YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

On.the.Verge.of.Insanity.S01E06.720p(CM).mp4

617.17 MB N/A video/mp4 670 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gone Girl
7.9

IMDb Rating 8.1 / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ သူ့ဇနီးက ပဟေဠိ ဖြေပြီးရှာတွေ့မှရမယ့် လက်ဆောင်တစ်ခု ရဖို့ရှိကြောင်း ပြောပြီး အိမ်ပြန်လာတယ်။ အိမ်ကလည်းတိတ်ဆိတ်လို့ အထဲဝင်တော့မှ တစ်ခုခုထူး ခြားနေပါလား။ ဧည့်ခန်းမှာ မှန်စားပွဲကကွဲလို့ ပက်လက်လန်နေတယ်။ ကျန်တာတော့ သပ်သပ်ယပ်ယပ်ပဲ။ တစ်အိမ်လုံးလိုက်ရှာတယ်။ အပေါ်ထပ်မှာ သူ့ဇနီးအေမီမရှိ၊ သူတို့ကြောင်လေးက သူ့ကိုပြူးကြောင်ကြောင်ကြည့်တယ်။ အေမီပျောက်နေတယ်။ ရဲစခန်းကိုဖုန်းဆက်တယ်။ စုံထောက်မ နဲ့သူ့ပါတနာလာစုံစမ်းတယ်။ သဲလွန်စတွေကြည့်တယ်။ သွေးတစ်စ၊ မှန််ကွဲစတွေ၊ တိုက်လက်စမီးပူနဲ့ဝတ်စုံတစ်ထည်။ အေ့မီရုံးခန်းဝင်ကြည့်တော့မှ အေမီဆိုတာ ရွှေရောင်ဆံပင်နဲ့လှပတဲ့ Amazing Amy ဆိုတဲ့နံမည်ကြီးကလေးစီးရီးစာအုပ်တွေရဲ့ စာရေးဆရာမ၊ ဟားဗတ်တက္ကသိုလ်ဘွဲ့ရဆိုတာ သိရ... အဲဒီအချိန်ထိ နစ်က သာမာန်အဖြစ်အပျက်တစ်ခုပဲလိုပဲပေါ့ပေါ့ပါးပါးဖြစ်နေသေးတယ်။ စုံထောက်မမနဲ့ ရဲစခန်းလိုက်တာတောင် သူကနောက်လိုက်သေးတယ်။ Law & Order ဇာတ်ဝင်ခန်းထဲကလိုပေါ့နော်ဆိုပြီး။ နောက်တော့ နစ်ကို သာမာန်မေးခွန်းတွေဖြစ်တဲ့ အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲဆိုတော့သူက " မရှိဘူးမသိဘူး။" နေ့တိုင်းအေမီဘာလုပ်လဲဆိုတော့ "မသိဘူး"တဲ့။ စုံထောက်မနည်းနည်း စိတ်တိုသွားတယ်။ ဒါဆို "ရှင့်မိန်းမ သွေးအုပ်စုကဘာလဲ" ဆိုတော့ သိဘူးတဲ့။ ဒါဆိုယောကက္ခမတွေကိုရော အကြောင်းကြားပြီးပြီလားဆိုတော့ သိသိချင်းခင်ဗျားတို့ကို ပြောတာပဲလေတဲ့ ကျွန်တော်ဘယ်ပြောရဦးမလဲ ခဏ ကျွန်တော်ဖုန်းခေါ်ဦးမယ်ဆိုပြီး ယောက္ခမတွေကိုခေါ်.. အကြောင်းကြား၊ .. မထင်မှတ်ဘဲနဲ့ အမှုကကြီးသွားပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ဆိုတော့ သူတောင်နဲနဲကြောင်သွားတယ် ..အဲဒီလောက်လုပ်စရာလိုလို့လားပေါ့။ ခဏနေ ရဲစခန်း အပြင်မှာ အသံကြားလို့ထွက်ကြည့်တော့.. သူငယ်ပြန်နေတဲ့သူ့အဖေ...ဒါနဲ့သူ့ကိုရဲစခန်းကနေအိမ်လိုက်ပို့လိုက်တယ် တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရင်း သူ့မိန်းမ အဝတ်ဗီရိုခန်းထဲမှာထူးခြားတာတစ်ခု... Clue one သဲလွန်စနံပါတ် ၁ တဲ့.... စကားထာကိုဖြေကြည့်တော့ နေရာက သူ့ကျောင်းက ရုံးခန်း .. ရှာရင်းတွေ့တာက ဖိုင်တွေထားတဲ့နေရာမှာ .. အနီရောင် မိန်းမဝတ်အတွင်းခံ Langerie တစ်ထည်.... နောက်ပြီး Clue two .. clue three .. clue ... စုံစမ်းလိုက် စစ်ဆေးလိုက် နဲ့ဇာတ်လမ်းကို ပြောင်းဖူးပြုတ်အခွံခွာသလို တစ်လွှာချင်းတစ်လွှာခြင်း၊ ဆောရီး ကြက်သွန်ခွံခွာသလို တစ်ထပ်ချင်းတစ်ထပ်ချင်း တစ်ထပ်ခွာပြီးတိုင်း ကြည့်နေရတာ စိတ်တင်းကျပ်လာတယ်။ ဘာဖြစ်မလဲဆိုတာ မကြည့်ချင်တော့သလို ဆက်ပြီးတော့လည်း ကြည့်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ အေမီရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ခံစားရတာတွေ တစ်ခုချင်းတစ်ခုချင်း.. .... ............ လိမ်ညာခံရတာတွေက" အေမီ ကိုလား .. အေမီ ကလား"... "အေမီကရော နစ်ကိုချစ်သလား".. "နစ်ကရောအေမီကိုချစ်သလား..." ကြိုတင်ခန့်မှန်းနိုင်စရာ အထောက်အထား တစ်ခုမှမပါ။ ဘယ်သူ့မှာ ဘာအပြစ်ရှိလို့ ဘယ်သူသေသင့်တယ်ဆိုတာ တွက်ထားလို့မရ။ ဘယ်သူဗီလိန် ဘယ်သူလူကောင်းဆိုတာလည်း သတ်မှတ်လို့မရ။ အေမီ့ကို သနားပြီး နစ်ကို သေစေချင်သလို နစ်ကို သနားပြီးအေမီ့ကို လည်းသေစေချင်မိပြန်တယ်။ သုံးပွင့်ဆိုင်တစ်ခုမှာ ဘယ်သူ့မှလည်း innocent ဖြစ်မနေပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီး မှမြည်တယ်ဆိုရင် သုံးပွင့်ဆိုင်ဆိုတော့ အပြစ်သုံးခုဆုံနေသလို။ တစ်ခုပဲရှိသည်။ ယောကျာ်းမို့ responsibility ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်သွားခဲ့ရင်ရော .... ဒီဇာတ်ကားရဲ့စာရေးဆရာမကို အင်တာဗျူးမှာတော့.. သူမက နောက်ထပ်တစ်ကားထပ်ထွက်ဖို့ ဟ ထားတာမဟုတ်ကြောင်း၊ ရုပ်ရှင်တွေမှာ ဗီလိန်တွေ ရှုံး၊ မင်းသားတွေ ပြုံး အပ်ကြောင်းထပ်နေလို့ အေမီကို ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဟား ငါသိသားပဲ ဆိုတဲ့ သဲလွန်စတွေကိုလည်း တတ်နိုင်သလောက်ဖျောက်ထားကြောင်း၊ ပရိသတ်တွေကရိုးရိုးသားသား ပြောကြကြောင်း ဇာတ်သိမ်းကိုမုန်းကြောင်း တရားမျှတမှုရှိသင့်တယ် ပြောကြကြောင်း၊ ကျွန်မလည်းပြန်ပြောမိတယ် အေမီကို မုန်းပါတယ်ဆိုတဲ့သူတွေတောင် အေမီထာင်ထဲမှာ ငုတ်တုတ်မေ့နေတာကို တွေ့ချင်မှာ မဟုတ်ဘူးထင်တယ်။ စာရေးဆရာမရဲ့ မှော်အောင်ပါတယ်။ အေမီကို သေစေချင်မိသလို သေလည်းမသေစေချင်မိပါ။ ကျွန်မအမြင်ပြောရရင်တော့ အေမီဟာ နစ်ကို အဆုံးအရှုံးမခံနိုင်ပါ။ နစ်ကသူမခွင့်လွတ်နိုင်စရာမရှိသော ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ သူမ သေလောက်အောင်မုန်းသွားတယ်။ ဒါကြောင့်လှလှပပ အပြစ်ပေးခဲ့တယ်။ ဒါပေမဲ့ နစ် တီဗွီကနေ သူမကို ဘယ်လောက်ချစ်ကြောင်း လျှာဖျားကလေသံနဲ့ အပြောမှာတင် သူမပြန်ကြွေသွားတယ်။ (အကောင်းကြွေတာမဟုတ်။) သူမနောက်ကြောင်း ပြန်လှည့်လာတယ်။ တကယ့်မိန်းမသဘာဝ အစစ်ပါပဲ။ဘယ်လောက် နာကျည်းမုန်းတီးနေပါစေ။ အချစ် ဆိုတဲ့ စကားလုံးလေးမှာတင် အကုန်ပြိုကျသွားတယ်။ in this case, different story .. သူမချစ်သူဆီပြန်လာပေမဲ့ အားလုံးသဘောကျတဲ့ပျော်ရွှင်စွာ ဇာတ်သိမ်းဖို့မဟုတ်။ သေချာတာတစ်ခုက သူမ နစ်ကို နောက်တစ်ခါလုံးဝအဆုံးအရှုံးမခံနိုင်တော့ပြီ။ အဲဒါကြောင့် ပင့်ကူအိမ်ထဲကနေမထွက်နိုင်အောင် နစ် ဆိုတဲ့ပိတုန်းကောင်ကို အပြီးအပိုင်ချည်နှောင်ထားလိုက်ခြင်းဖြစ်ပါတယ်။ သူမကလွဲရင် ကျန်တာလုပ်မိတာကို ခွင့်လွှတ်ချင်တယ်။ ခွင့်လည်းခွင့်မလွတ်နိုင်။ ဒါကြောင့် သူမရဲ့အကြံအစည်အကုန်သုံးပြီး ရစ်စက်မှုတွေမှန်သမျှနှင့် နစ်ကို ချည်နှောင်ထားလိုက်တာ။ နစ် ကလည်း responsibility ဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လာတယ်။ နစ်အကြောက်ဆုံးစကားနဲ့သူမကအပိုင်တုတ်ထားလိုက်တာက "နင့်ကိုငါကိုယ်တိုင် မုန်းရုံတင်မဟုတ်ဘူး။ ငါတို့ရင်သွေးကိုမုန်းတတ်အောင် ငါသင်ပေးလိုက်မယ်။ " We love each other ..and we resent each other .. coz we want to control each other ... This is marriage .. အိမ်ထောင်ရေးဆိုတာ စုံတွဲအကဖြစ်သည်။ အချစ်ကအရေးကြီးသလား။ ကျန်တာအရေးကြီးလား။ အကုန်အရေးကြီးပါသည်... အဓိက ကတော့ တစ်ခုတင်းရင် တစ်ခုလျော့ရမယ်။အရေးအကြီးဆုံးစည်းက ဘေးကို ချော်ထွက်လို့မရ။ .... အဓိကက အချစ်တွေရှိနေပါလျက်.. ဘာလို့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူတွေ ဘာလို့အကုန်ပျော်မနေကြပါသလဲ။ အပြစ်ကိုယ်စီကို ခွင့်လွတ်မှုအားနည်းနေလို့ပါ။ သူတစ်လှမ်းတိုးလျှင် ကိုယ်တစ်လှမ်းဆုတ်ရမှာပါ။ ဘေးချော်သွားလို့ကတော့ ကကွက်တစ်ခုလုံး ပျက်ဆီးသွားမှာပါ။ (ရုပ်ရှင်အညွှန်းကို Movie Locos ၏ Facebook Page မှကူးယူဖော်ပြပါသည်။) File size…(1.5 GB) / (1.4 GB)/ (800 MB) Quality….WEB-DL 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:29:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Drama • Romance
7.9 2014 149 mins
Gone Girl
Fist of Fury: Soul
10

ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ် ၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။ လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Music • Romance • Thriller
10 2021 110 mins
Fist of Fury: Soul
Zookeeper
5.2

ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါ Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

5.2 2011
Zookeeper
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
Fake
6.5

အတုအယောင် (၂၀၂၃) ဘေး ဘိုး စုန်င်လို့ ခေါ်တဲ့ လူငယ်လေးသုံးယောက်က ဘန်ကောက်က တိုက်ခန်းလေးတစ်ခုမှာ သူငယ်ချင်းသုံးယောက်စုနေကြတယ် ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ အချစ်ဇာတ်လမ်းလေးတွေကိုယ်စီဖြစ်လာကြတယ် တိုက်ဆိုင်တာတစ်ခုက သူတို့ချစ်ကြိုက် အသဲကွဲဝမ်းနည်းနေကြတဲ့ သူငယ်ချင်းသုံးယောက်နဲ့ပတ်သက်နေတဲ့ကောင်မလေးကလည်း ခွန်နာဆိုတဲ့မိန်းကလေးတစ်ယောက်တည်းနဲ့ပဲသက်ဆိုင်နေတယ် နောက်ဆုံးမှာ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူအားပေးကြပါဦးနော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Laila ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 3.9GB | 1.1GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laila Encoder ….. Aaron

6.5 2003
Fake
GirlHouse

“Girl House” ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။”Girl House” ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက် Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ “Loverboy” (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။ “Girl House” ဟာ သည်းထိတ်ရင်ဖို၊ အင်တာနက်အန္တရာယ်နဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းဖြစ်လို့ သင့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို တက်သက်စေမှာပါ။ သရုပ်ဆောင်တွေကလည်း ထူးချွန်ပြီး ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။Horror ရုပ်ရှင်တွေရဲ့သဘောအတိုင်း ကိုယ်ကြည့်ရှုမှပဲ ခံစားချက်အပြည့်အဝရတာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦး။ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Action • Animation • Science Fiction
0 2014
GirlHouse
The Weight of Water
5.8

The weight of water ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်မှာထွက်ရှိထားတဲ့ Thriller/Mystery အမျိုးအစားလေးဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီး သည်းထိတ်ရင်ဖိုနှစ်သက်တဲ့ ပရိသတ်ကြီးတို့အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာမ တစ်ယောက်ဖြစ်တဲ့ ဂျင်းဟာ သူ့ရဲ့ခင်ပွန်း သောမတ်စ်နဲ့အတူ ပိတ်ရက်မှာ ခရီးအတူတူသွားကြပါတယ်။ သောမတ်စ်ရဲ့ညီနဲ့ သူ့ကောင်မလေးတို့လည်း လိုက်ပါလာကြပြီး ၁၈၇၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို စုံစမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ လူတွေမှာရှိတဲ့ အမှောင်ဘက်အခြမ်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ။ အလိုရမ္မက် ဒေါသတွေဟာ လူတစ်ယောက်ကို ဘယ်လိုပြောင်းလဲနိုင်ကြောင်း၊ တဏှာမီးဟာ ဘယ်လိုပူလောင်နိုင်ကြောင်းကို ပြသပေးသွားတာဖြစ်လို့ Channelmyanmar ပရိသတ်ကြီးတို့ ရှုစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.8 2000
The Weight of Water
Gran Torino
8.1

Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162 ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။ သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ဘာမှသိပ်ပြီးစွဲမက်စရာမရှိသလိုလို….။ ဒါပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ ဘာသာပြန်ပြီးကြည့်မိတယ်ဆိုပါတော့…။ ဒီကားမှာ သူကိုယ်တိုင်ပဲ အဓိကသရုပ်ဆောင်နေရာကနေပါဝင်ထားပါတယ်။ ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်။ သူ့မိန်းမရဲ့ အသုဘ အခမ်းအနား လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့ သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေအများစုတစ်ဖွဲဖွဲရောက်လာတယ်။ သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲဒဲ့ဒိုးပြောဆိုတတ်တဲ့သူ. သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင် ဝန်လေးနေတယ်။ ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်။ ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး။ သို့ပေမယ့် ခင်ဗျားကိုဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်။ သေချာတယ် ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Crystal Win မှတင်ဆက်ထားပါတယ်။)

Comedy • Drama
8.1 2008 116 mins
Gran Torino
A Poem in Love
5.9

လောကကြီးမှာ တစ်ယောက်သောအတွက်နဲ့တစ်ဘဝလုံးသစ္စာရှိပြီးချစ်ပေးခဲ့တဲ့အချစ်မျိုးမှာ တစ်ဖက်ကလည်းသစ္စာရှိရှိပြန်ချစ်ပေးခဲ့မယ်ဆိုရင်တော့ပျော်ရွှင်စရာအချစ်မျိုးပိုင်ဆိုင်နိုင်ပေမဲ့ ပြန်မရတဲ့အခါမှာတော့နာကျင်မှုတွေခံစားရတတ်ကြတာပါပဲ။ အမြဲတမ်းတက်ကြွထက်မြတ်ပြီး ပုံပြင်နဲ့ကဗျာကိုရေးသားစပ်ဆိုရတဲ့ ရှောင်ရှီးဆိုတဲ့မိန်းကလေးမှာ ကဗျာကိုရူးသွပ်လွန်းပြီ းကိုယ့်ကိုယ်အထင်ကြီးလွန်းတဲ့ခန်းဆိုက်ဆိုတဲ့ကောင်လေးနဲ့ ငယ်စဉ်တည်းက အတူတူကြီးပြင်းကြတဲ့ ငယ်ပေါင်းကြီးဖော်တွေဆိုပေမဲ့ ခန်းဆိုက်ကတော့ရှောင်ရှီးကို နှလုံးသားထဲက နတ်သမီးလေးတစ်ပါးလို အမြတ်တနိုးတန်ဖိုးထားတာပေါ့။ ဘွဲ့ရပြီးနောက်မှာ ကဗျာစပ်ဆိုဖို့အတွေးအခေါ်တွေရှာဖို့အတွက်နဲ့ ခန်းဆိုက်တစ်ယောက်အေးချမ်းလှတဲ့တောင်ပေါ်ဒေသလေးဆီထွက်သွားတဲ့အချိန်မှာ ရှောင်ရှီးကလည်း တစ်လျှောက်လုံးလိုက်ဖြည့်ဆည်ပေးခဲ့တယ်။ ဒီလိုနဲ့အဲ့ဒေသလေးမှာ အတူတူဖြတ်သန်းကြရင်းကိုယ့်ရဲ့ စိတ်အားထက်သန်လှတဲ့အိမ်လေးတစ်လုံးကို ရှာတွေ့သွားကြပြီး ထောင်လဲ့လို့အမည်ပေးခဲ့တာပေါ့။ တစ်ဘဝလုံးစာရင်းပြီး ချစ်ပေးနေတဲ့ရှောင်ရှီးနဲ့ ရှောင်ရှီးကိုလည်းမြတ်မြတ်နိုးနိုးချစ်နေတဲ့ ခန်းဆိုက်နှစ်ဦးသားကြားမှာ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေကမပွင့်လင်း မပြောထွက်ရဲလာကြတဲ့အခါမှာခံစားချက်တွေ ဝေဝါးလာခဲ့ကြတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီတော့ အချစ်ရဲ့နာကျင်မှုဆိုတာတစ်ခါတစ်ရံမှာ ကိုယ့်ဘက်ကခံစားချက်ကိုရဲရဲဝံ့ဝံ့ထုတ်မပြတော့တဲ့အခါ တစ်ယောက်သောသူကို လက်လျှော့မလား။ရှေ့ဆက်တိုးမလားဆိုတဲ့ရွေးချယ်စရာတွေ အတွေးပေါင်းများစွာဖြစ်ပေါ်လာတတ်တာကိုဖော်ကျူးရိုက်ကူးထားတာကြောင့် ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Action • Comedy
5.9 2024
A Poem in Love
Out of Order
6.1

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါ ထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မ‌ရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။ အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို‌‌ စောင့်မျှ်ောကြည့်ရှုကြပါဦးနော်

6.1 2025
Out of Order
The Thief Lord
5.9

The Thief Lord (2006) ဇာတ်လမ်းအညွှန်း- ဘွန်နီဖေ့ ဆိုတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေးနဲ့ အစ်ကိုဖြစ်သူ ပရော်စပါတိုဟာ အမေဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့ တစ်ယောက်က အဒေါ်ဇနီးမောင်နှံရဲ့ ခေါ်ယူမွေးစားခံလိုက်ရပြီး တစ်ယောက်ကတော့ မိဘမဲ့ဂေဟာရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်ကို မလိုချင်တဲ့အတွက် အစ်ကိုဖြစ်သူဟာ မိဘမဲ့ဂေဟာကနေ ခိုးထွက်ခဲ့ပြီး အဒေါ်တိုအိမ်ရောက်နေတဲ့ ညီငယ်လေးကိုသွားခေါ်ကာ အဝေးတစ်နေရာက ဗင်းနစ်မြိုကို ထွက်လာခဲ့တာပေါ့။ ဗင်းနစ်မြိုမှာ မလည်မဝယ်ဖြစ်နေရှာတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ လမ်းဘေးမှာ ဒုက္ခရောက်နေတုန်း သူခိုးဘုရင် ဆိုတဲ့ အသက် ၁၆နှစ်အရွယ် စကစ်ဆိုတဲ့ကောင်လေးရဲ့ခေါ်ယူစောင့်ရှောက်ခြင်းကို ခံထားရပါတယ်။ တစ်ဖက်မှာလည်း ဘွန်နီဖေ့ လေးကို ပြန်လိုချင်တဲ့ အဒေါ်ဇနီးမောင်နှံဟာ စုံထောက် ဗစ်တာကို အလုပ်အပ်ပြီး ဘွန်နီဖေ့ လေးကို လိုက်ရှာနေခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဘွန်နီဖေ့ တို ညီအစ်ကိုနှစ်ဦး ဘယ်လိုတွေကြုံတွေ့ရမလဲ၊ စုံထောက်ဗစ်တာနဲ့ရော ဘယ်လိုတွေဇာတ်လမ်းသွားကြမလဲ၊ ဗင်းနစ်မြိုရဲ့ အခက်အခဲတွေကိုရော ဘယ်လိုရင်ကြရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုကြရမှာပါ။ File Size ~~~(1.8GB)/ (816 MB) Quality ~~~ Web Rip (1080p)/ (720p) Duration ~~~ 1h 39m Genre~~~ Family/Adventure Subtitle~~~ Myanmar Subtitle Translated by Wil Encoded by Treasure Htet

Drama • Romance
5.9 2006
The Thief Lord
Through Rocks and Clouds Raíz
6

Through Rocks and Clouds (2024) Raíz IMDb Rating (6.0) / Rotten Tomatoes (38%) ဒီဇာတ်ကားကတော့ ဆာဘီးယားဇာတ်ကားဖြစ်ပါတယ်။ ဆာဘီးယားနိုင်ငံကအရှေဥရောပက ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအစုံကရုပ်ရှင်ဇာတ်ကားတွေကိုမြည်းစမ်းကြည့်ရတာကောင်းပါတယ်။ စလာလာချင်းကတော့ ဘာဇာတ်ကားကြီးလဲပေါ့ တစ်ဖြည်းဖြည်းမှကြည့်ကောင်းလာပြီး ရယ်ရတဲ့ ဇာတ်ကားတစ်ကားပါ။ ရယ်မောတာကလူကိုအသက်ရှည်စေတယ်ဆိုရင် ကလိထိုးရယ်ခိုင်းတာမဟုတ်ဘဲ သေချာဇာတ်ကွက်ချပြီးရယ်ရအောင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဒီလိုဇာတ်ကားလေးတွေက စိတ်အပန်းပြေစေပါတယ်။ ဒီဇာတ်ကားက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဆုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း မက်ကိုက ဖဲကစားတာကြိုက်တဲ့လူဖြစ်ပြီး သူ့မှာ ဇာရီးဆိုတဲ့ သားချောလေးတစ်ယောက်ရှိပါတယ်။ သူ့အဖေမှာ ဘိလပ်မြေစက်ရုံရှိပေမဲ့ ဒါးဒန်ဆိုတဲ့လူကိုရောင်းပစ်လိုက်ပြီး မက်ကို့ ကိုလည်း တစ်ပြားမှမပေးပါဘူး။ သူ့အဖေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရပါတယ်။ မက်ကိုက ရုရှဘက်ကလာတဲ့ ဒီဇယ်တွေကိုမှောင်ခိုဝယ်ဖို့ပိုက်ဆံလိုလို့ သူ့အဖေရဲ့ငယ်ချင်း ဂါဂါ ဆီမှာသွားချေးပါတယ်။ သူ့အဖေရဲ့ ကျေးဇူးရှိတယ်ဆိုပြီး ဂါဂါကချေးလိုက်ပါတယ်။ ဂါဂါ့မှာ မိန်းမယူခိုင်းလို့မရတဲ့ ဂျူနီယာဂါဂါဆိုတဲ့ မြေးတစ်ယောက်ရှိပါတယ်။ ဒါးဒန်က ဘူလ်ဂေးရီးယား အကောက်ခွန်အရာရှိတွေနဲ့သိလို့မက်ကိုကရှယ်ယာထည့်ခိုင်းရင်းသွားအကူညီတောင်းတော့ဒါးဒန်က သဘောတူလိုက်ပါတယ်။ တကယ် နယ်စပ်ကနေဖြတ်ပြီး ရထားလည်းရောက်ရော မက်ကိုအိပ်ဆေးခပ်ခံရပြီး ဒီဇယ်တွေအတွက် ချေမယ့်ငွေကိုလည်းအလုခံလိုက်ရပါတယ်။ ဒါးဒန်ကမက်ကို့ကိုအကြွေးပြန်တောင်းပါတယ်။ မပေးနိုင်ရင် မက်ကို့သားနဲ့ သူ့ညီမ အက်ဖရိုဒစ်တာ လက်ထပ်ပေးရမယ်အတင်းသဘောတူခိုင်းတာနဲ့ လက်ထပ်ပွဲကိုအမြန်စီစဥ်ကြပါတယ်။ အက်ဖရိုဒစ်တာက ပုလွန်းသေးလွန်းတယ်ဆိုပြီး ယောကျာ်းတွေကမယူလို့အပျိုကြီးဖြစ်နေတာကို ဒါးဒန်ကစိတ်ညစ်နေပါတယ်။ မက်ကို့သား ဇာရီးက ချစ်သူကောင်မလေးရသွားပြီး အက်ဖရိုဒစ်တာကိုလက်မထပ်နိုင်ဘူးလို့ ပြောပါတယ်။ ငှက်မလေး အက်ဖရိုဒစ်တာကလည်း သူချစ်တဲ့သူကိုပဲ လက် ထပ်ချင်တယ်ဆိုပြီးကန့်ကွက်လဲလက်ထပ်ပွဲကို အတင်းစီစဥ်ကြပါတယ်။ မင်္ဂလာဆောင်မစခင် ဇာရီးရဲ့အဘိုးက သေသွားပါတယ်။ အိမ်တစ်အိမ်မှာမိသားစု တစ်တစ်ယောက်သေရင် မဂ်လာဆောင်ကိုနောက်ဆုတ်ကျင်းပရတဲ့ ထုံးစံရှိလို့ ဒါးဒန်က မက်ကို့ကို အဘိုးကြီးရဲ့အလောင်းကို ခဏဝှက်ထားခိုင်းပါတယ်။ မင်္ဂလာပွဲမှာ ဇာရီးနဲ့ အက်ဖရိုဒစ်တာညှိပြီးသတို့သမီးက ထွက်ပြေးတော့ သူ့အကိုနဲ့တပည့်တွေကလိုက်ဖမ်းပါတယ်။ အက်ဖရိုဒစ်တာဘာဆက်ဖြစ်မလဲ။ ဒါးဒန်နဲ့မက်ကိုဝှက်ထားတဲ့အဘိုးကြီးရဲ့အလောင်းဘာဖြစ်မလဲ။ထင်မထားတဲ့ လှည့်ကွက်ကဘာလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size…(1.4 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family Duration….01:21:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Min Khant

Comedy • Crime
6 2024 83 mins
Through Rocks and Clouds Raíz
Katangari Goes to Town
4.3

Katangari Goes to Town (2025) ကာတန်ဂါရီဆိုတဲ့သူဟာ သူပင်စင်မယူခင်အထိ သူလိုက်ဖမ်းတဲ့ အပြစ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်လို့ဆိုပြီး နာမည်ကြီးခဲ့တဲ့ စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အသက်ရလာတဲ့နောက်ပိုင်း သူ့ရွာကသူတွေက ဇပဲရှိပေမယ့် အသက်ရလာတဲ့ ကန်တာဂါရီကို အနားပေးဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ ပင်စင်စားဖြစ်ပြီး ၁၀ စုနှစ်တစ်ခုလောက်အကြာမှာ သူ့အစ်ကိုဝမ်းကွဲဖြစ်သူ ဘယ်လိုကဆုံးသွားပြီး အမွေခံမယ့်ကိစ္စအရေးမှာ သူ့မရောက်မဖြစ် ရောက်မှဖြစ်မှာဆိုပြီး သူ့ကို မရရအောင် ဘယ်လိုရဲ့ရှေ့နေဖြစ်သူကလာခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်တစ်လုံးနဲ့ လယ်အသေးလေးနဲ့ တစ်နိုင်တစ်ပိုင် အေးအေးချမ်းချမ်းနေခဲ့ရတဲ့သူဟာ မိသားစုအရှုပ်အရှင်းကြီးကို ရှင်းပေးဖို့ မြို့ထဲကို ကြွလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.9 GB) / (930 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Mystery, Thriller Duration…. 01:55:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Comedy • Drama • TV Movie
4.3 2025 114 mins
Katangari Goes to Town