YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Nothing Much Prepared (2023) S02E01 1080P (CM).mp4

1.11 GB N/A video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Inside
5.7

Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။ အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။ နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။ စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။ အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။ စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင် "ဟေး မာကရီနာ" ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး "နီမို" ထွက်လမ်းကိုဘယ်လိုရှာမလဲ။ နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 564MB | 282MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

5.7 2023 105 mins
Inside
Ford v Ferrari
8

ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ကယ်ရိုးရှဲလ်ဘီ နဲ့ သူ့ရဲ့ မိတ်ဆွေကောင်း လူ့ဂွစာ ကင်မိုင်းစ် တို့ဟာ ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး လမန်းစ်မှာ ဖရာရီကို နောက်ကောက်ချဖို့ ကြိုးစားကြပါတော့တယ်။ ပါဝင်တဲ့ သရုပ်ဆောင် ၂ ယောက်ကိုတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မက်ဒေမွန်ကတော့ ခရစ်ရှန်ဘေးနဲ့ တွဲလုပ်ရမှာမို့ ဒီဇာတ်ကားကို အားရဝမ်းသာ လက်ခံခဲ့တယ်လို့ ပြောထားပါတယ်။ ခရစ်ရှန်ဘေးကတော့ ထုံးစံအတိုင်း ဇာတ်ကောင်အတွက် ပေါင် ၇၀ ချပြီး အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားတာပါပဲ။ ဒီရုပ်ရှင်ကတော့ အတော်လေး ကြည့်လို့ကောင်းပြီး လူတိုင်း ကြိုက်မယ့်အမျိုးအစားမှာ ပါမယ်ထင်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File Size – 2 GB Quality – 1080p.BluRay 5.1CH Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Biography, Drama Source : 1080p.BluRay 5.1CH Translator – Littleneo Encoder – San Win Maung

Action
8 2019 153 mins
Ford v Ferrari
The Running Man
6.5

ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။ ၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။ ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။ အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။ ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။ ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်း‌ပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။ အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။ မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။) File size…(10 GB)/(2.6 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Science Fiction • Thriller
6.5 1987 101 mins
The Running Man
Thalaivii
5.1

ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့  အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ... ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Biography,Drama အမျိုးအစားဖြစ်ပါတယ်...။ အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်..အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....အချိုးအကွေ့တွေ...ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီး...ဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ။ နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင် ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.5 GB ) / (1.4 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Nadi Myint Naing

Drama • Sci-Fi & Fantasy
5.1 2021 153 mins
Thalaivii
Swiss Army Man
6.9

Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Danielသည် လူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘဝကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘဝဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ််စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။ (ဇာတ်လမ်းအညွှန်းကိုတော့ SaSha Entertainment င်္Facebook Page မှကူးယူဖော်ပြထားတာဖြစ်ပါတယ်) File Size : 750 MB /300 MB Quality : Blu ray 720P Running Time : 1hr 37 minutes Format : Mp4 Genre :  Adventure, Drama, Comedy Encoder : Thanhtik

Drama
6.9 2016 97 mins
Swiss Army Man
Justice League: Warworld
5.7

Justice League: Warworld (2023) ======================== Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက် လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ် တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက် လာတဲ့ အကြောက်တရား…အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။ ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊ ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့ ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့ ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ လှုံ့ဆော်သံ နဲ့အတူ သူတို့ရဲ့ စွမ်းအားတွေကိုပါ စတင်ခံစားမိလာပါတော့တယ်။ သူတို့ ကိုလှမ်းခေါ်နေတဲ့အရာကရော ဘာများဖြစ်မလဲ၊ စူပါမန်းတို့ သုံးယောက် စစ်ကမ္ဘာထဲကမှာ ဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thetti Tun ဘာသာပြန်ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော Khant Sett Naing, Thetti Tun တို့ဖြစ်ပါတယ်) File Size……….(1.63 GB) / (581 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Khant Sett Naing, Thetti Tun Encoder……….Zin Phyo Aung

5.7 2023 90 mins
Justice League: Warworld
Budak Flat
7.2

အင်္ဂလိပ်အက်ရှင်ကားတွေကြည့်ရတာ ရိုးလာပြီဆိုတဲ့လူတွေအတွက် Budak Flat ဆိုတဲ့ မလေးရှားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားကားဆိုပေမဲ့ IMDb မှာ Rating 7.3 အထိရရှိထားပြီး တကယ်လည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်အတိုင်း ဘူဒက်ဆိုတဲ့ တိုက်ခန်းမှာ အာမန်နဲ့ရစ်ဇ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်တို့ အဖွဲ့တွေကကြီးစိုးနေကြပါတယ်။ အာမန်ကတော့ လူမိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ပစ္စည်းတွေခိုးတယ်ရောင်းတယ် ဆိုပေမယ့် ဘယ်တော့မှသူတစ်ပါးအပေါ်မှာ မယုတ်မာတတ်ပါဘူး။သူ့အစ်ကို ရစ်ဇ်ကတော့ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်ပြီးဖြန့်ဖြူးရောင်းချနေသူ တစ်ယောက် ဖြစ်ပါတယ်။အဲ့ဒီမူးယစ်ဆေးတွေက တိုက်ခန်းမှာနေထိုင်သူတွေအပြင် တခြားလူတွေ အများကြီးရဲ့ ဘဝတွေကိုပါပျက်စီးစေခဲ့တာမလို့ အာမန်က အဲ့ဒီလုပ်ငန်းကိုလုံးဝ သဘောမကျဘဲ ရပ်တန့်ပစ်ချင်နေပါတယ်။တစ်နေ့မှာတော့ အဲ့ဒီလုပ်ငန်းကို စထောင်ခဲ့တဲ့ လူဖြစ်တဲ့ သူတို့ရဲ့ဆရာဖြစ်တဲ့ ခေါင်းဆောင်က မူးယစ်ဆေးလုပ်ငန်းကို ရပ်တန့်ဖို့လုပ်ပြီး နောက်မှာ အသတ်ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်ရဲ့ ဘေးမှာ အာမန်ရှိနေတာကို ရစ်ဇ်ကတွေ့ခဲ့တဲ့အတွက် ပြဿနာတွေပိုမိုရှုပ်ထွေးလာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…1.35GB / 617MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • History
7.2 2023 104 mins
Budak Flat
Zadra

ဇာဒရာကတော့ သာမာန်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတယောက်ဖြစ်ပြီး အောင်မြင်တဲ့ ရက်ပါတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။ သာမာန်ချိန်တွေမှာတော့ ပုံမှန်ဆယ်ကျော်သက်ကောင်မလေးဆိုပေမဲ့ မိုက်ကိုင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ပါရမီတွေထွက်လာပြီး အကောင်းဆုံးရက်ပ်တွေဆိုနိုင်ခဲ့ပါတယ်။ သူ့ကို နောက်ကွယ်ကနေ အားပေးနေကြတဲ့ ဘာ့တစ်ခ်ဆိုတဲ့ ရည်းစားကောင်လေးအပြင် ဂျက်စတိဆိုတဲ့ သူငယ်ချင်းကောင်မလေးလည်းရှိပါသေးတယ်။ ဒါပေမဲ့ ရက်ပ်လောကလို အမျိုးသားအများစုကြီးစိုးထားတဲ့ လောကမှာ ဇာဒရာ လိုတက်သစ်စရက်ပါမလေးတယောက်အနေနဲ့ အောင်မြင်ဖို့ကခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေကို ဇာဒရာတစ်ယောက် ဘယ်လိုကျော်ဖြတ်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်မလဲဆိုတာ လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMR

0 2022
Zadra
3 IRON
8.1

ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Romance, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

8.1 2004 88 mins
3 IRON
Hustle & Flow
7.3

Hustle & Flow ဆိုတဲ့ ဒီကားက ဘဝမှာ ရုန်းကန်နေကြရတဲ့သူတိုင်း .. ကြိုးစားနေတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားထဲမှာ အောင်မြင်တဲ့ ရက်ပါ တစ်ယောက် ဖြစ်အောင် ကြိုးစားနေတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြ ပေးထားတာဖြစ်ပါတယ်။ ဖျာခေါင်းတစ်ယောက်ဟာ သူ့ဘဝကို သူကိုယ်တိုင် မရှက်ဘဲ ဘဝရဲ့ ဆင်းရဲ မွဲတေမှုတွေကြားထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဂီတဖန်တီးတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရတတ်သလဲဆိုတဲ့အကြောင်းနဲ့ သူ့ဘဝအကြောင်း တွေကို ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ရွတ်ထားတဲ့ ရက်ပ် စာသားတွေအကြောင်း ဒီကားထဲမှာ ကြည့်ရှုလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားထဲမှာ တကယ့် အပြင်က ရက်ပါ Ludacris လည်း ပါဝင် အားဖြည့်ပေးထားပါသေးတယ်။ ဒီဇာတ်ကားက လူရာမသွင်းခံရတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ ဘဝကိုပဲ ရိုက်ပြပေးထားတာ မဟုတ်ပါဘူး။ ဘဝမှာ ဘာတွေပဲ အခြေအနေတွေ ဘယ်လောက်ဆိုးဆိုး ကိုယ့်မှာ ရှိတဲ့ အင်အားနဲ့ ရှေ့ဆက် ကြိုးစားတဲ့ သူတစ်ယောက်အကြောင်း ရိုက်ပြပေးထားတာလည်းဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အိပ်မက်တွေ .. မျှော်လင့်ချက်တွေအကြောင်း အရမ်းကောင်းတဲ့ မက်ဆေ့နဲ့ ကြည့်ရှုသူတွေ ခွန်အားဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီကားက သေချာပေါက် ကြည့်ရမယ့် ဇာတ်ကားပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ပဲ ဖြစ်ပါတယ် ) File size…3.57GB / 1.53GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 56m Genre ….. Crime , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

7.3 2005 116 mins
Hustle & Flow
Rally Caps
6.5

ဒီ ဇာတ်ကားလေးကတော့ အမေရိကန် ဘေ့စ်ဘောလိဂ် (မေဂျာလိဂ်) မှာ တစ်ဦးတည်းသောာ နားမကြားရတဲ့ ကစားသမားအဖြစ် ထင်ရှားတဲ့ Curtis Pride က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဂျော်ဒီ တို့ မိသားစုက မိသားစုအစဥ်အဆက် ဘေ့စ်ဘောအားကစားကို ဝါသနာပါသူတွေပါ … ဂျော်ဒီရဲ့ အစ်ကိုဖြစ်သူကလည်း ကောလိပ်အသင်းမှာ ကစားနေပြီး လက်စွမ်းကောင်းတယ်လို့ အများက သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ‌ဂျော်ဒီ တစ်ယောက်လည်း အငယ်တန်းလိဂ်အတွက် လက်ရည်အစမ်းသပ်ခံဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လက်ရည်စမ်းသပ်မှု လုပ်နေရင်းမှာပဲ ဘတ်တံတစ်ချောင်းက ဘောလုံးရိုက်တဲ့သူ လက်ထဲက လွတ်ထွက်သွားပြီး ဂျော်ဒီ ရဲ့ မျက်နှာကို ထိသွားတာကြောင့် ဒဏ်ရာအကြီး အကျယ်ရသွားပါတော့တယ်။ ထရော်မာတွေ ရသွားတဲ့ ဂျော်ဒီ ဟာ ဘေ့စ်ဘောအားကစားကိုလည်း ဆက်မကစားတော့ဘဲ တစ်နေ့တစ်နေ့ အခန်းတွင်းပုန်းကာ မှိုင်တွေလို့နေပါတော့တယ်။ သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ရင်း စိတ်မကောင်းတဲ့ အမေ ဖြစ်သူက ဂျော်ဒီရဲ့ အစ်ကို ရော့ ရှိတဲ့ ဘေ့စ်ဘောကမ့် ကို နွေရာသီမှာ ‌ဂျော်ဒီ့ကို ပို့လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကမ့်ရောက်တဲ့အခါမှာတော့ ဂျော်ဒီ တစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သူ့ စိတ်ထဲက စိတ်ဒဏ်ရာတွေကိုရော ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ သူငယ်ချင်းအသစ်တွေနဲ့ အတူတူ ဒီနွေရာသီမှာ ‌ဂျော်ဒီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုလိုက် ကြရအောင်ပါခင်ဗျာ။ File size… (1.71GB) / (944MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
6.5 2024 96 mins
Rally Caps
Out of Order
6.1

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါ ထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မ‌ရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။ အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို‌‌ စောင့်မျှ်ောကြည့်ရှုကြပါဦးနော်

6.1 2025
Out of Order
I’m Still Here

IMDB Rating 8.5/10 ဒီဇာတ်ကားလေးကတော့ အော်စကာဆုပေးပွဲမှာ Best International Feature Film ဆုရရှိခဲ့ပြီး Best Picture နဲ့ Best Actress ဆုတွေအတွက် ဇကာတင်ဝင်ခဲ့တဲ့ ဘရာဇီးရုပ်ရှင်ကားကြီးပါ။ ဘရာဇီးလွှတ်တော်အမတ် မာဆယ်လို ရူဘင် ပါဗာရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်က ဘရာဇီးတနိုင်ငံတင်မက နိုင်ငံတကာကပါ အားပေးမှုအများကြီးရရှိခဲ့အောင် ကောင်းမွန်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ယူနိစ် ပါဗာဟာ လွှတ်တော်အမတ်ဟောင်းရဲ့ ဇနီးဖြစ်ပြီးတော့ ယောက်ျားဖြစ်သူ ရူဘင်ပါဗာနဲ့ သားသမီးငါးယောက်တို့နဲ့အတူ သာယာပျော်ရွှင်စွာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေတဲ့အိမ်ရှင်မတစ်ဦးပါ။ အဲ့ဒီ့အချိန်ကာလ ဘရာဇီးနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကာလတွေနဲ့ တော်လှန်ရေးကာလကြားမှာကျရောက်နေတာဖြစ်ပါတယ် တစ်နေ့မှာတော့ ယူနိစ် ပါဗာတို့အိမ်ကို ဘရာဇီးစစ်တပ်ကလူတွေ ရောက်လာပြီးတော့ သူမရဲ့ယောက်ျားဖြစ်သူ လွှတ်တော်အမတ်ဟောင်း ရူဘင် ပါဗာကို မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားပါတော့တယ်။ စိတ်မကောင်းစွာနဲ့ပဲ ရူဘင် ပါဗာဟာ ခဏတဖြုတ်ပဲလို့ပြောပြီး ခေါ်သွားရာက သတင်းမကြားရတော့ဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ ယူနိစ် ပါဗာဟာ သူမယောက်ျားရှိတဲ့နေရာကို အသည်းအသန် လိုက်စုံစမ်းရင်းက သူမယောက်ျားဟာ တော်လှန်ရေးအဖွဲ့မှာ ပါဝင်နေကြောင်းသိရှိလိုက်ရပါတော့တယ်။ ဒီတော့ ဒီဇာတ်ကားလေးမှာ ယူနိစ် ပါဗာတစ်ယောက် သားသမီးငါးယောက်ကို စောင့်ရှောက်ရင်း သတင်းအစအနတောင် မရတော့တဲ့ သူ့ယောက်ျားကို ဘယ်လိုဘယ်ပုံ လိုက်ရှာမလဲဆိုတာကို ဘရာဇီးနိုင်ငံရဲ့သွေးစွန်းကာလတွေကြား ရင်မောစွာကြည့်ရှုရမှာဖြစ်ပါတယ်။ File size…( 9.4 GB)(4.2 GB)/(1.6 GB) Quality….Webrip HEVC 4K / 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
I’m Still Here