YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nothing Uncovered(2024)Ep15 WEB-DL 1080P(CM).mp4

787.93 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kingdom II: Far and Away
6.7

Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။ မင်းသမီးအလှလေးကလည်း ပါ၊ ဇာတ်လမ်းရိုက်ချက်တွေကလည်း ရင်သပ်ရှုမောလောက်စရာမို့ လက်မလွှတ်တမ်းကို ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hae Areum ပါ။) File Size          : 2.6GB, 1.1GB, 581MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 14mins Genre              : Action, Adventure, History Translated by Hae Areum Encoded by Kinnov

Comedy
6.7 2022 134 mins
Kingdom II: Far and Away
The Good Nurse
7

IMDb 6.9/10 Rotten Tomatoes 8.1 ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး Netflix ကထုတ်လွှင့်တဲ့ ဒီကားကတော့ Must Watch စာရင်းထဲပါတဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးရှင် တစ်နေ့..ပါ့ခ်ဖီးဆေးရုံကြီးကိုချာလီဆိုတဲ့ Male Nurse တစ်ယောက်အလုပ်လာလုပ်ခဲ့တယ် အေမီဆိုတာကတော့ ဆေးရုံမှာမသိတဲ့လူမရှိ လူချစ်လူခင်ပေါတဲ့သူနာပြုတစ်ယောက် ဒီလိုနဲ့ လူသစ်ချာလီကို ကူညီပေးရင်းသူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ကြတယ် ချာလီကသူမထင်ထားတာထက် ဖော်ရွေသဘောကောင်းပြီး ကျန်းမာရေးမကောင်းတဲ့သူမကို အရမ်းဂရုစိုက်ပေးခဲ့တော့ တွဲဖက်ကောင်းတွေဖြစ်သွားခဲ့ကြတာပေါ့ ဒါပေမယ့်မကြာခင်မှာပဲ ဆေးရုံကလူနာတွေရုတ်တရက်ကြီးသေဆုံးသွားကြပါတယ် ဆုံးပါးတဲ့လူနာတိုင်းကိုစစ်ကြည့်တော့လည်း အင်ဆူလင်ဆေးကြောင့်ဆိုတာထွက်ပေါ်လာတော့ ဆေးရုံဘုတ်အဖွဲ့ကမသင်္ကာလို့ရဲတွေအကြောင်းကြားပြီး ဒီအမှုကိုစုံစမ်းခိုင်းပါတော့တယ် ဒီလိုနဲ့ ICU မှာတာဝန်ကျသူနာပြုတွေကိုစုံစမ်းရင်း လူသစ်ချာလီက ထူးဆန်းစွာဆေးရုံပေါင်း၉ခုမှာအလုပ်လုပ်ခဲ့ကြောင်းတွေ့ရှိလာခဲ့တဲ့နောက်မှာတော့.... တကယ်ပဲချာလီကဒီလူတွေသေတာနဲ့ပတ်သက်နေတာလား လူသတ်သမားကဘယ်သူဖြစ်နိုင်မလဲဆိုတာဆက်လက်ခံစားကြည့်ရှုလိုက်ကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(2GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__02:01:00 Type__Biography, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Mystery • Science Fiction • Thriller
7 2022 121 mins
The Good Nurse
Clash of the Titans
5.9

မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ... ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။ Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Drama • Romance • Thriller
5.9 2010 106 mins
Clash of the Titans
Dhamaka
7

Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။ The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။ ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။ ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။ ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့ နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။ ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။ အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun .. ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။ ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊ ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ .. ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော .. အစိုးရအပေါ် အခဲမကြေတာရှိတာကို အားလုံးကိုပြောချင်ပေမယ့် သူဆင်းရဲမို့ .. သူ့စကားဆိုဘယ်သူမှအလေးမထားတာမို့ .. တိုင်းသိပြည်သိ Arjun ဆီဆက်သွယ်ရင် သူ့စကားသံကိုလူအများကြားလိုကြားငြားနဲ့ဆက်သွယ်လာရာကနေ .. အကြမ်းဖက်သမားလို့ခေါင်းစဉ်တပ်ထားပေမယ့် တကယ့်အကြမ်းဖက်သမားရောဟုတ်ရဲ့လား .. သူကရော နစ်နာသူပဲလား .. တကယ်အကြမ်းဖက်ပြီးဂုတ်သွေးစုပ်နေတာက ဘယ်သူတွေလဲ .. မီဒီယာတွေရဲ့ လူထုအပေါ်လွှမ်းမိုးနိုင်တဲ့အင်အားကဘယ်လောက်တောင်ကြီးလဲ .. စတာတွေကို ဘယ်လိုဆက်ဖြစ်နိုးနိုး အသဲတအေးအေးနဲ့ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama, Thriller Quality…. 1080p HEVC and 720p File size…1.5 GB and 1GB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Action & Adventure • Animation • Sci-Fi & Fantasy
7 2021 104 mins
Dhamaka
The Twilight Saga: Breaking Dawn – Part 2
5.5

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

5.5 2012 115 mins
The Twilight Saga: Breaking Dawn – Part 2
Taxi 5
4.7

Taxi 5 (2018) ဒီဇာတ်ကားကတော့ ရှေ့ကအောင်မြင်ခဲ့တဲ့ Taxi ပြင်သစ်ဇာတ်ကားတွေရဲ့အဆက်အဖြစ် ထွက်ရှိလာတာပါ။ ဒါပေမယ့် ရှေ့က မင်းသားမင်းသမီးတွေ မဟုတ်တော့ဘဲ အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ မင်းသား မင်းသမီးအသစ်တွေဖြစ်ပေမယ့်လို့ အရံတချို့နဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ တူပါတယ်။ ဒီဇာတ်ကားမှာတော့ ရဲက ဖိုက်တာ ကားမောင်းသမားဖြစ်လာပြီး Taxi သမားကတော့ ရှေ့ဇာတ်ကားတွေက ဖိုက်တာကြီး ဒန်နီရယ်ရဲ့ တူတော်စပ်သူ အူကြောင်ကြားကောင်အဖြစ် ဇာတ်လမ်းကိုပြန်လှည့်ထားပါတယ်။ ယခင်ဇာတ်ကားတွေလို Taste မရတော့ပေမယ့် ” ဒန်နီရယ် နဲ့ အီမလီယံ” ကိုလွမ်းနေသူ ကိုယ်တွေအတွက်တော့ ဖြေသိမ့်ဖို့ ကြည့်နေမိတဲ့ဇာတ်ကားပါ။ (Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ )

Action • Adventure • Comedy • Family
4.7 2018
Taxi 5
One Cut Two Cut

One Cut Two Cut (2022) One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ…။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။)

0 2022
One Cut Two Cut
Proof
6.7

၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

Action
6.7 2005
Proof
Guthlee Ladoo
7.7

Guthlee Ladoo (2023) ဂူသလီးနဲ့လဒူး IMDb-7.8/10 Sanjay Mishra နဲ့ Subrata Datta တို့လို ဝါရင့်အနုပညာရှင်ကြီးနှစ်ယောက်နဲ့ ကလေးတွေရဲ့ညသရုပ်ဆောင်ချက်တွေကို ရင်ထဲထိနေအောင် ရှုစားရမဲ့ကားပါ ဘဝမှာ ရှင်သန်ရတဲ့အနေအထား ပတ်ဝန်းကျင်တူရင်တောင် စိတ်ကူးရည်မှန်းချက်တွေကမတူညီကြပါဘူး ကလေးငယ်တွေရဲ့စိတ်ကူးရည်မှန်းချက်ကွဲပြားသွားတာက မိဘတွေရဲ့အတွေးခံယူမှု သင်ကြားပြသမှုတွေနဲ့ အများကြီးသက်ဆိုင်ကြောင်းဒီကားမှာမြင်တွေ့ရမှာပါ ဂူသလီး နဲ့ လဒူးဆိုတာ သန့်ရှင်းသမားကြီး‌တွေရဲ့ သားတွေပေါ့ ဂူသလီးရဲ့အဖေက ပညာနဲ့ဒီဘဝကနေလွတ်မြောက်အောင်လုပ်နိုင်တယ်လို့ သင်ကြားပေးတဲ့သူ လဒူးရဲ့အဖေကတော့ ကံကြမ္မာဆိုတာပြောင်းလဲလို့မရဘူးဆိုပြီး ဒီဘဝကိုပဲလက်ခံတတ်အောင်သင်ကြားပေးတဲ့သူ ဂူသလီးလေးက ကျောင်းစာသင်ခန်းတွေရဲ့ အပြင်ကနေ စာတွေလိုက်သင်ပညာကို အရမ်းတောင့်တလိုချင်နေပေမဲ့ လဒူးလေးကတော့ လဒူးမုန့်ချိုတွေပဲအမြဲစားချင်နေတဲ့ ဝတုတ်လေး ဂူသလီးလေး စာအရမ်းတတ်ချင်တာကို သိလို့ပံ့ပိုးချင်ကြသူတွေရှိသလို သန့်ရှင်းရေးသမားသားဆိုတာနဲ့ အဆင့်အတန်းခွဲ နှိမ်ထားချင်သူကလည်းအပြည့် ဇွဲမသေးတဲ့ ဂူသလီးနဲ့ အားပေးတန်တဲ့အဖေကြောင့် ဒီကလေးအနာဂတ်က အပြောင်းအလဲတွေဖြစ်လာမလား…| လူ့အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကြားမှာ အရှုံးပေးသွားရမလား လဒူးလေးကရော သူငယ်ချင်းဂူသလီးနဲ့အတူပြောင်းလဲလာမလားဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Yunni ~ ToMo ~ Sai တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.7 2023 105 mins
Guthlee Ladoo
Jaws 2
5.8

တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard D. Zanuck နဲ့ David Brown တို့ပါပဲ။ ယူနီဗာဆယ်က jaws ရဲ့ အောင်မြင်မှုကြောင့် အဆက်ရိုက်စေချင်နေတဲ့အချိန် သူတို့လည်း သူတို့မလုပ်လည်း သူများလုပ်သွားတော့မှာပဲ သူတို့ကိုင်လိုက်တာ ပိုအဆင်ပြေပါတယ်လေဆိုပြီး ပရိုဂျူဆာဆက်လုပ်ခဲ့ကြတာပါပဲ။ စပီးဘာ့ခ်ကတော့ ခါးခါးသီးသီးကိုပြောခဲ့ပါတယ်။ ဆက်ရိုက်ရင် ယူနီဗာဆယ်နဲ့ အလုပ်မလုပ်တော့ဘူးလို့ပြောတဲ့အထိကိုပါ ပြောခဲ့ပါတယ်။ ဇာတ်ကတော့ ပထမကားရဲ့တည်နေရာ အာမစ်တီကျွန်းမှာပါပဲ။ ရဲမှူးဘရိုဒီလည်း ထုံးစံအတိုင်း သူ့တာဝန်သူကျေအောင်လုပ်ရင်း ငါးမန်းရှိနေတာကိုသိလို့ မြို့လူကြီးတွေကို ပြောပေမဲ့ အကုန်လုံးက သူ့ကို အကြောက်လွန်နေတာပါဆိုပြီး ရဲမှူးရာထူးကပါ ချပစ်လိုက်တယ်။ ဒါပေမဲ့ အာမစ်တီကျွန်းရဲ့ရေစပ်မှာ တကယ်ငါးမန်းရှိနေပြီး အဲဒီငါးမန်းက သူ့ကလေးတွေကို အန္တရာယ်ပြုဖို့ကြံလာတဲ့အခါ ဘရိုဒီကိုယ်တိုင် ရေထဲဆင်းပြီး ငါးမန်းနောက် လိုက်ဖို့လုပ်ရပါတော့တယ်။ ၂မှာတော့ ငါးမန်းနဲ့ရင်ဆိုင်ပုံဟာ တစ်နဲ့တော့ တော်တော်ကွဲပြားသွားသလို တစ်လောက်လည်း မပီပြင်တော့ပေမဲ့ ငါးမန်းရုပ်ရှင်အနေနဲ့တော့ ကောင်းတဲ့စာရင်းထဲတော့ ဝင်နေပါသေးတယ်။ ကြည့်ရကျိုးနပ်မှာပါ။ File size… 4.2 GB / 1.6 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

5.8 1978 117 mins
Jaws 2
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
Harold and the Purple Crayon
6

Harold and the Purple Crayon ကတော့ ဟာသ၊ စွန့်စားခန်းနဲ့ စိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ဂန္ထဝင် ကာတွန်းဖြစ်တဲ့ Harold ကို အခြေခံရိုက်ကူးထားတာပါ။ ကာတွန်းစာအုပ်ထဲကာဟာရိုးလ်ဟာ ခရမ်းရောင် ရောင်စုံခဲတံနဲ့ သူဆွဲလိုက်တဲ့အရာတိုင်းက အသက်ဝင်လာပြီး ကာတွန်းကမ္ဘာထဲမှာ ကိုယ်ပိုင်စွန့်စားခန်းတွေထွက်လေ့ရှိပါတယ်။ ဟာရိုးလ်နဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့သမင်နဲ့ဖြူကောင်အပြင် ဇာတ်ကြောင်းပြောသူ ပါရှိခဲ့ပေမယ့် တစ်နေ့မှာ ဇာတ်ကြောင်းပြောသူရဲ့ အသံကို မကြားရတော့တဲ့အတွက် ဟာရိုးလ်တစ်ယောက် ပြင်ပကမ္ဘာကို ထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရောင်စုံခဲတံနဲ့ဆွဲတဲ့တံခါးကတစ်ဆင့် ပြင်ပကမ္ဘာအစစ်ကိုရောက်ရှိ လာတဲ့ဟာရိုးလ်ဟာ တယ်ရီနဲ့မဲလ်တို့သားအမိနဲ့တွေ့ဆုံခဲ့ပြီး အပြန်အလှန် ကူညီကြရင်း ဟာရိုးလ်က သူ့အဖေလို့မှတ်ယူထားတဲ့ဇာတ်ကြောင်း ပြောသူကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ မဲလ်ရဲ့အကူအညီနဲ့ စာကြည့်တိုက်တစ်ခုမှာသွားရှာရာကနေ စာကြည့် တိုက်မှူးဂယ်ရီက ဟာရိုးလ်ရဲ့ဘာမဆိုဖန်တီးနိုင်တဲ့ရောင်စုံခဲတံကို လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံစည်ပါတော့တယ်။ ဟာရိုးလ်က ရောင်စုံခဲတံနဲ့ လူတွေကိုပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပေမယ့် ဂယ်ရီကတော့ သူ့ရဲ့အမုန်းတွေ၊ လက်စားချေလိုစိတ်တွေအတွက် အသုံးချဖို့လုပ်ဆောင်လာတဲ့အခါ ဟာရိုးလ်တစ်ယောက် ကမ္ဘာအစစ်ထဲက သူချစ်တဲ့သူတွေကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…4.77GB / 2.27GB / 1.14GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 30m Genre ….. Adventure , Family , Fantasy , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024
Harold and the Purple Crayon
Double iSmart

Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်) ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ……. ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ ……. သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

0 2024
Double iSmart
Sab Kushal Mangal
4.2

Sab Kushal Mangal (2020)”ရွာလည်ဖူးစာ” ================================== ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ပါပူဟာ ရုပ်သံချန်နယ်တစ်ခုက ကိုယ့်ဒုက္ခကိုယ်ရှာဆိုတဲ့ ပရိုဂရမ်ရဲ့ တင်ဆက်သူတစ်ယောက်ပါ။ သူဟာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးတွေကို ဟောဟောဒိုင်းဒိုင်း ဖွင့်ချတတ်သူဖြစ်ပြီး ပရိသတ်အတော်အသင့်ရထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို သူ့ရဲ့ပရိုဂရမ်ကနေ အရှက်ခွဲမိသလိုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့လာရပုံကို ရိုးမန့်စ်ပြကွက်တချို့နဲ့အတူ ဒီရုပ်ရှင်ထဲမှာ ရယ်ရယ်မောမော မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.2 2020 132 mins
Sab Kushal Mangal
Azrael
5.8

The Haunting of Bly Manor စီးရီးရဲ့ ပရိုဂျူဆာဖြစ်သူ E.L. Katz ရိုက်ကူးထားတဲ့ ဟော်ရာ အက်ရှင် ရုပ်ရှင်အသစ် ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ချီဆောင်ခြင်းခေါ် ခရစ်ယာန် ဘာသာရေးယုံကြည်မှုအရ ကမ္ဘာကြီးရဲ့ အဆုံးသတ်အပြီး နှစ်အတော်ကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အသက်ရှင်ကျန်တဲ့လူနည်းစုတွေအကြောင်းပါပဲ။ အဲဒီထဲက လူအတော်များများကလည်း စကားမပြောကြတော့ဘူး ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီးကတော့ အကျဉ်းစခန်းတစ်ခုထဲကနေ ထွက်ပြေးလာတဲ့သူဖြစ်ပြီး သူ့ကို ရှေးဟောင်းမကောင်းဆိုးရွား တစ်ကောင်ဆီမှာ ယဇ်ပူဇော်ဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပြီး အသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်ရပုံတွေကို ပြထားတာဖြစ်ပါတယ်။ အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်ကြောင်းတော့ သတိပေးလိုပါတယ်။ File size…1.37 GB / 764 MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024
Azrael