထောင် မတိုးတဲ့ သွေးပိုင်ရှင်တွေမို့ အားလုံးက စမ်းသပ်ချင်နေတာ… ဒီကားလေးမှာလည်း ဒီအတိုင်းပဲ ကျန်းမိသားစုကိုမှ ဖမ်းပြီးတော့ သူတို့စမ်းသပ်ချင်တဲ့ အဆိပ်ရှိတဲ့ ပိုးကောင်ကို အရှာထွက်မယ့် ရှာပုံတော်ခရီးလမ်းအကြောင်းပေါ့… မတည့်အတူနေ ကြောင်နဲ့ ကြွက် ကျန်းညီအစ်ကို ၂ ယောက်က ရှေ့ဆင့်နောက်ဆင့် ပိုးကောင်အမဲလိုက်မုဆိုးတွေ ဖမ်းတာခံခဲ့ရပြီး… သူတို့မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ ကူလော့ရှေးဟောင်းဂူကို ပြန်လည် နည်းပြဖို့ဖြစ်လာခဲ့ပါတယ်… အဲ့မှာ သူတို့ဖမ်းချင်တဲ့ ပိုးကောင်ကတော့ ပါးစပ်ရာဇဝင်ထဲက လူအသွေးအသားအားလုံး စုပ်ယူစားသောက်တတ်တဲ့ အဆိပ်ရှိ အန္တရာယ်ကောင်ပါပဲ…. ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား… အရင်ခရီးလို ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား… နောက်ပြီး ဒီရာဇဝင်ထဲက ပိုးကောင်က တကယ်ရောရှိရဲ့လား…

5.8 2024
The Secret Lair of the Tibetan Flower