YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Novo Land Floating Heart ( 2022 ) WEB-DL 1080p.mp4

995.38 MB N/A video/mp4 2875 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pale Moon
6.1

လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။ Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် သာယာမှုမှာ အသားကျလာခဲ့တယ်။ ဒီလိုနဲ့ စာရင်းသေအပ်နှံငွေတွေကိုပါ ဘဏ်ထဲသွင်းပေးမယ်လိမ်ပြီး မသွင်းဘဲ ငွေသုံးရတဲ့ အရသာကိုတွေ့လာခဲ့တယ်။ စစကတော့ ဒီငွေတွေကို မသိအောင် ပြန်ဖြည့်ပေးဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တဖြည်းဖြည်းချင်း များလာတဲ့ လိုငွေတွေ ပျောက်ပျက်လာတဲ့ အတုအယောင်သာယာမှုတွေကြား ကူကယ်ရာမဲ့ဖြစ်လာတယ်။ ဒီနေရာမှာမှ ဒီဇာတ်လမ်း ပြန်ချိုးသွားတဲ့ အချိုးအကွေ့ဟာ ဒီဇာတ်လမ်းဟာ တစ်ခုခုပေးချင်တဲ့ စိတ်ထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့ဘက် ပိုတာသွားတာမို့ ဇာတ်လမ်းကို ဇာတ်လမ်းလို ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 610MB | 319MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Drama • Thriller
6.1 2014 124 mins
Pale Moon
Waltair Veerayya
5.5

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin

Romance
5.5 2023 160 mins
Waltair Veerayya
Awake
5.9

တစ်ယောက်နဲ့ တစ်ယောက် လုံးဝမသိကြတဲ့ လူသုံးယောက်က တစ်နေရတည်းမှာ နိုးလာကြပြီး ပိတ်လှောင်ခံရတာကို သိသွားကြတဲ့အခါမှာ.... သူတို့ကို ခြောက်လှန့်နေတဲ့အရာက ဘာလဲ၊ သူတို့ကို ပိတ်လှောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘယ်လိုပတ်သက်တာလဲ၊ သူတို့ရဲ့ မှတ်ဉာဏ်တွေကရော ဘယ်ရောက်သွားတာလဲ တစ်ကိုယ်တည်းလှဲလို့ရတဲ့ နေရာတစ်ခုမှာ အပိတ်ခံရတယ်ဆိုတာက တွေးကြည့်ရုံနဲ့ ရူးချင်စရာပါပဲ အကြောင်းအရင်းကို မသိတော့ ပိုဆိုးတာပေါ့ ဂျိုဟယ်ရင်း၊ ဟန်ဆိုဂျင်၊ အီဒုံဟျော့ဆိုတဲ့ လူသုံးယောက်လည်း သူတို့ကို ပိတ်လှောင်ထားတဲ့နေရာကနေ သဲလွန်စရှာပြီး ထွက်သွားနိုင်မလား.... ဆိုတာကို သူတို့နဲ့အတူ ရင်ခုန် စိတ်လှုပ်ရှားရင်း အသည်းယားလိုက်ကြပါဦးစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 681MB | 366MB | 205MB Format… mp4 Duration…. 1h 14mjn Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Action • Adventure • Science Fiction
5.9 2021 96 mins
Awake
The Call of the Wild
7.6

စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။ စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ File Size : ( 933 MB , 340 MB) Quality : WEB-Rip 720p Running Time : 1 hr 40 min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encoded by Moe Myint Lwin

Action • Fantasy
7.6 2020 100 mins
The Call of the Wild
10th & Wolf
6.3

ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီး သေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ မရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီး သူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်း လမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်း ခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာ လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့် ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီး ဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်း အက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေး ဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက် ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကို ရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှု‌လိုက်ပါဦးဗျ။အမေရိကန်က အီတလီ ဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်း ရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.3 2006 107 mins
10th & Wolf
[21+] My Lovely Teacher (MIDE-582 )

ချစ်စဖွယ်မျက်နှာလေးဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်အားထက်သန်လှတဲ့ မျက်နှာပေးလေးနဲ့ ရှိုကိုလေးကို ဆရာမလေးနေရာကနေကြည့်ရှုရမှာဖြစ်ပါတယ် တည်ငြိမ်ရင့်ကျက်တဲ့နေရာတစ်ခုနေ အလှကြောင့် ကံဆိုးသွားပုံကို ရှိုကိုလေးရဲ့ ချစ်စဖွယ်အလှတွေနဲ့အတူ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ငယ်ငယ်ကတည်းက ဆရာမတယောက်ဖြစ်ချင်ခဲ့တဲ့ Shoko Takahashiတယောက် ဆရာမတယောက်အနေနဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကိုလည်း စိတ်ပူ။အိမ်ကမိဘတွေစကားကို နားမထောင်ပဲသူ့အိပ်မက်ဖြစ်တဲ့ ဆရာမဆက်လုပ်ဖို့အရေးကို ဘယ်လိုတွေကြိုးစားပြီး ဆိုးမိုက်နေတဲ့ကျောင်းသားတွေကို ပညာသင်ကြားပေးသွားမလဲဆိုတာကိုတော့….

0 1900
[21+] My Lovely Teacher (MIDE-582 )
Robin and the Hoods
5

ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့ အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြ ထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လို စိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေ ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့ သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျ ဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံ တစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့ လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကို ဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက် တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊ နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကို ကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ File size…1.81GB / 1.03GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Horror • Thriller
5 2024
Robin and the Hoods
Songs of Earth
7.1

Songs of Earth (2023) IMDb Rating (7.1) / Rotten Tomatoes (100%) “Song of the Earth” (2023, Norway) Documentary ဟောဒီ ရုပ်သံမှတ်တမ်းက နော်ဝေရဲ့ အံ့ချီးလောက်စရာ အလွန်ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုအကြောင်းပါပဲ။ လွန်လွန်ကျူးကျူးပြောရရင် အိပ်မက်မြေလို့ခေါ်နိုင်မယ့် သဘာဝအလှတွေ ပတ်ဝန်းကျင်တွေနဲ့ လူသားတို့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ အနက်ရှိုင်းဆုံးသရုပ်ဖော်ထားတဲ့ မှတ်တမ်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကျောက်တုံးထူထပ်တဲ့ တောင်တန်းများကနေ ရေခဲတောင်တွေဖြစ်လာပုံတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝတရားရဲ့ ကောင်းကျိုးဆိုးကျိုးများကိုပါ ပြသပေးထားတာမလို့ သဘာဝရဲ့ လှပမှုနဲ့ တန်ဖိုးကို လူတွေစိတ်ဝင်စားအောင် သွေးဆောင်နိုင်တဲ့မှတ်တမ်းရုပ်ရှင်ဆိုလည်း မမှားပါဘူး။ သဘာဝအပေါ်ကို လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိလာတယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားတစ်ရပ် လူကြီးမင်းရင်မှာ အမြစ်တွယ်စေမှာလည်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ဘာလို့ကြည့်သင့်လဲလို့ မေးလာရင်တော့ နော်ဝေနိုင်ငံရဲ့ သဘာဝတရားအပေါ် ဘယ်လိုထိန်းသိမ်းထားသလဲဆိုတဲ့ မူဝါဒကိုမြင်နိုင်မယ်။ သဘာဝပတ်ဝန်းကျင်ထဲမှာ ရာသီဥတုပြောင်းလဲမှုအပေါ် လူသားတို့လုပ်ရပ်‌တွေက ဘယ်လို သက်ရောက်မှုမျိုးဖြစ်‌စေတယ်ဆိုတာ လေ့လာနိုင်ပြီး ကမ္ဘာ့အနာဂတ်အပေါ်မှာ အာရုံစိုက်မှုတစ်ခုကို ဖော်ကျူးနိုင်လို့ပါ။ ဆွစ်ဇာလန်ကိုပဲ လှတယ်လို့သက်မှတ်ထားရင် ဒီမှတ်တမ်းရုပ်ရှင်ထဲက နော်ဝေရဲ့ တောင်တန်းတွေ ရေခဲ‌တောင်တွေ၊ သိပ်ကိုပြေပြစ်အချိုးကျတဲ့ မြက်ခင်း‌တွေရဲ့အလှတရားကို ခံစားကြည့်လိုက်ပါဦးနော်။ ဒီမှတ်တမ်းထဲမှာတော့ သမီးနဲ့ အဖေတို့နှစ်ယောက်သား တစ်နှစ်တာ အတူစကားပြော၊ အတိတ်တွေဖလှယ်ပြီး နေထိုင်ရာမြေသမိုင်း၊ မိသားစုနောက်ခံသမိုင်းတွေ ပြန်လှန်ပြောပြသွားတာ တွေ့ရမှာပါ။ လှပတဲ့ရှုခင်း‌များနဲ့ ဗဟုသုတများ ပေးစွမ်းနိုင်တဲ့မှတ်တမ်းရုပ်ရှင်မလို့ ရွေးချယ်ကြည့်ရှုသင့်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….BLU-RAY 1080p HEVC / 720p Format…. mkv/mp4 Duration….01:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Action • Thriller • Mystery
7.1 2023
Songs of Earth
Ni Main Sass Kuttni 2
7.3

Ni Main Sass Kuttni 2 (2024) “ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Family
7.3 2024
Ni Main Sass Kuttni 2
Jessabelle
5.4

Jessabelle (2014) IMDb Rating (5.4) / Rotten Tomatoes (29%) ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုံးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။ သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Jia ဖြစ်ပါတယ်။) File size…(1.9 GB) / (990 MB) Quality….Blu-Ray 1080p / 720p Format….mp4 Genre….Horror,Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia

Documentary
5.4 2014 90 mins
Jessabelle
Kisspeptin Chronicles
6.7

Kisspeptin Chronicles (2023) ***************************** 2023 က ထွက်ရှိခဲ့ပေမဲ့ 2025 မှာပါ ရုံတင်ပြသခဲ့တဲ့ ဒီဂျပန်ဇာတ်ကားလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘဝအစ အရွယ်ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် လူ‌အမျိုးမျိုး အတွေ့အကြုံအမျိုးမျိုး ကျော်ဖြတ်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက ဖေဖေမေမေလုပ်တမ်းကစားခဲ့တဲ့ ရှိဂုဆာဆိုတဲ့ ကောင်မလေးက ဆယ်ကျော်သက်အရွယ်မှာ ပတ်ဝန်းကျင်က မှားနေတဲ့အရာတွေကို နားယောင်ပြီး “ကောင်လေးထားရင် ပိုလှလာတယ်”ဆိုတဲ့စကား‌ကို အမှန်ထင်ကာ ကောင်လေးရဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျူရှင်ဆရာဆီကနေ အနှောင့်အသွားမလွတ်တဲ့ စကားတွေကို အပြောခံနေရပေမဲ့ အမှားအမှန် မဝေခွဲနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဒီလိုအရာတွေကို ပုံမှန်လို့ သဘောထားလိုက်ပါတယ်။ ကောလိပ်ရောက်ပြန်တော့လည်း ကိုယ့်ဘက်က အစစအရာရာကောင်းပေးပေမဲ့ သူ့ရဲ့ပညာရေးကို နှောင့်နှေးစေတယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ ပညာဂုဏ်မမက်တဲ့ ကောင်လေးအိမ်ကနေ နှင်ချခံလိုက်ရပြန်ပါတယ်။ အလုပ်မှာလည်း အိမ်ထောင်ရှိမန်နေဂျာဆီက လိင်ပိုင်းဆိုင်ရာအရ မလွတ်တဲ့စကားတွေနဲ့ နှောင့်ယှက်ခံရပြီး ဒါတွေဟာ အလုပ်မှာ ပုံမှန်ဖြစ်တဲ့ အကြောင်းအရာတွေပါလို့ ဦးနှောက်ဆေးခံခဲ့ရပါသေးတယ်။ အမျိုးမျိုးသော ယောက်ျားတွေနဲ့ တွေ့ဆုံခဲ့ရပြီးနောက် ရှိဂုဆာရဲ့ ဘဝဟာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.63GB / 667MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Family • Comedy • Adventure
6.7 2023
Kisspeptin Chronicles
The Dogs
6.4

2025 မှာထွက်ရှိထားပြီး IMDb မှာ 6.4/10 ရထားတဲ့ ဒီဇာတ်ကားမှာ ကင်မရွန် ဝီဗာဆိုတဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးနဲ့ သူ့အမေကက်သရင်းတို့ဟာ အကြမ်းဖက်တတ်တဲ့ ဖခင်ဖြစ်သူထံက ထွက်ပြေးလာရင်း ကနေဒါရဲ့ ကျေးလက်ဒေသတစ်ရဲ့ လယ်မြေအိမ်တစ်ခုကိုပြောင်းရွှေ့လာတယ်။ အိမ်ကို ရောက်ပြီး သိပ်မကြာခင်းမှာတင် ကင်မရွန်ဟာ ဒီနေရာဟာ အေးချမ်းတဲ့ ခိုလှုံရာမဟုတ်ဘဲ ထူးဆန်းတဲ့ အသံတွေ၊ မြင်ကွင်းတွေနဲ့ ရိုင်းစိုင်းတဲ့ ခွေးတွေရဲ့ ရန်ကို ရင်ဆိုင်ရတဲ့ သည်းထိတ်ရင်ဖိုနေရာတစ်ခုဖြစ်နေတာကို သိလာခဲ့တယ်။ တစ်ရက်မှာ ကင်မရွန်အိမ်ခန်းထဲ ဂျက်ကီဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပြီး စကားတွေလာပြောတဲ့အခါမှာတော့…. ဘယ်လိုခြောက်ခြားမှုတွေက ဒီဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမလဲကြည့်လိုက်ကြရအောင်။ File Size… (957 MB) / (644 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre ….Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Romance • Comedy
6.4 2025 97 mins
The Dogs