YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nothing But You E08 (1080p) CM.mp4

627.35 MB N/A video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sodium Day

"Sodium day"ဆိုတဲ့ဇာတ်ကားလေးဟာ တောင်အာဖရိက ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂျွန်ရှယ်ဘီကျောင်းဝင်းထဲမှာ Class-12Yရဲ့ ကျောင်းသားသုံးယောက် ရေပုံးထဲမှာ ဆိုဒီယမ် ကိုနှစ်ပြီး လက်ကမြင်းရာကစပါတယ်။ ဆိုဒီယမ်ကပေါက်ကွဲ သွားတော့ သူတို့ကဂုဏ်ယူတဲ့အနေနဲ့ အဲ့နေ့ကို "Sodium day" လို့ တောင်ကင်ပွန်းတပ်လိုက်ကြပါသေးတယ်။ အဲ့နေ့ "Sodium day"နေ့မှာ ကျောင်းသူတစ်ယောက် ကျောင်း မပျက်စဖူးပျက်တယ်။ တခြားကျောင်းကကျောင်းသားတွေ ကျောင်းသားဖလှယ်ရေးပရိုဂရမ်နဲ့ မလာစဖူးလာတယ်။ လူမိုက် (၂)ယောက် ကျောင်းထဲကို သေနတ်ကိုင်ပြီးရောက်ချလာတယ်။ အဲ့လိုအဖြစ်အပျက်စုံစီနဖာကြောင့် သူတို့ရဲ့ ပျင်းစရာကောင်းတဲ့ သာမန်ကျောင်းလေးဟာ အဲ့နေ့မှာငြိမ်သက်နေတဲ့ရေပြင်ကို ကျောက်ခဲပစ်ချလိုက်သလို ဂယက်ထသွားခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ၊ ပညာရေးအထောက်အပံ့အားနည်းမှုတွေ၊ ဒေသလုံခြုံရေးအားနည်းမှုတွေကို နေ့တစ်နေ့တည်းမှာတင် ပုံဖော် ပြသွားတာကို "Sodium Day"ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (516 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Ngwe Zin Encoder..........SWM

Action • Comedy
0 2022 100 mins
Sodium Day
Escape the Field
5

Thriller/ Mystery သည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ ‌ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | 288MB Format…mp4 Duration…. 1h 29 min Subtitle….Myanmar Subtitle (Hardsub) Translator ..... San Thu Aung Encoder ..... August

Western
5 2022 89 mins
Escape the Field
Married by Mistake
5.9

Married by Mistake (2023) IMDb - 5.8 ပူပူနွေးနွေး MBAဘွဲ့ရထားတဲ့ ရိုင်လီတစ်ယောက် ငယ်ငယ်တည်းက မျှော်မှန်းခဲ့ရာအလုပ်ကို လက်မတင်လေး ဆုံးရှုံးလိုက်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ နိတ်လို့ခေါ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့အတူ မူးကွဲနေအောင်သောက်မိရာက မနက်လင်းတော့ ဘုရားတရပါပြီ။ ဝတ်လစ်စလစ်နဲ့ တစ်ကုတင်တည်းအတူ တက်အိပ်နေကြတဲ့အဖြစ်ကို တွေ့‌လိုက်ရတာပါ။ လက်သန်းကြွယ်မှာလည်း လက်စွပ်ကိုယ်စီနဲ့ပါပဲ။ ဆိုတော့ မည်သို့မည်ပုံဖြစ်သွားသည် မသိသော်ငြားလည်း နိတ်နဲ့ ခေါင်းချင်းရိုက်တိုင်ပင်ကြတော့ အကြံတစ်ခုထွက်လာပါတယ်။ စီးပွားရေးဘွဲ့လက်မှတ်ကြီးကိုင်ပြီး အလုပ်မရှိလို့ အနာဂတ်ပျောက်နေတဲ့ ရိုင်လီကတစ်ဖက်၊ မိသားစုစီးပွားရေးလုပ်ငန်းမှာ အရှုံးပေါပြီး ဒေဝါလီခံရလုနီးနီးဖြစ်နေတဲ့ နိတ်ကတစ်ဖက်မို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် လက်ထပ်လျက်သား ဆက်နေပြီး နိတ်တို့စီးပွားရေးလုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ Romanceနဲ့ Comedy ပေါင်းထားပြီး ခေတ်ဆန်တဲ့ စကားအသုံးအနှုန်းတွေ ပါတာကြောင့် ဇာတ်လေးကြီးတွေ ကြည့်ရတာ ငြီးငွေ့လာသူတွေအဖို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 642MB | 305MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August

Drama • Romance
5.9 2023 88 mins
Married by Mistake
A Place to Fight For
7.2

A Place to fight for (2023) ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ သူတို့ရဲ့မိသားစုဘဝလေးဟာ အခက်ခဲတွေနဲ့ကြုံလာရပါတော့တယ်။ ဂရက်ကလဲ သူ့ရဲ့သူလျှိုအလုပ်ကြောင့် သူတို့မိသားစုကိုထိခိုက်မှာစိုးတဲ့အတွက် အချိန်တွေအမျိုးမျိုးဆွဲနေပေမဲ့ နောက်ဆုံးမှာတော့ ရှောင်လွဲလို့မရတော့ပါဘူး။ ဂရက်ရဲ့ အလိမ်ညာတွေပဲပေါ်သွားမလား သူတို့နေတဲ့နေရာလေးကိုပဲ ရေကာတာလုပ်ငန်းကြီး ဆောက်သွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

Horror
7.2 2023 103 mins
A Place to Fight For
2 Fast 2 Furious
6.5

F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီး အရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက် ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့... ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး သတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်း ငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်.. ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့ အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB) Quality : Blu-Ray1080P5.1CH 720p Running Time : 1hr 46min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Thura Zarni Aung Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2003 108 mins
2 Fast 2 Furious
Lover for a Day
6.7

Lover for a Day (2017) ~ IMDb – 6.7/10, Rotten Tomatoes – 82% ~ ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။ အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel’s Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။ အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။ အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ‌ပုံသဏ္ဍာန်ပေါင်းစုံလည်း ရှိနေနိုင်ပြန်တယ်။ ထွက်မသွားစေချင်တာလည်းအချစ်၊ လွှတ်မပေးချင်တာလည်းအချစ်၊ ကောင်းစားစေချင်တာလည်းအချစ်၊ ဘေးဒုက္ခတွေမရောက်စေချင်တာလည်းအချစ်… ဒီလို ဒီလိုတွေပေါ့။ ဒီရုပ်ရှင်ထဲက အချစ်ကလည်း သဏ္ဍာန်မဲ့တယ်။ မေတ္တာလား ချစ်ခြင်းလား ဆုံးရှုံးရမှာကြောက်လို့ ဒူးထောက်ထားခြင်းလား။ ဒီရုပ်ရှင်ထဲမှာ အဓိကအနေနဲ့ ၃ ယောက်ပါတယ်။ အဖေ(ဂျီးလ်)ရယ် ‌အဖေ့ရည်းစား(အေရီယန်)ရယ် သူ့သမီး(ဂျန်း) ရယ်။ တစ်နေ့မှာ ဂျန်းက သူ့သတို့သားလောင်းနဲ့ရန်ဖြစ်ပြီး သူ့အဖေဆီကို ပြန်လာခဲ့တယ်။ သူ့အဖေကလည်း သူ့သမီးနဲ့ရွယ်တူ ကျောင်းသူလေးတစ်ယောက်နဲ့တွဲနေတယ်။ အဲဒီမှာ သူတို့ သုံးယောက်ကြား မချည်တဲ့ကြိုးတွေ ထုံးကြတယ်။ အတူနေရာက ပြဿနာတွေ၊ အသက်အရွယ်ကွာဟမှုကြား ညှိလို့မရတာတွေ၊ ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်းမတူညီမှုတွေ ဒါတွေအားလုံးကို ရောသမမွှေ ချပြထားပါတယ်။ ဇာတ်ကောင်တွေကို တည်ဆောက်ပုံက လှတယ်။ ပြင်သစ်မလေး ၂ယောက်ကို ဆေးခြယ်ထားပုံများ… ဒီရုပ်ရှင်ပြီးတာတောင် မြန်တယ်ထင်ရတယ်။ ချစ်ခြင်းရဲ့ပုံသဏ္ဍာန်တစ်ခု နဲ့ လူတွေကြား လစ်ဟာနေတဲ့ကွက်လပ်တစ်ခု။ ဒီကွက်လပ်တစ်ခုကို ဒါရိုက်တာ Phillippe က မီးမောင်းထိုးပြဖို့ကြိုးစားခဲ့တယ်။ “မင်းတို့မှာ ဒီလိုလစ်ဟာမှုတစ်ခုရှိနေတယ်” ပေါ့။ ဖြည့်တာမဖြည့်တာ ကျွန်တော်တို့အပိုင်း။ ဆုတွေအနေနဲ့ဆိုရင် ဆု ၂ ခုရထားပြီး ဆန်ကာတင် စာရင်းမှာ ၃ခုပါထားပါတယ်။ ခံစားချက်တွေအကြောင်းရုပ်ရှင်တစ်ခုဖြစ်တာကြောင့် ဘာမှမတွေးဘဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 610MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 16Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.7 2017 76 mins
Lover for a Day
End of the World
5.7

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။

5.7 2018
End of the World
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
Albert
6.2

နှစ်တိုင်း ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကျရောက်တဲ့နေ့ရက်လေးကတော့ ခရစ္စမတ်နေ့လေးပါ။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထူးအမြတ်အလေးထားရတဲ့ နေ့လေးတစ်နေ့ပေါ့ခင်ဗျာ။ မိသားစု သူငယ်ချင်း မိတ်ဆွေများတို့နဲ့ ဆုံတွေ့ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းကြတဲ့ အဓိပ္ပာယ်ရှိတဲ့နေ့ရက်လေးကို အစွဲပြုပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲကမှ Albert ဆိုတဲ့ ချစ်စရာ ကာတွန်း animation ကားလေးအကြောင်း နည်းနည်းပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း Albert ဆိုတဲ့အပင်ငယ်လေးဟာ သူတို့မြို့မှာခရစ္စမတ်ရောက်တိုင်း အကောင်းဆုံး အချောဆုံး အပင်ကိုရွေးပြီး မြို့ရင်ပြင်မှာ ခရစ္စမတ်သစ်ပင်အဖြစ် အလှဆင်ပြီး ခင်းကျင်းပြသရတဲ့ ခရစ္စမတ်သစ်ပင် ဖြစ်ဖို့စိတ်ကူးအိပ်မက်ရှိတဲ့အပင်လေးပါ။ တစ်နှစ် ခရစ္စမတ်ရာသီမှာတော့ သူဟာ အပင်ရွေးတဲ့နေရာမှာ ဝင်အရွေးခံဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့မိတ်ဆွေ ထန်းပင်မလေးရယ် သူ့အိုးထဲမှာ ကပ်နေနေတဲ့ ပေါင်းပင်လေးနဲ့အတူ စွန့်စားခန်းထွက်လာတဲ့အကြောင်းလေးကို တွေ့မြင်ရမှာပါ။ ဇာတ်လမ်းလေးက ကလေးတွေအတွက် အများစုရည်ညွှန်းပေမဲ့လို့ မိတ်ဆွေ သူငယ်ချင်းမေတ္တာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ခရစ္စမတ်ရဲ့အဓိပ္ပာယ်အနှစ်သာရလေးကို ပေါ့ပါးစွာ မီးမောင်းထိုး ပြသထားတဲ့ကားလေးမို့ animation ပရိသတ်တွေ ကြည့်သင့်တဲ့ကားလေးတစ်ကားပါခင်ဗျာ။ File Size : 820 MB, 400 MB Quality : WEB-DL 1080p / 720p Running Time : 40min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

6.2 2016
Albert
Abracadaver
7

Abracadaver (2024) IMDb Rating (7.0) မီလီလို့ခေါ်တဲ့ နာမည်ကျော်မျက်လှည့်ပညာရှင်ကြီးဟာ ကျန်းမာရေးကြောင့် မီဒီယာရှေ့ကနေ ဆယ်စုနှစ်တစ်ခုစာလောက် ပျောက်ကွယ်သွားရပါတယ်။ ကြာလာတော့ စိတ်အခြေအနေပါဆိုးလာတယ်လို့ ဆရာဝန်တွေက သတ်မှတ်လာကြပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူ့ရဲ့ဆုံးပါးသွားတဲ့ အမျိုးသမီးဟာ မီလီယံနာတွေနဲ့ အပေးအယူလုပ်ပြီး ကမ္ဘာကျော်တန်ဖိုးကြီး အမွေအနှစ်တွေကို လိုက်လံခိုးပေးရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူဟာမတရားအသတ်ခံလိုက်ရပြီး တာဝန်ကိုပြီးအောင် မလုပ်လိုက်ရပါဘူး။ ဒီလိုနဲ့ မီလီတို့ မိသားစုကြီးနောက်ကို “စုဆောင်းသူ” လို့အမည်ရတဲ့ သူဟာ သရဲသဖွယ် လိုချင်ရာကို မရရအောင် ခြိမ်းခြောက်တောင်းပါတော့တယ်။ ဒီလိုနဲ့ မီလီရဲ့ သားသမီး သုံယောက်ဖြစ်သူ မီဒီယာ၊ မာလင်နဲ့ ဟူဒီနီတို့ဟာ မိဘရဲ့ အရည်အချင်းတွေကို ရထားကြသူတွေမို့ သူတို့ရဲ့ အရည်အချင်တွေကိုသုံးပြီးတော့ သူတို့မိသားစုရဲ့ တရားမျှတမှုကိုရှာဖွေဖို့ လုပ်ကြရပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.9 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:55:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

7 2024
Abracadaver
Crows Zero II Kurôzu zero II
7.2

Crows Zero II (2009) IMDb Rating (7.2) / Rotten Tomatoes (77%) ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် Bōyaမတိုင်ခင် ဖြစ်ခဲ့တာတွေကို ပြထားတာပါပဲ။ မူရင်းမန်ဂါဇာတ်ကို တိုက်ရိုက် ရိုက်ပြထားတာမဟုတ်ဘူး။ ဒါကြောင့်လည်း Crows: Episode 0 လို့ ပေးထားတာနေမယ်။ ဒီ၂ကားက တော်တော်တော့ ကြမ်းတဲ့ လန်းတဲ့ထဲတော့ ပါတယ်ပြောရမယ်။ လန်းဆို ရိုက်တာကလည်းTakashi Miike။ Auditionလို ကားမျိုးရဲ့ ဒါရိုက်တာကိုး။ ၃ကတော့ သူရိုက်တာမဟုတ်တော့သလို အဓိကဇာတ်ကောင်တောင်မတူတော့ဘူး။ ဒီ၂ကားလောက်လည်း မအောင်မြင်ခဲ့ပါဘူး။ Crows Zero ရဲ့ ဒုတိယကားမှာတော့ ပထမကားမှာ ဆုဇူရန်ကျောင်းရဲ့ ခေါင်းဆောင်နေရာကို သိမ်းလိုက်နိုင်ပြီဖြစ်တဲ့ ဂန်ဂျိရဲ့ ခေါင်းဆောင်မှုအပိုင်း အားသာချက် အားနည်းချက်တွေနဲ့ သူတို့ကျောင်းနဲ့ အတိတ်ကရန်ညှိုးရှိတဲ့ ဟိုစန်ကျောင်းက သူတို့ကျောင်းနဲ့ ပြဿနာထပ်ဖြစ်လာတာကို ပြထားတယ်။ပြောရရင် နယ်တော့ကျယ်သွားတယ်ပေါ့။ ပထမကကျောင်းတွင်း အခုက တခြားကျောင်းနဲ့။ တခြားကျောင်းနဲ့ဖြစ်သွားပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်ကို လေးစားစိတ်တွေ မျှတတဲ့တိုက်ပွဲ ဖြစ်ချင်စိတ်တွေကတော့ မပြောင်းဘူးလို့ပြောရမယ်။ ဂန်ဂျိရဲ့ ခေါင်းဆောင်ကောင်းပီသတဲ့စိတ်ကိုတော့ ဒီမှာ ပိုထင်ရှားအောင် ပြသွားသလို သူ့ကိုခေါင်းဆောင်အဖြစ် လက်ခံကြခြင်း လက်မခံကြခြင်းတွေကိုလည်းပြသွားတယ်။ ဇာတ်ကတော့ အများကြီးဆက်လာစရာရှိသေးသလိုလို နောက်မျိုးဆက်သစ်တွေရဲ့ခေတ်ဖြစ်သွားသလိုသလို သိမ်းသွားပြီး အဆက်လာချင်လည်းရ မလာချင်လည်းရတဲ့ ပုံစံနဲ့သိမ်းသွားပေမဲ့ ကြည့်လို့တော့ တော်တော်မဝအောင်လုပ်သွားခဲ့တယ်။ ၃တော့ ဆက်ထွက်ပေမဲ့ အဓိကဇာတ်ကောင်တော့ မတူတော့ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3.3 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Comedy,Crime Duration….02:13:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy
7.2 2009 133 mins
Crows Zero II Kurôzu zero II
Ice Bar
6.6

Ice Bar (2006) ******************* F4 ဇာတ်လမ်းတွဲထဲက ဂျန်ဒီ မောင်လေး Park Ji Binနဲ့အတူ၊ Descendants of The Sunထဲက Jin Gooနဲ့ Record of Youth ဇာတ်လမ်းထဲမှ Shin Ae Raတို့ ပါဝင်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ… Ice Bar ဆိုတဲ့ ကိုရီးယားဇာတ်ကားလေးကတော့ မိသားစုတွေကြား သူငယ်ချင်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတည့်အတူနေ ဆက်ဆံရေးလေးတွေအကြောင်းကို warm ဖြစ်ဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ၁၉၆၉ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ ဆင်ခြေဖုံးဒေသတစ်ခုမှာ ယောင်းရယ်ဆိုတဲ့ ၁၀နှစ်အရွယ် ကောင်လေးက မှောင်ခိုအလှကုန်တွေ ခိုးရောင်းနဲ့ မိခင်ဖြစ်သူနဲ့ပဲ နှစ်ယောက်သားခက်ခက်ခဲခဲ စားသောက်နေထိုင်နေကြတယ် အဖေ မရှိတဲ့သူဆိုပြီး မြို့ထဲက ကလေးတွေကြားမှာ လှောင်ပြောင်ခံရလေ့ရှိတဲ့ ယောင်းရယ်က တစ်ရက်မှာတော့ ဆုံးသွားပြီလို့ ထင်နေခဲ့တဲ့ အဖေဖြစ်သူဟာ ဆိုးလ်မြို့မှာ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတဲ့ အမှန်တရားကို သိရှိလိုက်ရတယ် ယောင်းရယ်က ဆိုးလ်မြို့ကိုတက်ပြီး အဖေကိုရှာဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဈေးကြီးလှတဲ့ ရထားလက်မှတ်ဖိုးကြောင့် အဟန့်အတားဖြစ်နေခဲ့တယ် ဇွဲမလျှော့တဲ့ ယောင်းရယ် တစ်ယောက် ကျောင်းပိတ်ရက်ရှည်မှာ ရထားလက်မှတ်ဖိုးရှာဖို့ အမေ မသိအောင် လမ်းမှာပတ်ပြီး ရေခဲချောင်းခိုးရောင်းရာကနေ သားအမိနှစ်ယောက်ကြားမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ… ဖခင်ဖြစ်သူကရော တကယ်ပဲဆိုးလ်မှာ ရှိနေမှာလား… ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်သွားမလဲဆိုတာ ဟာသလေးတွေနှောပြီး ရိုက်ကူးပြထားတာဖြစ်လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် (ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ်) File Size – 1.9 GB/ 692 MB Quality – WEB-DL 1080p/ 720p Duration – 1h 35m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vanessa Encoded by – Treasure Htet

Drama • Comedy • Romance
6.6 2006 95 mins
Ice Bar